Sunday, November 22, 2009

မြန်မာတစ်ပြည်လုံးမှာ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေ အဝီစိရောက်ကြမည် ဟူသော ဟောပြောချက်....(အပိုင်-၅-)


`ပါသာဒိကသုတ်´ အမည်ရှိခွေထဲတွင် ဒုတိယခွေ၌
ဓမ္မစေတီ က ဤသို့ ဟောထားပါသည်။

«က»`ဘုန်းကြးီ များက ထေရဝါဒ ဒဿနသမ္ပဒါနည်းဆုြိပီး နည်း
တစ်ခုနဲ့ ဟောပါတယ်။ ဒီကနေ့ မြန်မာတစ်ပြည်လုံးမှာ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာ 
များသောအားဖြင့် ဘာဝနာသမ္ပဒါ နည်းနဲ့ လုပ်နေကြတော့ အကျိုးသတ်သမားတွေဖြစ်ပြီး
ဥစ္ဆေဒဒိဋ္ဌိသမားတွေ ဖြစ်နေကြလို့
သေရင် အဝီစိရောက်ကြရမယ့်
သူတွေချည်း ပါပဲ ။

`ဘုန်းကြီးတို့က နဲနဲကလေးပဲ (ဟောမှာပါ။) အကုန်မဟောပါ
ဘူး။ ကိုယ့်ဆရာသမားများက ပေးခဲ့တဲ့...(နည်းတွေပါ။) ဆရာ
တော်ဦးဥက္ကံသဗုဒ္ဓိပေါ့။ (အဲဒါ) ဒီဆရာတော် ဦးစန္ဒောဘာသတို့ရဲ့
ဆရာပေါ့။ အဲဒီဆရာတော် (ဥက္ကံသဗုဒ္ဓိ)က ပေးခဲ့တဲ့ အရိယသစ္စာ
နည်းရယ်၊ သတိပဋ္ဌာန်နည်းရယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းရယ်၊ ပဋိသမ္ဘိ
ဒါနည်းရယ်၊ ပဋ္ဌာန်းနည်းရယ်လို့ နည်း(၅)နည်း ရှိပါတယ်။

(ခ) `ဒီတော့ ဒီကနေ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကို ဘုန်းကြးီ
များက မေးကြည့်ပါတယ်။ လူတိုင်းကို မေးပါတယ်။
ဟေတုပစ္စယော...(ပ)...အဝိဂတပစ္စယော။ ဒီ (၂၄)ပစ္စ ည ်းထဲမှာ
ယူတယ် လှမ်းတယ်လို့ ပါသလား။ (မပါဘူးဗျ။) မပါဘဲ တရား
ရတယ် ။ (မှတ်ထ ား-မှတ်ထ ား။)

(ဂ) `ဘုန်းကြးီ တိ့ု တရားဟောတာကို သတိပဋ္ဌာန်လည်း မပါဘူး
လို့ ပြောကြတယ်။ ဘာလို့ မပါရမှာလဲ။ ငါက သတိပဋ္ဌာန်လဲ ဟော
တယ်။ ဓမ္မာနုပဿနာ=ဥပါဒါနက္ခန္ဓာကို ဟောတယ်။
ဓမ္မာနုပဿနာကို ဘယ်လိုရှုလဲဆိုရင် ပဉ္စသုဥပါဒါနက္ခန္ဓသု။ ဒါပဲ။
အခု အဲဒါတွေကို မပြောပါဘူး။ အရိယသစ္စာနည်းက ဓမ္မစကြာက လာတယ်။
သတိပဋ္ဌာန်နည်းက မဟာသတိပဋ္ဌာနသုတ်က လာတယ်။
ပဋိစ္စသမုပ္ပါဒ်နည်းက ပြောစရာ မလိုပါဘူး။ ပဋိသမ္ဘိဒါနည်းကျတော့ ဗမာ
ပြည်မှာ ဟောတဲ့ ဘုန်းကြီးက ရှားပါတယ်။
ဖဿ၌သိသောဉာဏ်သည် အတ္ထပဋိသမ္ဘဒါမည်၏။
ဖဿ၏ အကြောင်း၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏။
အဲဒီအထဲမှာ ကေသာ=ဆံပင်ဆိုတာတွေလဲ မပါပါ။
ယူတာ လှမ်းတာ ကြွတာ တွေလဲ မပါပါ။

(ဃ) `ဘုန်းကြီးတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဦးစန္ဒောဘာသက
တရားဟောနေတာ နှစ် ၂၀-ကျော် ရှိပါပြီ။ မှတ်တမ်းတင်ထား
တာက မရှိဘူး။ ဒါကြောင့်မို့ ဦးစန္ဒောဟောသမျှတို့ကို မှတ်တမ်း
တင်ဖို့ပြောပြီး မှတ်တမ်းတင်ကြရပါတယ်။ ခုဆိုရင် ဦးစန္ဒောဟော
ထားတာတွေ တော်တော် မှတ်တမ်းရှိလာပါပြီ။
`ဒီထေရဝါဒဒဿနသမ္ပဒါနည်းနဲ့ ဟောထားတဲ့ တရားခွေ
ကို အပေါ်မှာထားပြီးတော့ အဂ္ဂမဟာပဏ္ဍိတဆရာတော်ကြီး
က အောက် က နေ ကျုံ့ ကျုံ့ ကလေးနဲ့ ထိုင်ပြီး နာယူတယ် ။
အဘိဓဇ ဆရာတော်ကြီးတွေက နာယူကြတယ်။ အဲဒါ...။

(င) `ဦးကောသလ္လ’သည် စာတတ်ပါတယ်။ တရားဟောပါတယ်။
ဒါပေသိ-တဏှာကျော့ကွင်းမှလဲ မလွတ်သေးပါ။ မိစ္ဆာဒိဋ္ဌိကျော့
ကွင်းမှလဲ မလွတ်သေးပါ။ ငါက စာတတ်တယ်။ အသက် ၄၀-နဲ့
ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့တယ်ဆိုတဲ့ မာနကျော့ကွင်းမှလဲ
မလွတ်သေးပါ။ ခုချန်ထိတော့ ချောတိုင်ထိပ်မှာပဲ ရှိတယ်။ ချောတိုင်
ပေါ်က လျှောမကျသေးပါဘူး။
`ဦးစန္ဒောဘာသာက ဘုန်း ကြးီ တိ့ု ဆရာပါ။
ဆရာတော် ဦးသောဘနဆိုတာလဲ ဆရာသမားပါပဲ။ မယံ၊ တပည့်တော်=ထေရဝါဒီတို့
သည်။ တဏှာပါသေဟိ၊ လိုချင်တဲ့ တဏှာကျော့ကွင်းတို့မှလည်း။
ဝိမုစ္စန္တိ၊ လွတ်ကြပါကုန်၏။ ဒိဋ္ဌိပါသေဟိ၊ အယူမှားတဲ့ ကျော့ကွင်း
တုမလည်း။ ဝိမုစန၊္တိ လွြတ် ကပါကုန၏။ မာနပါသေဟိ၊ ...။
ဣဿမစ္ဆရိယပါသေဟိ၊...ဦးကောသလ္လ’ကို ကြည့်။ ဦးကောသလ္လ’က
ကျော့ကွင်းတွေထဲမှာ မရှိဘူး။ လွတ်ကင်းနေတယ်။

(စ) `ဟိုလွန်လေပြးီ သော ၂၆-နှစ်လောက်က ရေမြုပ်တဲ့အထဲမှာ
ထေရဝါဒတရားတွေကို ကျားကုတကျားခဲ လုပ်ခဲ့တဲ့ ဦးစန္ဒောဘာသ
ကို ရှိခိုးပါတယ်။ ဦးစန္ဒောဘာသဆိုတာ...မြောက်ဥက္ကလာမှာ
ဘုန်းကြီးတယ်။ ဒီဂုဏ်တွေကို ရှိမခိုးပါဘူး။
`ဦးကောသလ္လ’ဆိုတာကလဲ ငမိုးရိပ်ချောင်းဘေးက သဲတောထဲ
မှာ ဦးစန္ဒောတို့၊ ဦးရှမ်းတို့၊ တရားသင်တန်းလာတက်ကြတဲ့ ဆရာ
တော်တွေ၊ ဒီဆရာတော်တွေရဲ့ ထွေးခံဆေးရင်း ကြက်သွန်လှီးရင်း
ထေရဝါဒကို ရခဲ့တဲ့ဘုန်းကြီးပါ။

(ဆ) `အခုဆိုရင် ဆရာတော်ဦးဣန္ဒောဘာသ မရှိတော့ဘူး။
ဆရာတော်ဦးဥက္ကံသဗုဒ္ဓိ မရှိတော့ဘူး။ ဆရာတော် ဦးဧသိက မရှိ
တော့ဘူး။ ဘုန်းကြီးတို့အလှည့် ရောက်လာပါပြီ။ ဘုန်းကြီးဆိုလိုတဲ့
သဘောကို ခင်ဗျားတို့ သဘောပေါက်ပါတယ်နော်။ ထေရဝါဒသာ
သနာတော်ကို ခက်ခက်ခဲခဲ တည်ထောင်ရပါတယ်။
ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုး စားတယ် ။ ဒကာမနဲ့
တွ ဲသွားတယ် လို့ ဆရာကြီး (ဦးမြင့်သ ိန်း )ဆီ တရားလိ ုက်တုန်းက
အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။
အဲသလိုမျိုး ခက်ခ က်ခ ဲ ခ ဲ တည် ေ ထာင်ခ ဲ့ရတဲ့ ထေရဝါဒသာ
သနာတော် ကြီး ...။
`အခု ထိုက်သင့်သလောက်ပေါ့။ ပြန့်သင့်သလောက်လဲ ပြန့်ပါ
တယ်။ ပွားသင့်သလောက်လဲ ပွားပါတယ်...။ အဲဒါကြောင့်မို့
မပယ်သင့် မပယ်ထိုက်တဲ့ခန္ဓာကို ပယ်ရင်သတ်ရင် ဥစ္ဆေဒဒိဋ္ဌိ
ဖြစ်တယ်။ ပယ်သင့်ပယ်ထိုက်တဲ့ခန္ဓာကို လက်ထဲမှာ သိမ်းထားရင်
သဿတဒိဋ္ဌိဖြစ်တယ်။

ဝေဖန်ဖြေရှင်းချက် အကျဉ်း။

(က) ၌ အဓမ္မဝါဒဖြစ်သော ထေရ
ဝါဒ ... နည်းဟု မှတ်ပါ။

မြန်မာပြည်ရှိ တရားသမားတွေအရ
မဟာစည်ဆရာတော်ကြီး၊
မိုးကုတ်ဆရာတော်ကြီး၊
မင်းကွန်းဆရာတော်ကြီးတို့ပါ ဥစ္ဆေဒဒိဋ္ဌိသမားများဖြစ်၍ အဝီစိကျ-ဟု ဆိုထားပါသည်။

(ခ) ဖြင့် မဟာသတိပဋ္ဌာနသုတ်လာ ကာယာနုပဿနာ-ဣရိယာ
ပထပဗ္ပနှင့် သတိသမ္ပဇညတို့ကို ပယ်ချထားသည်။
စဉ်းစားကြည့်ကြပါ။
မြတ်ဗုဒ္ဓ၏တရားတွေကို ဖျက်ဆီးသူပါလား။

(ဂ) ၌ ဓမ္မာနုပဿနာကို ဥပါဒါနက္ခန္ဓာဟု ဆိုထားရာ ၎င်းဥပါဒါနက္ခန္ဓာဟူသည်
အတွေးပုံရိပ်(ပညတ်)ကို ဆိုလိုခြင်းကြောင့် အမှားသာတည်း။
ပဋိသမ္ဘဒါနည်းမှာ သာသနာနှစ် ၁၀၀၀- အတွင်း မှာသာလျှင် ရှိကောင်းသော
နည်း (ဝါ) ပဋိသမ္ဘိဒါဉာဏ်ဖြစ်၍ အရိယာဖြစ်သူသည် ပါရမီကြီးသူဖြစ်၍
သာသနာနှစ် ၁၀၀၀-နောက်ပိုင်းမှာ မရှိနိုင်တော့ပြီဟူ၍ အင်္ဂုတို္တရ်အဋ္ဌကထာ
(ပ-အုပ်၊၆၇။ဋီကာ-ပ-အုပ်၊ ၁၁၈)တို့၌ ရှိပါသည်။
ထို့ကြောင့် ဓမ္မစေတီတို့၏
ပဋိသမ္ဘိဒါနည်း အယူဝါဒများ အားလုံးသည် အသက်မပါသော ကိုယ်သာတည်း။
ထု့ိကြောင့် မြန်မာပြည်က ကျားသေကို အသက်သွင်း မှု မပြုဘဲ လက်ခံ
ရုံသာ လက်ခံပါသည်။ ဤ(ဂ)ဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်လာ ဒွိတ္တိံသ
ကာယနှင့် ဣရိယာပထတို့ကို ပယ်သည်။

(ဃ) ၌ ဆရာတော်ကြီး များကို အလွဲသုံးစားပြု၍ လူတို့ကို လှည့်စား
ထားကြောင်း တွေ့ရပါသည်။
ဘွဲ့အမည်၊
ကျောင်းတိုက်၊
မြို့ရွာ ရပ်ကွက်
အတိအကျဖြင့် ပြောမှသာလျှင် ယုံလောက်ပါသည်။ အဆိုပါ ဘွ့ဲ ရဆရာတော်
ကြီးများသည် (ပညာတတ်ဖြစ်လျှင်) အဓမ္မဝါဒတို့ကို မနာကုန်ရာ။

(င) တွင် `ကျော့ကွင်းတို့မှ မလွတ်သေးပါ။ ....ကျော့ကွင်းတို့မှ
လွတ်ပါသည်´ ဟူ၍ ဟောထားရာ ဘယ်လောက်များ ရှေ့နှင်နောက် တည့်နေပါသနည်း။

ပိဋကတ်သုံးပုံ ဆောင်နိုင်လျှင် တိပိဋကဘွဲ့ ရရှိအောင် ဝင်ပြန်
လိုက်ပါတော့လား။

(စ) ဖြင့် ဓမ္မစေတီတို့၏ ထေရဝါဒသည် သင်္ဂါယနာ(၆)တန်ဝင်
ထေရဝါဒ-မဟုတ်-ဟု ပြသည်။

(ဆ) ၌ အထူးရှင်းပြစရာ မရှိပါပြီ။ အဓမ္မဝါဒဖြစ်သော ထေရဝါဒ
အဖွ့ဲ အစည်းအကြောင်း သတင်းစကားမျှသာ ဖြစ်ပါသည်။
ထိုအဖွ့ဲ အစည်းက
မည်သို့ လုပ်ဆောင်နေကြသနည်း။

ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုးစားတယ် ။
ဒကာမနဲ့ တွ ဲသွားတယ် လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက
အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။

 ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊