Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label အဓမ္မဝါဒ ဓမ္မစေတီ. Show all posts
Showing posts with label အဓမ္မဝါဒ ဓမ္မစေတီ. Show all posts

Sunday, November 22, 2009

မြန်မာတစ်ပြည်လုံးမှာ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေ အဝီစိရောက်ကြမည် ဟူသော ဟောပြောချက်....(အပိုင်-၅-)


`ပါသာဒိကသုတ်´ အမည်ရှိခွေထဲတွင် ဒုတိယခွေ၌
ဓမ္မစေတီ က ဤသို့ ဟောထားပါသည်။

«က»`ဘုန်းကြးီ များက ထေရဝါဒ ဒဿနသမ္ပဒါနည်းဆုြိပီး နည်း
တစ်ခုနဲ့ ဟောပါတယ်။ ဒီကနေ့ မြန်မာတစ်ပြည်လုံးမှာ ဝိပဿနာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာ 
များသောအားဖြင့် ဘာဝနာသမ္ပဒါ နည်းနဲ့ လုပ်နေကြတော့ အကျိုးသတ်သမားတွေဖြစ်ပြီး
ဥစ္ဆေဒဒိဋ္ဌိသမားတွေ ဖြစ်နေကြလို့
သေရင် အဝီစိရောက်ကြရမယ့်
သူတွေချည်း ပါပဲ ။

`ဘုန်းကြီးတို့က နဲနဲကလေးပဲ (ဟောမှာပါ။) အကုန်မဟောပါ
ဘူး။ ကိုယ့်ဆရာသမားများက ပေးခဲ့တဲ့...(နည်းတွေပါ။) ဆရာ
တော်ဦးဥက္ကံသဗုဒ္ဓိပေါ့။ (အဲဒါ) ဒီဆရာတော် ဦးစန္ဒောဘာသတို့ရဲ့
ဆရာပေါ့။ အဲဒီဆရာတော် (ဥက္ကံသဗုဒ္ဓိ)က ပေးခဲ့တဲ့ အရိယသစ္စာ
နည်းရယ်၊ သတိပဋ္ဌာန်နည်းရယ်၊ ပဋိစ္စသမုပ္ပါဒ်နည်းရယ်၊ ပဋိသမ္ဘိ
ဒါနည်းရယ်၊ ပဋ္ဌာန်းနည်းရယ်လို့ နည်း(၅)နည်း ရှိပါတယ်။

(ခ) `ဒီတော့ ဒီကနေ့ တရားအားထုတ်တဲ့ပုဂ္ဂိုလ်တွေကို ဘုန်းကြးီ
များက မေးကြည့်ပါတယ်။ လူတိုင်းကို မေးပါတယ်။
ဟေတုပစ္စယော...(ပ)...အဝိဂတပစ္စယော။ ဒီ (၂၄)ပစ္စ ည ်းထဲမှာ
ယူတယ် လှမ်းတယ်လို့ ပါသလား။ (မပါဘူးဗျ။) မပါဘဲ တရား
ရတယ် ။ (မှတ်ထ ား-မှတ်ထ ား။)

(ဂ) `ဘုန်းကြးီ တိ့ု တရားဟောတာကို သတိပဋ္ဌာန်လည်း မပါဘူး
လို့ ပြောကြတယ်။ ဘာလို့ မပါရမှာလဲ။ ငါက သတိပဋ္ဌာန်လဲ ဟော
တယ်။ ဓမ္မာနုပဿနာ=ဥပါဒါနက္ခန္ဓာကို ဟောတယ်။
ဓမ္မာနုပဿနာကို ဘယ်လိုရှုလဲဆိုရင် ပဉ္စသုဥပါဒါနက္ခန္ဓသု။ ဒါပဲ။
အခု အဲဒါတွေကို မပြောပါဘူး။ အရိယသစ္စာနည်းက ဓမ္မစကြာက လာတယ်။
သတိပဋ္ဌာန်နည်းက မဟာသတိပဋ္ဌာနသုတ်က လာတယ်။
ပဋိစ္စသမုပ္ပါဒ်နည်းက ပြောစရာ မလိုပါဘူး။ ပဋိသမ္ဘိဒါနည်းကျတော့ ဗမာ
ပြည်မှာ ဟောတဲ့ ဘုန်းကြီးက ရှားပါတယ်။
ဖဿ၌သိသောဉာဏ်သည် အတ္ထပဋိသမ္ဘဒါမည်၏။
ဖဿ၏ အကြောင်း၌ သိသောဉာဏ်သည် ဓမ္မပဋိသမ္ဘိဒါမည်၏။
အဲဒီအထဲမှာ ကေသာ=ဆံပင်ဆိုတာတွေလဲ မပါပါ။
ယူတာ လှမ်းတာ ကြွတာ တွေလဲ မပါပါ။

(ဃ) `ဘုန်းကြီးတို့ရဲ့ ဆရာတော်ဖြစ်တဲ့ ဦးစန္ဒောဘာသက
တရားဟောနေတာ နှစ် ၂၀-ကျော် ရှိပါပြီ။ မှတ်တမ်းတင်ထား
တာက မရှိဘူး။ ဒါကြောင့်မို့ ဦးစန္ဒောဟောသမျှတို့ကို မှတ်တမ်း
တင်ဖို့ပြောပြီး မှတ်တမ်းတင်ကြရပါတယ်။ ခုဆိုရင် ဦးစန္ဒောဟော
ထားတာတွေ တော်တော် မှတ်တမ်းရှိလာပါပြီ။
`ဒီထေရဝါဒဒဿနသမ္ပဒါနည်းနဲ့ ဟောထားတဲ့ တရားခွေ
ကို အပေါ်မှာထားပြီးတော့ အဂ္ဂမဟာပဏ္ဍိတဆရာတော်ကြီး
က အောက် က နေ ကျုံ့ ကျုံ့ ကလေးနဲ့ ထိုင်ပြီး နာယူတယ် ။
အဘိဓဇ ဆရာတော်ကြီးတွေက နာယူကြတယ်။ အဲဒါ...။

(င) `ဦးကောသလ္လ’သည် စာတတ်ပါတယ်။ တရားဟောပါတယ်။
ဒါပေသိ-တဏှာကျော့ကွင်းမှလဲ မလွတ်သေးပါ။ မိစ္ဆာဒိဋ္ဌိကျော့
ကွင်းမှလဲ မလွတ်သေးပါ။ ငါက စာတတ်တယ်။ အသက် ၄၀-နဲ့
ပိဋကတ်သုံးပုံ အာဂုံဆောင်နိုင်ခဲ့တယ်ဆိုတဲ့ မာနကျော့ကွင်းမှလဲ
မလွတ်သေးပါ။ ခုချန်ထိတော့ ချောတိုင်ထိပ်မှာပဲ ရှိတယ်။ ချောတိုင်
ပေါ်က လျှောမကျသေးပါဘူး။
`ဦးစန္ဒောဘာသာက ဘုန်း ကြးီ တိ့ု ဆရာပါ။
ဆရာတော် ဦးသောဘနဆိုတာလဲ ဆရာသမားပါပဲ။ မယံ၊ တပည့်တော်=ထေရဝါဒီတို့
သည်။ တဏှာပါသေဟိ၊ လိုချင်တဲ့ တဏှာကျော့ကွင်းတို့မှလည်း။
ဝိမုစ္စန္တိ၊ လွတ်ကြပါကုန်၏။ ဒိဋ္ဌိပါသေဟိ၊ အယူမှားတဲ့ ကျော့ကွင်း
တုမလည်း။ ဝိမုစန၊္တိ လွြတ် ကပါကုန၏။ မာနပါသေဟိ၊ ...။
ဣဿမစ္ဆရိယပါသေဟိ၊...ဦးကောသလ္လ’ကို ကြည့်။ ဦးကောသလ္လ’က
ကျော့ကွင်းတွေထဲမှာ မရှိဘူး။ လွတ်ကင်းနေတယ်။

(စ) `ဟိုလွန်လေပြးီ သော ၂၆-နှစ်လောက်က ရေမြုပ်တဲ့အထဲမှာ
ထေရဝါဒတရားတွေကို ကျားကုတကျားခဲ လုပ်ခဲ့တဲ့ ဦးစန္ဒောဘာသ
ကို ရှိခိုးပါတယ်။ ဦးစန္ဒောဘာသဆိုတာ...မြောက်ဥက္ကလာမှာ
ဘုန်းကြီးတယ်။ ဒီဂုဏ်တွေကို ရှိမခိုးပါဘူး။
`ဦးကောသလ္လ’ဆိုတာကလဲ ငမိုးရိပ်ချောင်းဘေးက သဲတောထဲ
မှာ ဦးစန္ဒောတို့၊ ဦးရှမ်းတို့၊ တရားသင်တန်းလာတက်ကြတဲ့ ဆရာ
တော်တွေ၊ ဒီဆရာတော်တွေရဲ့ ထွေးခံဆေးရင်း ကြက်သွန်လှီးရင်း
ထေရဝါဒကို ရခဲ့တဲ့ဘုန်းကြီးပါ။

(ဆ) `အခုဆိုရင် ဆရာတော်ဦးဣန္ဒောဘာသ မရှိတော့ဘူး။
ဆရာတော်ဦးဥက္ကံသဗုဒ္ဓိ မရှိတော့ဘူး။ ဆရာတော် ဦးဧသိက မရှိ
တော့ဘူး။ ဘုန်းကြီးတို့အလှည့် ရောက်လာပါပြီ။ ဘုန်းကြီးဆိုလိုတဲ့
သဘောကို ခင်ဗျားတို့ သဘောပေါက်ပါတယ်နော်။ ထေရဝါဒသာ
သနာတော်ကို ခက်ခက်ခဲခဲ တည်ထောင်ရပါတယ်။
ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုး စားတယ် ။ ဒကာမနဲ့
တွ ဲသွားတယ် လို့ ဆရာကြီး (ဦးမြင့်သ ိန်း )ဆီ တရားလိ ုက်တုန်းက
အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။
အဲသလိုမျိုး ခက်ခ က်ခ ဲ ခ ဲ တည် ေ ထာင်ခ ဲ့ရတဲ့ ထေရဝါဒသာ
သနာတော် ကြီး ...။
`အခု ထိုက်သင့်သလောက်ပေါ့။ ပြန့်သင့်သလောက်လဲ ပြန့်ပါ
တယ်။ ပွားသင့်သလောက်လဲ ပွားပါတယ်...။ အဲဒါကြောင့်မို့
မပယ်သင့် မပယ်ထိုက်တဲ့ခန္ဓာကို ပယ်ရင်သတ်ရင် ဥစ္ဆေဒဒိဋ္ဌိ
ဖြစ်တယ်။ ပယ်သင့်ပယ်ထိုက်တဲ့ခန္ဓာကို လက်ထဲမှာ သိမ်းထားရင်
သဿတဒိဋ္ဌိဖြစ်တယ်။

ဝေဖန်ဖြေရှင်းချက် အကျဉ်း။

(က) ၌ အဓမ္မဝါဒဖြစ်သော ထေရ
ဝါဒ ... နည်းဟု မှတ်ပါ။

မြန်မာပြည်ရှိ တရားသမားတွေအရ
မဟာစည်ဆရာတော်ကြီး၊
မိုးကုတ်ဆရာတော်ကြီး၊
မင်းကွန်းဆရာတော်ကြီးတို့ပါ ဥစ္ဆေဒဒိဋ္ဌိသမားများဖြစ်၍ အဝီစိကျ-ဟု ဆိုထားပါသည်။

(ခ) ဖြင့် မဟာသတိပဋ္ဌာနသုတ်လာ ကာယာနုပဿနာ-ဣရိယာ
ပထပဗ္ပနှင့် သတိသမ္ပဇညတို့ကို ပယ်ချထားသည်။
စဉ်းစားကြည့်ကြပါ။
မြတ်ဗုဒ္ဓ၏တရားတွေကို ဖျက်ဆီးသူပါလား။

(ဂ) ၌ ဓမ္မာနုပဿနာကို ဥပါဒါနက္ခန္ဓာဟု ဆိုထားရာ ၎င်းဥပါဒါနက္ခန္ဓာဟူသည်
အတွေးပုံရိပ်(ပညတ်)ကို ဆိုလိုခြင်းကြောင့် အမှားသာတည်း။
ပဋိသမ္ဘဒါနည်းမှာ သာသနာနှစ် ၁၀၀၀- အတွင်း မှာသာလျှင် ရှိကောင်းသော
နည်း (ဝါ) ပဋိသမ္ဘိဒါဉာဏ်ဖြစ်၍ အရိယာဖြစ်သူသည် ပါရမီကြီးသူဖြစ်၍
သာသနာနှစ် ၁၀၀၀-နောက်ပိုင်းမှာ မရှိနိုင်တော့ပြီဟူ၍ အင်္ဂုတို္တရ်အဋ္ဌကထာ
(ပ-အုပ်၊၆၇။ဋီကာ-ပ-အုပ်၊ ၁၁၈)တို့၌ ရှိပါသည်။
ထို့ကြောင့် ဓမ္မစေတီတို့၏
ပဋိသမ္ဘိဒါနည်း အယူဝါဒများ အားလုံးသည် အသက်မပါသော ကိုယ်သာတည်း။
ထု့ိကြောင့် မြန်မာပြည်က ကျားသေကို အသက်သွင်း မှု မပြုဘဲ လက်ခံ
ရုံသာ လက်ခံပါသည်။ ဤ(ဂ)ဖြင့်လည်း မဟာသတိပဋ္ဌာနသုတ်လာ ဒွိတ္တိံသ
ကာယနှင့် ဣရိယာပထတို့ကို ပယ်သည်။

(ဃ) ၌ ဆရာတော်ကြီး များကို အလွဲသုံးစားပြု၍ လူတို့ကို လှည့်စား
ထားကြောင်း တွေ့ရပါသည်။
ဘွဲ့အမည်၊
ကျောင်းတိုက်၊
မြို့ရွာ ရပ်ကွက်
အတိအကျဖြင့် ပြောမှသာလျှင် ယုံလောက်ပါသည်။ အဆိုပါ ဘွ့ဲ ရဆရာတော်
ကြီးများသည် (ပညာတတ်ဖြစ်လျှင်) အဓမ္မဝါဒတို့ကို မနာကုန်ရာ။

(င) တွင် `ကျော့ကွင်းတို့မှ မလွတ်သေးပါ။ ....ကျော့ကွင်းတို့မှ
လွတ်ပါသည်´ ဟူ၍ ဟောထားရာ ဘယ်လောက်များ ရှေ့နှင်နောက် တည့်နေပါသနည်း။

ပိဋကတ်သုံးပုံ ဆောင်နိုင်လျှင် တိပိဋကဘွဲ့ ရရှိအောင် ဝင်ပြန်
လိုက်ပါတော့လား။

(စ) ဖြင့် ဓမ္မစေတီတို့၏ ထေရဝါဒသည် သင်္ဂါယနာ(၆)တန်ဝင်
ထေရဝါဒ-မဟုတ်-ဟု ပြသည်။

(ဆ) ၌ အထူးရှင်းပြစရာ မရှိပါပြီ။ အဓမ္မဝါဒဖြစ်သော ထေရဝါဒ
အဖွ့ဲ အစည်းအကြောင်း သတင်းစကားမျှသာ ဖြစ်ပါသည်။
ထိုအဖွ့ဲ အစည်းက
မည်သို့ လုပ်ဆောင်နေကြသနည်း။

ဆရာတော် ဦးနာရဒ ဆိုရင် `ညစာခိုးစားတယ် ။
ဒကာမနဲ့ တွ ဲသွားတယ် လို့ ဆရာကြီး (ဦးမြင့်သိန်း)ဆီ တရားလိုက်တုန်းက
အပြောခံရတယ်။ အံမယ်လေး။ တို့လဲ အပြောခံ ရတာပဲ။

 ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

Saturday, November 21, 2009

ဓမ္မစေတီ၏ဟောတရားအမှားများနှင့် သူ၏ဆရာများ(အဆက်-အပိုင်း-၄)


သြစတြေးလျနိုင်ငံတွင်ဟောပြထားသည့်
ဒဿနသမ္ပဒါ ၈-ချပ်တို့ထဲက
အမှတ်(၅)၌ ဤသို့ ပါရှိကြသည်။

(က) ကျွန်ုပ်က ဆရာညွန့်ရဲ့တပည့်ဖြစ်ခြင်းကြောင့် ကျွနု်ပ်က
ဂိုအင်ကာတိ့ုရဲ့ တတိယဆရာ။ (မာစတာအော့ဖ်မာစတာ)။
ပါဠိလိုဆိုရင် အာစရိယပါစရိယပါ။
မြန်မာလိုကျတော့-ဆရာ့-ဆရာရဲ့ ဆရာ။
ဒါပေသိ ကံမကောင်း အကြောင်းမသင့်ခဲ့တော့...။
ဗမာပြည်မှာ အဲသလိုမျိုးတွေ ရှိပါတယ်။

(ခ) ဓမ္မစေတီတရားက လွယ်လွယ်နဲ့ မဖြစ်ခဲ့ဘူး။ ကျွန်ုပ်က
လွယ်လွယ်နဲ့ မပေးဘူး။ ပေါသွားမှာစိုးလို့။
မြန်မာပြည်မှာ တန်ဖိုးရှိတဲ့ အရာတွေဟာ ဒီလိုပဲ ပျောက်ကွယ်တတ်ပါတယ်။
အခု ဟောတော့မယ့် ဒဿနသမ္ပဒါနည်းဟာလဲ ဒီလို ခက်ခက်ခခဲ ရှာရှာဖွေဖွေ
ရှာရပါတယ်။
ရှာလိုက်တဲ့အခါမှာ အဲဒီဆရာကြီး ဦးညွန့်။
ဦးညွန့်ရဲ့တပည့်က ဆရာသက်ပါ။
ဓမ္မာစရိယဦးဌေးလှိုင်က “ဦးညွန်ဆိုတာ ဖိုဝင်တောင် လူသူတော်
ဆရာကြးီ ။
(သူက ပုတီး ဆရာကြးီ မျှသာ ဖြစ်ခြင်းကြောင်-” လု့ိ ရေးလိုက်
တဲ့အတွက်ကြောင့် တိုင်းပြည် ဒုက္ခရောက်သွားပါတယ်။ အဲသလိုနဲ့
ဆရာညွန့် မြုပ်သွားတယ်။
ဖိုဝင်တောင်နားမှာ ဆရာကြီးဦးညွန့်က လူဝတ်ကြောင်နဲ့
ဓာတ်တော် ကျခဲ့ပါတယ်။ ဓာတ်တော်စေတီ တည်ခဲ့ပါတယ် ။
“ထဘီပုဆိုးဝတ်၍ ဓာတ်တော်ကျနိုင်ပါတယ်” ဆိုတာကို
ဒီ ဆစ်ဒနီ မြို့မှာ ဓမ္မစေတီ ဦးကောသလ္လ’ ဟောခဲ့ပ ါတယ် ။
(ဆရာကြီးဦးညွန့်ရဲ့ ပုတီးစိပ်နည်းအတိုင်း)သာကေတမှာ
ကျုပ်က တစ်ရက်- ပုတီးပတ်ရေ ၂၀၀-ကျော်လောက် စိပ်ခဲ့ပါတယ်။

(ဂ) အဲဒီနည်းနဲ့ ဘိုးတော်သန်းလှဆိုတာ ဖိုဝင်တောင်မှာ
ပုတီးစိတ်ပြီး အောင်မြင်ပ ါတယ် ။
သူ့ကို နဝတက လက်ထ ဲထည့်သွားပါတယ်။
အဲဒီကနေ သူက ဆရာညွန့်ရဲ့ ရုပ်တုတော်ကြီးကို
ဘိုးတော်အောင်မင်းခေါင် အဖြစ်ပြောင်းထည့်လိုက်တယ်။
ဆရာညွှန့်ပျောက်သွားပါတယ်။
ပြီးတော့ ဆရာညွှန့်ရဲ့ဓာတ်တော်စေတီကိုလဲ “ဘိုးတော်သန်းလှ-နေလစေတီတော်”
လို့ဆိုပြီးတော့ ပြင်ထည့်လိုက်ပါတယ်။ ဒါက ပထမတစ်ယောက်
ရဲ့ မှားယွင်းချက်ပါ။

(ဃ) ဒုတိယတစ်ယောက် မင်းသိင်္ခရောက်လာပြီး အဲဒီမှာ
အဓိဋ္ဌာန်ဝင်ပါတယ်။ အောင်မြင်သွားပါတယ်။ အောင်မြင်
သွားပြီးတော့ သူက “ဧကံ သ ဗျာကရဏစေတီ”လု ိ့ ထပ်လုပ်လိုက်ပါတယ်။
ဆရာကြီး ဦးညွန့်ရဲ့ ဓာတ်တော်စေတီက တတိယ
နာမည် ရသွားပါတယ်။
အဲဒါတွေကို အဲဒီနားက ကျောင်းဆရာတော်အား လျှောက်ထားခဲ့ပါတယ်။
“အရှင်ဘုရား-အဲဒီစေတီကို ဖျက်ပစ်လိုက်ပါဘုရား။
အရိယာသူတော်စင်ကြီးတစ်ပါး-ပရိနဗ္ဗာန်စံပြီးတော့ဓာတ်တော်ကျတဲ့
ဒီလိုနေရာမှာ မဟာယာနတွေကနေ အပိုလုပ်တာတော့ ရင်နာ
စရာကောင်းတယ်”လို့ ဘုန်းကြီးက ပြောခဲ့ပါတယ်။ ဖျက်တာ
မဖျက်တာက အရှင်ဘုရားတို့ရဲ့ တာဝန်။ သမိုင်းအမှန်ကို ပြောတာ
က တပည့်တော်ရဲ့တာဝန်။

(င) ဒီလိုဆိုရင် အဲဒီဆရာကြီး ဦးညွန်က (ယခုအသက်-၉၉ နှစ်)-
ဘုန်းကြီးကို တွေ့ချင်တယ်-တဲ။ ပင့်ပါတယ်။ သူက မုံရွာမှာနေတာ။
ကျွနု်ပ်က နောက်ဆုံးတပည်ပါ။ ကောသလ္လ’က ဒီတရားတွေဟောနေ
တယ်ဆိုတော့... ငါဟာ ဆရာကြီးဦးညွန့်ရဲ့တပည့်ပါ။
လယ်တီဆရာတော်ဘရားကတောင်မှ တစ်ခါတစ်ရံ ကိုညွန့်ကလဲကွာ-ဆိုပြီး
သြချလောက်ပါတယ်။ ဦးညွန့်ဟာ အဲသလောက်အထိ ဝိပဿနာ
ထိပ်တန်းရောက်ပါတယ်။
အခု(၂၀၀၇ ခုနှစ်)မှာ ရှိပါသေးတယ်။ ဘုန်းကြီး(ကောသလ္လ’)နဲ့
၁၉၉၆-ခုနှစ်မှာတွေ့တော့ ဦးညွန့်က ၉၇-နှစ် ပါ။ အဲဒီမုံရွာနယ်
တစ်နယ်လုံးမှ ာ ဘု န်းကြီးကျောင်းလဲ မသွားဘဲ ဘုရ ားလဲ
မသွားဘဲ ဆရာညွန့် ဘက်လှည့်ပြီး “ဒီနေ့ ဥပုသ်ဆောက်တည်
ထားပါတယ်” ဆိုရင် အဲဒီမုံရွာနယ်မှာ တစ်နယ်လုံး ...။

(စ) ကျွန်ုပ်-ဘယ်သူလဲဆိုတာ ဒီလောက်ဆိုရင် သဘောပေါက်
လောက်ပါပြီ။ အဲဒီဆရာကြီးဦးညွန့်ရဲ့ ဝိပဿနာတွေပါ။
အဲဒီဆရာကြီးရဲ့ နည်းစနစ်တွေပါ။
ကျမ်းအနေနဲ့ကတော့ “ပညာနေတ္တိ ဝိပဿနာကျမ်း”လို့ ဆိုပါတယ်။
အဲဒီကနေ ဒဿနသမ္ပဒါနည်း-
လာတာပါ။

(ဆ) ဦးသြဘာတိုဦးဖိုးရှမ်းတို့ ဦးစန္ဒိမာတို့ဆိုတဲ့ ဆရာတွေဟာ
ဘုန်းကြီး(ဦးကောသလ္လ’)နဲ့ ပညာသင်ဖက်တွေပါ။ သူတို့က အခု
၂၀၀၇ ခုနှစ်မှာ အသက် ၇၅၊ ၇၄-တွေ ဖြစ်နေပါပြီ။ ၁၃၄၁-
၁၃၄၅-မှာ ကျွန်ုပ် ဝိပဿနာလုပ်တဲ့အခါမှာ သူတို့က အနိမ့်ဆုံး
ဘုန်းကြီးက ၂၈-ဝါ၊ ၅၈-နှစ်ပါ။ အခု ဦးစန္ဒိမာက-၆၉။
ဒီ ဦးကောသလ္လ’က သူတို့သင်ပြသမျှ အကုန်မှတ်မိတယ်။ အခုလဲ မြန်မာနိုင်ငံ
မှာ ဒီဒဿနသမ္ပဒါနည်းဆိုတာက ကျွနု်ပ်သည် နောက်ဆုံးကျည်
ဆန်ပါ။ ကျွနု်ပ်သေပြီးရင် အဲဒီနည်းတွေက ပျောက်သွားမှာပါ။
ဘာလို့လဲဆိုတော့ ကျွန်ုပ်နဲ့အတူ ဝိပဿနာသင်တန်းတက်ခဲ့
သော အနိမ့်ဆုံးဘုန်းကြီးက-၇၀။ ဖိုးရှမ်းဆိုရင်-၈၀။ ကျွန်ုပ် မရှိပြီး
ရင် “ဤဒဿနသမ္ပဒါနည်းသည် ဤမြန်မာပြည်မှ လွယ်လွယ်
ကူကူပဲ ပျောက်ကွယ်သွားမယ်”။ ဒါကြောင့်မို့ ခင်ဗျားတို့ သေသေ
ချာချာ နားထောင်ပါ။

(ဇ)ဝိပဿနာအားလုံးကိုယ် ကြားဖူးထားတဲအရာအားလုံး
အဲဒါတွေကို ခဏဖယ်ထားလိုက်ပါ။
အခုဒဿနသမ္ပဒါနည်းကိုဟောပါ့မယ်။ (ပ)ကျုပ်ဆရာတော်ကြီး ဦးဥက္ကံသဗုဒ္ဓိ ပြောတာကတော့
“ဘုန်းကြီးတွေက-ကွ။ သူများလှူတာတန်းတာတွေ စားပြီးသိပ်နှမြောတာပဲ။
သူခိုးက နွားကြားကြီးကို နှမြောတယ် ဆိုတာ အဲဒါပဲ”တဲ။

“..သူများကိစ္စထဲ ဝင်မရှုပ်နဲ့။ သီလရှင်ကျေနပ်ရင် ဇရပ်ပဲ
ကျိုးကျိုး ဗန်းပဲ ပျောက်ပျောက် . ..”တဲ့ ။
“ဟေ့ကောင် ကောသလ္လ’တဲ့။
ဒီနေ့ဝိပဿနာလုပ်တယ်ဆိုတဲ့လူတွေက
ခါးတောင်းကျိုက်-တလွဲ၊ တင်တလွဲ” တဲ့။
တတိယနည်းကတော့ ယုဂနဒ္ဓနည်း
ဖြစ်ပါတယ်။ အစုံနည်း၊ တစ်ပြိုင်နက်နည်းပါပဲ။


အထက်ပါ
(က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ)အမှတ်ပြတို့သည်
ဓမ္မစေတီဦးကောသလ္လ’၏
နှုတ်ထွက်စကား စစ်စစ်များ ဖြစ်ပါသတည်း။

အနည်းငယ်ဝေဖန်ကြည့်ကြပါစို့။

(က)ကို ပြန်ဖတ်ရပါဦး။
ယင်း(က)ဖြင့်ဓမ္မစေတီဥိးကောသလ္လ’သည်
(ဂိုအင်ကာရဲ့ ဆရာက ဦးဘခင်၊ ဦးဘခင်ရဲ့ဆရာက ဦးသက်။ ဦးသက်ရဲ့
ဆရာက ဦးညွန့်ဖြစ်၍)အနာဂါမ်ဆရာသက်ကြီးနှင့် အဆင့်တူဖြစ်သည်။
ဤကား(၁)ချက်။

(ဦးညွန့်ရဲ့တပည့်က ဦးသက်။ ဦးသက်ရဲ့တပည့်က ဦးဘခင်။
ဦးဘခင်ရဲ့တပည့်က ဂိုအင်ကာဖြစ်၍) ဦးကောသလ္လ’သည် ဂိုအင်ကာ၏
အဘိုးအဆင့်မှာ ရပ်တည်သူဖြစ်သည်။ ဤကား (၁)ချက်။

ဦးကောသလ္လ’သည် ဦးဘခင်၏ ဆရာအဆင့်မှာ ရပ်တည်သူ
ဖြစ်သည်။ ဤကား(၁)ချက်။

ဤအချက်ကြီး(၃)ချက်တို့ကို ပြပါသည်။
မှန်-မမှန် အဖြေရှာသင့်ပါသည်။ ပြောတိုင်း မယုံသင့်ပါ။

မှန်လှ၏။
အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး
ဦးဂိုအင်ကာတို့သည် အတ္ထုပ္ပတ်အားဖြင့် ထင်ရှားကြသူများဖြစ်၍ လေ့လာ
လျှင် လက်လှမ်းမီသူများ ဖြစ်ကြပါသည်။ စာရေးသူ နားလည်သည့်
အတိုင်း ဆိုရလျှင် “ဦးညွန့်၏ တပည့် ဦးသက် ”ဟူ ေ သာအချက်သည်
အမှားကြီးသာတည်း။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ဘဝ
ဖြစ်စဉ်ကျမ်းကြီး ၌ ရှုကြပါလေ။
ဦးသက်သည် ( မသိသေးသူ - နားမလည်သေးသူ -
ငယ်စဉ်ကာလအတွင်းမှာ) ဦးညွန့်ထံ တပည့်ခံဖူးကောင်း-ခံဖူးပါလိမ့်မည်။ သို့သော်
ဦးသက်က ဦးညွန့်ကို သူ၏ဆရာဟူ၍ အသိအမှတ်မပြုကြောင်း ထင်ရှား
လှပါသည်။
အချုပ်ကတော့ ဦးညွန့်သည် အနာဂါမ်ဆရာသက်ကြီး၏ ဆရာ
မဟုတ်။ ဦးဘခင်၏ ဆရာ့ဆရာ-မဟုတ်။ ဦးဂိုအင်ကာ၏ ဆရာ၏ ဆရာ့-
ဆရာ(တတိယဆရာ)မဟုတ်ပါ ဟူသတည်း။
ဦးကောသလ’သည် ဆရာသက်ကြီးနှင့်ဆရာတူဖြစ်သော အဆင့်တူ
မဟုတ်ပါဟူသတည်း။

(က) အမှတ်ပြမှာပါသော ကံမကောင်းပုံ၊ အကြောင်းမသင့်ပုံ၊
ဗမာပြည်မှာ အဲသလိုမျိုးတွေရှိပုံများကို စဉ်းစားကြည့်ကြပါ။

ထုြ့ိပင်(ခ)ကို ပြန်၍ဖတ်ပါဦး။
ယင်း(ခ)ဖြင့် ဦးညွန့်သည် ပုတီးဆရာကြီး ဖြစ်သည်။
ဦးကောသလ္လ’သည် ပုတီးဆရာဖြစ်ခဲ့သည်ဟူ၍ ပြပါသည်။

ရှေ့ပိုင်း ဆောင်းပါးများအရ အဆိုပါဦးညွန့်၊ ဦးကောသလ္လ’တို့၏ ထေရဝါဒ
အယူဝါဒများသည် တန်ဖိုးရှိသောအရာများ မဟုတ်ကြောင်း ထင်ရှားပြီး
ဖြစ်ပါသည်။
ယင်း(ခ)၌ပါသော မှတ်တမ်းကိုကြည့်လျှင်
ဓမ္မာစရိယ ဦးဌေးလှိုင်သည် ဤကိစ္စအတွက် မြန်မာပြည်ရှိ 
ဗုဒ္ဓဘာသာဝင်တို့ကို ကျေးဇူးပြုခဲ့သူဖြစ်ပါသည်။
သူ့စကားအတိုင်းဆိုရလျှင် တိုင်းပြည်ကို ကယ်တင်ခဲ့သူပါတကား။

(ခ)အမှတ်ပြဒုတိယပိုင်းတွင် ဦးညွန်သေပြီး ဓာတ်တော်ကျဟုဆိုကာ

(ဃ)အမှတ်ပြထဲတွင် ဦးညွန့် ပရိနိဗ္ဗာန်စံ-ဟုဆိုထားသည့်အတွက် ဦးညွန့်
သည် လူဝတ်ဖြင့်ရဟန္တာ ဖြစ်နေသူတည်းဟု ဆိုပါသည်။
ရဟန္တာဖြစ်ကြောင်းမဂ္ဂသစ္စာသည် ပုတီးစိပ် မဟုတ်ပါ။
ပုတီးစိပ်၍ ရဟန္တာ မဖြစ်ပါ။
ဦးညွန်သည်ပုတီးသမားသာဖြစ်ကြောင်းမှာ သေချာပါသည်။ ဦးကောသလ္လ’ကိုယ်တိုင်ပင်
လျှင် ဦးညွန့်နည်းအတိုင်းလိုက်၍ ပုတီးသမားပင်တည်း။
ဒွယနိဿိတ ပကာသနီကျမ်းနောက်ပိုင်းင်းမှာလည်း
ဤပုတီးဂိုဏ်း၏ သမိုင်းများ ပါရှိကြသည်။ အကယ်၍ ပုတီးစိပ်မှုဖြင့် ရဟန္တာ
ဖြစ်လျှင် ယင်းရဟန္တာ(ဦးညွန့်)သည် မဟာယာနလာ ရှင်ဥပဂုတ်၏
ညီကလေးသာ ဖြစ်ပါသည်။ မဟာယာနလာ ရှင်ဥပဂုတ်သည်လည်း
ဝိပဿနာမဂ္ဂသစ္စာ မရှိသူဖြစ်၍ ရဟန္တာမဟုတ်သာတည်း။ မဟာယာနဂိုဏ်းဝင် မောင်ညွန့်သည်လည်း ဝိပဿနာမဂ္ဂသစ္စာ မရှိသူ(ဝါ) ပုတီးသိဒ္ဓိ ဖြည့်ကျင့်နေသူ
ဖြစ်၍ ရဟန္တာမဟုတ်သူပေတည်း။

ထေရဝါဒအစစ်မှာမူ လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ဖြစ်သည့်နေ့
မှာပင် ပရိနိဗ္ဗာန်စံဝင်ရမြဲ ဖြစ်ပါသည်။
ထို့ကြောင့် ဦးညွန့်သည် ရဟန္တာဟု ဆိုလျှင် ဦးညွန့်သည် (၁၉၉၆)တိုင်အောင် အသက်ရှင်နေသူဖြစ်ခြင်း
ကြောင့် မဟာယာနရဟန္တာ(ဝါ) မဟာယာန ရှင်ဥပဂုတ်၏ညီကလေး
ရဟန္တာ(ဝါ) မဂ္ဂသစ္စာမရှိဘဲ ကိုယ့်ဘာသာကိုယ် ဖြစ်နေသော ရဟန္တာ-
ဖြစ်ပ ါတော့သည်။

ဆရာစဉ်ဆက်မှာ

“ဦးညွန့်၊
၎င်းမှ ဆူးလေဦးမြင့်သိန်း၊
အမရပူရဦးကြိုင်။
၎င်းတို့မှ ဦးဥက္ကံသဗုဒ္ဓိ၊
ဦးဧသိက၊
ဦးနာရဒစသူများ၊
၎င်းတို့မှဦးကောသလ္လ’၊
ဦးဖိုးရှမ်း၊
ဦးစန္ဒောဘာသစသူများ။
၎င်းတို့မှ ယနေ့ခေတ်
ဦးကောသလ္လ’ဝါဒီ(အဓမ္မဝါဒီဖြစ်သော)ထေရဝါဒ ဆိုင်းဘုတ်တင်တရား လိုက်စားသက်ဝင်သူများ”ဟူ၍
ဖြစ်လာကြပါသည်။

ဦးညွန့်၊ ဦးမြင့်သိန်း၊ ဦးကြိုင်တု့ိ၏ ဆရာများမှာ

“ဒီပဲယင်းကျောက်စာတုင်ရွာက ကျောက်စာတိုင်ဆရာတော်၊
ဓမ္မစေတီဆရာတော်၊
ဓမ္မစကြာဆရာတော်အမည်ခံ လူသေလူဖြစ်ရှင်ဥက္ကဋ္ဌ၊
ဂျပန်နိုင်ငံက မဟာယာနဆရာကြီး ဒီ-တီ-ဆူဇူးကီး၊
ဆိုဟာကူအိုဂါတာ၊
အင်္ဂလန်နိုင်ငံက မဟာယာနဆရာကြီး စရခ်မတ်ဟန့်ဖရေး၊
ဆရာကြီး အယ်လင်ဝက်၊
ဘယ်ဂျီယံနိုင်ငံကမဟာယာနဆရာကြီး ရောဘတ်လက်ဆင်၊
အိန္ဒိယနိုင်ငံက မဟာယာနဆရာ
ကြီး ခရစ်ရှနမူသီး-စသူများ” ဖြစ်ကြပါသည်။

ဤနာမည်စဉ်များကို “အရိယသစ္စာလမ်းစဉ် ဝိပဿနာတရား
မှတ်ချက်ပေါင်းချုပ်” အစ ပန်ကြားလွှာမှာ အပြည့်အစုံ တွေ့ရပါသည်။
အချုပ် ကိုဆိုရလျှင် ဦးကောသလ္လ’ သည် မဟာယာနဝါဒီသာတည်း။



အမှတ်(ဂ)(ဃ)တို့မှာ သတင်းပေးမှုသက်သက်သာ ဖြစ်ပါသည်။
သို့သော် အံ့ဖွယ်တစ်ခုမှာ မဟာယာနဝါဒီဖြစ်သော ဦးကောသလ္လ’က
ဘိုးတော်သန်းလှ၊
ဘိုးတော်မင်းသိင်္ခ တို့ကို မဟာယာနတွေဟုဆိုကာ ပယ်ချထားချက်
ပင်တည်း။
ဤ၌လည်း အောင်မြင်သူတို့ကိုပြ၍ နာမည်ယူခြင်းသာဖြစ်
ကြောင်း ထင်ရှားပါသည်။
ထင်ရှားပုံမှာ ဘိုးတော်သန်းလှသည် ဆရာညွန့်ကို ဆရာမထားဘဲ
အောင်မင်းခေါင်ကို ဆရာထားသူဖြစ်သွားသည်။

မင်းသိင်္ခကတော့ ဗေဒင်ဆရာပင်။
ထို့ကြောင့် နာမည်ယူမှုသာဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ပြင် (င)ကို ပြန်၍ဖတ်ရှုပါ။
ယင်း(င)ဖြင့် ဦးကောသလ္လ’သည်
ဆရာကြီးဦးညွန့်၏ နောက်ဆုံးတပည့် ဖြစ်သည်(ဝါ) ဦးကောသလ္လ’၏
ထေရဝါဒဆိုသည်မှာ ဆရာကြီးဦးညွန့်၏ ဝါဒဖြစ်သည်ဟူ၍ သိစေပါသည်။

ထေရ=ပုဆိုးဝတ် ဆရာကြီးဦးညွန့်၏။ ဝါဒ=မြတ်ဗုဒ္ဓ ၏ တရား
တို့ကို ပျက်အောင်ဖျက်သော ဝိပဿနာအတု တရားစုပေတည်း။

ဤသို့ သာလျှင် ထေရဝါဒပုဒ်က အဓိပ္ပာယ်ရနေပြီ ဖြစ်သော
ကြောင့် ဦးကောသလ္လ’၏ ထေရဝါဒသည် ပုဆိုးဝတ်မထေရ် ဦးညွန့်၊
ဦ း မြင့်သိန်းတို့၏ ဝါဒဖြစ်သည် ဟူ၍ ဆိုခဲ့ခြင်းပင် ဖြစ်ပါသည် ။

ဤ(င)၌လည်း
နာမည်ကြီးလှသော လယ်တီဆရာတော်ကြီးကို
အသုံးပြု၍ နာမည်ကောင်း-ယူထားပါသည်။
မုံရွာနယ်မှာ ဘုန်းကြီးကျောင်းလဲ မသွားရဘဲ
ဘုရားထံမှလဲ မခံယူရဘဲ ဥပုသ်စောင့်၍ ရနိုင်သော
ထေရဝါဒ် ရှိနေသည်ဆိုတာ အံ့သြစရာ ကောင်းလှပါသည်။
ယင်းဥပုသ်မျိုးသည်
ထေရဝါဒအစစ်တို့ ကျင့်သုံးခံယူသော ဥပုသ်မျိုး မဟုတ်ဟူ၍ မှတ်ကြရမည်။

ဓမ္မစေတီဦးကောသလ္လ’၏ ဆိုလိုရင်းမှာ ဤသို့ပင် ဖြစ်ပါသည်။
ဥပုသ်စောင့်မှုဟူသည် ဘုရားထံမှ၊ သို့မဟုတ် ဘုန်းကြီးထံမှ ခံယူရစမြဲသာတည်း။
သို့ဖြစ်၍ ဦးညွန့်ရှိရာ မျက်နှာမူလိုက်ပြီး ဥပုသ်ခံယူလျှင် ဦးညွန့်
သည်ပင်လျှင် ဘုရားဖြစ်ပေသတည်း၊ သို့မဟုတ် ဦးညွန့်သည်ပင်လျှင်
ဘုန်းကြီးရဟန်းဖြစ်ပေသတည်းဟူ၍ ဆိုလိုပါသည်။

အလွန်ကြောက်စရာကောင်းလှသော စကားပေတည်း။
ဗုဒ္ဓသာဝက၊ ထေရဝါဒီအစစ်တို့အနေဖြင့်
လုံး၀ မဆိုဝံ့သောစကား ဖြစ်ပါသည်။

မဟာယာနတို့ကတော့ ဘုရားချည်းဖြစ်ကြသကိုး။
ထို့ပြင်(စ)ကို ပြန်၍ဖတ်ရှုပါ။
(စ)ဖြင့် ဓမ္မစေတီဦးကောသလ္လ’က
သူက ဘယ်သူလဲတဲ့။

ဖြေလိုက်ကြပါတော့နော်။
“ပညာနေတ္တိဝိပဿနာကျမ်းဆိ ု တ ာ
ဤနေရာတွင် ပညာနေတ္တိဝိပဿ
နာကျမ်း၏ မာတိကာမျှကိုသော်မှ ဖော်ပြနိုင်ခြင်း မရှိသေးပါ။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တော်မူသော မကွေး
ဆရာတော်ကြးီ အားလျှောက်ထားဖူးရာ ဆရာတော်ကြိးက ဤသိုမိန့်ပါသည်။
“အဲဒီစာအုပ်ကြီးကို တို့လဲ ဖတ်ဖူးပါတယ်။ တစ်လုံးမှ နားမ
လည်ပါဘူး။ ဘာတွေ ရေးထားမှန်းကို မသိဘူး။ တစ်ချက်မှ မှန်တာမပါ
ဘူး”ဟူ ၍ ဖြစ်ပါသည်။

ဆရာတော်ကြီးက နားမလည်သော စာအုပ်ကြီးသည် မှန်သော
စာအုပ်ကြီး ဖြစ်ပါမည်လား...။ အမှားကြီး ဖြစ်ပါမည်လား...။ စဉ်းစား
ကြည့်တော်မူကြပါ။

မကွေးဆရာတော်ကြီးသည် အစစ်ဖြစ်သော ထေရဝါဒပိဋကသုံးပုံ
တို့၌ လိမ္မာကျွမ်းကျင် သိမြင်တော်မူပါသည်။
လူသေလူဖြစ်ရှင်ဥက္ကဋ္ဌဝါဒ
တွေကို အမှားအမှန် ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့တာဝန်ဆောင် ဝိနည်းဓိုရ်
ဆရာတော်လည်း ဖြစ်တော်မူပါသည်။

ထို့ကြောင့် ပုတီးသမားကြီးဦးညွန့်၏ မဟာယာနဝါဒဖြစ်သော
ဝိပဿနာအမည်ခံ ထေရဝါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံ-တရားတို့၏
အနေအထားနှင့်ဦးညွန့်၏ တပည့်ဖြစ်သော ဓမ္မစေတီဦးကောသလ္လ’၏
ဝိပဿနာအမည်ခံ၊ ထေရဝါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံတရားတို့၏
အခြေအနေတို့ကို စာဖတ်သူကိုယ်တိုင် ကြိုက်သလိုသာ ဆုံးဖြတ်ချက်ချကြ
ပါလေ။

သမိုင်းအမှန်တွေကို လုံလောက်အောင် တင်ပြပေးမှုသည်သာလျှင်
ဝေဖန်ရေးဆရာတု့ိ ဆောင်ရကရမည်ကစ္စ ဖြစ်ပါသည်။ «သမိင်း အမှားတွေကို
ယုံလောက်အောင် တင်ပြပေးမှုသည်ကား လူလိမ်တို့၏ ကိစ္စပါပေ။»

ထို့ပြင် (ဆ)ကို ဆက်ကြရအောင်။
(ဆ)ကိုပြန်၍ ဖတ်ပါဦး။
ယင်း(ဆ)ဖြင့် ဦးကောသလ္လ’ မရှိတော့လျှင် ဒဿနသမ္ပဒါနည်း ပျောက်ကွယ်
သွားမှာ ဟူ၍ပြပါသည်။ သာဓု-သာဓု။ သုရာတွင် သာဓုခေါ်ရပါသော်လည်း
(ဦးကောသလ’သည် နောက်ဆုံးကျည်ဆန်)ဟုဆိုသဖြင့်
ကြောက်မိပါသေးသည်။
ကျည်ဆန်ထဲမှာ ပေါက်ကြွဲခင်းသဘော၊ မီးလောင်ကျွမ်း ခြင်းသဘော၊
သက်ရှိတွေကို သေစေနိုင်ခြင်းသဘော၊ ခြေပြတ်လက်ပြတ်ဖြစ်အောင် ပြုနိုင်
ခြင်းသဘော၊ သက်မဲ့တွေကို ပျက်စီးစေခြင်းသဘော စသည်များက အပြည့်
ရှိနေကြပေသည်။

ဘုရားရှင်၏ သာသနာမှာနေ၍ ဦးညွန့်၏ဝါဒတို့ကို
ပျောက်သွားမှာစိုးရိမ် နေသူနှင့်
ဘုရားရှင်၏ သာသနာမှာ နေ၍ ဘုရားရှင်၏ဝါဒတို့
ကို ထိခိုက်ခံရမှာစိုးရိမ်နေသူတို့ မိမိတို့ ရပ်တည်ချက်အတိုင်း
မိမိတို့လုပ်ငန်းတွေကိုပြုလုပ်နေကြရပါလိမ့်ဦးမည် ။

မှ ာ ထားချက်။ ။ တစ်ကျော့ပြန် ထေရဝါဒအမည်ခံ အဓမ္မဝါဒ
သည် ၁၃၄၁-(၁၉၈၀)ခု မှာ စတင် ၍ မွေ း ဖွ ာ းလာသတည်း။
၁၃၅၁-(၁၉၉၀)မှာ အရွယ်ရောက်လာပါသည်။
၁၃၆၆-(၂၀၀၅)မှာ အကြီးအကျယ်
အောင်မြင်၍ ထင်ရှားလာပါသည်။
၁၃၆၉-(၂၀၀၈)မှာ တစ်နိုင်ငံလုံးလွှမ်းမိုးအောင်
ကျယ်ပြန့်လာ၍ ပရိသတ်အင်အား အလွန် ကြီးထွားလာပါသည်။
ထိုအခါကျမှ ပရိသတ်အားကိုးဖြင့် ပို၍ပေါ်တင်ကျလာပါသည်။
၁၃၇၁-(၂၀၁၀)လောက်ကျရင်တော့ တိုင်းသူပြည်သားအားလုံး
တို့က “ငါတို့က အစစ်ဖြစ်သောထေရဝါဒ-ဗုဒ္ဓဝါဒတို့ကို လိုက်နာသူများ
ပေတည်း။
သူတို့ကတော့ အတုဖြစ်သောထေရဝါဒ-ဦးညွန့်ဝါဒ-ဦးမြင့်သိန်း
ဝါဒ-တို့ကို လိုက်နာသူများပေတည်း”ဟူ၍
ကွဲပြားကာ ခြားနားလာပြီး-
“သြော် အစစ်ဖြစ်သော ထေရဝါဒ-ဗုဒ္ဓဝါဒါတို့ကို နာမည်ယူသုံးပြီး
အတုဖြစ်သောထေရဝါဒ-ဦးညွန့်ဝါဒတို့ထဲသို့ ဝင်ရောက်လာအောင် ငါတို့ကို
မလိမ့်တစ်ပတ်-လှိမ့်-အပတ်ပတ်တို့ဖြင့် ချာချာလည်အောင် သူတို့က
လှည့်ထားလျက် စားနေကြတာပါကလား”ဟူ၍ သိမြင်လာကြပေတော့မည်။
ထိုအခါမှာတော့ မည်သို့ရှိပါတော့အံ့နည်း။ (မသိနိုင်သေးပါ။)
“ဤဒဿနသမ္ပဒါနည်းသည် လွယ်လွယ်ကူကူပဲ ကွယ်ပျောက် သွား
ပါလိမ့်မယ်”ဟူသော အဆိုသည်(ဆိုသည့်အတိုင်း) မှန်ကန်ပါစေသတည်း
ဟူ၍သာလျှင်...။

ထို့ပြင်(ဇ)ကို ဆက်ကြည့်ရအောင်။
(ဇ)မှာ ဓမ္မစေတီက-”ကြားဖူးထားသောဗုဒ္ဓ၏ ဝိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည်အတိုင်းလိုက်နေကြသော မဟာစည်ဝိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည့်အတိုင်း လိုက်နေကြသော မိုးကုတ်ဝိပဿနာနည်း
တွေ...နည်းတွေ...နည်းတွေ။ အဲဒါတွေအားလုံးကို ဖယ်ပစ်
လိုက်ကြ-ပယ်ပစ်ကြ”ဟူ၍ အမိန့်ပေးထားပါသည်။

ဤအမိန့်ကို အဘယ်ကြောင့် ပေးရသနည်း။
အခုထေရဝါဒ ဒဿနသမ္ပဒါနည်းကို ဟောပြတော့မှာ ဖြစ်သောကြောင့်တည်း။
(ဝါ) ထေရဝါဒ ဒဿနသမ္ပဒါနည်းသည်
မြတ်ဗုဒ္ဓဟောသော တရားနည်း မဟုတ်သောကြောင့်တည်း။


ဤ(ဇ)အမှတ်ပြတွင်
ကောက်ယူပြထားသည့် ဥက္ကံသဗုဒ္ဓိ-သြဝါဒတော်သည်
“အစစ်ဖြစ်သော ထေရဝါဒီဘုန်းကြီး ရဟန်းသံဃာတော်တို့သည်
နွားသူခိုးတို့ပေတည်း”ဟူ၍ စွပ်စွဲထားသည့် ရန်စစကားကြီးသာ ဖြစ်နေ
ပါသည်။

ဤသို့သောစကားဖြင့် သံဃာတို့ကိုစွပ်စွဲသူသည် ဘယ်လို သတ္တဝါ
ဖြစ်သနည်းဟူ၍ ဆင်ခြင်ကြည့်လိုက်သောအခါ-”သူများကိစ္စထဲ ဝင်မရှုပ်နဲ့။
သီလရှင် ကျေနပ်ရင် ဇရပ်ပဲ ကျိုးကျိုး-ဗန်းပဲ ပျောက်ပျောက်” ဟူ၍ အယူ
ဝါဒရှိသူဖြစ်သတည်း။

“ဇရပ်ကျိုးကျိုး ဗန်းပဲပျောက်ပျောက်”ဟူ၍ အယူဝါဒရှိသူ
ဥက္ကံသဗုဒ္ဓိသည်
သံဃာတော်တို့ကို စွပ်စွဲရုံမျှဖြင့် အားမရသေးခြင်းကြောင့်
လူတို့ကိုလည်း ဤသို့ စွပ်စွဲလိုက်ပါသေးသည်။
“ဒီနေ့ ဝိပဿနာလုပ်တယ်ဆိုတဲ့
လူတွေက ခါးတောင်းကျိုက်-တလွဲ...”ဟူ၏။

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

ဓမ္မစေတီဟောထားခဲ့သော တရားအမှားများ အပိုင်း(-၃-)



သြစတြေးလျနိုင်ငံတွင် ဓမ္မစေတီဟောထားခဲ့ရာ ဒဿနသမ္ပဒါ(၈)
ချပ်တို့ထဲက ခွေအမှတ်(၄)ထဲတွင်-

(၁) ရှင်မဟာကဿပကြီး က သိကြားမင်းအား တောက်ခေါက်
ကြောင်း၊ ရဟန္တာတု့ိသည် စိတ်တိုတတ်ကြကြောင်း၊ ရဟန္တာတို့မှာ
မနောဒုစရိုက်ဖြစ်သေးကြောင်း။

(၂) မဟာပန်ရဟန္တာကြီးက ညီစူဠပန်ကို နှင်ထုတ်ကြောင်း၊
စူဠပန်သည် ရဟန္တာဖြစ်မည်ဆိုတာကို မသိကြောင်း၊ ရဟန္တာတို့သည်
အကုန်သိသူများ မဟုတ်ကြောင်း။

(၃) အရှင်သာရိပုတြာက ရေမြောင်းကို ခုန်၍ကူးကြောင်း၊ ဝါသ
နာကို ရဟန္တာတို့ကတောင်မှ မစွန့်နိုင်ကြောင်း။

(၄) ဥရုဝေလကဿပညီနောင်တသည် မီးကိုလုပ်ကျွေး၍ ပူဇော်
သူများဖြစ်ခြင်းကြောင့် သူတို့အတွက် မီးတရားကို မြတ်စွာဘုရား
ဟောကြောင်း၊ မီးတရားဖြင့် အတိတဓမ္မာရုံ(ဥပဒါနက္ခနာ)ကို ဖော်ပြ
ပေးခြင်းဖြစ်ကြောင်း၊ အတိတ်ဓမ္မာရုံ(ဥပါဒါနက္ခန္ဓာ)၌ ဖြစ်ပျက်မြင်
ပြီး ကဿပညီနောင်တို့ ရဟန္တာ ဖြစ်ကြကြောင်း။

(၅) ရှင်စူဠပန်သည် ပန်းထိမ်သည်ဖြစ်ဖူးခြင်းကြောင့် ရှင်စူဠပန်
အတွက် ပဝါကလေးကိုပေး၍ အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ)ကို
ဖော်ပြပေးကြောင်း၊ ရှင်စူဠပန်က ဖြစ်ပျက်ကို ဖတ်ခနဲ မြင်သွားပြီး
ရဟန္တာဖြစ်သွားကြောင်း၊ မဟာပန်ကို မခံချင်စိတ်ဖြစ်၍ ရှင်စူဠပန်
က(မနောဒုစရိက်ဖြင့်) တန်ခိုး ဖန်ဆင်းပြကြောင်း-တု့ိကို ဟောပြပြီး -
(က) အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ= တကယ် ဖြစ်တည်ပျက်ရှိ
ပရမတ်တရား မဟုတ်သော အတွေးပုံရိပ်=ပညတ်တရား)သည်
ဒုက္ခသစ္စာ။
(ခ) အဲဒါကို ဖြစ်စေတတ်တဲ့ တဏှာသည် သမုဒယ
သစ္စာ။
(ဂ)အဲဒီတရားနှစ်မျိုး ချုပ်ငြိမ်းသွားတာက နိရောဓသစ္စာ။
(ဃ) အတိတ်ဓမ္မာရုံ=ဥပါဒါနက္ခန္ဓာ၏ ပြောင်းလဲသွားပုံကို ဖြစ်ပျက်
မြင်လိုက်တော့ လေးမဂ်(မဂ္ဂသစ္စာ)လေးဖိုလ်ကျပြီး ရှင်စူဠပန်
ရဟန္တာဖြစ်သွားကြောင်း”တို့ကို ဟောထားသည်။

အထက်ပါကောက်နုတ်ချက်
(၁၊ ၂၊ ၃၊ ၄၊ ၅)တို့သည်
အမှတ်(၄)ခွေ
တစ်ခွေလုံး၏ အကျဉ်းချုပ်မျှသာ ဖြစ်ကြပါသည်။

ထိုတွင် အမှတ်(၁)၌-

ရဟန္တာတိ့ုမှာ မနောဒုစရိုက် မဖြစ်ကြပါ။
 
ဓမ္မစေတီက သင်္ဂီတသတအဋ္ဌကထာကို အကိုးအကားပြု၍ ရဟန္တာတို့မှာ 
မနောဒုစရိုက်ဖြစ်ကြောင်းတို့ကို အခြားခွေများမှာ 
အာပေါင်အာရင်းသန်သန်ဖြင့် ဟောလေ့ရှိပါသည်။


ရဟန္တာတို့မှာ မနောဒုစရိုက် မရှိပါ

အဘိဇ္ဈာ=သူတစ်ပါး၏ပစ္စည်းကို လောဘဖြစ်ခြင်းကြောင့် မတရား
နည်းဖြင့်(သူတစ်ပါးကဲ့သို့ ထိုဥစ္စာကို ရရှိအောင် ကြိုးစားရှာဖွေ စုဆောင်း
သောနည်းကို မလုပ်ဆောင်ဘဲ)အချောင်ရအောင် ကောက်ကျစ် လိမ်ညာ
လှည့်ပတ်၍ ရယူသိမ်းပိုက်ခြင်းသဘောရှိသော လောဘတရား၊
ဗျာပါဒ=သူတစ်ပါးတို့ကို အသက်ခန္ဓာ ဥစ္စာပစ္စည်း ပျက်စီးအောင်
ဖျက်ဆီးခြင်းသဘောရှိသော ဒေါသတရား၊
မိစ္ဆာဒိဋ္ဌိ=အတ္တကောင်ရ၏ဟု ယူခြင်းသဘောရှိသော
သက္ကာယမိစ္ဆာဒိဋ္ဌိ၊ အတ္တကောင်-ဝိညာဉ်ကောင်ဖြစ်သော လောက၏အဆုံးသည်ရှိ၏-မရှိ-
စသည်ဖြင့် ယူခြင်းသဘောရှိသော အန္တဂ္ဂါဟိကမိစ္ဆာဒိဋ္ဌိ၊ အလှူ၏အကျိုး
သည် မရှိ-စသည်ဖြင့်ယူခြင်းသဘောရှိသော ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ၊ သတ္တဝါ
ကောင်ဟု ယူခြင်းသဘောရှိသော ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ စသည်တို့ပင်
ဖြစ်ကြပါသည်။

မနောဒုစရိုက်-အမည်ရရှိကြကုန်သော လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့
သည်
(၁) ဝီတိက္ကမအဆင့်အားဖြင့် ဖြစ်ကြသည်။
(၂) ပရိယုဋ္ဌာနအားဖြင့်
ဖြစ်ကြသည်။
(၃) အနုသယအဆင့်အားဖြင့် (မဖြစ်သော်လည်း အကြောင်း
ညီညွတ်လျှင် ဖြစ်နိုင်သောကြောင့်) ရှိကြသည်။
(၄) ဝါသနာအဆင့်အားဖြင့်ရှိကြသည်ဟူ၍ အဆင့်ဆင့် ခြားနားကြပါသည်။

ဤ(၄)ဆင့်တို့တွင်-
ဝါသနာအလျောက်ရှိခြင်းကို ရှိသည်ဟု မဆိုအပ်ပေ။ ဖြစ်သည်ဟု
မဆိုအပ်ပေ။
အနုသယအဆင့်အားဖြင့် ရှိခြင်းကို ရှိသည်ဟုသာ ဆိုရပါသည်။
ဖြစ်သည်ဟု မဆိုရပါ။

ပရိယုဋ္ဌာနအဆင်၊့ ဝီတက္ကမအဆင်ြ့ဖစ်ခြင်းကိုသာလျှင် ဖြစ်သည်ဟု
လည်း ဆိုရပါသည်။ ရှိသည်ဟုလည်း ဆိုရပါသည်။
ဤသို့အဆင်ဆင့် ကွြဲပားခြားနားလျက် ရြှိကရာတွင် ရဟန္တာတို့သည်
အရဟတ္တမဂ်ဉာဏ်ဖြင့်
ဝီတက္ကမအဆင်၊့
ပရိယဋ္ဌာနအဆင်၊့
အနုသယအဆင့်
မနောဒုစရိုက်(လောဘ၊ဒေါသ၊ဒိဋ္ဌိ)တို့ကို လုံး၀ အမြစ်ပြတ် ပယ်စွန့်ကြပါ
သည်။ ထို့ကြောင့်ပင် ရဟန္တာဟူ၍ ဖြစ်လာကြပါသည်။

ဝါသနာအဆင့် မနောဒုစရိုက် (လောဘ၊ဒေါသ၊ဒိဌိ )
တို့၏ ရှိခြင်း ဆိုသည်မှာ ဖြစ်ခဲ့ဖူးသော အနာကြီး၏ အမာရွတ်
ကျန်နေသကဲ့ သို့ အနာမရှ ိသော်လည်း ၊
အနာဖြစ် နေသည်
မဟုတ်သော်လည်းစွဲထင်နေခြင်းသဘော သက်သက်မျှသာ
ဖြစ်ပါသည် ။
ထို့ကြောင့် ဝါသနာအဆင့် မနောဒုစရိုက်-ရှိနေခြင်းကို
မနောဒုစရိုက် ရှိသည်ဟု မဆိုရပါ။ မနောဒုစရိုက် ဖြစ်သေး
သည် ဟုလည်း မဆိုရပါ။
ယင်းသို့ ရဟန္တာတို့မှာ မနောဒုစရိုက် ဖြစ်သေးသည်ဟု ဆိုလျှင်
ထိုသို့ဆိုသူသည် အနုသယယမက၊ ပဇဟနဝါရ၊ ပဟီနဝါရတို့ကို ဖျက်ဆီးသူမည်ပါသည်။
သမုဒယသစ္စာ ပယ်အပ်ပုံကိုပြဆိုသည့်
ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ်၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့ကိုလည်း ဖျက်ဆီးသူ မည်ပါသည်။

အထူးသဖြင့် “ဒုစရိုက် ၁၀-တို့၌ တည်သောအကုသိုလ်စိတ်သည်
မဂ်ဖိုလ်တရားတို့ကို ရရှိအောင် မပြုနိုင်ကြောင်း၊ ဒုစရိုက် ၁၀-ပါးစလုံး
ကင်းရှင်း ပြီး သုစရိက် ၁၀-ပါးတု၌ တည်နေသော ကုသလစိတ်(ဘာဝနာစိတ်)ကသာလျှင်
မဂ်ဖိုလ်တရားတို့ကို ရရှိအောင် ပြုနိုင်ကြောင်း” ဟောပြထားရာ

ခုဒ္ဒကပါဠိတော် ဓမ္မပဒလာ
(န တံ မာတာပိတာ ကယိရာ၊ အညေဝါပိစဉာတကာ။
သမ္မာပဏိဟိတံစိတ္တံ၊ သေယျသောနံတတောကရေ}}နှင့်
ခုဒ္ဒကပါဠိတော် - သုတ္တနိပါတလာ
(အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ}} တို့ကို ဖျက်ဆီးသူ မည်ပါသည်။

ဓမ္မစေတီသည်
ဤသို့သော ပါဠိတော်များကို မျက်ကွယ်ပြု၍ (ဝါ)
သူယူစွဲထားသော အဓမ္မဝါဒနှင့် လုံးဝညှိမရသော ဒေသနာတို့ကို စော်ကား
ပယ်ချ၍ တစ်ဖတ်သတ် ဟောလေ့ရှိသူသာ ဖြစ်ပါသည်။
သူစွဲယူနေသော
အဓမ္မဝါဒနှင့် ညီညွတ်နိုင်ရာ ဒေသနာတို့ကို တွေ့ရှိပါမူကား ကျမ်းသိမခက်
ကျမ်းညှိခက်-စသည်ဖြင့် လုပ်ယူလေ့ရှိပါသည်။ (လုပ်ယူ=...)

ဤအမှတ်(၁)ကောက်စာမှာ ဓမ္မစေတီဟောသည့်အတိုင်း

အရှင်မဟာကဿပက-တောက်ခေါက်သည်မဟုတ်ပါ။
သူဆင်းရဲတို့အား ချးီမြောက်လိုရာတွင် သူဆင်းရဲတို့က ရရှိထိုက်သော အကျိုးကျေးဇူးတွေကို
သိကြားမင်းက လိုချင်နေသည့်အတွက် သိကြားမင်းကို တားမြစ်၍ ဆုံးမခြင်းသာ ဖြစ်ပါသည်။

စိတ်တိုခြင်းကြောင့်လည်း မဟုတ်ပါ။ (မိဘဆရာတို့သည် သားသမီး
တပည့်တို့ကို စိတ်မတိုဘဲ=ဒေါသမဖြစ်ဘဲ ငေါက်ငမ်း၍ တားမြစ်လေ့ ရှိကြ
ပါသည်။ ဆုံးမလေ့ရှိကြပါသည်။)

“ဟဲ့ သူအို ၊ နင်က သိကြားမင်း ပဲ” ဟူ သည် တို့ကို မိန့်ဟ ၍
တားမြစ်မှုကို မနောဒုစရိုက်(ဒေါသ)ဖြစ်ခြင်းကြောင့်ဟုယူလျှင် ထိုသို့
ယူသူ၏ ဓမ္မရေးရာ နားမလည်ပုံနှင့် လောကရေးရာ မိုက်မဲပုံသာတည်း။

အထူးသတိ ပြုရန်မှာ ။ ။

ရဟန္တာအရှင်မြတ်ကြီးတို့ကို ဂုဏ်သိက္ခာပျက်ပြားအောင် စေတနာပါပါဖြင့် ပြောဆို၍ ပြစ်မှားသူသည် အရိယူပဝါဒ-အန္တရာယ်ထိုက်သူ ဖြစ်၏။

ထို့ပြင် အမှတ်(၂)ကောက်စာမှာလည်း
မဟာပန်ရဟန္တာကြီးက
မနောဒုစရိုက်(ဒေါသ)ဖြစ်ခြင်းကြောင့် ရှင်စူဠပန်ကို နှင်ထုတ်သည်ဟု ဆိုလို
ပါသည်။ (ရှင်းပြစရာ မလိုပါပြီ။)
ရဟန္တာတို့မှာ သဗ္ဗညုတဉာဏ်-မရြှိခင်းကြောင့် ရဟန္တာတိုက အကုန်လုံးကို မသိနိုင်ကြပါပေ။

ထု့ိပြင် အမှတ်(၃)ကောက်စာမှာ
ဝါသနာအဆင့် မနောဒုစရိုက်(လောဘ၊ ဒိဋ္ဌိ၊ ဒေါသ)တို့သည်
ရဟန္တာတို့မှာ ရှိနေတတ်ပါသည်။
ထိုအကြောင်းကို
အမှတ်(၁)ကောက်စာကို ရှင်းပြရာတွင် တင်ပြခဲ့ပြီးပါပြီ။
သို့ရာတွင် ရှင်သာရိပုတြာက ရေမြောင်းကိုခုန်၍ ကူးကြောင်း
သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ဘယ်မှာမျှ မရှိပါ။
(ပြစ်မှားလို၍ပြောလျှင် ပြောသူမှာ အပြစ်ရှိသည်။ ဝါသနာမပယ်
စွန့်ကြောင်းပြောလိုလျှင် ရှိသည့်အတိုင်းသာ ပြောသင့်ပါသည်။
ဥပမာအား
ဖြင့် အရှင်ပိလိန္ဒဝစ္ဆအကြောင်းမျိုးကိုသာ ပြောသင့်ပါသည်။ ဝါသနာအဆင်မျှ
ကျန်ရှိနေခြင်းသည် မဂ်ဖြင့်ပယ်လောက်သော ပမာဏအထိ မရှိခြင်းကြောင့်
ရှိစာရင်းတွင်မျှ မဝင်ပါ။ ဖြစ်စာရင်းမှာ ပါဝင်ဖို့ဆိုလျှင်ကား ဝေးပါ၏။)

(၁) မြတ်စွာဘုရားတို့သည် ကိလေသာတို့ကို ဝါသနာမျှ မကျန်ရ
အောင် ပယ်စွန့်ကုန်၏။
(၂) ရဟန္တာတို့သည် ကိလေသာတို့ကို အမြစ်ပြတ်ပယ်စွန့်နိုင်ကြ
သော်လည်း ဝါသနာကြွင်းကျန်ပါသည်။
ထို့ပြင် အမှတ်(၄)ကောက်စာ၌
မီးတရားဟောပြပေးကြောင်းသည် မှန်ပါသည်။
သို့သော် မီးတရားဖြင့်
အတိတ်ဓမ္မာရုံကို(ဝါ)ဥပါဒါနက္ခန္ဓာကို ဖော်ပြပေးသည်ဟု ဆိုခြင်းမှာ
အမှားသာတည်း။
အတိတ်ဓမ္မာရုံဟူသည် ပညတ်တည်း။

ဓမ္မစေတီတို့သည်
“ဤအတိတ် ဓမ္မာရုံ ( ဝါ)ပညတ် ဓမ္မာရုံ ( ဝါ)မိ စ ္ဆ ာ ဓမ္မ ာ ရံ ု သ ည်
ဥပါဒါနက္ခန္ဓာမည်၏”ဟုဆို၍
“အတိတ်ဓမ္မာရုံသည် ဝိပဿနာရှုအပ်သော အကြောင်းခန္ဓာ
ဖြစ်သည်”ဟုလည်း ဆိုကြပါသည်။
သို့သော်
“အဆိုပါ အတိတ်ဓမ္မာရံ (ဝါ) ပညတ်ဓမ္မာရံ (ဝါ) မိစာဓမ္မာရံ(ဝါ)
ဥပါဒါနက္ခနာတု၌ ရှုုမြင်နေလျှင် တရားမရ”ဟုလည်း ဆိုကြပါသည်။

“ဓမ္မစေတီ”-အမည်ရှိခွေထဲတွင် ပုဒ်ရေ ၂၄-အတွင်း ၁၀-မိနစ်
အရောက်မှာ ဓမ္မစေတီကိုယ်တိုင် ဤသို့ ဟောထားပါသည်။

“ဦးဇင်း=(-ဦးဥက္ကံသဗုဒ္ဓိ)-ငယ်ကျိုးငယ်နာတွေကို နောက်
ကြောင်းပြန်ရင် မိစ္ဆာဓမ္မာရုံ ဖြစ်တတ်တယ်နော်လို့ သူ့ဆရာ (=ဥက္ကံ
သဗုဒ္ဓိရဲ့ဆရာ ဦးမြင့်သိန်း)က ဆုံးမတယ်“ဟူသတည်း။

ဆိုလိုရင်းကား “အတိတ်ဓမ္မာရုံကို ရှုူနေလျှင် တရားမရနိုင်။
အတိတ်ဓမ္မာရုံကို မဖော်ရ” ဟူ၍ ဖြစ်ပါသည်။
ဤနေရာတွင်
ကောက်ပြထားသော ကောက်စာအမှတ်(၄) (၅)တိုနှင့် သေသေချာချာ
တိုက်ဆိုင်ကြည့်ကြပါ။
ကောက်စာ(၄)တွင် အတိတ်ဓမ္မာရုံ(ဝါ) ဥပါဒါနက္ခန္ဓာ (ပညတ်)၌
ဖြစ်ပျက်မြင်ပြီးဟုဆိုရာတွင် ဥပါဒါနက္ခန္ဓာ(လောကီတရားစု=ပရမတ္ထခန္ဓာ)၌
ဝိပဿနဉာဏ်ဖြင့် ဖြစ်ပျက်(အနိစ္စလက္ခဏာ)မြင်ပြီးဟုပြင်၍ ဆိုမှသာလျှင်
မှန်သောတရား ဖြစ်ပါသည်။
ဓမ္မစေတီဆရာစဉ်ဆက်တို့က ယူကြသည်မှာ-
“ဥပါဒါနက္ခန္ဓာအရ ဖြစ်ကြကုန်သော
လောကီစတ် ၈၁-ပါး၊
လောကီစေတသိက် -၅၂-ပါး၊
ရုပ်-၂၈-ပါး တရားစုတို့သည် ပရမတ်ဓမ္မာရုံမည်၏။
ယင်းပရမတ္ထတရားတို့သည် တကယ်ဖြစ်၍ တကယ်ရှိနေ
ကြပါသော်လည်း ယင်းတို့ကို သမ္မာသမ္ဗုဒ္ဓဘုရားကြးီ တို့၏ ဉာဏ်ဖြင့်
အာရုံပြုနိုင်သည်။ ရှုမှတ်သိမြင်နိုင်သည်။ ထို့ကြောင့် ယင်းပရမတ်
တို့ကို သာဝကတို့က ရှုမှတ်သိမြင်နိုင်ကြသည်ဟုဆိုလျှင် ထိုအဆို
သည် အမှားသာတည်း” ဟူ၍ ယူဆကြပါသည်။

ထိုကြောင့် ဓမ္မစေတီ ဆရာစဉ်ဆက်တိုက ယူကြသည်မှာ ဥပါဒါန-
က္ခန္ဓာအရ အဆိုပါ ပရမတ်တရားစုတို့ကို မယူရ။
ဥပါဒါနက္ခန္ဓာအရ မိစ္ဆာဓမ္မာရုံ
(ဝါ) ပညတ်ဓမ္မာရုံ
(ဝါ) အတွေးပုံရိပ
(ဝါ) သဏ္ဌာနပညတ်တို့ကိုသာ
ယူရမည်” ဟူ၍ ယူဆကြပါသည်။ ဤသို့ ယူဆကြကာ
(က) အဆိုပါဥပါဒါန က္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ဝိပဿနာရှုူမြင်မှ
တရားရသည်။
(ခ) အဆိုပါ ဥပါဒါနက္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ဝိပဿနာ မရှူရ။
ရှုလျှင် တရားမရနိုင်ဟူ၍ ရှေ့နောက်မညီ ယူကြပါသည်။ (မိစ္ဆာဓမ္မာရုံ ဖြစ်
တတ်တယ်-နော်..လို့။)
မှန်လှ၏။ ပရမတ်ဓမ္မာရုံနှင့်ပတ်သက်၍ ဆူးလေဦးမြင့်သိန်းက
သူရေးသားသော အကုပ္ပါမေဝိမုတ္တိ-ဗုဒ္ဓဝိညာဏ်တော်စာအုပ် သဘာဝနိဒါန်း
စာမျက်နှာ(ဋ)၌ ဤသို့ ရေးထားပါသည်။
ပဉ္စက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို။
အသာရတော၊အနှစ်အသား မရှိသောအားဖြင့်။
ပဿန္တော၊ ရှုမြင်ခဲ့သည်ရှိသော်။
အနုလောမိက၊ံ မဂ်ဉာဏ်နှင့်လျော်သော။ ခနိံ၊္တသမ္မာဒိဋ္ဌိ ဉာဏ်အမြင်မှန်ကို။ ပဋိလဘတိ၊ ရ၏။ ဤကား နေယျတ္ထနည်းအားဖြင့် ဟော
တော်မူသော ဒေသနာတော်ဖြစ်သည်။
ဤ “ပဉ္စကန္ဓေ”ဟူသောပုဒ်၌ ပရမတ္ထခန္ဓာကို ကောက်ယူခဲ့လျှင်
မသင့်။ (ပညတ်ခန္ဓာကိုယူမှ သင့်သည်။)
အဘယ်ကြောင့် မသင့်သနည်းဟူမူ
ပရမတ္ထခန္ဓာကို ဋီကာဆရာက
“ဗုဒါ္ဓ နံယေ၀ ဝိသယော၊
သာဝကာနံ န ဝိသယော” ဤကဲသ့ို ဖွင်ဆိုထားသောကြောင့် ပရမတ္ထခန္ဓာသည် သဗ္ဗညုတဘုရားရှင်တို့၏ အာရုံသာ ဖြစ်၏။
သာဝကတို့၏ အာရုံ-ကျက်စားရာ မဟုတ်ဘူး-တဲ့။

“ထိုစကားမှန်၏။ ပရမတ္ထခန္ဓာသည် ဓာတ်ကြီးလေးပါးနှင့်တကွ
အထည် ဒြပ် ဥပါဒ် ဌီ ဘင် ဟူသော ခဏငယ်သုံးချက်ရှိ သောခန္ဓာ
ဖြစ်၏။ ပဉ္စုပါဒါနက္ခန္ဓာသည် ခဏငယ်သုံးချက်နှင့်တကွ ဓာတ်ကြီး
လေးပါးတည်းဟူသော အထည်ဒြပ်-မရှိ။ သုညခန္ဓာ ဖြစ်၏။
(ပညတ်ခန္ဓာဖြစ်၏။)ဟူ၍ ရေးသားထားပါသည်။

မှာထားချက်။ ။
“ပဉ္စက္ခန္ဓေ(ပ)ပဋိလဘတိ-ရ၏”သည်
ပဉ္စက္ခန္ဓေ ပုဒ်အရ ဥပါဒါနက္ခန္ဓာ (ပရမတ်တရားစု)ကို ယူဟုပြရာ တစ်ချက်မျှသာ
ဥပစာသဒ္ဒါ-နေယျတ္ထနည်း ဖြစ်ပါသည်။ ပဉ္စက္ခန္ဓာဟု သာမညအားဖြင့်
ရှိသော်လည်း လောကုတ္တရာခန္ဓာတို့ကိုမယူရ-ဟု ဆိုခြင်းကြောင့် နေယျတ္ထ
ဖြစ်ပါသည်။
အသာရတောကို ထောက်၍ ဝိပဿနာရှုအပ်သော
ဥပါဒါနက္ခန္ဓာ=ပရမတ္ထကယပါ။ ဒေသနာတစ်ခုလုံးသည်ကား
နီတတ္ထသာတည်း။ မုချတ္ထသာတည်း။ နေယျတ္ထမဟုတ်ပါ။

ပဉ္စက္ခန္ဓေအရ ပရမတ္ထခန္ဓာကို ကောက်ယူမှသာလျှင် သင့်ပါသည်။
မှန်ပါသည်။ ပညတ်ခန္ဓာဟူ၍ပင် မရှိကောင်းသောကြောင့် ပညတ်ကို
ကောက်ယူလျှင် လုံးဝအမှားတည်း။
ပညတ်သည် ခန္ဓာမည်၏ဟူ၍ ဘယ်မှာမှ မရှိပါ။
ပိဋကသုံးပုံမှာရှိလျှင် ထုတ်ပြစမ်းပါ။

ဋီကာဆရာက “ဗုဒ္ဓါနံယေ၀ ဝိသယော” ဟုဆိုခြင်းသည်
ဗုဒ္ဓတို့ကသာလျှင် ထုတ်ဖော်၍ ဒေသနာဉာဏ်ဖြင့် နာမည်တပ်၍ ဟောပြနိုင်သော
တရားဖြစ်၏။
ဗုဒ္ဓတို့က ဟောမပြလျှင် သာဝကတို့က မဖော်ထုတ်နိုင်။
ဒေသနာဉာဏ်ဖြင့် နာမည်တပ်၍ မဟောနိုင်ဟူ၍ ဆိုလိုပါသည်။

သာဓကမှာ “ပရိဝါပါဠိတော်၌ မြတ်ဗုဒ္ဓမပွင့်လျှင် ပရမတ္ထတရား
တို့၏ ရုပ်၊ နာမ်၊ ဖဿ၊ ဝေဒနာ အစရှိသော နာမည်မျှကသော်လည်း မသိနိုင်”
ဟူ၍ ရှိပါသည်။
ဆူးလေဦးမြင့်သိန်း ၊ ဦးဥက္ကံသဗုဒ္ဓိ ၊ ဦးနာရဒ၊ ဦးကောသလ္လ’
စသူတို့၏ ”
ပဉ္စက္ခန္ဓာ၌ ဥပါဒ် ဌီ ဘင် ခဏသုံးပါးရှိ၏။ ပဉ္စုပါဒါနက္ခန္ဓာ
၌ ခဏငယ် သုံးပါးမရှိ”-ဟူသော စကားသည် ပါဠိတော် အဋ္ဌကထာ
ဋီကာ ဘယ်မှာမျှ မရှိသော (ဝါ) ဘုရားမဟောသော မတရားသာတည်း။

အဓိပ္ပာယ်မှန်မှာ ပရိဝါအတိုင်း မြတ်ဗုဒ္ဓတို့က ပရမတ္ထတို့ကို
(အဓိပ္ပာယ်ရော အမည်တို့ကိုပါ) အသေးစိတ်ဟောပြ၍ ထိုဟောပြတော်
မူသော နည်းအတိုင်း သာဝကတို့က သိမြင်ကြပြီး ဝိပဿနာရှုမြင်ကြမှသာ
လျှင် မဂ်ဖိုလ်ရကြပါသည်။

ဆူ း လေဦ း မြင့်သိန်း ...ဓမ္မစေတီ ဦး ကောသလ္လ’ စ သူ တို့သည်
အထက်ပါအတိုင်း ပရမတ္ထကို ပယ်မြစ်ကြသူများ ဖြစ်ကြပါသည်။
သို့သော်သူတု့ိဟောထားရာ တရားတို့ကို ကြည့်ပါက ပရမတ္ထတရားတို့ကို ရှင်းပြသော
ဒေသနာများချည်း ဖြစ်ကြပါသည်။
ဥပမာပြပါအံ့။
၁။ အဝိဇ္ဇာအဖွင့်။
၂။ မဂ္ဂင်လမ်း ၇-သွယ်။
၃။နည်းသုံသွယ်=(ပဋ္ဌာန်းနည်း၊ ပဋိစသမုပါ္ပ ဒ်နည်း၊ အရိယသစ္စာနည်းဟူ၏။)
၄။ဝဋ်သုံးပါး။
၅။ သစ္စဉာဏ်။
၆။ ဒိဋ္ဌသတ်နငတဏှာသတ်။
၇။ ဝိညာဏ်သးုံ ပါး။
၈။ သမထနှင့်ဝိပဿနာလမ်းခွဲ။
၉။ ပဋိစ္စသမုပ္ပါဒ်နှင့်သစ္စာလေးပါး။
၁၀။ဣန္ဒြိယအနုတ္တရဘာဝနာ။
၁၁။ ဒဿနသမ္ပဒါနှင့် ဘာဝနာသမ္ပဒါ။
၁၂။ သောတာပတ္တမဂ်အဖွင့်။
၁၃။ နာမက္ခန္ဓာ။
၁၄။ ဥပါဒါနက္ခန္ဓာနှင့်အနုပါဒါနက္ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်လည်သောအခါနှင့်။
၁၅။ ခန္ဓာငါးပါး-ပဋိဝေဓဂမ္ဘီရတရား။
၁၆။ဆဠင်္ဂုပေက္ခာ။
၁၇။ ပဋ္ဌာန်းတရားတော်။
၁၈။ သတ္တာဝါသဘုံကိုးဝနှင့် ဝိညာဏဌိတိ(၇)ပါး။ နိဗ္ဗာန်ဂုဏ်တော်အဖွင့်။ ပစ္ဆိမဗုဒ္ဓဒေသနာတော်=
(အရှည်တွင်သံသရာ အချည်ကတော့ တဏှာ (ပ) ပြည့်စုံရစ်ကြပါလော့။)
ဤမာတိကာတို့သည် ဆူးလေဦးမြင့်သိန်း၏
အရိယသစ္စာလမ်းစဉ်
ဝိပဿနာတရား မှတ်ချက်ပေါင်းချုပ်စာအုပ်ကြီးထဲက မာတိကာဖြစ်ပါသည်။

ဓမ္မစေတီ၏ တရားအမည်များကို အထူးဖော်ပြဖွယ်မလို။
အယူဝါဒ (မနောကံ)နှင့် အဟောအရေး (ဝစီက၊ံ ကာယကံ)တိ့ု အချင်ချင်း
ဆန်ကျင်သူများပေတည်း။ ဤသို့ ကံသုံးချက် မညီသူတို့ကို မြတ်ဗုဒ္ဓက “ကောက်ကျစ်သူ” ဟု
သတ်မှတ်တော်မူပါသည်။

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

ဓမ္မစေတီ ဟောတရားနှင့် သူ၏ဆရာများ (အပိုင်း-၂)


ဘုန်းကြိးတွေသီလရှင်တွေက ကလေးမွေးတယ်

သြစတြေးလျားနိုင်ငံတွင် ဟောကြားခဲ့သော ဒဿနသမ္ပဒါ (၈) ချပ်ထဲတွင် ဤသို့ ဟောကြားထားပါသည်..........

“ဥိးကောသလ္လက ပိဋကတ်စာပေတွေကို မသင်ခင်မှာပဲ ဆရာတော်ကြီး
(ဆူးလေ ဥိးမြင့်သိန်း၏ တပည့်ကြိးဖြစ်သူ ဥိးဥက္ကသံဗုဒ္ဓိ) က“ဒီထေရဝါဒတရားတွေ၊
ဒီဝိပဿနာ တရားတွေ” ကို ၂ နှစ်လောက်အထိ သင်ပေးတာ။
ဒါကြောင့် ဥိးကောသလ္လ က ဝိပဿနာတရားတည်သူ- ဖြစ်နေတော့
မန ္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။
“ဆရာကြိးရဲ့ သင်တန်းမှာ “ဘုန်းကြိးတွေ သီလရှင်တွေက ညညဆိုရင် ကလေးမွေးတယ်လို့
မိန့်တယ်။ အဲဒါကို မသိဘူး။ ငယ်ငယ်တုန်းကပေါ့။ အဲဒီဟာကို ဝိပဿနာ သင်တန်းလာတက်ကြတဲ့
ဘုန်းကြီးတွေကို မေးရတယ်။
နောက်တော့ ပိဋကတ်တော်တွေကို သိလာတော့ “ရာဂပုတ္တံ ဝိဇာယတိ- စက္ခု နဲ့ ရူပါရုံ ဆုံမိတော့
စွဲလမ်းပြီး ရာဂဆိုတဲ့ သားကို မွေးတာပဲ” လို့ အဖြေရလာတယ်။

အထက်ပါ ဟောပြောချက်တွင် ဓမ္မစေတီ ဥိးကောသလ္လသည် ဥိးဥက္ကသံဗုဒ္ဓိ၏ တပည့်
ဥိးဥက္ကသံဗုဒ္ဓိ သည် ဆူးလေ ဥိးမြင့်သိန်း၏ တပည့်

ဆူးလေ ဥိမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သည် အဓမ္မဝါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သင်တန်းပေးရာ ထေရဝါဒ အမည်ခံ သင်တန်းစာများနှင့်
ဝိပဿနာတရား အမည်ခံ သင်ခန်းစာများသည် အဓမ္မဝါဒ၊
ထို့ကြောင့် ဥိးကောသလ္လသည် အဓမ္မဝါဒီ၊
ဥိးကောသလ္လ ဟောနေသော ထေရဝါဒ အမည်ခံတရားများနှင့် ဝိပဿနာတရားများသည်
အဓမ္မဝါဒ၊ သို့ဖြစ်၍ ဥိးကောသလ္လသည် အစစ်အမှန်ဖြစ်သော ဝိပဿနာတည်သူမဟုတ်။
အတုအယောင်ဖြစ်သော ဝိပဿနာတည်သူ ဖြစ်၏။
ဥိးဥက္ကသံဗုဒ္ဓိ၊ ဥိးကောသလ္လ အစရှိကုန်သော ထေရဝါဒ အမည်ခံဘုန်းကြီးတို့သည်
ရာဂသားမွေးတတ်သူ တဏှာတမားများ ဖြစ်၏။
ဗုဒ္ဓသာဝက အစစ် ထေရဝါဒီအစစ်ဖြစ်ကုန်သော ဘုန်းကြိးများတွင်
ညညမှာ ရာဂသားမွေးတတ်သူများလည်း ရှိကြပေလိမ့်မည်။
ဘာဝနာ တရားပွားများသူလည်း ရှိကြပါလိမ့်မည်။

((((((မန္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။))))))
သုံးလနှင့် ပိဋပတ်တော်တွေ တတ်သွားတာတော့ တော်တော်
အံ့သြစရာကောင်းပါသည်။
တိပိဋကတ် စာမေးပွဲ ဘာကြောင့်ဝင်မဖြေသလဲ မသိဘူး။
စာရှူသူ့တို့ပဲ မေးကြည့်လိုက်ကြနော် .........

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

ဓမ္မစေတီ ဥိးကောသလ္လ၏ ဆရာများ--အပိုင်း(၁)


ဦးဥက္ကသဗုဒ္ဓိ သည် ဆူးလေ ဦးမြင့်သိန်း၏ တပည့်

ဤ စကားကို သက်သေခံမရှိပဲ ပြောလျှင် တရားဥပဒေ အရ တရားစွဲခံရဖွယ် ရှိပါသည်။ ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင်
အဗ္ဘုတဒီပနီ၊
ဥိးမြင့်သိန်း၊ ရန်ကုန်မြို့၊ ဆူးလေ ဓမ္မကထိကဆရာကြိး”
ဟူ၍ မျက်နှာဖုံးပေါ်မှာ စာတန်း သုံးခုပါရှိသော စာအုပ်၏ ပန်ကြားလွှာအောက်မှာ-

“ဆရာကြိး၏ သက်တော် (ပ) ထေရဝါဒ တပည့်များနှင့် တကွ (ပ) ဤကဲ့သို့
ပုံနှိပ် ဖြန့်ချီနိုင်ရန် အစီစဉ် ရှိပြီး ဖြစ်ပေရာ လက်ရေးတိုနည်းဖြင့် ရယူရသည် မဟုတ်သော ဤမှတ်ချက်သည် မှတ်ချက်သဘာဝလျောက် ဆရာကြိးကိုယ်တိုင်
ဟောကြားသည်ကို နာယူဖူးသော ပါရမီ ရှင်တို့ အတွက် လိုလျှင်ဖြည့် ပိုလျှင်လျှော့ ပြုနိုင်ပါသော်လည်း (ပ) ပန်ကြားအပ်ပါသည်။
တပည့်များ ဟူ၍ ပါရှိပါသည်။

ပန်ကြားလွာ ဒုတိယပိုင်း အနေဖြင့်

နိကာယ ဆေက၊ နိကာယ ကောဝိဒ၊ နိကာယ ဘာဏက ဖြစ်သော
ရန်ကုန်မြု့ိ ဆူးလေ ဓမ္မကထိက ဆရာကြိး ဥိးမြင့်သိန်းသည်
(ပ)
ဥိးမြင့်သိန်း ၏ ကောင်းနိုးရာရာတရားတို့ကို
ဦးဥက္ကသံဗုဒ္ဓိ နှင့် မောင်ရွှေဘသိန်း တို့သည် ညစဉ်လိုလို
သုံးလခန့် ဆရာကြီးအား ဖတ်ပြ ပြင်ဆင်ခဲ့ကြပါသည်။ (ပ)

ထေရဝါဒ သာသနာ့ မာမက သံဃအဖွဲ့ချုပ်
ပဋိဝိသောဓက အဖွဲ့

(၁) ကျိုက္ကစံ ပဌမရွှေကျင် တိုက်အုပ်ဆရာတော်
ထေရဝါဒီ ဥုးဧသိက(မဟာနာယက)
(၂)သင်္ဃန်းကျွန်း မဟာအောင်မြေ ရွှေဂူတိုက်သစ်
ဆရာတော် ထေရဝါဒီ ဥိးအရိယဝံသာဘိဓမ္မ
(ဂဏဝါစက) ဥက္ကဌ။
(၃).......
(၄)..........
(၅)....................
(၆) သာကေတမြို့ အာဒိကာရုံ ကျောင်းတိုက် အဘယာရာမ ကျောင်း
ထေရဝါဒီ အသျှင်သောဘဏာဘိဝံသ(ဓမ္မာစရိယ) နဝကမ္မမူး။

.....(ပ)........
ပြင်ဆင်ပြီး၍ ထေရဝါဒ သာသနာ့မာမက အဖွဲ့ချုပ် လူကြိးမင်းများ၊
ဥိးသောင်းတင်- ဥက္ကဌ၊
ဥိးစံလှိုင်- အကျိုးဆောင်၊
ဥိးဘသင်- ဒု အကျိုးဆောင်၊ ဦးကြိုင်ကြိုင် (ဘဏ္ဍာရေးမူး)
...(ပ)....
အသင်းကြီး တိုးတက်သော်လည်း ဣန္ဒြေရရ နှင့် အကြောင်းသတ်
ဝိပဿနာ တည်တံ့ရေး ကြိုးပန်းရသည်ကား ဘေးက ကြည့်သူပင်
သက်သာအံ့ - မထင်ပါ
(ပ).......
၁၃၃၆-ခု၊ နယုန်လဆုတ် ၄ ရက်၊
(၈.၆.၇၄) စနေနေ့
ဥုးအရိယဝံသဓမ္မ (ခ)ဥုးဥက္ကသံဗုဒ္ဓိ၊
မဟာအောင်မြေ ရွှေဂူတိုက်သစ်၊
သင်္ကန်းကျွန်း၊ ရန်ကုန်မြို့၊

ဟူ၍ ပါရှိပါသည်။
ဤသည်တို့ကို ထောက်၍ ဥိးဥက္ကသဗုဒ္ဓိသည် ဆူးလေ ဥိးမြင့်သိန်း ၏
အဓိကကျသော တပည့်ကြိး တစ်ဥိးဖြစ်ပါသည်။
၎င်း၏ တပည့် ဓမ္မစေတီ ဥိးကောသလ္လသည်ကား.........

ဥိးမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသဗုဒ္ဓိသည် အဓမ္မဝါဒီ

ဤစကားသည်လည်း သက်သေခံမရှိပဲပြောလျှင် တရားစွဲခံရမည့် စကားပေတည်း။
ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင်
မျက်နှာဖုံးပေါ်မှာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်- နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွန်ကြားလွာများ
ညွန်ကြားအမှတ်- (၁) မှ (၉၃)ထိ-
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ -
သာသနာရေးဝန်ကြိးဌာန-သာသနာရေးဥိးစီးဌာန
ကမ္ဘာအေး စာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။
သာသနာ-၂၅၅၂၊ ကောဇာ-၁၃၆၉၊ ခရစ်-၂၀၀၈” စာတန်းများပါရှိသော စာအုပ်
စာမျက်နှာ (၁၉၆-၁၉၉) တို့တွင်

“ညွန်ကြားလွှာ အမှတ်(၅၀) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံ တရားဓမ္မများနှင့်
ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွန်ကြားခြင်း
(၂၂-၁-၈၃) (၁၀-၁၁-၄၄).....(ပ).........ဆူးလေဥိးမြင့်သိန်း၏ တရားဓမ္မများကို
ဒဿမ အစည်းဝေးက ဆွေးနွေးစိစစ်၍
အဓမ္မဝါဒ
အဝိနယဝါဒ များအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မဝါဒ များကို
နိုင်ငံတဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ်သံဃနာယက အဖွဲ့များသို့
ညွန်ကြားရန်”..........(ပ)...........

ဘဒ္ဒန ္တဣန္ဒာစာရ(အဘိဓဇ မဟာရဌဂုရု) ဥက္ကဌ ဆရာတော်၊
ဘဒ္ဒန ္တတေဇောဘာသာဘိဝံသ-တွဲဖက် အကျိုးတော်ဆောင်ဆရာတော်”
ဟူ၍ ပါရှိသည်။

ဤသည်တို့ကို ထောက်၍ ဆူးလေ ဥိးမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသဗုဒ္ဓိသည် အဓမ္မဝါဒီ- ဖြစ်ပါသည်။ ဥိးဥက္ကသဗုဒ္ဓိ၏ တပည့်
ဓမ္မစေတီ ဥိးကောသလ္လသည် အဓမ္မဝါဒီ ဖြစ်ပါသည်။

ဓမ္မစေတီ ဥိးကောသလ္လသည် ဆူးလေဦးမြင့်သိန်း၏
အဓမ္မဝါဒကို ဆက်လက် စွဲယူဖြန့်ချီနေသူ အဓမ္မဝါဒီဖြစ်ကြောင်း
သူဟောကြားသော “ဒဿန သမ္ပဒါ” တရားများကို ထုတ်ပြ၍ ဖြေရှင်းပေးပါမည်။

ဓမ္မစေတီရှင်းတမ်း
စာအုပ်(ထေရဝါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ)
ဒီမှာ ဒေါင်းလုဒ်လုပ်ယူ၍ ဖတ်နိုင်ပါသည်..
http://www.sendspace.com/file/jbyo2g


ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

Thursday, November 19, 2009

ဆူးလေဦးမြင့်သိန်း ဦးဆောင်ခဲ့သည့် ထေရဝါဒအမည်ခံ အဓမ္မဝါဒ


၎င်းဂိုဏ်းကြီး၏ ပြန်လည်ကြီးထွားလာပုံမှာကား ကြောက်ခမန်းလိလိပင် ဖြစ်နေကြပါသည်။ မိတ္တူများက တစ်မျိုးဖြစ်၍ အသွင်ပြောင်းထားသည်တို့ကလည်း တစ်မျိုးလုပ်ထားကြပါသည်။


နေပြည်တော်တွင် တောင်ပိုင်းရော၊ မြောက်ပိုင်းပါ မိတ္တူဈေးကွက် ဖြန့်ကြက်ထားကြပါသည်။ ၂၀၀၇ ခုနှစ်တွင် နေပြည်တော်သို့ ရောက်ရှိခိုက် ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါသည်။ ‘ဝိပဿနာညွန့်ပေါင်းကျမ်းကြီး’(တန်ဖိုး ကျပ် ၄၀၀၀)မှစ၍ ၎င်းဂိုဏ်းထုတ် မိတ္တူစာအုပ်များကို ဝယ်လိုလျှင် စာရင်းပေးကြရကြောင်း လေ့လာသိရှိခဲ့ရပါသည်။


ဟောပြောစည်းရုံးသူများလည်းရှိ၍ စာရင်းပေးရန် လွယ်ကူသော အဆက်အသွယ်ရှိကြောင်းလည်း သိခဲ့ရပါသည်။ ၎င်းဂိုဏ်းဝင်ဖြစ်သူ အမရပူရမြို့ဆရာကြိုင်ရေးသည့် ‘ဒွယနိဿိတပကာသနီကျမ်း’ တို့ကိုပင် မိတ္တူများ ရနိုင်ပါသည်။


ထေရဝါဒသမ္မာပထဝိဘဇ္ဖဝါဒီဖြစ်သောရန်ကုန်မြို့ဆူးလေဓမ္မကထိဆရာကြီး ဦးမြင့်သိန်းဟောကြားတော်မူအပ်သော သမ္မာပထဝိဘဇ္ဖအကြောင်းသတ် ထေရဝါဒတရားတော်များ


အမှတ်စဉ် (၁) နိဗ္ဗာန်နှင့် သံသရာစာအုပ်မျိုး၊


အမှတ်စဉ် (၂) ဂဟဏူပါဒါန်ဝါဒ ပဋိစ္စသမုပ္ပာဒ် သံသရာတရားတော်စာအုပ်မျိုး၊


ရွှေလရောင်ဓမ္မာစရိယ သင့်ဘဝဦးမြင့်သိန်းရေးသားသည့် သောတာပန်အလင်းကျမ်း ဒုတိယဆင့်) ပထမတွဲနှင့် ဒုတိယတွဲစာအုပ်မျိုးစသည်တို့ကိုလည်း မိတ္တူများ ရနိုင်ကြပါသည်။


၎င်းဂိုဏ်းကြီး၏ ဦးစီးဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့ ခင်မကန်တိုက်၊ အနန္တဂုဏ်ရည် စည်သာကျောင်း ဦးနာရဒရေးသားသည့် ထေရဝါဒဝိဘဇ္ဖဝါဒဝိပဿနာကျမ်းကြီးကို ၂၀၀၄ ခုနှစ်တွင် ထုတ်ဝေထားကြပါသည်။


ယင်းကျမ်း၏ အမှားများကို ပြဆိုလျက် ဆောင်းပါးရှင်အရှင်ဣန္ဒာစရိယာဘိဝံသက ဆောင်းပါး ၁၆ ပုဒ်တို့ကို ရေးသားတင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့် မည်သူကမျှ ဖော်ပြရန် မစီစဉ်နိုင်ကြပေ။ ယခုအခါတွင် ဓမ္မရံသီမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ကဖော်ပြထားပါသည်။ ၂၀၀၈ ခုနှစ်တွင် သင်္ကန်းကျွန်း၌ နေသော ၎င်းဂိုဏ်းဝင်တစ်ပါး ရေးသားသည့် ဗျသနတရားငါးပါးအမည်ရှိ စာအုပ်တစ်အုပ်ကိုလည်း ဂိုဏ်းဝင်အလှူရှင်များက အရုဏ်ဆွမ်းလောင်းအသင်းနှင့်တွဲ၍ လောင်းလှူကြကြောင်း သိရ၊ ဖတ်ရပါသည်။ ဦးနာရဒနှင့်အတူ ဂိုဏ်းဦးဆောင်တပည့်ကြီးလေးပါးတို့ကို ဦးမြင့်သိန်းက သာသနာပြုရန် ချန်ထားခဲ့ကြောင်း သိရပါသည်။ ထိုလေးပါးတို့တွင် ဓမ္မစေတီဆရာတော် ဦးကောသလ္လ၏ဆရာဖြစ်သူ ဦးဥက္ကံသဗုဒ္ဓိလည်း တစ်ပါးပင်ဖြစ်ကြောင်း သိရပါသည်။


၎င်းဆရာတော်ကမွေးထုတ်လိုက်သူဦးကောသလ္လသည်လည်း


၎င်းဂိုဏ်းတရားတို့ကိုပင် ဟောပြောလျက်ရှိပါသည်။ တရားခွေပြန့်ပွားစေရေးအတွက် လူများကို အဖွဲ့များ ဖွဲ့စေလျက် တရားစိတ်ဝင်စားသော ချမ်းသာသူများကို စုံစမ်းချဉ်းကပ်ပြီး တရားနာယူစေကာ ကြည်ညိုစေပြီးမှ တရားခွေတစ်စုံလျှင် ကျပ် ၄၀၀၀၀ စသည်ဖြင့် သာသနာပြုကြောင်းလည်း သိရပါသည်။ စင်စစ်အားဖြင့် ဆူးလေဦးမြင့်သိန်းသည် အဓမ္မဝါဒဆုံးဖြတ်ခံရသူဖြစ်၍သာလျှင် ဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ အဓမ္မဝါဒဟူ၍ မှတ်တမ်းတင်ရခြင်းသာ ဖြစ်ပါသည်။ 


အမှန်ကမူ ဂိုဏ်းဦးစီးခေါင်းဆောင်မှာ ဓမ္မစေတီဆရာတော်ကြီး (ဒီပဲယင်းကျောက်စာတိုင်ဆရာတော်ကြီး)ဟူ၍ ရှိပါသေးသည်။ သိလိုပါက ‘ဝိပဿနာညွန့်ပေါင်းကျမ်းကြီး’တွင် လေ့လာကြည့်ကြပါကုန်။


ယင်းဆရာတော်ကြီးကို အကြောင်းပြု၍ ‘ဓမ္မစေတီဦးကောသလ္လ’ ဟု ဘွဲ့ခံထားကြောင်းလည်း သိရှိရပါသည်။ ၎င်းဂိုဏ်းကြီး၏ မူလနာမည်အပြည့်အစုံမှာ ‘ထေရဝါဒ ဝိဘဇ္ဖဝါဒ သမ္မပထကြောင်းသတ် ဝိပဿနာဂိုဏ်း’ဟူ၍ ဖြစ်ပါသည်။ ယင်းကို ပြုပြင်လျက် အသွင်သစ်ဖြင့် နာမည်တပ်သောအခါတွင်ကား ‘ထေရဝါဒဒဿနသမ္ပဒါနည်း’ ဟူ၍ ဖြစ်လာကြောင်းလည်း သိရပါသည်။ အဓမ္မဝါဒဖြစ်ကြောင်း ကြေငြာတားမြစ်ထားပြီးသည့် မိစ္ဆာဝါဒကြီးများတွင် ဆူးလေဦးမြင့်သိန်းဂိုဏ်းဆိုရာ အဓမ္မဝါဒသည် အမှတ်(၆) အဖြစ် ပါဝင်ပါသည်။


၎င်းအဓမ္မဝါဒဂိုဏ်းကြီးနှင့် အဓမ္မဝါဒတရားများ မည်မျှလောက်အထိ ပြန်လည်ကြီးထွားလာကြောင်းမှာ အထူးတင်ပြဖွယ်မရှိပြီ။


၁၉၈၂ခုနှစ်ကပင်ဆူးလေဦးမြင့်သိန်းဝါဒရှိသူတို့ကို


အဓမ္မဝါဒီအဖြစ် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရပါသည်။