Saturday, November 21, 2009

ဓမ္မစေတီဟောထားခဲ့သော တရားအမှားများ အပိုင်း(-၃-)



သြစတြေးလျနိုင်ငံတွင် ဓမ္မစေတီဟောထားခဲ့ရာ ဒဿနသမ္ပဒါ(၈)
ချပ်တို့ထဲက ခွေအမှတ်(၄)ထဲတွင်-

(၁) ရှင်မဟာကဿပကြီး က သိကြားမင်းအား တောက်ခေါက်
ကြောင်း၊ ရဟန္တာတု့ိသည် စိတ်တိုတတ်ကြကြောင်း၊ ရဟန္တာတို့မှာ
မနောဒုစရိုက်ဖြစ်သေးကြောင်း။

(၂) မဟာပန်ရဟန္တာကြီးက ညီစူဠပန်ကို နှင်ထုတ်ကြောင်း၊
စူဠပန်သည် ရဟန္တာဖြစ်မည်ဆိုတာကို မသိကြောင်း၊ ရဟန္တာတို့သည်
အကုန်သိသူများ မဟုတ်ကြောင်း။

(၃) အရှင်သာရိပုတြာက ရေမြောင်းကို ခုန်၍ကူးကြောင်း၊ ဝါသ
နာကို ရဟန္တာတို့ကတောင်မှ မစွန့်နိုင်ကြောင်း။

(၄) ဥရုဝေလကဿပညီနောင်တသည် မီးကိုလုပ်ကျွေး၍ ပူဇော်
သူများဖြစ်ခြင်းကြောင့် သူတို့အတွက် မီးတရားကို မြတ်စွာဘုရား
ဟောကြောင်း၊ မီးတရားဖြင့် အတိတဓမ္မာရုံ(ဥပဒါနက္ခနာ)ကို ဖော်ပြ
ပေးခြင်းဖြစ်ကြောင်း၊ အတိတ်ဓမ္မာရုံ(ဥပါဒါနက္ခန္ဓာ)၌ ဖြစ်ပျက်မြင်
ပြီး ကဿပညီနောင်တို့ ရဟန္တာ ဖြစ်ကြကြောင်း။

(၅) ရှင်စူဠပန်သည် ပန်းထိမ်သည်ဖြစ်ဖူးခြင်းကြောင့် ရှင်စူဠပန်
အတွက် ပဝါကလေးကိုပေး၍ အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ)ကို
ဖော်ပြပေးကြောင်း၊ ရှင်စူဠပန်က ဖြစ်ပျက်ကို ဖတ်ခနဲ မြင်သွားပြီး
ရဟန္တာဖြစ်သွားကြောင်း၊ မဟာပန်ကို မခံချင်စိတ်ဖြစ်၍ ရှင်စူဠပန်
က(မနောဒုစရိက်ဖြင့်) တန်ခိုး ဖန်ဆင်းပြကြောင်း-တု့ိကို ဟောပြပြီး -
(က) အတိတ်ဓမ္မာရုံ (ဥပါဒါနက္ခန္ဓာ= တကယ် ဖြစ်တည်ပျက်ရှိ
ပရမတ်တရား မဟုတ်သော အတွေးပုံရိပ်=ပညတ်တရား)သည်
ဒုက္ခသစ္စာ။
(ခ) အဲဒါကို ဖြစ်စေတတ်တဲ့ တဏှာသည် သမုဒယ
သစ္စာ။
(ဂ)အဲဒီတရားနှစ်မျိုး ချုပ်ငြိမ်းသွားတာက နိရောဓသစ္စာ။
(ဃ) အတိတ်ဓမ္မာရုံ=ဥပါဒါနက္ခန္ဓာ၏ ပြောင်းလဲသွားပုံကို ဖြစ်ပျက်
မြင်လိုက်တော့ လေးမဂ်(မဂ္ဂသစ္စာ)လေးဖိုလ်ကျပြီး ရှင်စူဠပန်
ရဟန္တာဖြစ်သွားကြောင်း”တို့ကို ဟောထားသည်။

အထက်ပါကောက်နုတ်ချက်
(၁၊ ၂၊ ၃၊ ၄၊ ၅)တို့သည်
အမှတ်(၄)ခွေ
တစ်ခွေလုံး၏ အကျဉ်းချုပ်မျှသာ ဖြစ်ကြပါသည်။

ထိုတွင် အမှတ်(၁)၌-

ရဟန္တာတိ့ုမှာ မနောဒုစရိုက် မဖြစ်ကြပါ။
 
ဓမ္မစေတီက သင်္ဂီတသတအဋ္ဌကထာကို အကိုးအကားပြု၍ ရဟန္တာတို့မှာ 
မနောဒုစရိုက်ဖြစ်ကြောင်းတို့ကို အခြားခွေများမှာ 
အာပေါင်အာရင်းသန်သန်ဖြင့် ဟောလေ့ရှိပါသည်။


ရဟန္တာတို့မှာ မနောဒုစရိုက် မရှိပါ

အဘိဇ္ဈာ=သူတစ်ပါး၏ပစ္စည်းကို လောဘဖြစ်ခြင်းကြောင့် မတရား
နည်းဖြင့်(သူတစ်ပါးကဲ့သို့ ထိုဥစ္စာကို ရရှိအောင် ကြိုးစားရှာဖွေ စုဆောင်း
သောနည်းကို မလုပ်ဆောင်ဘဲ)အချောင်ရအောင် ကောက်ကျစ် လိမ်ညာ
လှည့်ပတ်၍ ရယူသိမ်းပိုက်ခြင်းသဘောရှိသော လောဘတရား၊
ဗျာပါဒ=သူတစ်ပါးတို့ကို အသက်ခန္ဓာ ဥစ္စာပစ္စည်း ပျက်စီးအောင်
ဖျက်ဆီးခြင်းသဘောရှိသော ဒေါသတရား၊
မိစ္ဆာဒိဋ္ဌိ=အတ္တကောင်ရ၏ဟု ယူခြင်းသဘောရှိသော
သက္ကာယမိစ္ဆာဒိဋ္ဌိ၊ အတ္တကောင်-ဝိညာဉ်ကောင်ဖြစ်သော လောက၏အဆုံးသည်ရှိ၏-မရှိ-
စသည်ဖြင့် ယူခြင်းသဘောရှိသော အန္တဂ္ဂါဟိကမိစ္ဆာဒိဋ္ဌိ၊ အလှူ၏အကျိုး
သည် မရှိ-စသည်ဖြင့်ယူခြင်းသဘောရှိသော ဒသဝတ္ထုကမိစ္ဆာဒိဋ္ဌိ၊ သတ္တဝါ
ကောင်ဟု ယူခြင်းသဘောရှိသော ဣဿရနိမ္မာနမိစ္ဆာဒိဋ္ဌိ စသည်တို့ပင်
ဖြစ်ကြပါသည်။

မနောဒုစရိုက်-အမည်ရရှိကြကုန်သော လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့
သည်
(၁) ဝီတိက္ကမအဆင့်အားဖြင့် ဖြစ်ကြသည်။
(၂) ပရိယုဋ္ဌာနအားဖြင့်
ဖြစ်ကြသည်။
(၃) အနုသယအဆင့်အားဖြင့် (မဖြစ်သော်လည်း အကြောင်း
ညီညွတ်လျှင် ဖြစ်နိုင်သောကြောင့်) ရှိကြသည်။
(၄) ဝါသနာအဆင့်အားဖြင့်ရှိကြသည်ဟူ၍ အဆင့်ဆင့် ခြားနားကြပါသည်။

ဤ(၄)ဆင့်တို့တွင်-
ဝါသနာအလျောက်ရှိခြင်းကို ရှိသည်ဟု မဆိုအပ်ပေ။ ဖြစ်သည်ဟု
မဆိုအပ်ပေ။
အနုသယအဆင့်အားဖြင့် ရှိခြင်းကို ရှိသည်ဟုသာ ဆိုရပါသည်။
ဖြစ်သည်ဟု မဆိုရပါ။

ပရိယုဋ္ဌာနအဆင်၊့ ဝီတက္ကမအဆင်ြ့ဖစ်ခြင်းကိုသာလျှင် ဖြစ်သည်ဟု
လည်း ဆိုရပါသည်။ ရှိသည်ဟုလည်း ဆိုရပါသည်။
ဤသို့အဆင်ဆင့် ကွြဲပားခြားနားလျက် ရြှိကရာတွင် ရဟန္တာတို့သည်
အရဟတ္တမဂ်ဉာဏ်ဖြင့်
ဝီတက္ကမအဆင်၊့
ပရိယဋ္ဌာနအဆင်၊့
အနုသယအဆင့်
မနောဒုစရိုက်(လောဘ၊ဒေါသ၊ဒိဋ္ဌိ)တို့ကို လုံး၀ အမြစ်ပြတ် ပယ်စွန့်ကြပါ
သည်။ ထို့ကြောင့်ပင် ရဟန္တာဟူ၍ ဖြစ်လာကြပါသည်။

ဝါသနာအဆင့် မနောဒုစရိုက် (လောဘ၊ဒေါသ၊ဒိဌိ )
တို့၏ ရှိခြင်း ဆိုသည်မှာ ဖြစ်ခဲ့ဖူးသော အနာကြီး၏ အမာရွတ်
ကျန်နေသကဲ့ သို့ အနာမရှ ိသော်လည်း ၊
အနာဖြစ် နေသည်
မဟုတ်သော်လည်းစွဲထင်နေခြင်းသဘော သက်သက်မျှသာ
ဖြစ်ပါသည် ။
ထို့ကြောင့် ဝါသနာအဆင့် မနောဒုစရိုက်-ရှိနေခြင်းကို
မနောဒုစရိုက် ရှိသည်ဟု မဆိုရပါ။ မနောဒုစရိုက် ဖြစ်သေး
သည် ဟုလည်း မဆိုရပါ။
ယင်းသို့ ရဟန္တာတို့မှာ မနောဒုစရိုက် ဖြစ်သေးသည်ဟု ဆိုလျှင်
ထိုသို့ဆိုသူသည် အနုသယယမက၊ ပဇဟနဝါရ၊ ပဟီနဝါရတို့ကို ဖျက်ဆီးသူမည်ပါသည်။
သမုဒယသစ္စာ ပယ်အပ်ပုံကိုပြဆိုသည့်
ဓမ္မစကြာ၊ မဟာသတိပဋ္ဌာနသုတ်၊ ပဋိစ္စသမုပ္ပါဒ် စသည်တို့ကိုလည်း ဖျက်ဆီးသူ မည်ပါသည်။

အထူးသဖြင့် “ဒုစရိုက် ၁၀-တို့၌ တည်သောအကုသိုလ်စိတ်သည်
မဂ်ဖိုလ်တရားတို့ကို ရရှိအောင် မပြုနိုင်ကြောင်း၊ ဒုစရိုက် ၁၀-ပါးစလုံး
ကင်းရှင်း ပြီး သုစရိက် ၁၀-ပါးတု၌ တည်နေသော ကုသလစိတ်(ဘာဝနာစိတ်)ကသာလျှင်
မဂ်ဖိုလ်တရားတို့ကို ရရှိအောင် ပြုနိုင်ကြောင်း” ဟောပြထားရာ

ခုဒ္ဒကပါဠိတော် ဓမ္မပဒလာ
(န တံ မာတာပိတာ ကယိရာ၊ အညေဝါပိစဉာတကာ။
သမ္မာပဏိဟိတံစိတ္တံ၊ သေယျသောနံတတောကရေ}}နှင့်
ခုဒ္ဒကပါဠိတော် - သုတ္တနိပါတလာ
(အသေဝနာစ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေဝနာ။
ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလမုတ္တမံ}} တို့ကို ဖျက်ဆီးသူ မည်ပါသည်။

ဓမ္မစေတီသည်
ဤသို့သော ပါဠိတော်များကို မျက်ကွယ်ပြု၍ (ဝါ)
သူယူစွဲထားသော အဓမ္မဝါဒနှင့် လုံးဝညှိမရသော ဒေသနာတို့ကို စော်ကား
ပယ်ချ၍ တစ်ဖတ်သတ် ဟောလေ့ရှိသူသာ ဖြစ်ပါသည်။
သူစွဲယူနေသော
အဓမ္မဝါဒနှင့် ညီညွတ်နိုင်ရာ ဒေသနာတို့ကို တွေ့ရှိပါမူကား ကျမ်းသိမခက်
ကျမ်းညှိခက်-စသည်ဖြင့် လုပ်ယူလေ့ရှိပါသည်။ (လုပ်ယူ=...)

ဤအမှတ်(၁)ကောက်စာမှာ ဓမ္မစေတီဟောသည့်အတိုင်း

အရှင်မဟာကဿပက-တောက်ခေါက်သည်မဟုတ်ပါ။
သူဆင်းရဲတို့အား ချးီမြောက်လိုရာတွင် သူဆင်းရဲတို့က ရရှိထိုက်သော အကျိုးကျေးဇူးတွေကို
သိကြားမင်းက လိုချင်နေသည့်အတွက် သိကြားမင်းကို တားမြစ်၍ ဆုံးမခြင်းသာ ဖြစ်ပါသည်။

စိတ်တိုခြင်းကြောင့်လည်း မဟုတ်ပါ။ (မိဘဆရာတို့သည် သားသမီး
တပည့်တို့ကို စိတ်မတိုဘဲ=ဒေါသမဖြစ်ဘဲ ငေါက်ငမ်း၍ တားမြစ်လေ့ ရှိကြ
ပါသည်။ ဆုံးမလေ့ရှိကြပါသည်။)

“ဟဲ့ သူအို ၊ နင်က သိကြားမင်း ပဲ” ဟူ သည် တို့ကို မိန့်ဟ ၍
တားမြစ်မှုကို မနောဒုစရိုက်(ဒေါသ)ဖြစ်ခြင်းကြောင့်ဟုယူလျှင် ထိုသို့
ယူသူ၏ ဓမ္မရေးရာ နားမလည်ပုံနှင့် လောကရေးရာ မိုက်မဲပုံသာတည်း။

အထူးသတိ ပြုရန်မှာ ။ ။

ရဟန္တာအရှင်မြတ်ကြီးတို့ကို ဂုဏ်သိက္ခာပျက်ပြားအောင် စေတနာပါပါဖြင့် ပြောဆို၍ ပြစ်မှားသူသည် အရိယူပဝါဒ-အန္တရာယ်ထိုက်သူ ဖြစ်၏။

ထို့ပြင် အမှတ်(၂)ကောက်စာမှာလည်း
မဟာပန်ရဟန္တာကြီးက
မနောဒုစရိုက်(ဒေါသ)ဖြစ်ခြင်းကြောင့် ရှင်စူဠပန်ကို နှင်ထုတ်သည်ဟု ဆိုလို
ပါသည်။ (ရှင်းပြစရာ မလိုပါပြီ။)
ရဟန္တာတို့မှာ သဗ္ဗညုတဉာဏ်-မရြှိခင်းကြောင့် ရဟန္တာတိုက အကုန်လုံးကို မသိနိုင်ကြပါပေ။

ထု့ိပြင် အမှတ်(၃)ကောက်စာမှာ
ဝါသနာအဆင့် မနောဒုစရိုက်(လောဘ၊ ဒိဋ္ဌိ၊ ဒေါသ)တို့သည်
ရဟန္တာတို့မှာ ရှိနေတတ်ပါသည်။
ထိုအကြောင်းကို
အမှတ်(၁)ကောက်စာကို ရှင်းပြရာတွင် တင်ပြခဲ့ပြီးပါပြီ။
သို့ရာတွင် ရှင်သာရိပုတြာက ရေမြောင်းကိုခုန်၍ ကူးကြောင်း
သည် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ ဘယ်မှာမျှ မရှိပါ။
(ပြစ်မှားလို၍ပြောလျှင် ပြောသူမှာ အပြစ်ရှိသည်။ ဝါသနာမပယ်
စွန့်ကြောင်းပြောလိုလျှင် ရှိသည့်အတိုင်းသာ ပြောသင့်ပါသည်။
ဥပမာအား
ဖြင့် အရှင်ပိလိန္ဒဝစ္ဆအကြောင်းမျိုးကိုသာ ပြောသင့်ပါသည်။ ဝါသနာအဆင်မျှ
ကျန်ရှိနေခြင်းသည် မဂ်ဖြင့်ပယ်လောက်သော ပမာဏအထိ မရှိခြင်းကြောင့်
ရှိစာရင်းတွင်မျှ မဝင်ပါ။ ဖြစ်စာရင်းမှာ ပါဝင်ဖို့ဆိုလျှင်ကား ဝေးပါ၏။)

(၁) မြတ်စွာဘုရားတို့သည် ကိလေသာတို့ကို ဝါသနာမျှ မကျန်ရ
အောင် ပယ်စွန့်ကုန်၏။
(၂) ရဟန္တာတို့သည် ကိလေသာတို့ကို အမြစ်ပြတ်ပယ်စွန့်နိုင်ကြ
သော်လည်း ဝါသနာကြွင်းကျန်ပါသည်။
ထို့ပြင် အမှတ်(၄)ကောက်စာ၌
မီးတရားဟောပြပေးကြောင်းသည် မှန်ပါသည်။
သို့သော် မီးတရားဖြင့်
အတိတ်ဓမ္မာရုံကို(ဝါ)ဥပါဒါနက္ခန္ဓာကို ဖော်ပြပေးသည်ဟု ဆိုခြင်းမှာ
အမှားသာတည်း။
အတိတ်ဓမ္မာရုံဟူသည် ပညတ်တည်း။

ဓမ္မစေတီတို့သည်
“ဤအတိတ် ဓမ္မာရုံ ( ဝါ)ပညတ် ဓမ္မာရုံ ( ဝါ)မိ စ ္ဆ ာ ဓမ္မ ာ ရံ ု သ ည်
ဥပါဒါနက္ခန္ဓာမည်၏”ဟုဆို၍
“အတိတ်ဓမ္မာရုံသည် ဝိပဿနာရှုအပ်သော အကြောင်းခန္ဓာ
ဖြစ်သည်”ဟုလည်း ဆိုကြပါသည်။
သို့သော်
“အဆိုပါ အတိတ်ဓမ္မာရံ (ဝါ) ပညတ်ဓမ္မာရံ (ဝါ) မိစာဓမ္မာရံ(ဝါ)
ဥပါဒါနက္ခနာတု၌ ရှုုမြင်နေလျှင် တရားမရ”ဟုလည်း ဆိုကြပါသည်။

“ဓမ္မစေတီ”-အမည်ရှိခွေထဲတွင် ပုဒ်ရေ ၂၄-အတွင်း ၁၀-မိနစ်
အရောက်မှာ ဓမ္မစေတီကိုယ်တိုင် ဤသို့ ဟောထားပါသည်။

“ဦးဇင်း=(-ဦးဥက္ကံသဗုဒ္ဓိ)-ငယ်ကျိုးငယ်နာတွေကို နောက်
ကြောင်းပြန်ရင် မိစ္ဆာဓမ္မာရုံ ဖြစ်တတ်တယ်နော်လို့ သူ့ဆရာ (=ဥက္ကံ
သဗုဒ္ဓိရဲ့ဆရာ ဦးမြင့်သိန်း)က ဆုံးမတယ်“ဟူသတည်း။

ဆိုလိုရင်းကား “အတိတ်ဓမ္မာရုံကို ရှုူနေလျှင် တရားမရနိုင်။
အတိတ်ဓမ္မာရုံကို မဖော်ရ” ဟူ၍ ဖြစ်ပါသည်။
ဤနေရာတွင်
ကောက်ပြထားသော ကောက်စာအမှတ်(၄) (၅)တိုနှင့် သေသေချာချာ
တိုက်ဆိုင်ကြည့်ကြပါ။
ကောက်စာ(၄)တွင် အတိတ်ဓမ္မာရုံ(ဝါ) ဥပါဒါနက္ခန္ဓာ (ပညတ်)၌
ဖြစ်ပျက်မြင်ပြီးဟုဆိုရာတွင် ဥပါဒါနက္ခန္ဓာ(လောကီတရားစု=ပရမတ္ထခန္ဓာ)၌
ဝိပဿနဉာဏ်ဖြင့် ဖြစ်ပျက်(အနိစ္စလက္ခဏာ)မြင်ပြီးဟုပြင်၍ ဆိုမှသာလျှင်
မှန်သောတရား ဖြစ်ပါသည်။
ဓမ္မစေတီဆရာစဉ်ဆက်တို့က ယူကြသည်မှာ-
“ဥပါဒါနက္ခန္ဓာအရ ဖြစ်ကြကုန်သော
လောကီစတ် ၈၁-ပါး၊
လောကီစေတသိက် -၅၂-ပါး၊
ရုပ်-၂၈-ပါး တရားစုတို့သည် ပရမတ်ဓမ္မာရုံမည်၏။
ယင်းပရမတ္ထတရားတို့သည် တကယ်ဖြစ်၍ တကယ်ရှိနေ
ကြပါသော်လည်း ယင်းတို့ကို သမ္မာသမ္ဗုဒ္ဓဘုရားကြးီ တို့၏ ဉာဏ်ဖြင့်
အာရုံပြုနိုင်သည်။ ရှုမှတ်သိမြင်နိုင်သည်။ ထို့ကြောင့် ယင်းပရမတ်
တို့ကို သာဝကတို့က ရှုမှတ်သိမြင်နိုင်ကြသည်ဟုဆိုလျှင် ထိုအဆို
သည် အမှားသာတည်း” ဟူ၍ ယူဆကြပါသည်။

ထိုကြောင့် ဓမ္မစေတီ ဆရာစဉ်ဆက်တိုက ယူကြသည်မှာ ဥပါဒါန-
က္ခန္ဓာအရ အဆိုပါ ပရမတ်တရားစုတို့ကို မယူရ။
ဥပါဒါနက္ခန္ဓာအရ မိစ္ဆာဓမ္မာရုံ
(ဝါ) ပညတ်ဓမ္မာရုံ
(ဝါ) အတွေးပုံရိပ
(ဝါ) သဏ္ဌာနပညတ်တို့ကိုသာ
ယူရမည်” ဟူ၍ ယူဆကြပါသည်။ ဤသို့ ယူဆကြကာ
(က) အဆိုပါဥပါဒါန က္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ဝိပဿနာရှုူမြင်မှ
တရားရသည်။
(ခ) အဆိုပါ ဥပါဒါနက္ခန္ဓာ=ပညတ်ဓမ္မာရုံတို့၌ ဝိပဿနာ မရှူရ။
ရှုလျှင် တရားမရနိုင်ဟူ၍ ရှေ့နောက်မညီ ယူကြပါသည်။ (မိစ္ဆာဓမ္မာရုံ ဖြစ်
တတ်တယ်-နော်..လို့။)
မှန်လှ၏။ ပရမတ်ဓမ္မာရုံနှင့်ပတ်သက်၍ ဆူးလေဦးမြင့်သိန်းက
သူရေးသားသော အကုပ္ပါမေဝိမုတ္တိ-ဗုဒ္ဓဝိညာဏ်တော်စာအုပ် သဘာဝနိဒါန်း
စာမျက်နှာ(ဋ)၌ ဤသို့ ရေးထားပါသည်။
ပဉ္စက္ခန္ဓေ၊ ဥပါဒါနက္ခန္ဓာတရားငါးပါးတို့ကို။
အသာရတော၊အနှစ်အသား မရှိသောအားဖြင့်။
ပဿန္တော၊ ရှုမြင်ခဲ့သည်ရှိသော်။
အနုလောမိက၊ံ မဂ်ဉာဏ်နှင့်လျော်သော။ ခနိံ၊္တသမ္မာဒိဋ္ဌိ ဉာဏ်အမြင်မှန်ကို။ ပဋိလဘတိ၊ ရ၏။ ဤကား နေယျတ္ထနည်းအားဖြင့် ဟော
တော်မူသော ဒေသနာတော်ဖြစ်သည်။
ဤ “ပဉ္စကန္ဓေ”ဟူသောပုဒ်၌ ပရမတ္ထခန္ဓာကို ကောက်ယူခဲ့လျှင်
မသင့်။ (ပညတ်ခန္ဓာကိုယူမှ သင့်သည်။)
အဘယ်ကြောင့် မသင့်သနည်းဟူမူ
ပရမတ္ထခန္ဓာကို ဋီကာဆရာက
“ဗုဒါ္ဓ နံယေ၀ ဝိသယော၊
သာဝကာနံ န ဝိသယော” ဤကဲသ့ို ဖွင်ဆိုထားသောကြောင့် ပရမတ္ထခန္ဓာသည် သဗ္ဗညုတဘုရားရှင်တို့၏ အာရုံသာ ဖြစ်၏။
သာဝကတို့၏ အာရုံ-ကျက်စားရာ မဟုတ်ဘူး-တဲ့။

“ထိုစကားမှန်၏။ ပရမတ္ထခန္ဓာသည် ဓာတ်ကြီးလေးပါးနှင့်တကွ
အထည် ဒြပ် ဥပါဒ် ဌီ ဘင် ဟူသော ခဏငယ်သုံးချက်ရှိ သောခန္ဓာ
ဖြစ်၏။ ပဉ္စုပါဒါနက္ခန္ဓာသည် ခဏငယ်သုံးချက်နှင့်တကွ ဓာတ်ကြီး
လေးပါးတည်းဟူသော အထည်ဒြပ်-မရှိ။ သုညခန္ဓာ ဖြစ်၏။
(ပညတ်ခန္ဓာဖြစ်၏။)ဟူ၍ ရေးသားထားပါသည်။

မှာထားချက်။ ။
“ပဉ္စက္ခန္ဓေ(ပ)ပဋိလဘတိ-ရ၏”သည်
ပဉ္စက္ခန္ဓေ ပုဒ်အရ ဥပါဒါနက္ခန္ဓာ (ပရမတ်တရားစု)ကို ယူဟုပြရာ တစ်ချက်မျှသာ
ဥပစာသဒ္ဒါ-နေယျတ္ထနည်း ဖြစ်ပါသည်။ ပဉ္စက္ခန္ဓာဟု သာမညအားဖြင့်
ရှိသော်လည်း လောကုတ္တရာခန္ဓာတို့ကိုမယူရ-ဟု ဆိုခြင်းကြောင့် နေယျတ္ထ
ဖြစ်ပါသည်။
အသာရတောကို ထောက်၍ ဝိပဿနာရှုအပ်သော
ဥပါဒါနက္ခန္ဓာ=ပရမတ္ထကယပါ။ ဒေသနာတစ်ခုလုံးသည်ကား
နီတတ္ထသာတည်း။ မုချတ္ထသာတည်း။ နေယျတ္ထမဟုတ်ပါ။

ပဉ္စက္ခန္ဓေအရ ပရမတ္ထခန္ဓာကို ကောက်ယူမှသာလျှင် သင့်ပါသည်။
မှန်ပါသည်။ ပညတ်ခန္ဓာဟူ၍ပင် မရှိကောင်းသောကြောင့် ပညတ်ကို
ကောက်ယူလျှင် လုံးဝအမှားတည်း။
ပညတ်သည် ခန္ဓာမည်၏ဟူ၍ ဘယ်မှာမှ မရှိပါ။
ပိဋကသုံးပုံမှာရှိလျှင် ထုတ်ပြစမ်းပါ။

ဋီကာဆရာက “ဗုဒ္ဓါနံယေ၀ ဝိသယော” ဟုဆိုခြင်းသည်
ဗုဒ္ဓတို့ကသာလျှင် ထုတ်ဖော်၍ ဒေသနာဉာဏ်ဖြင့် နာမည်တပ်၍ ဟောပြနိုင်သော
တရားဖြစ်၏။
ဗုဒ္ဓတို့က ဟောမပြလျှင် သာဝကတို့က မဖော်ထုတ်နိုင်။
ဒေသနာဉာဏ်ဖြင့် နာမည်တပ်၍ မဟောနိုင်ဟူ၍ ဆိုလိုပါသည်။

သာဓကမှာ “ပရိဝါပါဠိတော်၌ မြတ်ဗုဒ္ဓမပွင့်လျှင် ပရမတ္ထတရား
တို့၏ ရုပ်၊ နာမ်၊ ဖဿ၊ ဝေဒနာ အစရှိသော နာမည်မျှကသော်လည်း မသိနိုင်”
ဟူ၍ ရှိပါသည်။
ဆူးလေဦးမြင့်သိန်း ၊ ဦးဥက္ကံသဗုဒ္ဓိ ၊ ဦးနာရဒ၊ ဦးကောသလ္လ’
စသူတို့၏ ”
ပဉ္စက္ခန္ဓာ၌ ဥပါဒ် ဌီ ဘင် ခဏသုံးပါးရှိ၏။ ပဉ္စုပါဒါနက္ခန္ဓာ
၌ ခဏငယ် သုံးပါးမရှိ”-ဟူသော စကားသည် ပါဠိတော် အဋ္ဌကထာ
ဋီကာ ဘယ်မှာမျှ မရှိသော (ဝါ) ဘုရားမဟောသော မတရားသာတည်း။

အဓိပ္ပာယ်မှန်မှာ ပရိဝါအတိုင်း မြတ်ဗုဒ္ဓတို့က ပရမတ္ထတို့ကို
(အဓိပ္ပာယ်ရော အမည်တို့ကိုပါ) အသေးစိတ်ဟောပြ၍ ထိုဟောပြတော်
မူသော နည်းအတိုင်း သာဝကတို့က သိမြင်ကြပြီး ဝိပဿနာရှုမြင်ကြမှသာ
လျှင် မဂ်ဖိုလ်ရကြပါသည်။

ဆူ း လေဦ း မြင့်သိန်း ...ဓမ္မစေတီ ဦး ကောသလ္လ’ စ သူ တို့သည်
အထက်ပါအတိုင်း ပရမတ္ထကို ပယ်မြစ်ကြသူများ ဖြစ်ကြပါသည်။
သို့သော်သူတု့ိဟောထားရာ တရားတို့ကို ကြည့်ပါက ပရမတ္ထတရားတို့ကို ရှင်းပြသော
ဒေသနာများချည်း ဖြစ်ကြပါသည်။
ဥပမာပြပါအံ့။
၁။ အဝိဇ္ဇာအဖွင့်။
၂။ မဂ္ဂင်လမ်း ၇-သွယ်။
၃။နည်းသုံသွယ်=(ပဋ္ဌာန်းနည်း၊ ပဋိစသမုပါ္ပ ဒ်နည်း၊ အရိယသစ္စာနည်းဟူ၏။)
၄။ဝဋ်သုံးပါး။
၅။ သစ္စဉာဏ်။
၆။ ဒိဋ္ဌသတ်နငတဏှာသတ်။
၇။ ဝိညာဏ်သးုံ ပါး။
၈။ သမထနှင့်ဝိပဿနာလမ်းခွဲ။
၉။ ပဋိစ္စသမုပ္ပါဒ်နှင့်သစ္စာလေးပါး။
၁၀။ဣန္ဒြိယအနုတ္တရဘာဝနာ။
၁၁။ ဒဿနသမ္ပဒါနှင့် ဘာဝနာသမ္ပဒါ။
၁၂။ သောတာပတ္တမဂ်အဖွင့်။
၁၃။ နာမက္ခန္ဓာ။
၁၄။ ဥပါဒါနက္ခန္ဓာနှင့်အနုပါဒါနက္ခန္ဓာတို့၏ ပဋိစ္စသမုပ္ပါဒ်
စက်ရဟတ်လည်သောအခါနှင့်။
၁၅။ ခန္ဓာငါးပါး-ပဋိဝေဓဂမ္ဘီရတရား။
၁၆။ဆဠင်္ဂုပေက္ခာ။
၁၇။ ပဋ္ဌာန်းတရားတော်။
၁၈။ သတ္တာဝါသဘုံကိုးဝနှင့် ဝိညာဏဌိတိ(၇)ပါး။ နိဗ္ဗာန်ဂုဏ်တော်အဖွင့်။ ပစ္ဆိမဗုဒ္ဓဒေသနာတော်=
(အရှည်တွင်သံသရာ အချည်ကတော့ တဏှာ (ပ) ပြည့်စုံရစ်ကြပါလော့။)
ဤမာတိကာတို့သည် ဆူးလေဦးမြင့်သိန်း၏
အရိယသစ္စာလမ်းစဉ်
ဝိပဿနာတရား မှတ်ချက်ပေါင်းချုပ်စာအုပ်ကြီးထဲက မာတိကာဖြစ်ပါသည်။

ဓမ္မစေတီ၏ တရားအမည်များကို အထူးဖော်ပြဖွယ်မလို။
အယူဝါဒ (မနောကံ)နှင့် အဟောအရေး (ဝစီက၊ံ ကာယကံ)တိ့ု အချင်ချင်း
ဆန်ကျင်သူများပေတည်း။ ဤသို့ ကံသုံးချက် မညီသူတို့ကို မြတ်ဗုဒ္ဓက “ကောက်ကျစ်သူ” ဟု
သတ်မှတ်တော်မူပါသည်။

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊