Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ခရီးသွား ဆောင်းပါး. Show all posts
Showing posts with label ခရီးသွား ဆောင်းပါး. Show all posts

Saturday, February 16, 2013

ဆန်ချီစေတီတော် သို့ ဘုရားဖူးမှတ်တမ်း ( ၂ )


ဆန်ချီစေတီတော်၏ တောင်ဘက်မုခ်အနီးတွင် အသောကမင်းကြီး ကျောက်စာတိုင်ရှိပြီး ယခုအခါ
မှာတော့ အငုတ်မျှသာ ကျန်တော့သည်ကို တွေ့ရသည်။ ကျောက်တိုင်အပိုင်းပြတ်နှစ်ခုကိုတော့
အမိုးငယ်တစ်ခုဖြင့် ထားရှိသည်ကို တွေ့ရ၏။ ကျောက်တိုင်၏ ခေါင်းပိုင်းမှာ ခြင်္သေ့ရုပ်လေးရုပ်ဖြစ်ပြီး
ပြတိုက်အတွင်း၌ ပြသထားသည်ကို တွေ့ရသည်။ ကျောက်တိုင်ကြီး ရှိစဉ်က အမြင့်မှာ (၄၂) ပေ
ရှိသည်ဟု ဆိုသည်။ေ စတီတော်၏ အရှေ့ဘက်၌ (၁၅) ပေအမြင့်ရှိ ကျောက်တိုင်မှာ ဂုတ္တခေတ်
လက်ရာဖြစ်ကြောင်း၊ အောက်ခြေ၌ ရှစ်မြောင့်၊ အပေါ်ပိုင်း၌ ၁၆ မြောင့်ရှိကြောင်း သိရသည်။
မြောက်ဘက် မုခ်ဦးအဝ၌ရှိသော ကျောက်တိုင်မှာ ကိုးပေခန့်ရှိ၍ အောက်ခြေမှာ လေးမြောင့်
ပြုလုပ်ထားသည်ကို တွေ့ရသည်။



စေတီတော်၏ တောင်ဘက်တွင် ရဟန်းတော်များ သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်ရာပျက်
များ အမြောက်အများ တွေ့ရပေသည်။ AD 650 ခန့်က ဆောက်လုပ်ခဲ့သည့် လက်ရာဖြစ်ကြောင်း
ယူဆကြသည်။

စေတီတော်၏ အရှေ့ဘက်တွင် ကျောက်တိုင် ကျောက်တုံးများဖြင့် ဆောက်လုပ်ကာ ကျောက်ပြား
များဖြင့် မိုးထားသော ကျောင်းဆောင်ပျက်တစ်ခုကိုလည်း တွေ့ရသည်။

ထိုကျောင်းတော်ထဲတွင် တွေ့ရသော ကြာပလ္လင်ခံ ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကိုလည်း ဖူးမြော်ခဲ့
ကြရသည်။ စေတီတော်၏ တောင်ဘက်ခြမ်း အထက်ပိုင်းတွင် ပျက်စီးနေသော ကျောင်းတော်ရာ
အများအပြားကိုလည်း တွေ့ရ၍ အုပ်ခုံ အုပ်လှေကားများ၊ ကျောက်တိုင် အကျိုးအပဲ့များကိုလည်း
တွေ့ရသည်။

ဗုဒ္ဓသာသနာတော် နှစ်(၁၀၀၀)၏ နောက်ပိုင်းကာလများ၌ မဟာယနဗုဒ္ဓဘာသာဂိုဏ်း၏ ဂိုဏ်းကွဲ
္ဂဖြစ်သော ဟေမဝတိကဂိုဏ်းသားရဟန်းများ၊ စေတိယဂိုဏ်းသား ရဟန်းများ သီတင်းသုံးခဲ့ကြသည်
ဟု သိရသည်။ တစ်ချိန်သောအခါက ဗုဒ္ဓသာသနာတော်ကို တွင်တွင်ကျယ်ကျယ် သာသနာပြုခဲ့သော
ဌာနကြီး တစ်ခုဖြစ်ခဲ့ကြောင်း အကြွင်းအကျန် အပျက်အစီးများက ငြင်းပယ်မရနိုင်လောက် သက်သေ
ထူနေပေသည်။ (၁၂) ရာစု နောက်ပိုင်းတွင် ပျက်စီးသွားသည်ဟု ခန့်မှန်းကြသည်။

အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်မထေရ်တို့၏

ဓာတ်တော်များ ဌာပနာရာစေတီ

ဆန်ချီမူလစေတီတော်ကြီး၏ အရှေ့မြောက်ဘက်တွင် ရှိသည်။ ပထမပစ္စယံကို ကာရံထားပြီး မုခ်ဦး
မှာလည်း တစ်ခုသာရှိသည်ကို တွေ့ရသည်။ လက်ျာတော်ရံ အရှင်သာရိပုတြာ နှင့် လက်ဝဲတော်ရံ
အရှင်မဟာမောဂ္ဂလာန်တို့၏ ဓာတ်တော်များပါသော ဓာတ်တော်ကြုတ်နှစ်ခုကို ကပ္ပတိန် မိုက်ဆေး
ဤစေတီကို တူးဖော်စဉ်က ရရှိခဲ့သည်ဟု ဆိုသည်။

၁၈၅၄ ခုနှစ်တွင် ကျောက်စာဝန် ကာနင်ဟန်က ဆန်ချီစေတီတော်များအကြောင်း ရေးသားထုတ်ဝေ
ခဲ့ရာ ဌာပနာဖောက်လိုသူများအတွက် လမ်းပြသလို ဖြစ်သွားခဲ့သည်ဟုဆိုသည်။ ဆန်ချီစေတီတော်
နှင့် ဘေးပတ်ကျင်ရှိ စေတီတော်တို့သည် ပတ်ဝန်းကျင်သစ်ပင်များ ဖုံးအုပ်နေခြင်း၊ လူသူအရောက်
အပေါက်နည်းပါးခြင်း စသည်တို့ကြောင့် မဂိုကျူးကျော်သူများ၏ ဖျက်ဆီးခြင်းမှ လွတ်ကင်းခဲ့ရသော်
လည်း ဌာပနာဖောက်လိုသူ အဖျက်သမားများကြောင့် ပျက်စီးချို့ယွင်းမှုများပြားခဲ့သည်ဟို ဆိုသည်။


ကိုးတိုင်း ကိုးဌာန သာသနာပြု ရဟန္တာမထေရ်မြတ်တို့၏

ဓာတ်တော်များ ဌာပနာရာစေတီ

ဆန်ချီစေတီရှိရာ တောင်ထပ်မှ အနောက်ဘက် ဂိုက်လေးရာခန့် တောင်အောက်သို့ ဆင်းသွားလျှင်
စေတီတော် အမှတ် (၂) ကို ဖူးမြော်နိုင်သည်။ ထိုစေတီတော်၌ ကိုးတိုင်း ကိုးဌာန သာသနာပြု
ရဟန္တာမထေရ်ကြီးများ၏ ဓာတ်တော်ကြုတ်များကို တွေ့ရှိရ၍ ဓာတ်တော်ကြုတ်များအပေါ်၌
ဟိမဝတတို့၏ ဆရာဖြစ်သော ရဟန္တာ ကဿပဂေါတ္တ၊ ရဟန္တာမဇ္ဈိမ၊ ဟရိတပုတ္တ၊ ဝသီသုဝိဇယတ၊
မဟာဝန၊ အပဂိရကောန္တီပုတ္တ၊ ကောသိကီပုတ္တ၊ ဃောတီပုတ္တ၊ မောဂ္ဂလီပုတ္တ ဟု ဘွဲ့တော် အမည်
များ ရေးထိုးထားကြကြောင်း သိရှိရသည်။


ဆန်ချီမူလစေတီကြီးအပါအဝင် စေတီပေါင်း ၇ ဆူ နှင့် ကျောင်းတော်ရာပေါင်း ၅၁ နေရာရှိကြောင်း
ဆန်ချီသမိုင်းစာအုပ်များနှင့် တိုက်ဆိုင်၍ လေ့လာမှတ်သားခဲ့ရသည်။ ဆန်ချီစေတော်တဝိုက် နေရာစုံ
ကိုလေ့လာအပြီး တောင်ခြေတွင်ရှိသော ဆန်ချီပြတိုက်တွင်းသို့ ဝင်ကာ လေ့လာဖြစ်ကြသည်။
ပြတိုက်ထဲတွင်တော့ အသောကခေတ်လက်ရာပေါင်းစုံ နှင့် ဆန်ချီစေတီ ပြုပြင်ခဲ့သော မှတ်တမ်း
များကို စုံလင်စွာ ကြည့်ရှူမှတ်သားခဲ့ရပေသည်။



BUDDHIST SATDHARA MONUMENTS

ဗုဒ္ဓဂယာသို့ ပြန်ဖို့အတွက် ရထားလက်မှတ်စောင့်နေရင်း နှစ်ရက်လောက် ပိုနေတာကြောင့်
ဆန်ချီ နှင့် ၁၅ ကီလိုမီတာလောက်ဝေးသော နေရာတွင် ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးများ
ရှိကြောင်းပြောပြ၍ သိရိလင်္ကာကျောင်းထိုင်ဆရာတော်ကိုယ်တိုင် လိုက်ပို့၍ သွားရောက်
ဖြစ်ကြသည်။ လူအရောက်ပေါက်နည်းပြီး တောတောင်ထူထပ်တဲ့ နေရာတစ်ခုဖြစ်တာ
ကြောင့် လမ်းခရီးတော့ အလွန်ကြမ်းလှ၏။ ဗုဒ္ဓဘာသာဆဒ္ဒါရ တောင်ဟု အဝင်ဝ ဆိုင်းဘုတ်
တွင် တွေ့ရသည်။ အိန္ဒိယ ရှေးဟောင်းသုတေသန ဌာနမှ ထိမ်းသိမ်းစောင့်ရှောက်ထားသည်
ဟု ဆိုသည်။ မူလ အမှတ် (၁) စေတီကြီး အပါအဝင် စေတီပေါင်း ၈ ဆူ နှင့် ကျောင်း
ဆောင်ပျက် ၂ ကျောင်းကို တွေ့ရှိခဲ့ရ၏။ ဆန်ချီစေတီ တည်ပြီးနောက်ပိုင်း အသောကမင်း
ကြီးလက်ထက် တည်ဆောက်ခဲ့သော စေတီနှင့် ကျောင်းများဟု သီရိလင်္ကာ ဆရာတော်မှ
ရှင်းပြ၍ သိရသည်။ တိကျတဲ့ သမိုင်းအထောက်ထားကို မသိခဲ့ရပေ။ တောတောင် ထူထပ်ပြီး
လမ်းခရီးကြမ်းသည့်အတွက်ကြောင့် ဤနေရာသို့ လာရောက်လေ့လာသူ နည်းပါးသည်ဟု
သိရပြီး ဗီယက်နမ် နှင့် ဂျပန်ဘုရားဖူး အနည်းစုသာ လာရောက်လေ့ ရှိကြောင်း သိရသည်။
မူလ အမှတ် ၁ စေတီကြီးကတော့ ဆန်ချီစေတီ လောက်ရှိတာကို တွေ့ခဲ့ရပေ၏။
အခြားသော စေတီ ၇ ကတော့ အောက်ခြေပိုင်းနေရာတို့သာ ကျန်တော့ပြီး ကျောင်းဟောင်း
နှစ်ခုမှာ ပျက်စီးကာ အောက်ခြေပိုင်း နေရာတို့ကိုသာ တွေ့ခဲ့ရသည်။


ဆန်ချီစေတီ နှင့် ဆဒ္ဒါရရှိ စေတီပုထိုးများကို လေ့လာပြီး နောက်ရက်တွင် ရထားစီးကာ
စာရေးသူ သီတင်းသုံးရာ ဗုဒ္ဓဂယာသို့ ပြန်လည်ဦးတည်ဖြစ်ခဲ့ကြပါသည်။ ဤ ဆောင်းပါး
မှတ်တမ်းကို ဆန်ချီစေတီတော်သမိုင်း နှင့် တိပိဋကဆရာတော် ဦးဝါယမိန္ဒာဘိဝံသ ပြုစု
အပ်သော" ဗုဒ္ဓဂယာ ဘုရားဖူးများသို့" စာအုပ်ကို မှီငြမ်းကာ လေ့လာခဲ့မိသမျှသော
အတွေ့အကြုံဗဟုသုတများကို မှတ်တမ်းတင်အပ်ပါသည်။

စာဖတ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ

အရှင်ဝရသာမိ 
https://shinsami.blogspot.com
  

ဆန်ချီစေတီတော် သို့ ဘုရားဖူးမှတ်တမ်း ( ၁ )


စာရေးသူတို့အဖွဲ့သည် နာဂပူမှ လေ့လာစရာရှိသည်များကို လေ့လာပြီးနောက် အသောကမင်ကြီး
တည်ထားကိုးကွယ်ခဲ့သော ဆန်ချီစေတီတော် ရှိရာအရပ်သို့ ခရီးဆက်ဖြစ်ခဲ့ကြသည်။ နာဂပူ မှ
ည ၁၀ နာရီရထားဖြင့် စီးခဲ့ရာ နောက်တစ်နေ့ မနက် ၈ နာရီခန့်တွင် ဆန်ချီစေတီ နှင့် နီးသော
ဗီဒစ်သျှ မြို့လေးသို့ ရောက်ရှိခဲ့ကြ၏။ ဘူတာမှ ၂ မိုင်ခန့် ကားစီးကာ ဆန်ချီစေတီရှိရာ အရပ်သို့
ဆက်လက်ထွက်ခွါဖြစ်ကြသည်။ မရောက်ဘူးတဲ့ ဒေသဖြစ်သလို အသိအကျွမ်းမရှိတဲ့ ဒေသဖြစ်
သောကြောင့် ဟိုမေး ဒီမေးနဲ့ သွားရ၏။

ကားပေါ်မှ ဆင်းခြင်း ဘုရားရှိရာ တောင်ပေါ်သို့ မတက်ဖြစ်သေးဘဲ တောင်ခြေတွင် တစ်ခုတည်းသော
ဗုဒ္ဓဘာသာကျောင်းဖြစ်သော သီရိလင်္ကာ MAHARBODHI SOCIETY ကျောင်းသို့ သွားရောက်ဖြစ်ကြ
သည်။ သဘောကောင်းလှသောကျောင်းထိုင်ဆရာတော်မှ ဆွမ်းကွမ်းအပြင်၊ နေရာထိုင်ခင်းပါ ပေးသည့်
အတွက်ကြောင့် အခက်အခဲမရှိ အဆင်ပြေလှ၏။ ခေတ္တ အနားယူပြီး သီရိလင်္ကာဆရာတော်မှ တောင်ပေါ်
ထိ ကားဖြင့် လိုက်ပို့ပေးသောကြောင့် နံနက် ၉ နာရီခန့်တွင် ဆန်ချီစေတီတော်ရှိရာ တောင်ပေါ်သို့
တက်ရောက်ဖြစ်ခဲ့ကြ၏။

ဆန်ချီစေတီတော်ရှိရာ နေရာဌာနသည် တစ်ချိန်က ဥဇ္ဇေနီနိုင်ငံတွင်းမှာ ဖြစ်သည်။ ဘုရားရှင် လက်ထက်
က ရှိခဲ့သည့် တိုင်းကြီး ၂၂ တိုင်းတွင် ဥဇ္ဇေနီ သည်  အဝန္တိတိုင်း၌ ပါဝင်၏။ ယနေ့ခေတ်တွင် တည်ရှိရာ
အရပ်သည် မဒယာပရာဒေ့ရှ် ပြည်နယ်အတွင်း၌ ရှိသည်။ ဗုဒ္ဓဂယာနှင့် ဆန်ချီ ခရီးအကွာဝေး ကီလိုမီတာ
ပေါင်း 981 , မိုင်နဲ့ရေတွက်ရင် 610 ကျော်ရှိ၏။ တသီးတသန့် သွားရတဲ့ နေရာဖြစ်သည့်အတွက်ကြောင့်
မြန်မာဘုရားဖူးများ ရောက်ဖူးသူ နည်းပါးတဲ့ နေရာဒေသတခု ဖြစ်ပေသည်။

ဘုရားရှင်လက်ထက်က ယင်းဥဇ္ဇေနီနိုင်ငံကို အုပ်ချုပ်သော မင်းမှာ ယာဉ်ငါးမျိုး ပိုင်ဆိုင်သော စန္ဒပဇ္ဇောတ
မင်းဖြစ်သည်၊ ဥဇ္ဇေနီနိုင်ငံသည် အကျဉ်းအားဖြင့်ဟောကြားအပ်သော တရားတော်ကို အကျယ်ဝေဖန်၍
ဟောနိုင်စွမ်းသောအရာ၌ အမြင့်ဆုံး ဧတဒဂ်ရတော်မူသော အရှင်မဟာကစ္စည်းထေရ်နှင့် ဒုတိယသင်္ဂ ါ
ယနာ ခေါင်းဆောင် ကကဏ္ဍကပုဏ္ဏား၏သားရဟန္တာ အရှင်ယဿမဟာထေရ်၊ သီရိဓမ္မာသောကမင်းကြီး
၏သားတော် သီဟိုဠ်သာသနာပြု အရှင်မဟိန္ဒမဟာထေရ်၊ သမီးတော် သင်္ဃမိတ္တာထေရီမ စသော
သာသနာ့အာဇာနည်ပုဂ္ဂိုလ်များ ပေါ်ထွန်းရာဒေသကြီးလည်းဖြစ်သည်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး သာသနာတော်နှစ် ၂၀၀ ကျော်ခန့်တွင် အသောကမင်းကြီးသည်
သာသနာ့အမွှေကို ခံယူလိုသဖြင့် သားတော်မဟိန္ဒမင်းသား၊ သမီးတော် သင်္ဃမိတ္တာတို့ကို သာသနာ
တော်နှင့် (၂၂၅) ခုနှစ်၌ သာသနာ့ဘောင်သို့ သွင်းပေးခဲ့သည်။ သာသနာတော်နှစ် (၂၃၄) ခုနှစ်
နယုန်လမှစ၍ တပိုတွဲလတိုင်အောင် (၉) လတိတိ ရဟန္တာအပါးတစ်ထောင်ပါဝင်၍ တတိယသင်္ဂါယနာ
တင်ပွဲကြီးကို ဆင်နွှဲကျင်းပပြီးနောက် မဇ္ဖျိမဒေသ၌ အနာဂတ်ဗုဒ္ဓသာသနာတော်၏ ဘေးရန်ကို 
မြင်တော်မူကြသဖြင့် ရဟန္တာအရှင်သူမြတ်များကို ကိုးတိုင်း ကိုးဌာနသို့ သာသာနာပြု စေလွတ်တော်
မူခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသို့ သာသနာပြုတော်မူရန် အသောကမင်းကြီးသားတော် အရှင်မဟိန္ဒ
မထေရ်ကို စေလွတ်တော်မူခဲ့ကြသည်။

သီရိလကာၤသို့ သာသနာပြုမကြွမီ အရှင်မဟိန္ဒမထေရ်သည် နောက်ပါ (၆) ပါးနှင့် အတူ သာသနာနှစ်
(၂၃၅) ခုနှစ် တန်ဆောင်မုန်းလတွင် ဥပဇ္ဖျယ်ဆရာတော် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်သူမြတ်
နှင့် သံဃာတော်အရှင်သူမြတ်တို့ကိုရှိခိုး၍ ခမည်းတော် ဓမ္မာသောကမင်းကြီးအား ပန်ကြားပြီး မယ်တော်
ကြီး ဝေဒိသကဒေဝီမိဖုရားကြီးနေထိုင်ရာ ဝေဒိသကမြို့သို့ ကြွတော်မူခဲ့သည်။ မယ်တော်မိဘုရားကြီး
သည် ချစ်လှစွာသော သားတော်မထေရ်ကိုမြင်ရ၍ ဝမ်းမြှောက်ရွှင်လန်းစွာ သံဃာတော်တို့အား ဆွမ်း
ဆက်ကပ်လှူဒါန်းပြီးလျှင် မိမိဆောက်လုပ်ထားအပ်သော လွန်စွာတင့်တယ် ကောင်းမြတ်သည့် ဝေဒိ
သက ဂိရိကျောင်းတိုက်ကြီးကို သားတော်အရှင်မဟိန္ဒအား လှူဒါန်းခဲ့သည်။




ဆန်ချီစေတီတော်သို့ မဝင်မှီ အဝင်ဝတွင်ရှိသော အရှင်မဟိန္ဒ သီတင်းသုံးခဲ့သည်ဆိုသော ထိုကျောင်း
တော်နေရာသို့ စာရေးသူတို့အဖွဲ့သည် မထမဆုံး ဝင်ရောက်ဖူးမြှော်ဖြစ်ကြသည်။ ယခုအခါတွင်တော့
သီရိလင်္ကာ မဟာဗောဓိအသင်းပိုင် ကျောင်းပြတိုက်ဖြစ်နေသည်။ ၁၉၅၂ ခုနှစ်တွင် အိန္ဒိယသမ္မတ
နေရူး ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည်ဟု ကျောင်းတော်၏ အဝင်ဝဆိုင်းဘုဒ်မှတ်တမ်းတွင် တွေ့ရ၏။ 
ပြတိုက်အတွင်း၌ ကျောက်စာဝန် ကာနင်ဟန် တို့၏ သရုပ်ဖော် ဗုဒ္ဓဝင်ပုံများကိုလည်း တွေ့ရပေ၏။



မဟာဗောဓိကျောင်းပြတိုက်အတွင်းမှာ ဘုရားရှိခိုးပြီးနောက် ဆန်ချီစေတီတော်ရှိရာ ဝင်းအတွင်းသို့ 
ဝင်ရောက်ဖြစ်ကြသည်။ ဆန်ချီစေတီတော်ကြီး၏ ပုံသဏ္ဍန်မှာ စစ်ကိုင်းရှိ ကောင်းမှုတော်စေတီ
နှင့် ခပ်ဆင်ဆင် တူလှ၏။ ဉာဏ်တော် (၅၄) ပေရှိ၍ ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်များကို ဌာပနာထား
သည်ဟု ဆိုသည်။ မုခ်ဦးလေးဘက်ရှိပြီး စေတီရင်ပြင်နှင့် ပထမပစ္စယာကို ကျောက်လက်ရမ်းဖြင့်
ကာရံထားသည်ကို တွေ့ရသည်။ ပထမပစ္စယာကို အတက်အဆင်းလှေကား ခွဲခြားထား၍ ထိုလှေ
ကားအတိုင်း တက်ရောက်ခဲ့လျှင် စေတီတော်ကြီးကို လက်ျာရစ်လှည့် ပူဇော်ပြီး ဖြစ်သွားပေသည်။

မုခ်ဦးကျောက်တိုင်များ နှင့် ကျောက်ထုတ်များပေါ်တွင် ဆင်၊ မြင်း၊ ခြင်္သေ့၊ နွား၊ ဒေါင်း၊ ကြိုးကြာ
သတ္တဝါများ၏ ရုပ်ပုံအမျိုးမျိုးကို ထုလုပ်ထားသည်ကို တွေ့ရသည့်အပြင် ဗိမ္ဗိသာရမင်းကြီးက မြတ်စွာ
ဘုရားရှင်အား ကြိုဆိုပုံရုပ်ထုများ၊ အသောက မင်းတရားကြီး ရာမရွာ နှင့် ကုသိနာရုံသို့ ဓာတ်တော်
ပင့်ရန်သွားပုံ၊ မဟာဗောဓိသို့ ဘုရားဖူးထွက်ပုံများကို ထုလုပ်ပူဇော်ထားသည်ကို တွေ့ရသည်။



ဗုဒ္ဓမြတ်စွာ၏ ပုံတော်နေရာ၌ ခြေတော်ရာပုံ၊ ဗောဓိပင်ပုံ၊ ပလ္လင်ပုံ များကိုသာ ထုလုပ်ထားသည်ကို
တွေ့ရသည်၊ ဗုဒ္ဓပုံတော်ကို မထုလုပ်ခြင်းအကြောင်းမှာ ထိုခေတ် သာသနာနှစ် ( ၂၀၀) ကျော် အချိန်
ကာလက ဗုဒ္ဓဘုရားရှင်သည် အတုလံ - အတုမရှိဟု မိန့်ဆိုထားချက်အရ ဗုဒ္ဓမြတ်စွာ၏ ရုပ်အဆင်း
တော်ကိုမီအောင် ထုလုပ်နိုင်မည်မဟုတ်သဖြင့် မထုလုပ်ကောင်းဟု အယူအဆရှိကြသောကြောင့်
ဖြစ်သည်။ ကျောက်ထွင်းပုံများမှာ လက်ရာမြောက်လှသဖြင့် ထိုခေတ်၏ ကျောက်ဆစ်ပညာရပ်
အဆင့်မြင့်ပုံကို လေ့လာတွေ့ရှိနိုင်ပေ၏။

အိန္ဒိယတွင် ရှိသမျှသော ဘုရားစေတီပုထိုးတို့တွင် ဆန်ချီစေတီသည် အသောကမင်းကြီး၏ 
လက်ရာအစစ်မှန်များကို တွေ့ရှိနိုင်သော တစ်ဆူတည်းသော စေတီဖြစ်ပေသည်။ ယခုအချိန်ထိ
မူရင်းလက်ရာများကို တစုတစ်စည်း တွေ့နိုင်သော စေတီတခု ဖြစ်ပေ၏။ လုံးဝ မပျက်စီးခဲ့တာ
လားဆိုတာတော့ မဟုတ်ပါ။ ဆန်ချီစေတီရှိသော တောင်အောက်မှ ရှေးဟောင်းသုတေသန
ပြတိုက်ထဲတွင် ပျက်စီးယိုယွင်းခဲ့သော စေတီတော်ကို အင်္ဂလိပ်အစိုးရ လက်ထက်တွင်
ပြန်လည်ပြုပြင်ထားမှု မှတ်တမ်းဓာတ်ပုံများကို အဆင့်ဆင့် တွေ့ရပေသည်။ ထို့အပြင် စေတီ
တော်တွင် မတွေ့နိုင်သော အသောကလက်ရာ အစစ်မှန်များ၊ အသောကကျောက်စာတိုင်
အထိမ်းအမှတ်ဖြစ်သော ခြင်္သေ့၊ မြင်း၊ နွား၊ ဆင် လေးခုပါသော ကျောက်စာတိုင် ထက်ပိုင်း
ပြတ်ကိုလည်း ရှေးဟောင်းသုတေသန ပြတိုက်တွင် တွေ့ရပေ၏။ ဓာတ်ပုံရိုက်ခွင့် မရ၍ မူရင်း
လက်ရာအစစ်မှန်များကို မပြသနိုင်ပေ။ ပြတိုက်ထဲ လိုက်ကြည့်မှ အင်္ဂလိပ်အစိုးရကို ကျေးဇူး
တင်မိသည်။ အိန္ဒိယကို အင်္ဂလိပ်တို့ မအုပ်စိုးခဲ့လျှင်၊ အင်္ဂလိပ်တို့သာ ဘုရားစေတီပုထိုးများကို
သုတေသနပြုကာ ထိန်းသိန်းစောင့်ရှောက်မှု့ မပြုခဲ့လျှင်၊ သိဟိုဠ်သား အနာဂါရိက ဓမ္မပါလတို့
ကြိုးစားအားထုတ်မှု မပြုခဲ့လျှင်၊ အိန္ဒိယတွင် ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် ဘုရားစေတီ ပုထိုးများ
ပျက်စီးပျောက်ကွယ်သွားနိုင်သည်ဟု စဉ်းစားမိပေ၏။ ဂျိန်း၊ ဟိန္ဒူ၊ မွတ်စလင် တို့၏ အမျိုးမျိုး
ဖျက်စီးတဲ့ကြားကပင် ကျောက်စာဝန် ကာနင်ဟန်၊ အနာဂါရိက ဓမ္မပါလ တို့ ကျေးဇူးကြောင့်
ယခုထိတိုင် ဗုဒ္ဓဘာသာ၏ သမိုင်းအမွေအနှစ်များကို ကောင်းစွာလေ့လာလို့ ရနိုင်ပေ၏။

ပြတိုက်ထဲမှ ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ခဲ့သော မှတ်တမ်းဓာတ်ပုံများတွင် တွေ့ရသော
အချက်လက်များအရ စေတီတော်၏ ဘေးလေးဘက်လေးတန်တွင် ရှိသော မုခ်ဦးများမှာ
မပျက်မစီးဘဲ မူရင်းအတိုင်း ရှိကြောင်းတွေ့ရပေသည်။ မုခ်ဦးမှာ တွေ့ရသမျှသော အသောက
လက်ရာများအားလုံးကို ကြည့်ရှူခံစားနိုင်ရန် သတ်သတ် Album ဖြင့် တင်ပေးပါမည်။



စေတီတော်တည်ရှိစဉ်က ဗုဒ္ဓရုပ်ပွါးတော်ကို ထုလုပ်ကိုးကွယ်ထားခြင်း မရှိဟု ဆိုသော်လည်း
ယခုအခါ စေတီတော်၏ အဝင်မုခ်ဦးနေရာအထဲတွင် ဗုဒ္ဓရုပ်ပွါးတော်များကို တွေ့ရှိရပေ၏။
သမိုင်းစာအုပ်၏ အဆိုအရ AD 400 တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုသည်။ ရုပ်ပွါး
တော်တစ်ဆူမှာတော့ ဦးခေါင်းတော် မတွေ့ရတော့ချေ၊ အခြားတဘက်မုခ်ဦး အဝင်မှ ရုပ်ပွါး
တော်မှာ ရှိသေးသော်လည်း အနည်းငယ်ပျက်စီးနေ၏။




အရှင်ဝရသာမိ 
https://shinsami.blogspot.com
  

Tuesday, January 8, 2013

ဗုဒ္ဓဘာသာ၏ သမိုင်းအမွေနှစ်များ တည်ရှိခဲ့ရာ တောင်တန်းဒေသများသို့ ခရီးသွားမှတ်တမ်း ( ၂ )


စာရေးသူတို့ အဖွဲ့သည် Kaudol တောင်ကုန်းများကို လေ့လာပြီးနောက် ဗာရာဗာရနှင့် နဂရဇ္ဇုနိကုန်းများ
ရှိရာအရပ်သို့ ဆက်လက်ထွက်ခွါဖြစ်ကြသည်။ လမ်းဘေးဝဲရာ တို့မှာ တွေ့မြင်ရသော ထန်းပင်ထန်းတော
ကြီးများကို မြင်တွေ့ရတော့ ရွှေညာကို ရောက်နေသလားတောင် မှတ်ထင်လိုက်သေး၏။ :)
ထင်ထင်နိုင်လွန်းလို့လည်း မဆိုလိုက်ပါနဲ့အုံး ဒီလိုပဲ လွမ်းစရာမရှိ ကြံဖန်လွမ်းရတာပဲလေ၊ အဆိုတော်
ရင်ဂိုရဲ့သား ကျားပေါက် ဆိုသလိုပေါ့ မယ်တင်ကိုလည်းလွမ်း၊ ဝက်မကြီးလည်းလွမ်း ဆိုတာလေ
အဲလိုပဲ ရွှေညာမြေ အရိပ်ရောင်လေးတွေတွေ့တော့လည်း မရောက်တာကြတဲ့ အညာကို လွမ်းမိတာပေါ့လေ။ ဟဲ..ဟဲ



ဤနေရာ ဤဒေသသည်  လူသူအရောက်အပေါက်နည်းပြီး ကျောက်ထူထပ်သည့် တောင်ကုန်းများစွာ
ရှိသည်ကို တွေ့ရပေ၏။ ယင်းဒေသတစ်ခုလုံးတွင် ရှေးအခါက ထူထဲသည့် တောအုပ်ကြီးများ ရှိခဲ့သည်ဟု
သမိုင်းစာအုပ်များက ပြဆိုထားသည်ကို တွေ့ရသည်။ ယင်းဒေသရှိ ကျောက်ဆောင်များ နှင့်
နေရာတိုင်းလိုလိုသည် လှည့်လည်သွားလာသူ ပရိဗိုဇ်များနှင့် ဗုဒ္ဓဘာသာရဟန်းတော်များ ကျက်စားရာဒေသအဖြစ် ဖန်တီးခဲ့ပေလိမ့်မည်ဟု Ven.S.Dhammika မှ
Middle Land Middle Way စာအုပ်၌ ဆိုထားသည်ကို တွေ့ရ၏။
ရှေ့အပိုင်း၌ တပိုင်းတစပြဆိုပြီး ဖြစ်သော်လည်း ဤနေရာ၌ ပြန်လည် ထုတ်ပြချင်ပါသေးသည်။

***************************
ယင်းတောင်ကုန်းများအနက် တစ်ခုဖြစ်သည့် ကောအာဒေါလ (kauadol)သည် သုတ္တနိပါတ်ကျမ်းလာ
ပါရာယနဝဂ် (သုတ္တနိ၊ စာ-၄၄၈)၌ (ဖော်ပြထားသည့်) ဖြစ်ရပ်များဖြစ်ပေါ်ခဲ့ရာ 'နှစ်သက်ဖွယ် တင့်တယ်
လှပသည့် ပသနကစေတီ (Pasanaka)' တည်ရှိခဲသည့် နေရာဟု ယူဆရသည်။ တောင်ထိပ်တွင်
ဟန်ချက်ညီစွာ တည်ရှိနေသည့် ကျောက်တုံးကြီး တစ်ခုရှိပြီး မြင့်မား မတ်စောက်သော တောင်ထွတ်
တောင်ကုန်းပေါ်တွင် ယင်း၏ တစ်မျှော် တစ်ခေါ်နေရာများ၌ ဗုဒ္ဓဘာသာ ဆိုင်ရာ အပျက်အစီး အကြွင်းအကျန်များစွာရှိသည်။ ယင်း၏ မြောက်ဘက် မျက်နှာစာရှိ ကျောက်တောင်များ ပေါ်တွင် ထိုင်တော်မူ ဗုဒ္ဓဆင်းတုတော်များအပါအဝင် မြောက်မြားစွာသော ကျောက်ထွင်း ရုပ်ပုံများရှိသည်။
ကန်နင်ဟမ်သည် ဤနေရာ၌ ဧရာမဗုဒ္ဓဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့သည်။ 'ဤတောင်ကုန်း
အရှေ့ဘက်ခြမ်းရှိ တောင်စွယ်တစ်ခုတွင် (တွေ့ရခြင်းဖြစ်)ပြီး ကျောက်တိုင် အများအပြား မတ်ထောင်နေဆဲဖြစ်သော ဘုရားကျောင်း ကြီးတစ်ခု၏ အကြွင်းအကျန်များ ကြားတွင် ဗုဒ္ဓဂယာ မဟာဗောဓိပင်အောက်၌ ကမ္မဋ္ဌာန်းထိုင်တော်မူစဉ် တွေ့ရသည့်အတိုင်း ဗုဒ္ဓလောင်းလျာ ရသေ့၏ ဧရာမကြီးမားသော ရုပ်ပုံတစ်ခုရှိသည်။ ယင်းဆင်းတုသည် ကျွနု်ပ်(ကန်နင်ဟမ်) တွေ့သမျှထဲတွင် အကြီးဆုံး ဖြစ်သည်။ ကိုယ်ထည်ပင် ၈-ပေမြင့်ပြီး ပခုံးတော်အကျယ်မှာ ၄-ပေ၊ (တင်ပလလင်ခွေ) ဒူးနှစ်ဘက် အကျယ်မှာ ၆-ပေရှိသည်'။ သို့တစေ ယင်းသည် ဗာရဗာရ နှင့် နာဂရဇ္ဇုနိတောင်ကုန်း
နှစ်ခုအနီး (တွေ့ရသည့်) အထိမ်းအမှတ်များ ဖြစ်သည်။ ယင်းတို့မှာ အလွယ်ကူဆုံးသွား
ရောက်နိုင်ပြီး ဘုရားဖူးအား အဆွဲဆောင်နိုင်ဆုံးနေရာဖြစ်သည်။
********************
သမိုင်းစာအုပ်၏အဆိုအရ ဗုဒ္ဓဆင်းတုတော်များ အမြောက်အများရှိခဲ့သည်ဟု ဆိုသော်လည်း ယခုအခါတွင်မူ မတွေ့ရတော့ပေ ဖျက်ဆီးခံလိုက်ခြင်း ဖြစ်ပေမည်။ တောင်ကုန်းအောက်မှ
ထိုင်တော်မူ ရုပ်ပွါးတော်တဆူသာ တွေ့ရှိခဲ့ပေ၏။ ထိုမှ တဆင့် ၄ ကီလိုမီတာခန့် ကားစီးပြီးသောအခါ ကျောက်ဂူများရှိရာအရပ်သို့ ကားဆက်မောင်း၍ မရတော့သဖြင့်
ခြေကျင်ခရီးဖြင့် လယ်ကွင်းများကို ဖြတ်၍ ဂူ များရှိရာတောင်ကုန်းဒေသများသို့
တက်ရောက်ဖြစ်ကြသည်။



ပထမဆုံး ရောက်ဖြစ်သော ကျောက်ဂူသည် မည်သည့်နာမည်ဖြစ်သနည်းဟူမူ
စာရေးသူ သဲသဲကွဲကွဲ မပြောတတ်ပါ ဆုဒါမဂူ လော ဇဝေဇဝါဖြစ်နေမိ၏။

အိန္ဒိယရသေ့များသည် များသောအားဖြင့် ဂူများအတွင်းနေထိုင်လိုကြသည်ဟု ဆိုသည်။
ဘဇာကြောင့်ဟူမူ ဂူများသည် နွေရာသီတွင် အေးပြီး အသံဗလံဆူညံမှု တိတ်ဆိတ်လျက် ကမ္မဋ္ဌာန်းရှုမှတ်ရန် သင့်လျော်ကြသောကြောင့်ဖြစ်သည်။ သဘာဝဂူများကို မရနိုင်သောအခါ လူဖန်တီးသော ဂူများပြုလုပ်နိုင်ကြသည်။
အိန္ဒိယတွင် ဤ(ဂူထွင်းသည့်) ဓလေ့သည် အယ်လိုရာ အာဂျန ္တာ ဂူဘုရားကျောင်းကြီးများဖြင့်
အထွဋ်အထိပ်သို့ရောက်ရှိခဲ့သော အနုပညာတစ်ရပ်အဖြစ်သို့ တိုးတက်ခဲ့သည်။ ဗာရာဗာရတောင်ကုန်းများရှိ လူဖန်တီးသည့် ဂူများသည် ဤ(ဂူထွင်း)အနုပညာ၏
အစောပိုင်းကာလကို ကိုယ်စားပြုသည်။ ထိုမှတဆင့် ဂေါပိကာ ဂူရှိရာ ဌာနသို့ ဆက်လက်ထွက်ခွါဖြစ်ကြပါသည်။



ဂေါပိကာဂူ ရှိရာအရပ်သည် ဗာရာဗာရတောင်ခြေမှ အရှေ့မြောက်ဘက်သို့ နှစ်ကီလိုမီတာ လမ်းလျှောက်သွားပါက နာဂရဇ္ဇုနိ တောင်ကုန်းပေါ်တွင်တွေ့ရသည်။
ဂေါပိကာဂူနှင့်(ယင်း)ဂူပေါ်သို့ တက်သည့် လှေကားကြီးများကို စပါးစိုက်ကွင်း များကို ဖြတ်ကျော်ချဉ်းကပ်သွားလိုက်သည်နှင့် အလွယ်တကူ တွေ့မြင်နိုင်သည်။

ဂေါပိကာသည် ရှေးဟောင်းဂူများအနက် အကြီးဆုံးဖြစ်သည်ဟု ဆိုသည်။ လိုဏ်ခန်းသည်
အရှည် ၁၂ ဒသမ ၃ မီတာ၊ အကျယ် ၅ ဒသမ ၂ မီတာရှိပြီး ၆ ဒသမ ၅ မီတာမြင့်သည်။
လိုဏ်ခန်း၏ ခပ်ဝိုင်းဝိုင်း ထောင့်စွန်းများနှင့် စည်ပိုင်းပုံခုံးနေသည့် အမိုးများမှာ ပြီးပြည့်စုံစွာ
စီမံထားသည်။ တစ်ဖန် မျက်နှာပြင်တစ်ခုလုံးကို လှပသပ်ရပ်စွာ အချောကိုင်ထားသည်။
အပြင်ဝင်ပေါက်၏ အပေါ်တွင် အသောကမင်းကြီး၏မြေးတော် ဒသရထမင်း၏
ကျောက်စာပြန်တမ်း တစ်ခုရှိသည်။ လမ်းပြဂိုက်၏ ရှင်းပြချက်အရ သိရသည်မှာ ထိုဂူ၏ ရှေ့တည့်တည့်တွင် ရှေးယခင်က စေတီတဆူရှိသည်ဟု ဆိုသည်။
ယခုတော့ ကျောက်မြေနေရာလေးသာ တွေ့ရတော့ပေ၏။ ဖျက်ဆီးခံလိုက်ရပေပြီ တကား။



နာဂရဇ္ဇုနိတောင်တန်းသည် ပတ္တနား နယ်အတွင်းတွင်ရှိသည်။ ထိုတောင်တန်း၏ အောက်ခြေတွင်
မွတ်စလင်သချို ၤင်းငယ်လေးတခုလည်းတွေ့ရ၏။ လမ်းပြဂိုက်၏ ရှင်းပြချက်ထိုနယ်တစ်ဝိုက်သည်
ယခုအခါ မွတ်စလင်ဘာသာဝင်များသာ အများစုရှိသည်ဟု လေ့လာမှတ်သားရသည်။
ထိုမှတဆင့် ဗာရာဗာရတောင်ပေါ်သို့ ဆက်လက်၍ ခရီးဆက်ဖြစ်ကြပါသည်။ ထိုတောင်၏
အနီးတွင် ထူးဆန်းဖွယ်ရာ ဗုဒ္ဓရုပ်ပွါးတဆူကို မပျက်မယွင်း ပကတိအတိုင်း တွေ့မြင်ရတော့ ဝမ်းသာကြည်နူးမိ၏။ ရှေးဟောင်းရုပ်ပွါးတော်လော နှောင်းခေတ်ရုပ်ပွါးတော်လော
ဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါပေ။



လက်ယာမပျက် ပကတိအတိုင်း မြင်တွေ့ရတာနဲ့ပင် ကြည်နူးဝမ်းသာစရာကောင်းလှပေ၏။ စာရေးသူတို့အဖွဲ့တွင် ပါလာသော ရေများကုန်သွားသဖြင့် တောင်ခြေမှာ ရေသန့်ဗူးဝယ်ဖြစ်ကြသည်။ ဆိုင်သေးလေး ဖြစ်တာကြောင့် ပရိသတ်နဲ့ မမျှပဲ ရေဗူးအနည်းငယ်သာ ဝယ်လို့ရတော့၏။
ပိုက်ဆံကိုင်ပြီး ဟိုဆိုင်ပြေး ဒီဆိုင်ပြေးနှင့် မရတဲ့အဆုံး ရှိတာလေးပဲမျှပြီး အာစွတ်ရုံ
သောက်ရတော့သည်။ ခဏနား၍ တောင်ပေါ်သို့ ဆက်တက်ဖြစ်ကြသည်။
တောင်ထိပ်နားတွင် မိကျောင်းကြီးတစ်ကောင် ဝပ်နေသည့်အလား
ဂူပေါက်လေးပေါက်ရှိသော ဂူတစ်လုံးကို တွေ့ရပေသည်။



ထိုဂူများကို အသောကမင်းကြီးက ကြီးကြပ်ခဲ့ပြီး မြတ်ဗုဒ္ဓလက်ထက်က မက္ခလိဂေါသာလ တည်
ထောင်ခဲ့ပြီး ယခုအခါ ကွယ်ပျောက်သွားပြီး ဖြစ်သော အဝတ်မဝတ်သည့် ရသေ့အုပ်စုဝင်
အာဇီဝကတို့အားလှူဒါန်း ခဲ့ပုံရသည်ဟု ဆိုသည်။ အဆိုပါဂူများကို အသောကမင်းကြီး
လှူဒါန်းခဲ့မှုသည် အသောကအနေဖြင့် ဗုဒ္ဓဝါဒကို နှစ်သက်သော်လည်း မင်းကြီးသည် အခြား(ဘာသာရေး)ဂိုဏ်းများနှင့်ဘာသာတရားများကိုလည်း လှူဒါန်း ထောက်ပံ့နိုင်
လောက်အောင် သည်းခံ (သဘောထားပြည့်ဝ)ဆဲ ဖြစ်ကြောင်း သာဓကတစ်ရပ်ဖြစ်သည်။
ဗာရာဗာရ တောင်ကုန်းရှိ စိတ်ဝင်စားဖွယ် အကောင်းဆုံးဂူမှာ လောမသရသေ့ဂူဖြစ်သည်။ ဂူအတွင်းပိုင်းတွင် အစွန်းတစ်ဘက်၌ တဲဝိုင်းငယ်တစ်ခုနှင့် တူသည့် ခန်းဆွယ်တစ်ခုပါသော စည်ပိုင်းပုံခုံးနေသည့် ရှည်မျောမျော ခန်းမတစ်ခုရှိသည်။ ခန်းမ၏နံရံများမှာ အဆင့်မြင့်စွာ ချောမွတ်နေအောင် ဖန်တီးထားသည်။
အမိုးနှင့်ခန်းဆွယ်ကား မပြီးဆုံးသေးဘဲရှိသည်။

သို့ရာတွင် ဤဂူအား အလွန်စိတ်ဝင်စားစေသည့်အရာမှာ ယင်း၏ရှေ့မျက်နှာစာဖြစ်သည်။
ယင်းသည် ဗုဒ္ဓဘာသာရဟန်းတော် များအပါအဝင် ရသေ့များနေထိုင်လေ့ရှိသည့် အထွတ်ပါ
သစ်သားနှင့် သက်ငယ်မိုး တဲများကို ကျောက်ဖြင့် တစ်ထေရာတည်း ပုံတူပြုလုပ်ထား
သောကြောင့် ဖြစ်သည်။ အတွင်းဘက်သို့ အနည်းငယ် ယိုင်နေသည့် ထောင်မတ်တိုင်နှစ်လုံးသည် ပင်မဒိုင်းနှစ်ခုကို ခံဆောင်ထားသည်။ ထိန်ထားသော ဆင်ရုပ်များ အစဉ်လိုက် ရှိသည်။

အဝင်တခါးဝတို့၏ အထက်တွင် အသောကမင်းကြီး၏ ပန်းပုလက်ရာများကိုလည်း လက်ရာမပျက် တွေ့ရှိရပေ၏။ အပေါ်ပိုင်းမုခ်ခုံးများ အကြားတွင် မှန်ကူ ကွက်ပုံ တံခါးတစ်ခုရှိသည်။ ကျောက်ဆစ်သမားသည် ဂူတစ်ခုလုံးကို မှင်တက်သွား လောက်သည့်
(ပကတိ) သစ်သား တဲတစ်ခုနှင့် တူအောင်လက်သမား လက်ရာတိုင်း၏
အသေးစိတ်ကို အလွန် ဂရုစိုက်ပြီး ပုံတူထွင်းထုခဲ့သည်။ လောမသရသေ့ဂူသည်
မောရိယခေတ် လက်ရာ ဖြစ်သော်လည်း တံခါးပေါ်ရှိ စာတန်းကိုမူ ဂူကိုတည်ဆောက်ပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက်မှ ရေးထွင်းခဲ့သည်ဟု ဆိုသည်။ မိတ်ဆွေဖြစ်သော
အရှင်နန္ဒောဘာသ (ကိုလှတော) နဲ့တောင် ဆွေးနွေးဖြစ်သည်။
ဂူတံခါး၀ အမြင့်ပေတွေကို ကြည့်သောအားဖြင့် ရှေးခေတ်လူများ အရပ်ရှည်မားစွာရှိသည်
ဆိုတာ မဖြစ်နိုင်။ ယခုခေတ်လူသားတွေအတိုင်းသာ သာမန် အရပ်တိုင်းသာလျှင်
ဖြစ်နိုင်ချေရှိသည်ဟု ပြောဖြစ်ကြ၏။ ဂူတွင်းများသို့ဝင်ကာ လေ့လာကြပြီးနောက်
တောင်အောက်သို့ ဆင်းဖြစ်ခဲ့ကြသည်။ တောင်အောက်ခြေတွင်ရှိ ဟိန္ဒူနတ်ဘုရားရုပ်ထုများ
အနီးတွင် အိန္ဒိယ ဆာဒူးကြီးကို အခန်းငယ်တခုအတွင်းမှာတွေ့လို့ ဓာတ်ပုံရိုက်ဖြစ်ခဲ့သေး၏ ရှူစားကြလေကုန်။



စာရေးသူတို့အဖွဲ့သည် လေ့လာစရာရှိသည်များကို လေ့လာပြီးနောက် ၁ နာရီခွဲကျော်ခန့်တွင်
ဗုဒ္ဓဂယာသို့ ပြန်လည်ဦးတည်ဖြစ်ခဲ့ကြပါတော့သည်။ ပျော်စရာခရီးစဉ်တခုဖြစ်ခဲ့သလို
ရောက်နိုင်ခဲသော နေရာတစ်ခုမှ လေ့လာစရာများကို မှတ်တမ်းတင်၍ ပြန်လည်မျှဝေလိုက်ပါ၏။
အမှားယွင်းတွေ့ပါက သည်းခံ ဖြည့်စွက်၍သာ ဖတ်ကြလေကုန်.....

ဖတ်ရှူသည့်အတွက် ကျေးဇူးတင်ပါ၏ 
စာဖတ်သူ မိတ်ဆွေအပေါင်း ချမ်းမြေ့ကြပါစေ...........

အရှင်ဝရသာမိ 
https://shinsami.blogspot.com
  

ဗုဒ္ဓဘာသာ၏ သမိုင်းအမွေနှစ်များ တည်ရှိခဲ့ရာ တောင်တန်းဒေသများသို့ ခရီးသွားမှတ်တမ်း ( ၁ )

Barabar and Kaudol ဒေသ

မနက်စောစော သူငယ်ချင်းဖြစ်သူ တံခါးလာခေါက်၍ အိပ်ရာမှ လူးလဲထပြီး နာရီကြည့်လိုက်တော့
မနက် ၆ နာရီ ထိုးခါနီးနေချေပြီ။ အအေးဓာတ်အလွန်ပြင်းထန်လှသော ဂယာဆောင်း နံနက်ခင်းကို
အံတုရင်း ခရီးသွားရမည်ဆိုသည့် အသိကြောင့် မထချင် ထချင်နှင့် ထလိုက်ရ၏။ တံခါးဖွင့်ပြီး အပြင်သို့
ကြည့်လိုက်တော့လည်း ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရသေး။ မြူနှင်းတွေပိတ်နေသည့်အတွက်ကြောင့်
အလင်းရောင်ပင် ကောင်းကောင်းမတွေ့ရသေးချေ။ မျက်နှာသစ်ဖို့ ရေကိုင်ရမှာပင် လန့်နေမိသည်။
အပူချိန် 4 ံC လောက်သာ ရှိသည့် အအေးဓာတ်က ရေထိလိုက်လျှင် ရေခဲစိမ်ထားသော ရေကို ကိုင်ရ
သလား မှတ်ရသည်။ သို့သော်လည်း ခရီးသွားခြင်းကို နှစ်သက်သည့် မိမိအဖို့မှာတော့ တနင်္ဂနွေမနက်
ခင်းသည် စိတ်ကြည်လင်စွာနဲ့ သာယာလှပနေပါ၏။


စာရေးသူတို့ သီတင်းသုံးသော မာဂဓတက္ကသိုလ် အဆောင် ၃ မှ မနက် ၆ နာရီခွဲတွင် ကားစတင်ထွက်ဖြစ်
ကြသည်။ မြန်မာဗုဒ္ဓဘာသာပညာရေးဗိန်မာန်(ကျောင်းသားကျောင်း) မှ သွားမည့်အဖွဲ့ နှင့် ဆုံကာ
ကျောင်းသားကျောင်းမှာပင် နံနက်စာ အာရုံဆွမ်းဘုဉ်းပေးပြီး ဗုဒ္ဓဂယာမှ ကားလေးစီးဖြင့် စထွက်ဖြစ်ကြပါသည်။ နှင်းတွေပိတ်နေပြီး ပတ်ဝန်းကျင်ကို ရှင်းလင်းစွာ မမြင်ရသည်ကပင်
ကောင်းသည်ဟုဆိုရမလို ဖြစ်၏။ ဘဇာကြောင့်ဟူမူ အိန္ဒိယတွင် မနက်စောစော ကားဖြစ်စေ၊
ရထားဖြစ်စေ စီးပါက ဘေးပတ်ဝန်းကျင်ကို မကြည့်ရ။ ကြည့်မိပါက ကုလားများ ကုလားမများ
လမ်းဘေးမှာ မိုင်းဗုံးထောင်နေတာ တွေ့ရတတ်သောကြောင့်ပင်။ ပတ်ဝန်းကျင် အလှလေး ခံစားချင်လို့ပါဆိုပြီးတော့ မကြည့်လိုက်လေနဲ့ မျက်နှာချင်းဆိုင်ပြီး  တွတ်ထိုးနေသလား
မှတ်ရအောင်  မည်းမည်းပြောင်ပြောင်လေးတွေ တွေ့ရပေလိမ့်မည်။ တခုတော့ ရှိသည်
ထိုကဲ့သို့ လမ်းဘေး၊ လယ်ကွင်း စသည်တို့တွင် တွေ့ကရာ မိုင်းဗုံးထောင်ကြလို့ ထင်သည်
အိန္ဒိယမှာထွက်ရှိတဲ့ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ အာလူး၊ ခရမ်းသီး စတဲ့ သီးနှံအစုံအားလုံး
သန်မာထွားကျိုင်းပြီး ဗီတာမင်ဓာတ် အပြည့်ရှိသည် စာရေးသူတို့ နေ့စဉ် ဒီအသီးနှံတွေနဲ့ပဲ
နှစ်းပါးသွားနေရတာကိုး။ :P
ကဲပါလေ ဒါတွေပြောရင် အဲ ရေးရင် ဘေးချော်ကုန်ပါအုံးမယ် ဟဲ..
ဗုဒ္ဓဂယာ မှ ဂယာမြို့ထိ လမ်းခရီးချောမွေ့ပြီး အဆင်ပြေနေသေးသည်။ ဂယာမြို့မှ ၄ ကီလိုမီတာ အကျော်ခန့်တွင် လမ်းခရီးကြမ်းနဲ့ စတင်တွေ့ရတော့သည်။ ကလေးငယ်တွေကို ပုခက်တွင်းထဲသို့ ထည့်လိုက်လေတော့၏။ ဟစ်ဟော့ အဆိုတော်တွေ ဆိုသလို ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးပြီးတော့ ကလိုက်ဆိုသလိုပေါ့။ ကတော့ မကနိုင် ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက် နဲ့ ခေါင်းတော့ချာချာလည်သွားသည်။ လမ်းခရီးကြမ်းပါတယ်ဆို အရေးထဲ လမ်းမှားသွားပြန်တော့ ကြာနီကန်ဆရာတော် ဟောသလိုပေါ့
"ဘာပြောကောင်းမလဲပရိသတ်ရေ၊ ဘာမှကို ပြောမကောင်းဘူး" :P
ကီလိုမီတာ ၄၀ ကျော်ခန့်ကားစီးအပြီး အိန္ဒိယ နိုင်ငံသား ဗုဒ္ဓဘာသာဘုန်းတော်ကြီး
တည်ထောင်ထားတဲ့ ကျောင်းသို့ ရောက်ကြသည်။ ကျောင်းဆိုပေမယ့် ရွက်ဖျင်လေးတွေနဲ့ ကာရံထားတဲ့ ကျောင်းငယ်လေး တစ်ကျောင်းသာ ဖြစ်၏။ ထိုအနီးတဝိုက်က ကလေးတွေကို
စာသင်ပေးပြီး သာသနာပြုနေသည်ဟုဆိုသည်။ ချီးကျူးစရာကောင်းပေစွ။


အတူပါလာသော ဒကာမကြီးတစ်ယောက် နှင့် ကျောင်းသားဥက္ကဋ္ဌဆရာတော် ဦးဇဝနတို့မှ
ဦးဆောင်ပြီး ကျောင်းဆောက်ဖို့ရန်အတွက် ဝတ္ထုငွေများ လှူဒါန်းဖြစ်ကြသည်။
ထိုဆရာတော်၏ ကျောင်းမှာပင် ဆွေမျိုးများနှင့်တွေ့ပြီး
စာရေးသူ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်လိုက်သေး၏။


ထိုကျောင်းမှ နယ်ခံဆရာတော် နှစ်ပါးနှင့် လမ်းပြသုံးလေးယောက်မှ ရှေ့မှ ဆိုင်ကယ်နှင့်လိုက်ပို့သောကြောင့် ပထမဆုံး ဂယာနယ် နှင့် ပတ္တနားနယ်အစပ်တွင် ရှိသောkaudol တောင်ခြေသို့ ရောက်ဖြစ်ကြသည်။ ကျောက်တောင်များ၏ သဘာဝ
အလှကား ရင်သပ်ရှူမောဖွယ်ကောင်းလှ၏။ လူပုဂ္ဂိုလ်များ ဖန်တီးထားသလား
ထင်မှတ်ရသည်။ ဝမ်းသာစရာကောင်းသည်ကား ဘုရားဖူး အရောက်အပေါက်နည်းသော
ဤနေရာ ဤဒေသတွင် ဗုဒ္ဓဘာသာ သမိုင်းအငွေ့သက်လေးများ ရှိနေခဲ့သလို
ဗုဒ္ဓရုပ်ပွါးတော် တစ်ဆူကိုပါ တောင်ခြေမှာ ဖူးတွေ့လိုက်ရတော့ ကြည်နူးဝမ်းသာမိသည်။


ဥက္ကဋ္ဌဆရာတော် ဦးဆောင်သော သံဃာတော်အပါးသုံးဆယ်ကျော်ခန့်မှ စုပေါင်း၍ ဘုရားနေကဇာတင်ခြင်း၊ မေတ္တာသုတ် ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်းများ
ပြုလုပ်ဖြစ်ကြသည်။


ရုပ်ပွါးတော်မှာကား ဘာသာခြားတို့၏ ဖျက်ဆီးခံထားရမှုကြောင့် မျက်နှာတော်ကို ကောင်းကောင်း
မဖူးမြင်ရတော့ချေ။ နှာခေါင်းတော်မှာလည်း ရှိမနေတော့ ဝမ်းနည်းစရာကောင်းပေ၏။
ဘုရားရှိခိုး အနေကဇာတင်ခြင်းများ ပြုလုပ်အပြီး အဖွဲ့လိုက်စုပေါင်း၍ ဓာတ်ပုံရိုက်ဖြစ်ကြသလို၊
တောတောင် သဘာဝအလှများနှင့် အမှတ်တရ ဓာတ်ပုံများ ကိုယ်စီ ရိုက်ဖြစ်ကြသည်။


ဤ KAWADOL တောင်၏ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး Ven.S. Dhammika ရေးသားထားသော
Middle Land Middle Way ဘုရားဖူးဂိုက် စာအုပ်မှာတော့ အောက်ပါအတိုင်း ရေသားထားသည်ကို
တွေ့ရပေသည်။
***********************
South-West of Barabar Hill is a rocky,hitht,Pointed hill named Kawadol which is
probabably 'the lovely, the beautiful pasanaka Shrine' Where the events in the
parayanavagga of the Sutta Nipata took place.' When Huien Tsiang was on his
way to Bodh-Gaya from patna,he passed by the Barabar Hills and described
several large monasteries in the vicinity,the most important founded by and named
after a monk called Silabhadra. Born in Bengal and ordained by Dharmapala at
Nalanda, Silabhadra later distinguished himself in debates with non-Buddhist acsetics.
As a reward for his skills,the king gifted him the revenue of a town and from this
he built a monastery - the ruins of which can still be seen.
      At the foot of Kawadol Hill is a huge mound with several stone pillars emerging
from it and nearby, sheltered under a grove of ancient tamarind trees, is a large
and exceptionally fine image of the Buddha. Its face has been damaged by iconoclasts
but other than this it is in good condition. Cunningham measured the statue and found
it to be 2.4 meters across the the shoulders and 1.4 meters from knee to knee.
******************************
ထို KAWADOL တောင်မှ ဘုရားဖူးကာ သဘာဝတောအလှများနှင့် ဓာတ်ပုံရိုက်အပြီးတွင်
စာရေးသူတို့ အဖွဲ့သည် ၄ ကီလိုမီတာခန့်ဝေးသော Barabar Cave, Gopika Cave,
Lomas Rishi Cave တို့ ရှိရာဌာနသို့ ဆက်လက်ထွက်ခွါဖြစ်ကြသည်။
 
 => အပိုင်း ၂ သို့

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Tuesday, September 25, 2012

ကောသမ္ဗီပြည်သို့ ခြေရာကောက် လိုက်ကြည့်ရာဝယ်

ဘုရားရှင်သီတင်းသုံးတော်မူခဲ့တဲ့ ဝံသတိုင်း ကောသမ္ဗီပြည်၊ ၉ ဝါမြှောက် ဝါဆိုတော်မူခဲ့တဲ့
ကောသမ္ဗီ၊ သာသနာ့သမိုင်းမှာပထမဆုံး သံဃာဂိုဏ်းကွဲမှုကြီးဖြစ်ပေါ်ခဲ့တဲ့ ကောသမ္ဗီပြည်ကို
ဒေသနာအများအပြားတွင် တွေ့ရသော်လည်း ဘယ်မှာရှိသည်ဆိုတာ မသိရသည့်အတွက်ကြောင့်
သွားရောက်လေ့လာဖို့ရန်အတွက် စိတ်အားတက်ကြွနေမိသည်။ ခရီးလမ်းနီးမည်ဟု ထင်ထား
သော်လည်း တကယ်တမ်း သွားရောက်သောအခါ ဗာရာဏသီ နဲ့ တော်တော်အလှမ်းကွာဝေး
သည်ကို တွေ့ရ၏။ မနက်ငါးနာရီထိုးမှ စတင်၍ မိတ်ဆွေရဟန်းတော် ၈ ပါး ပေါင်းစုကာ
ဗာရာဏသီ မဇ္ဈိမသုခကျောင်းတိုက်မှ ထွက်ခွါခဲ့ကြသည်။ ယခုအခါ ယူပီပြည်နယ်ထဲတွင်
ရှိသော်လည်း ဗာရာဏသီ နဲ့ ကောသမ္ဗီပြည်သည် ကီလိုမီတာ ၃၀၀ - နီးပါးမျှ ဝေးကွာပါသည်။
ဘုရားဖူးအရောက်ပေါက်နည်းသည့်ဒေသဖြစ်သလို စာရေးသူတို့ အဖွဲ့ထဲတွင်လည်း တစ်ပါးမှ
မရောက်ဘူးတဲ့ ဒေသဖြစ်တာကြောင့် လမ်းခရီးတွင် ကားရပ်ကာ မေးမြန်းခဲ့ရသော်လည်း
ကောသမ္ဗီသို့ ၁၂ နာရီခန့်တွင် ချောချောမွေ့မွေ့ ရောက်ရှိခဲ့ကြပါသည်။ ကောသမ္ဗီတွင်
ရှိနေသော ကမ္ဘောဒီယားကျောင်းနှင့် သိရီလင်္ကာဘုန်းတော်ကြီးကျောင်းများသို့ ဝင်ကာ
ကောသမ္ဗီတွင်ရှိသော နေရာဒေသများအကြောင်းကို ဝင်ရောက်စုံစမ်းမေးမြန်ပြီး ပထမဆုံး
ဥတေနမင်း၏ နန်းတော်ရာဟောင်းရှိရာဌာနသို့ ချီတက်ဖြစ်ခဲ့ကြသည်။



တချိန်က ဤနန်းတော်ရာသည် တော်တော်ကျယ်ဝန်းမည့် နေရာဖြစ်နိုင်ဖွယ်ရှိသည်။ ယခုအခါမှာ
တော့ မြစ်ကမ်းဘေးတွင် ရှိသော ဘေးတဖက်မှတံတိုင်းနံရံတို့မှာ ယမုံနာမြစ်၏ ရေတိုက်စားမှု့
ကြောင့် ပျက်စီးယိုယွင်းနေသည်ကို တွေ့ရှိရ၏။ အခြားသောဖက်မှ နန်းမြို့ရိုးနေရာများကို
မြေအောက်မှ ပြန်လည်တူးဖော်ဆဲ ရှိသေးတာကို တွေ့ခဲ့ရသည်။ အလယ်ပိုင်းနေရာများတွင်
တော့ လယ်ယာများ ဖြစ်၍နေခြေပြီ။ ဤနန်းတော်ရာသို့ ရောက်သောအခါ ဥတေနမင်း နှင့်
တွဲဖက်၍ မာဂဏ္ဍီ ကို ပြန်လည် မြင်ယောင်မိသည်။

မြတ်စွာဘုရားရှင်လက်ထက်တော်က အလှဒေဝီ မာဂဏ္ဍီ - အမည်ရှိသော အပျိုချောလေး
တစ်ယောက် ရှိခဲ့ဘူးသည်။ သူ၏ မိဘများက မာဂဏ္ဍီ၏ကြင်ယာတော်(သမက်လောင်း)ကို
လိုက်ရှာသောအခါ ဂေါတမမြတ်စွာ ဘုရားကို တွေ့လေ၏။ ထိုအခါ မာဂဏ္ဍီလေးကို
လက်ခံပါရန် မာဂဏ္ဍီ၏ မိဘများက ထိမ်းမြားစကားဆိုကြ၏။
ထိုအခါ မြတ်စွာဘုရားက မိန့်တော်မူသည်မှာ…

ဒိသွာန တဏှံ အရတိ ံ ရဂဉ္စ။
နာဟောသိ ဆန္ဒော အပိ မေထုနသ္မိ ံ။
ကိမေဝိဒံ မုတ္တကရီသပုဏ္ဏံ၊
ပါဒါပိ နံ သမ္ဖုသိတုံ နဣစေ ္ဆ။ (ခု၊ ၁၊ ၄၀၉) ဟူ၍ဖြစ်၏။

တဏှာ၊ အရတီ၊ ရဂါ ဟူသော မာရ်နတ်မင်း၏ သမီးတော်သုံးယောက်ကို မြင်ရ၍သော်လည်း
မေထုန်အမှု၌ လိုလားတပ်မက်မှုဆန္ဒ မဖြစ်ခဲ့ပေ။ ကျင်ကြီး, ကျင်ငယ်တို့ဖြင့် ပြည့်နေသော
ဤသူငယ်မ၏ ရုပ်အဆင်းကို မြင်ရရုံမျှဖြင့် လိုလားတပ်မက်မှု အဘယ်မှာ ဖြစ်နိုင်လိမ့်မည်နည်း။
သင်တို့သမီး မာဂဏ္ဍီ ကို ခြေဖြင့် ထိရုံမျှပင် ငါအလိုမရှိ။
(ခု၊ ၁၊ မြန်မာပြန် - ၃၈၅ - ၃၈၆) ဟု မိန့်၏။

ထိုကဲ့သို့ မိန့်ကြားမှု့၏ အဆုံးမှာ မာဂဏ္ဍီ၏ မိဘနှစ်ပါးဖြစ်သည့် ပုဏ္ဏားကြီး နှင့် ပုဏ္ဏေးမကြီးတို့သည်
အနာဂမ်အရိယာများ ဖြစ်သွားခဲ့ကြသည်။ သမီးချော မာဂဏ္ဍီကို ညီဖြစ်သူ စူဠမာဂဏ္ဍီ ထံအပ်နှံ၍
ရဟန်းပြုခဲ့ကြရာ နောက်ဆုံး ရဟန္တာများ ဖြစ်သွားခဲ့ကြသည်။
အလှဒေဝီ မာဂဏ္ဍီ လေးကတော့ " ငါ့ကို မလိုချင်ရင် မလိုချင်ဘူးပြောပေါ့၊ အခုတော့ ငါ့ကို
ကျင်ကြီး ကျင်ငယ်တွေနဲ့ပြည့်နေတဲ့သူ၊ ခြေဖျားဖြင့်တောင် မထိလိုဟု မညှာမတာပြောရက်တယ်၊
ဒါ ငါ့ကို ပရိသတ်အလယ်မှာ သက်သက်အရှက်ခွဲတာပဲ။ နေနှင့်အုံးပေါ့ ငါရဲ့ အမျိုးဇာတ်၊ အနွယ်
စည်းစိမ် နှင့် အရွယ်တို့၏ပြည်စုံမှု့ကို အကြောင်းပြုပြီး သင့်တော်တဲ့ ယောကျာ်းကို ရအောင်ရှာပြီး
ရဟန်းကြီး ဂေါတမကို လက်စားချေမယ် " ဟု ဆိုကာ ဘုရားရှင်အား ရန်ငြိုးဖွဲ့ခဲ့လေသည်။

နောင်သောအခါ ဦးလေးဖြစ်သူ စူဠမာဂဏ္ဍီသည် တူမချော မာဂဏ္ဍီ ကို ဥတေနမင်းကြီးထံသို့
ဆက်သရာ ဥတေနမင်း၏ မိဖုရားဖြစ်လာခဲ့လေသည်။ မိဖုရားဖြစ်လာသောအခါ ဘုရားရှင်နှင့်
သံဃာတော်တို့အပေါ် အမျိုးမျိုးနှောက်ယှက်လေ၏။
(ဆောင်းပါးရှည်နေမည်စိုး၍ မာဂဏ္ဍီအကြောင်းကို အကျယ်မရေးလိုတော့ပါ) :)

ဥတေနမင်း၏ မိဖုရားတစ်ပါးဖြစ်သော မေတ္တာရှင်သူတော်ကောင်းမလေး သာမာဝတီ မိဖုရားအား
လုပ်ကြံမှု့ကြောင့် မာဂဏ္ဍီ သည်လည်း ဥတေနမင်း၏ နန်းရင်ပြင်တွင် ဆွေတော်မျိုးတော်အားလုံး
နှင့်အတူ အရှင်လတ်လတ် မြေမြုတ်ကာ ခေါင်းပေါ်မှ ကောက်ရိုးများတင်စေပြီး မီးတိုက်ခံခဲ့ရလေ
သည်။ မာဂဏ္ဍီ၏ အရေထူများ လောင်ကျွမ်းသွားသောအခါ အသားတို့ကို သံထွန်ယက်တို့ဖြင့်
လှီးကာ ဆီအိုး၌ မုန့်ကြော်သလိုကြော်စေပြီး မာဂဏ္ဍီ အားစားစေခိုင်းသည်။ မာဂဏ္ဍီမိဖုရားနှင့်
ဆွေမျိုးများသည် ရက်ရက်စက်စက် သတ်ဖြတ်ခြင်းခံရကာ ဘဝနိဂုံး အဆုံးသတ်သွားလေ၏။



ဥတေနမင်း၏ နန်းတော်ရာဟောင်းကို လေ့လာကြပြီးနောက် နောက်တစ်ရာသို့ ဆက်လက်
ထွက်ခွါခဲ့ကြသည်။ ထိုကျောင်းတော်ရာဟောင်းအနီးတွင်တော့ အသောက ကျောက်စာတိုင်
ကိုပါ ပူးတွဲတွေ့ရသည်။ ဘုရားရှင် ဝါဆိုတော်မူရာ နေရာဒေသတိုင်းတွင် အသိအမှတ်ပြုသည့်
အနေဖြင့် အသောကမင်းကြီးမှ ကျောက်စာတိုင်များ စိုက်ထူထားခဲ့ပါသည်။ ကျောက်စာတိုင်
အနီးတွင် ရှိသော ကျောင်းတော်ရာသည် ကုက္ကုဋာရုံကျောင်းတော်ရာလော ပါဝါရိကာရုံကျောင်း
တော်ရာလောဆိုတာကိုတော့ စာရေးသူ မဝေခွဲတတ်ပါ။ သမိုင်းပညာရှင်များသာ တိတိကျကျ
သိနိုင်ကြပေလိမ့်မည်။






ထို့နောက် ဃောသိတာရုံ ကျောင်းတော်ရာ ရှိရာဌာနသို့ ဆက်လက်ထွက်ခွါခဲ့ဖြစ်ကြပြန်ပါသည်။
ဃောသိတာရုံ ကျောင်းတော်ရာနေရာတော့ တော်တော်ကြီးမာကျယ်ပြန့်သည်ကို တွေ့ရှိရ၏။
ဤနေရာဌာနတို့၌ ဘုရားရှင်သီတင်းသုံးခဲ့သည်တို့ကို စိတ်မှာမှန်းဆ၍ ကြည်ညိုမိသည်။
ဘုရားရှင် ဤဃောသိတာရုံကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ် သံဃာအချင်းချင်း ငြင်းခုံ
ခိုက်ရန်ဖြစ်မှု သံဃဝိဝါဒါဓိကရုဏ်းကြီး ဖြစ်ပေါ်ခဲ့သည်။



ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်းတိုက်၌ သီတင်းသုံးနေတော်မူသော ကောသမ္ဗီ ရဟန်းများသည်
သူတော်ကောင်း တရား ကို လေ့လာနေသော ပုဂ္ဂိုလ်များ ဖြစ်ပါလျက် စိတ်သဘောချင်း မတိုက်ဆိုင်ဖြစ်၍
သေးငယ်သော ကိစ္စလေးကို အကြောင်းပြုကာ ငါ မှန်သည် သူ မှားသည်ဟု ငြင်းခုန် ကြ၏။
ဝိနည်းဓိုရ် ဆရာတော်များနှင့် ဓမ္မကထိက ဆရာတော်များ တစ်ဖက်ဆီ ငြင်းခုန်ကြခြင်းဖြစ်သည်။

ဘာမှမဟုတ်သည့် ကိစ္စလေးကို အကြောင်းပြု၍ တစ်ဦးကို တစ်ဦး မာန တွေရှေ့တန်းတင်လျက်
အပြိုင်အဆိုင် ငြင်းခုန်ကြသည်။ မာနသည် သာသူ ကိုလည်း ယှဉ်သည်။ ရွယ်တူ ကိုလည်း ယှဉ်သည်။
နိမ့်သူ ကိုလည်း ယှဉ်သည်။ မာန၏ အလှည့်အစား ခံရသောအခါ ဖြစ်ပေါ်လာသော စိတ်နေ
စိတ်ထားသည်ကား ငါသာလျင် မှန်၏။ တစ်ဖက်သားမှာ မှားယွင်းသည် ဟူ၍ ဖြစ်သည်။
စာရေးသူသည်လည်း ထိုကဲ့သို့ ဘာမှမဟုတ်ပါဘဲ မထားသင့်သော မာနတွေ ထားကာ
အမှားတွေ များစွာလုပ်ဖူးသည်။ မာနကြောင့် ဖြစ်ပေါ်ခဲ့သည့် ပြဿနာတို့သည် ဘာတခုမှ
ကောင်းသည်ဟူ၍ကား မရှိပါပေ။ အမှားလုပ်ပြီးသွားရင်တော့ နောင်သောအခါမှနောင်တရပြီး
အော် ငါ ရင့်ကျက်မှု မရှိသေးလို့ ဒီလိုဖြစ်တာပဲဟု စိတ်မှာမှတ်လိုက်၏။
အော် ပုထုဇဉ်ပဲလေလို့ (တကယ်တော့ ကိုယ့်အမှားကို ဝန်မခံချင်တိုင်း အကြောင်းရှာကာ
ပုထုဇဉ် ဆိုသော ဝေါဟာရစကားလုံးပေါ်သို့ ပုံချလိုက်ခြင်းသာဖြစ်၏) အဆွေစာရှူသူကော
အမှားတွေ လုပ်ချင်ရာလုပ်ပြီးမှ ပုထုဇဉ် ပဲဟုဆိုကာ ကိုယ့်အမှားကို ဝန်မခံပဲ
အကြောင်းရှာ ဟုံပုံချ ဒီပုံချ လုပ်ဘူးကြသလား မေးကြည့်ချင်၏။ အဟဲ တူညီနေရင်တော့
ဘာမှမပြောဘဲ မသိသလို ဆိတ်ဆိတ်နေလိုက်ကြရုံသာ။  :)




မြတ်စွာဘုရားသည် သံဃာများ၏ ငြင်းခုန်ခြင်း ပြေပျောက် စိမ့်သောငှာ ကိုယ်တော်တိုင် ကြွရောက်၍
ဆုံးမတော်မူ၏။ ကောသမ္ဗီ ရဟန်းများကား ငြင်းခုန်ခြင်းကို မလျှော့။ ဒေါသ မာန်မာနတို့ ကြီးကျယ်
ခမ်းနား လာသောအခါ ဘုရားကို ဘုရားဟု မမြင်တော့။ တရားကို တရားဟု မမြင်တော့။
အမှား ကိုလည်း အမှားဟု မမြင်ကြတော့။ မြို့တွင်း ဆွမ်းစားဇရပ်စသည်၌ ငြင်းခုံခိုက်ရန်ပြုကြသည်။
လက်ရောက်ကျူးလွန်မှု့များကိုလည်း ပြုလုပ်ကြသည်။ ဝိနည်းဓိုရ် ဆရာတော် များကလည်း မိမိတို့
ပြောသည့် စကားသာလျင် သစ္စာနှင့်ညီသည် အခြား ပုဂ္ဂိုလ်များ ပြောသောစကားများမှာ သစ္စာနှင့်
မညီဟု ထင်ကြသည်။ ဓမ္မကထိက ဆရာတော် များကလည်း မိမိတို့ ပြောဆိုသော စကားများကသာ
သစ္စာနှင့် ညီသည်၊ အခြားပုဂ္ဂိုလ်များ ပြောသော စကားများမှာ သစ္စာနှင့်မညီ ဟု ထင်ကြပြန်သည်။
နောက်ဆုံး တဖက် နှင့် တဖက် ဂိုဏ်းကွဲသည့် အနေအထားသို့ ရောက်ကုန်တော့၏။
စင်စစ် သံဃာတော်များ၏ ငြင်းခုန်မှုသည် ဒေါသ မာန်မာနကို အခြေခံသော စကားများဖြစ်သဖြင့်
မည်သို့မျှ သစ္စာမထိုက်။ သမ္ဖပ္ပလာပ စကားများ( အချည်းနှီး အကျိုးမဲ့သော စကားများ)သာ ဖြစ်သည်။

သံဃာများ၏ ငြင်းခုန်မှု မရပ်သောအခါ မြတ်စွာ ဘုရားသည် ပါလိလေယျက တောအုပ်သို့
တစ်ပါးတည်း ကြွသွားတော်မူ၏။ "သံဃာအား ဘုရားမလွန်ဆန်သာ" ဆိုသည်မှာ
ဤအကြောင်းအရာကို အစွဲပြု၍ ဆိုကြခြင်းဖြစ်၏။ ဆိုဆုံးမ ခက်သော ပုဂ္ဂိုလ်များအတွက်
ဥပေက္ခာတရား သည်သာ သင်ခန်းစာ အပေးနိုင်ဆုံး ဆရာဖြစ်သည်။
မြတ်စွာဘုရား တောသို့ ကြွသွားပြီး အတန် ကြာသောအခါ ကောသမ္ဗီပြည် ရဟန်းတို့သည် ဆွမ်းကွမ်း
အခက်အခဲနှင့် စတင် ကြုံတွေ့ ရတော့သည်။ ဒါယကာတို့ ကလည်း အကြည်ညို လျော့ပါးလာသည် ။
သူတော်ကောင်းများကလည်း ကဲ့ရဲ့ကြသည်။ ဒီရဟန်းတွေကြောင့် ငါတို့ အားကိုးစရာ မေးလျှောက်စရာ
မြတ်စွာဘုရား တောသို့ ကြွသွားတော်မူသည်ဟု ဆိုကာ ဘုရားရှင်အား မဖူးတွေ့ရတော့သောကြောင့်
ရဟန်းများကိုလည်း ဆွမ်းမလောင်းကြတော့။

ဆွမ်းကွမ်း အခက်အခဲ ဖြစ်လာသောအခါမှ သံဃာတော်များလည်း မာနကို လျှော့လာရသည်။
မာနကို လျှော့သည်နှင့် တစ်ပြိုင်နက် ငြင်းခုန်လိုစိတ် လျော့လာတော့သည်။ ပြဿနာကို
ယထာဘူတကျစွာ မြင်လာတော့သည်။ ထိုအခါမှ မိမိတို့အား ပြဿနာဟူ၍ စတင် လှုံ့ဆော်သော
အကြောင်းအရာသည် စင်စစ် ပြဿနာမဟုတ်။ ကိလေသာ အလှည့်အစားကြောင့် အထင်မှားမှုသာ
ဖြစ်ကြောင်း သိမြင်လာသည်။ မိမိတို့အတွက် အဓိက ပြဿနာသည် အို၊ နာ၊ သေ၊ သံသရာဘေး
သာ ဖြစ်ကြောင်း သိမြင်လာသည်။ ထိုအခါ ဆရာတော် များသည် ရဟန်းတရား ကို
ပြန်လည် ကျင့်ကြံကြသည်။

ရဟန်းတရားကို ပြန်လည် အားထုတ်၍ တရားသဘောများကို သိမြင်သောအခါ မာနများ ပိုမိုကျဆင်း
လာပြီး အချင်းချင်း ပိုမို ညီညွတ် လာသည်။ မြတ်စွာဘုရားကို ပြန်လည်ပင့်ဆောင်ရမည့် တာဝန်ကို
ထမ်းဆောင် ရမည်ဟူ၍လည်း သိမြင်လာကြသည်။ ဆရာတော် များသည် ဝါကျွတ်ချိန် ထိကို
တမျှော်မောမော စောင့်ဆိုင်း ကြရသည်။ ဝါကျွတ်သော အခါ ဆရာတော် များသည် မြတ်စွာဘုရား
သီတင်းသုံး နေတော်မူသော ပါလိလေယျ တောအုပ်သို့ လိုက်သွားပြီး အမှားများကို ဝန်ချ
တောင်းပန်ကြသည်။ ရင့်ကျက်ပြီး မာန်မာန ကျဆင်းပြီး ဖြစ်သော တပည့်သားများ ဖြစ်သော
ကောသမ္ဗီ ရဟန်းများကို မြတ်စွာဘုရားက ဤသို့ ဆုံးမတော်မူ၏။

"ရဟန်းတို့. ..ရင့်ကျက်၍ သီလ သမာဓိ ပညာ ရှိသော အဆွေ ခင်ပွန်းကောင်း ရှိလျင်
ထိုအဆွေခင်ပွန်းနှင့် အတူတကွ နေထိုင်အပ်သည်။ သီလ သမာဓိ ပညာ ရှိသော
အဆွေခင်ပွန်းကို ရှာမတွေ့လျင်ကား တစ်ဦးတည်းသာ နေအပ်သည်။
သူမိုက် နှင့်ကား အတူတကွ မနေအပ်။ မပေါင်းသင်းအပ်။"

တရားအဆုံး၌ ခန္ဓာဉာဏ်စိုက်၍ တရားနာနေသော ကောသမ္ဗီ ရဟန်းငါးရာသည်
ရဟန္တာများ ဖြစ်သွားတော်မူ၏။

 



စာရေးသူတို့ အဖွဲ့သည် ကျောင်းတော်ရာများကို လေ့လာ၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကြပြီး
ဗာရာဏသီသို့ ပြန်ဖို့အတွက် ကားပေါ်သို့တက်ခဲ့ရတော့သည်။ မူလစီစဉ်ထားစဉ်က
ဘုရားရှင် ၈ ဝါမြောက်ဝါဆိုတော်မူရာ သုသုမာရဂိရ သို့ပါ သွားဖို့စီစဉ်ထားသော်လည်း
ခရီးလမ်းဝေးကွာမှု့ကြောင့် အချိန်မပေးနိုင်တော့ပဲ ဗာရာဏသီသို့သာ ပြန်လှည့်ခဲ့ရသည်။
ည ၇ နာရီထိုးသောအခါမှ နေထိုင်ရာကျောင်းတိုက်သို့ ပြန်ရောက်ခဲ့တော့၏။


အရှင်ဝရသာမိ 
https://shinsami.blogspot.com
 

Monday, September 24, 2012

ရာဇဂြိုဟ်သို့ ခရီးသွားမှတ်တမ်း

အချိန်က နံနက် လေးနာရီ အိပ်ရေးပင် ကောင်းကောင်းမဝသေး အတူနေသူငယ်ချင်းဖြစ်သူ
အရှင်တိလောက မှ အခန်းတံခါးလာခေါက်၍ နှိုးမှ အိပ်ချင်မူးတူးထ၍ ရေချိုးကာ ခရီးသွားဖို့
အတွက် ပြင်စရာရှိတာ ပြင်ရသည်။ (အဟဲ ပြင်စရာဆိုပေမယ့် တကယ်တော့ ဘာမှပြင်စရာ
ရှိတာမဟုတ်ပါ လမ်းခရီးမှာ စားဖို့သောက်ဖို့အတွက်လည်း  သူငယ်ချင်းတွေပဲ စီစဉ်ကြသည်
ကိုယ်တိုင်ကတော့ ရေချိုး သင်္ကန်းကောက်ကိုင်ပြီး လွယ်အိတ်တလုံးလွယ်ကာ ထွက်ရုံပင်)
မနက် ၅ နာရီကျော်ခန့်မှာ အဆောင်ကနေ စတင်ထွက်ခွါကြသည်။ ပထမ ခရီးသွားဖို့ စီစဉ်
ထားသည်က ၇ ပါးခန့်ပင် ရာဇဂြိုလ် ကိုသွားဖို့တစ်ခုပဲ နောက်တခြားသူငယ်ချင်းတွေပါ
တိုးလာပြီး သွားမယ့်နေရာပါ ပြောင်းသွားပြီး ၁၅ ပါးဖြစ်သွားသည်။ အဖွဲ့တောင့်သွားတော့
ပိုပျော်စရာကောင်း၏။

ဗုဒ္ဓဂယာ မှ စတင်ထွက်ခွါလာပြီး သိပ်မကြာသေး လမ်းခရီးတွင် ကားပျက်သွားလို့ စိတ်ညစ်
ရသေးသည်။ ပူရီဆိုင်မှာ ပူရီဘုန်းပေးပြီး ၁ နာရီခန့် ကားပြင်နေတာကိုစောင့်လိုက်ရ၏။
စိတ်ညစ်နေကြလို့ ထင်သည် မှာသမျှ ပူလီ တော့ အားလုံးကုန်အောင် တီးကျလေ၏။ :)
ကားပြန်ကောင်းသွားပြီး ဆက်လက်ထွက်ခွါဖြစ်ကြသည်။ ဗုဒ္ဓဂယာ မှ ကာ့ကိုလာရေတံခွန်ထိ
ကီလိုမီတာ ၁၄၀ ကျော်ခန့်ကားစီးရသည်။ လမ်းခရီး အလွန်ကြမ်းတမ်းလှ၏။ တဒုန်းဒုန်းနဲ့
ပဲကြီးလှော်နေသကဲ့သို့ ကားထဲမှာ ချာလပတ်လည်နေသည်။ စိတ်အားတက်ကြွနေကြ၍
ထင်သည် တစ်ပါးသာ ဥသြဆွဲသည်ကိုတွေ့ရ၏ :)

စာရေးသူအပါအဝင် ကျန်သူငယ်ချင်းများတော့ ပျော်တပြုံးပြုံး နဲ့ ဟိုအကြောင်း ဒီအကြောင်း
ပြောရင်း လိုက်ပါလာကြ၏။ တောင်ခြေသို့အရောက် ၁၀ နာရီခန့်ရှိမည်ထင်သည် ကားရိုက်
သည့် အရှိန်ကြောင့် ပင်လည်းပင်ပန်း ဗိုက်လဲ တော်တော်ဆာနေကြချေပြီ။ သစ်ပင် တော
တောင်တို့ရဲ့  စိမ်းလန်းစိုပြေမှု့နဲ့ ဆီးကြိုနေမှု့က စိတ်ကို လန်းဆန်းစေ၏။ အဖွဲ့လိုက် ပျော်ရွှင်
စွာဖြင့် ရေတံခွန်ရှိရာ တောင်ပေါ်သို့ ချီတက် ဖြစ်ကြသည်။ ရေချိုးသူချိုး ဓာတ်ပုံရိုက်သူရိုက်
အေးအေးဆေးဆေး အနားယူကာ နောက်ခရီးစဉ်အား ဆက်လက်ထွက်ခွါ ဖြစ်ကြသည်။



ကာ့ကိုလာရေတံခွန် မှ ရာဇဂြိုဟ် အထိ ကီလိုမီတာ ၅၀ ခန့်ကားစီးရသည်။ ရာဇဂြိုဟ်မြို့သည်
ဗုဒ္ဓဂယာမှ မိုင် ၆၀ ခန့်ဝေးသည်။ ရာဇဂြိုဟ်ဆိုသည်မှာ ရာဇဂဟ မှလာသည်။ တောင်ငါးလုံး ဝန်းရံလျက်ရှိသဖြင့် ဂီရိဗဇ ဟုလည်း ခေါ်ကြောင်းသိရသည်။ ရာဇဂြိုလ်မြို့ကို ပတ်ရံထားသော
တောင်းငါးလုံးမှာ ဝေဘာရ၊ ဝေပုလ္လ၊ ပဏ္ဍ၀ ၊ ဣသိဂိလိ နှင့် ဂိဇ္ဈကုဋ် တောင်တို့ဖြစ်ကြသည်။
တောင်စဉ် ၇ လုံးရှိသော်လည်း ရတနာဂီရိ နှင့် ဆွန်နားတောင်မှအပ ကျန်ငါးလုံးသာ စာရင်း
ဝင်သည်။ ရှေးယခင်က ရာဇဂြိုဟ်ကို ဝသုမတီ၊ ဂီရိဗဇကုသဂြ နှင့် ရာဇဂဟ ဟု ခေါ်လာခဲ့ပြီး
ယခုအခါ ရာဂျာဂီရ် (Rajgir) ဟု ခေါ်သည်။

ရာဇဂြိုဟ်မြို့ဟောင်းမှာ တံခါးမကြီး ၃၂ ခုနှင့် တံခါးငယ် ၆၄ ခုရှိသည်ဟု ဆိုသည်။ ဗိမ္ဗိသာရ
မင်းကြီး စိုးစံခဲ့သောမြို့ဖြစ်သည်။ ရာဇဂြိုဟ်သည် ဗုဒ္ဓသမိုင်းတွင် ဝေဠုဝန်ကျောင်းတော်၊
ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း၊ ပထမသင်္ဂ ါယနာတင်ရာနေရာ၊ ပထမသံဃာ့အစည်းအဝေးကြီး၊
သြဝါဒပါတိမောက် ပြရာနေရာများကြောင့် မှတ်သားဖွယ်ကောင်းသော မြို့ဖြစ်ပါသည်။

ရာဇဂြိုဟ်အဝင်မှာ အရှင်မဟာမောဂ္ဂလာန်မထေရ်အား ခိုးသားဓားပြ ၅၀၀ တို့မှ ရိုက်နှက်
ခဲ့သော နေရာကိုလည်း အတူပါလာသော မိတ်ဆွေဦးဇင်းမှ ပြသည့်အတွက်ကြောင့်
ကားပေါ်မှာပဲ လှမ်းကြည့်ခဲ့ရသည်။ မဆင်းဖြစ်ခဲ့ပါ။ ဇီဝက၏ သရက်ဥယျာဉ်ကိုလည်း
ကားပေါ်မှသာ ကြည့်ဖြစ်နိုင်ခဲ့သည်။ ကားရပ်နားအပြီး ရတနာဂီရိ တောင်နှင့် ဂိဇ္ဈကုတ်
တောင်သို့ တက်ဖို့ စီစဉ်တဲ့အခါ နက္ခတ်ပွဲသဘင် ရှိနေသည့်အတွက် အိန္ဒိယသားများနှင့်
ပြည့်ကြပ်နေသောကြောင့် တောင်ပေါ်သို့တက်ဖို့ ဘယ်လိုမှ အဆင်မပြေတော့။
စက်လှေကားမှာ လူတွေပြည့်ကြပ်နေသည် တိုးလိုးပင်မပေါက်တော့။
အချိန်ကလည်းလင့်နေသည့်အတွက်ကြောင့် ဝေဘာရတောင်သို့သာ သွားဖို့စီစဉ်ရပြန်သည်။
လမ်းတစ်လျှောက်တွင် အိန္ဒိယသားများနှင့် ပြည့်ကြပ်နေသောကြောင့် ဖြည်းဖြည်းချင်း
ကားမောင်း၍ သွားရသည်။ သုံးနှစ်မှ တကြိမ်သာ ကျင်းပသည်ဟုဆိုသော နက္ခတ်ပွဲသဘင်ကို
အနယ်နယ် အရပ်ရပ်မှ ဟိန္ဒူနွယ်များ လာကြဟန်တူသည်။ အလွန်များပြားလှ၏။ ဘုရားရှင်
လက်ထက်ကတည်းက ထိုနက္ခတ်ပွဲသည် ရှိခဲ့သည် ဆို၏။
အရှင်ဥပတိဿ နှင့် အရှင်ကောလိတ (အရှင်သာရိပုတြာ နှင့် အရှင်မဟာမောဂ္ဂလာန်) တို့သည် 
ထိုနက္ခတ်ပွဲသဘင်ကို ကြည့်ပြီး သံဝေဂရကာ ရဟန်းပြုလာကြသည်ဟု ဆိုသည်။
ယခုခေတ်တိုင်အောင် ညဆိုရင် အမျိုးသမီးများ ဝစ်လစ်စလစ် ကပြဖျော်ဖြေကြသည် ဟုဆိုသည်။
(သူတို့ ပြောသမျှသာဖြစ်သည် သေချာတော့ မသိပါ)



ဘယ်နေရာသွားသွား နှာခေါင်းပိတ်ပြီး သွားနေရသည်။ အလွန်းဆိုးဝါးလွန်းလှ၏
ကုလားတွေကော ကုလားမတွေကော လမ်းဘေးနေရာတိုင်း တွင် စည်းမဲ့ကမ်းမဲ့
မစင်စွန့်ကြသည်။ လမ်းသွားရင်တောင် သတိထားပြီး သွားနေရ၏။ (မစင်ပုံ နင်းမိမှာစိုးလို့)
သူတို့တွေရဲ့ ကိုယ်နံ့ကလည်း ကပ်မိရင် မသက်သာလှ တော်တော်ဆိုးဆိုးဝါးဝါးနိုင်လှ၏။ ဝေဘာရတောင်သို့ အတက်တွင် ကုလားများ ကုလားမများ ပြည့်ကြပ်နေသည်။



ဝေဘာရတောင်မှ ထွက်သော ရေပူစမ်းကို ချိုးဖို့ ရေချိုးပွဲကြီး ကျင်းပနေကြသည်။ ရေပူစမ်း
ဆိုသည်မှာ ရေပူထွက်တဲ့ နေရာက သတ်သတ်၊ ရေအေးထွက်သည့် နေရာက သတ်သတ်ဟု
ဆိုသည်။ ရေကတော့ အလွန်ညစ်ပတ်သည် တွေ့ရ၏။ ထိုရေကို ချိုးလျှင် အပြစ်၊ ရောဂါ
ပျောက်ကင်းသည်ဟု ဟိန္ဒူများ အယူရှိ ကြသည်။ ရေချိုးရာတွင် ဇာတ်မြင့်၊ ဇာတ်လတ်၊
ဇာတ်နိမ့် ဟု အထက်မှ အောက်အဆင့်ဆင့် ထား၍ ရေချိုးကြသည်။ ဇာတ်မြင့် နဲ့ ဇာတ်လတ်တို့ ချိုးပြီးသားအောက်မှ စီးလာတဲ့ ရေကို ဇာတ်နိမ့်များ ချိုးကြ၏။
ဇာတ်နိမ့်များချိုးသောနေရာအတွင် အမှိုက်များနှင့် အညစ်ပတ်ဆုံးဖြစ်နေပြီ။ သို့သော်လည်း
အားရပါးရ ချိုးနေသည်ကို တွေ့ရ၏။


ဇာတ်နိမ့်များ ချိုးသည့်နေရာ


ရေပူစမ်းကို ကျော်ဖြတ်၍ ဝေဘာရတောင်ကို တက်ကြသည်။ လမ်းကိုလည်း သတိထားပြီး
သွားနေရ၏။ မိတ်ဆွေ ဦးသဒ္ဓမ္မကတော့ မှတ်ချက်ပေးသည်။ တော်တော်ယုတ်တဲ့ ကုလားတွေ
လှေကားတွေပေါ် ဘေးတဖက်စီမှာ ဖယောင်းတိုင် ထွန်းပေးသလား အောက်မေ့ရတယ်ဆိုလို့
ရယ်ရသေးသည်။ ဟုတ်လည်း ဟုတ်သည် လူသွားလမ်းတွေပေါ်မှာကို တမင်သက်သက်
စွန့်ကြသည်။ နှာခေါင်းပိတ်ပြီး သတိထားတက်နေရ၏။ တောင်လည်လောက်တွင်
အရှင်မဟာကဿပမထေရ် သီတင်းသုံးခဲ့သည့် ပိပ္ပလိလှိုဏ်ဂူသို့ ရောက်သည်။
ထိုနေရာတွင် မြတ်ဗုဒ္ဓက ဗောဇ္ဈင်သုတ်ပရိတ်တော်ကို ဟောတော်မူခဲ့သည်ဟု ဆို၏။




တောင်ထိပ်ထိ ရောက်အောင် ၄၅ မိနစ်ခန့် ဆက်တက်ရပြန်သည်။ မောဟိုက်ကာ အားလုံး
ချွေးပြိုက်ပြိုက်ရွှဲနေ၏။ အသက်ကြီးသူတို့အဖို့ဆိုရင် တက်ဖို့ မလွယ်ကူချေ။ အလွန်ပင်ပန်း
ခဲယဉ်း၏။ တောင်ထိပ်သို့ ရောက်သောအခါ ဦးနေမိန္ဒ(သကျနေမိန်) မှ ကြွေးကျော်၏။
တောင်ကြီး ဘယ်လောက်ကြီးကြီး နောက်ဆုံးတော့ ခြေဖဝါးအောက် ရောက်ရတာပဲဟု
ကြွေးကြော်မူပြုတော့ ပင်ပန်းမှု့တောင် အနည်းငယ်ပျောက်သွားသည်ဟု ထင်ရသည်။
ပါလာသမျှ ရေဗူးလည်း အကုန်ပြောင်ကုန်၏။ ခန္ဓာကိုယ်မှ ထွက်သည့် ချွေးတို့သည်
သင်္ကန်းကို ရေညှစ်သကဲသို့ ညစ်ချရသည်။ ဦးတိက္ခ မှ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်
ချွေးမထွက်ဖူးဘူး ဆိုလေတော့ ပြုံးမိ၏။ တောင်ထိပ်ရောက်သောအခါ မြောက်ဘက်သို့
ကွေ့ပြီး အနဲငယ် ဆင်းရပြန်သည်။ ထိုအခါကြမှ ရဟန္တာပေါင်း (၅၀၀) ပထမအကြိမ်
သင်္ဂါယနာတင်ခဲ့သော သတ္တပဏ္ဍိလိုဏ်ဂူသို့ ရောက်ရှိလေ၏။  နှစ်ကာလတွေ ကြာညောင်းပြီး မြေအပြောင်းလဲ စသည်တို့ကြောင့် ဖြစ်မည် ယခုအခါတွင်တော့ လိုဏ်ဂူမှာ ခပ်ကျဉ်းကျဉ်းသာ
ကျန်တော့သည်ကို တွေ့ရပေ၏။



****************************************

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း သမိုင်းအကျဉ်း

(၁) အကြောင်းခံ =  သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက
ဝိနည်း(စည်းကမ်း)အား ချိုးဖောက်ခဲ့သောကြောင့် ဘုရားရှင်၏ သတိပေးမှုကို ခံခဲ့ရသဖြင့်
ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး
ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

( ၂ ) သာသနာနှစ် = ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်

( ၃ ) နေရာ = ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(၄) ခေါင်းဆောင် = အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(ဝိနည်း)နှင့်
                           ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(၅) သံဃာဦးရေ  = ရဟန္တာပေါင်း (၅၀၀)

(၆) မင်း = အဇာတသတ်မင်း

(၇) ကြာမြင့်ချိန် =  (၇) လ

********************************


တောင်ပေါ်မှ ဆင်းလာသောအခါ အချိန်တော်တော်လင့်နေပေပြီ။ လူတွေက ပိုပြည့်လာသလို
ကားလမ်းတွေလည်း ပိတ်နေသောကြောင့် တော်တော်နှင့် ပြန်ထွက်၍ မရတော့ အချိန်ပုတ်ကာ
တခြားနေရာများလည်း မသွားရောက်နိုင်တော့ပဲ ဗုဒ္ဓဂယာသို့ ပြန်လည် ဦးတည်ခဲ့ရတော့သည်။


အရှင်ဝရသာမိ 
http://shintharmi.blogspot.com