Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label လယ်တီဆရာတော်. Show all posts
Showing posts with label လယ်တီဆရာတော်. Show all posts

Friday, August 10, 2012

ရွှေချိန်ခွင် (၁၆)

ရွှေချိန်ခွင် အဆို
ဗုဒ္ဓဘာသာကလည်း ဘုရား၌ အနန္တတန်ခိုးတော်၊ အနန္တဂရုဏာတော် ရှိသည်ဟုဆို၏။ ။ လ ။ အဘယ်သူကို မှီခို ကိုးကွယ်ရမည်နည်း။

ဆရာတော်ရှင်းလင်းချက်

ဤစကားမှာ။ ။ ဦးစောလှဖြူသည်...... 
၁။ တန်ခိုးတော်နှင့် တတ်နိုင်ကောင်းသော အရာ၊ မတတ်နိုင်ကောင်းသော အရာ၊ 
၂။ ဂရုဏာတော်နှင့် ကယ်နိုင်ကောင်းသော အရာ၊ မကယ်နိုင်ကောင်းသော အရာများကို ခွဲခြမ်း၍ သိနိုင်သော ဉာဏ်မရှိရှာ၍ အထပ်ထပ်အလည်လည် မြည်တွန်တောက်တီးခြင်းမျှသာ ဖြစ်သည်။ (ရှေး၌ပင် ပြီးခဲ့ပြီဖြစ်၍ အသစ်ဆိုဖွယ်မရှိတော့ပြီ) 

သို့သော်လည်း ဤစကား၌.... 
၁။ အနန္တဂရုဏာတော် ရှိတော်မူသော ဘုရားကို ဂရုဏာမရှိဟု ဆိုရာကျသည် ဟူသော စကားတချက်၊ 
၂။ ဘုရားကို ပုတ်ခတ်ရာကျသည်ဟူသော စကားတချက်၊ 
၃။ ဘုရားသည် အပိုဖြစ်သည် ဟူသောစကားတချက်၊ 
၄။ တရားတော်ကိုလည်း ပုတ်ခတ်ရာကျသည် ဟူသော စကားတချက်၊ 
၅။ ငရဲမှ လွတ်ကင်းနိုင်ရာ မရှိဟူသော စကားတချက် ဤသို့ အချက်များစွာ အပြစ်တင်၍ အလှိုင်းတကြီးဆိုလေသည်မှာ........ 
၁။ ဘုရားတို့၏ အနန္တဂရုဏာတော်နှင့် ကယ်နိုင်ကောင်းသော အရာလည်းရှိသည်။ 
၂။ မကယ်နိုင်ကောင်းသော အရာလည်းရှိသည်။ 
၃။ အနန္တတန်ခိုးတော်နှင့် တတ်နိုင်ကောင်းသော အရာလည်းရှိသည်။ 
၄။ မတတ်နိုင်ကောင်းသော အရာလည်းရှိသည်များကို ခရစ်ယာန်ဘာသာဝင်တို့ ခွဲခြမ်း၍ မသိရှာကြ၍ ဆိုမိရှာကြလေသည်။ ( အနန္တဂရုဏာတော်၊ အနန္တတန်ခိုးတော်များနှင့် မ - နိုင်ကောင်းသော အရာ၊ 
မ မ နိုင်ကောင်းသောအရာများကို ရှေး၌ခွဲခြမ်း၍ ပြခဲ့ပြီ ) ထာဝရဘုရားသည် မတတ်နိုင်သော အရာ တစ်စုံတစ်ရာမျှ မရှိ - ဟု ခရစ်ယာန်ဘာသာဝင်တို့ ယုံကြည်ကြခြင်းသည် မယုံတန်သည်ကို ယုံကြည်မိ၍ သူ့ကျွန်ဖြစ်ရသောသူနှင့် တူလှပေ၏။ 

တူပုံကား။ ။ လူလိမ်တစ်ယောက်သည် သူငယ်လေးကိုမြင်၍ တစ်သက်လုံး ကျွန်အနေနှင့် စေခိုင်းရအောင် ကြံဖန်၍ တစ်ခုသော သစ်ပင်၏ အခေါင်း၌ စာရေး၍ ထားပြီးသော် သူငယ်လေးယောက်ကို ဆို၏။ ငါ့မိ ငါ့ဘသည် ဤရွာဝယ် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးကြီးဖြစ်သည်၊ ထိုအခါ သင်တို့ကို အပေါင်ပြု၍ သင်တို့မိဘတို့သည် ငွေတသိန်း ယူဖူးသည်၊ ငွေတစ်သိန်းရင် ပေးကြ၊ ငါ့ကျွန်ရင် လုပ်ကြဟု ဆို၏။ သက်သေပြဆိုသော်။ ။ သစ်ပင်စောင့်နတ်သိသည်၊ သင်တို့ မယုံလျှင် သစ်ပင်ခေါင်းမှာ လက်နှင်နှိုက်ကြ၊ သစ်ပင်စောင့်နတ်က စာရေး၍ ထွက်ဆိုလိမ့်မည်ဟု ဆို၏။ သစ်ပင်ခေါင်းကို နှိုက်လေသော် စာကိုတွေ့မြင်၍ သူငယ်လေးယောက်တို့ ယုံကြသဖြင့် အသက်ထက်ဆုံး သူ့ကျွန်ခံရလေကုန်၏။ 

နှိုင်းယှဉ်ပြချက် 
၁။ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းခေါ်သော စာအုပ်ကို လုပ်ကြံရေးသားပေသော ပဌမ ဆရာသည် လူလိမ်နှင့် တူ၏။ 
၂။ အကယ်မဟုတ်သော ထာဝရဘုရားသည် သစ်ပင်စောင့်နတ်နှင့် တူ၏။ 
၃။ ခရစ်ယာန်ဘာသာဝင်တို့သည် သူငယ်လေးယောက်နှင့် တူ၏။ ဘုရားမရှိလျှင် ဗုဒ္ဓဘာသာဝင်တို့ တရားတော်အတိုင်း မကျင့်၊ မကောင်းမှု့ကို ပြုမိသောကြောင့် ဘေးရောက်သောအခါ ကယ်ပါ ဟု အဘယ်သူကို မှီခိုကိုးကွယ်ရပါအံ့နည်း ဟူ၍ အပြစ်တင်ရာ၌လည်း.......... ငါတို့မြတ်စွာဘုရားသည်။ ။ ခန္ဓာ၊ နာမ်ဝိညာဏ်တော် ဟူသော ဓာတ်ယုတ်၊ ဓာတ်ကြမ်းတွေကို စွန့်ပြီးလျှင် အသင်္ခတခေါ်သော အထွတ်အထိတ်ဖြစ်သော ဓာတ်ကောင်း၊ ဓာတ်မြတ်သို့ ကူးပြောင်း၍ နိဗ္ဗာန်ဘုံသို့ တက်တော်မူပြီးလျှင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ မနိုင်သော နိဗ္ဗာန်ဘုံမှာ အိုခြင်း၊ နာခြင်း၊ သေခြင်း မရှိ အမြဲစံနေတော်မူသည်၊ လောကသို့ တစ်ဖန် မပြန်လာတော့ပြီ။ 

ထို့ကြောင့်......... ၁။ ဤ လောကမှာ “ ငါတို့ဘုရား မရှိပြီ ” ဟူ၍လည်း ဆိုရပါ၏။ 
၂။ ဘုရားမရှိသော်လည်း ဘုရားကိုယ်တော်မြတ်၏ အစိတ်ဖြစ်သော ဓာတ်တော်၊ မွေတော်၊ ဒေသနာတော် ထင်ရှားရှိပေသောကြောင့် “ ငါတို့ဘုရား ထင်ရှားရှိသည် ” ဟူ၍လည်း ဆိုရပါပေ၏။ 
၃။ ဒေသနာတော် ထင်ရှားရှိပေသောကြောင့် တရားတော် အတိုင်း ကျင့်လိုလျှင် ကျင့်နိုင်ကြပါ၏။ မကျင့်လို၍ မကျင့်လေဘဲ။ ။ မိုက်မဲသဖြင့် မကောင်းမှု့ကို ပြုမိသောကြောင့် ဘေးရောက်သော အခါမူကား ငါတို့ဘုရားလည်း မကယ်နိုင်၊ ထာဝရဘုရားလည်း မကယ်နိုင်၊ ပြုမိသော မကောင်းမှု့ ကြေကုန်အောင် ခံရမြဲ ဓမ္မတာပေတည်း။ 
လောကတံထွာ ဓမ္မတာကား 
၁။ ခရစ်ယာန်ဘာသာဝင် လူတစ်ယောက်သည် ခရစ်ယာန်ဘာသာကို မခံယူသော နိုင်ငံအတွင်း၌ နေ၍ ထိုနိုင်ငံရှင်မင်းကို ပုန်ကန်ပြုစားလေအံ့၊ ဘေးရောက်မည်၊ ထိုအခါ ထာဝရဘုရား ကယ်ပါ ဆိုသော် လွတ်ငြိမ်းပါမည်လော။ 
၂။ ခရစ်ယာန်ဘာသာကို ခံယူသော နိုင်ငံအတွင်း၌ ဖြစ်ပေမူကား ထိုနိုင်ငံရှင်မင်းတို့သည် ယေရှူခရစ်ဆရာကြီးတို့ကို ရိုသေသောအားဖြင့် လွတ်ပေရာ၏။ (ထာဝရဘုရားကယ်၍ လွတ်သည်မဟုတ်) ခရစ်ယာန်ဘာသာ၌ ဘုရားသခင်၊ ယေရှူခရစ်နှင့်၊ ဝိဉာဉ်တော်တစ်ပါး၊ သရဏဂုံသုံးပါးနှင့် ပြည်စုံတော်မူသောကြောင့် အားကိုးမှီခိုရာရှိ၍ မှီခိုအားကိုးသည့် အတွက် အကျိုးဖြစ်၏။ မြတ်စွာဘုရား၌ အနန္တတန်ခိုးတော်၊ အနန္တဂရုဏာတော်ရှိသောကြောင့် ကယ်မတတ်သည်ဟု စိတ်ချယုံကြည်သင့်ပေ၏ ဟူသော စကား၌.......... 
၁။ ခရစ်ယာန်ဘာသာ၌ သရဏဂုံသုံးပါး ပြည့်စုံသည် ဆိုသော စကားမှာ.... သရဏဂုံသုံးပါး ရှိကြောင်းကို ယုံကြည်လောက်သော မျက်မြင်သက်သေမရှိ။ 
၂။ ငါတို့ဗုဒ္ဓဘာသာမှာ သရဏဂုံသုံးပါး ရှိကြောင်းကို ယုံကြည်လောက်သော မျက်မြင်သက်သေရှိသည်။ 

(သောဠသမ ရွှေချိန်ခွင်အဆိုရှင်းလင်းချက် ပြီး၏) 

ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၃၂, ၁၃၃, ၁၃၄, ၁၃၅,၁၃၆ )

အရှင်ဝရသာမိ 

ရွှေချိန်ခွင် (၁၄ -၁၅)

ရွှေချိန်ခွင် အဆို ၁၄။

ဘုရားမရှိဘဲဖြစ်နိုင်လျှင် ။ လ ။ သွန်သင်ရာကျ၏ ။

ဆရာတော်ရှင်းလင်းချက်

ဤစကား၌--
၁။ အတုမရှိသော ကျေးဇူးရှင်ကြီးဖြစ်သော ဘုရားကို ကြည်ညိုစိတ်နှင့် မ-ပါ၊
ကယ်-ပါ ဆုပေးတော်မူပါဟု တောင့်တခြင်းများသည်လည်း
ကိုယ်ကျင့်တရားတွေပင်ဖြစ်သည်။
၂။ ဘုရားတည်းဟူသောအာရုံကို လှိုက်လှိုက်လှဲလှဲ အာခံခြင်းဖြစ်၍ ယခုအနီးအနား၌ ဘုရားမရှိသော်လည်း ရှိသလောက်ပြု၍ အာရုံခံနိုင်သောသူဖြစ်ပေ၍ အလွန်ကောင်းမြတ်သောကိုယ်ကျင့်တရားကို အားထုတ်သောသူ ဖြစ်ပေသည်။
( ဘုရား အပိုအလကားဟု ဆိုခွင့်မရှိပေ။)

ဘုရားကို ကိုးကွယ်ခြင်းအမှုသည် ။ ။
ကိုယ်ကျင့်တရားကောင်းကြီး တစ်ခုဖြစ်၍
ဤကိုယ်ကျင့်တရားသည်လည်း လိုပတ်အကျိုးကို ပေးနိုင်၏။

စုဒ္ဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။


ရွှေချိန်ခွန် အဆို။ ၁၅- 

လူတို့သည် အနတ္တဖြစ်၍။ လ ။ လျော်ကန်သင့်မြတ်၏။ 

ဆရာတော်ရှင်းလင်းချက်။ 

ဤစကားမှာ သတ္တဝါတို့သည် အနတ္တပင်ဖြစ်သော်လည်း… 
၁။ ဘုရားဟောသော တရားကို ငါသိအောင် လိမ္မာအောင် အားထုတ်မည်။ 
၂။ သိတိုင်း ကျင့်နိုင်အောင် ငါကျင့်မည်။ 
၃။ဘုရားကိုကိုးကွယ်သောအကျင့်ကိုလည်းငါကျင့်နိုင်အောင်ကျင့်မည်ဟု မိမိအားကိုလည်း မိမိကိုးရမည်။ ဘုရားကိုလည်း အားကိုးရမည်။ ခရစ်ယာန်ဘာသာဝင်တို့မှာ။ ။ ဘုရားတရားကို သိအောင် လိမ္မာအောင် ကျင့်နိုင်အောင်ဟူသောမိမိအားကိုးပယ်ထား၍ဘုရားကိုသာ သက်သက်အားကိုခြင်းသည် အပြစ်ခပ်သိမ်းကုန်ငြိမ်းအောင် ကယ်နိုင်သောဘုရား မဟုတ်၍ မသင့်ပေ။ `အနန္တတန်ခိုးတော်ရှိတော်မှုသောကြောင့် ဘုရားမတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၍ မိမိ၌ ဘေးဥပါဒ်ရောက်သည့်အခါ ကယ်ပါ မ-ပါဟု ဆုတောင်းကြခြင်းသည် လျော်ကန်သင့်မြတ်၏´- ဟူသောစကား၌- ဘေးဥပါဒ်ရောက်သည်အခါ ကယ်ပါ မ-ပါဆိုလျှင် ခဏ ချက်ချင်း ဘေးဥပါဒ်ပျောက်ငြိမ်းလျှင် လျော်ကန်သင့်မြတ်ပေ၏၊ ကယ်ပါမ-ပါဆိုကာမျှနှင့် ခဏချက်ချင်း ပျောက်ငြိမ်းသည်ကို တစ်ယောက်မျှမမြင်ဘူး မကြားဘူးရ၊ မပျောက်ငြိမ်းနိုင်၍ ဆေးရုံတော်တွေ- ဆရာဝန်တွေနှင့် တကဲကဲနေရသူ, မပျောက်နိုင်ဘဲ သေ၍ သွားသူတို့ကိုမူကား မြင်ဘူးလှပါပြီ။ 
[ထို့ကြောင့် ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခုမရှိဟု ယုံကြည်၍ အားကိုကြခြင်းသည် အမှားစင်စစ်ဖြစ်၏။] `တရားတော်အတိုင်း ကျင့်ဆောင်သည့်အခါလည်း ဆုပေးတော်မူပါဟု ဆုတောင်းသည်´ ဟူသော စကား၌--- 
၁။ ထာဝရဘုရား မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိသည်မှန်လျှင် ဗုဒ္ဓဘာသာမှာကဲ့သို့ အဘယ်ကြောင့် တရားတော်အတိုင်း ကျင့်ဆောင်သည်ဟု ရှိရပြန်သနည်း။ မကျင့်ဘဲနှင့်ပင် ဆုသာတောင်း၍ နေပါတော့လော။ ၂။ တရားတော်အတိုင်း ကျင့်ဆောင်သူကိုမှ ဆုပေးနိုင်သည်၊ မကျင့်ဆောင်သူ ကိုမူကား ဆုမပေးပိုင်သလော၊ မပေးနိုင်လျှင် ငါတို့ဗုဒ္ဓဘာသာနှင့် ဘာထူးသေးသနည်း။ ကိုယ်ကျင့်တရားကိုလည်း တစ်ဖက်အားကိုး ရသေးသည်မဟုတ်လော။ 
၃။ ငါတို့ဘုရားလည်း သုခဘုံမှာ ထာဝရအမြဲ တည်နေတော်မူသည်၊ ထာဝရဘုရားလည်း သုခဘုံမှာ ထာဝရအမြဲနေသည်။ ငါတို့ဘုရားလည်း တရားတော်အတိုင်း ကျင့်ဆောင်သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ထာဝရဘုရားလည်း တရားတော်အတိုင်း ကျင့်ဆောင်သောသူကိုသာ ကယ်နိုင်, ဆုပေးနိုင်သည်၊ ဘာထူးသေးသနည်း။ 
၄။ ငါတို့ဘုရားမှာ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကို စွန့်ပစ်ပြီးလျှင် အသင်္ခတဓာတ်ဟူသော အတုမရှိသော နာမ်ဓာတ်တော်နှင့် စံနေသည်၊ ထာဝရဘုရားမှာ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေနှင့် နေရသည်၊ သည်မျှသာထူးကြသည် မဟုတ်လော။ 

ငါတို့ဗုဒ္ဓဘာသာ၌။ ။ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီးတွေကို မစွန့်ဘဲ သုခဘုံတစ်မျိုး၌နေသော သူများကို `ဗြဟ္မာ´ ဟူ၍သာ ခေါ်သည်၊ `ဘုရားရဟန္တာ´မခေါ်၊ ခန္ဓာတော်, ဝိညာဏ်တော်ဟူသော ဓာတ်ကြမ်းကြီး, ဓာတ်ဖြုန်းတွေကို အကုန်လဲ၍ အတုမရှိ အထွတ်အထိပ်ဖြစ်သော အသင်္ခတဟူသော ထာဝရဓာတ်သို့ ကူးပြောင်းနေသော သူများကိုသာ `ဘုရားရဟန္တာ´ ခေါ်သည်။ ခရစ်ယာန်ဘာသာ၌။ ။ ထာဝရဓာတ်ကို ကူးပြောင်းရန်ကို မဆိုထားလင့်၊ ဗြဟ္မာဘုံသို့ ရောက်စေတတ်သော အကျင့်ပင် သက်သက်မရှိ။ 

ငါတို့ဗုဒ္ဓဘာသာမှာသာ။ ။ သူတို့ထာဝရ ဘုရားခေါ်သော ဗြဟ္မာ့ဘုံသို့ ရောက်စေတတ်သော အကျင့်တို့ထက် အဆအသင်္ချေမက မြတ်ထွတ်လှသော ထာဝရဓာတ်အစစ်သို့ ရောက်စေတတ်သော အကျင့်တို့သည် အထင်အရှား များစွာရှိသတည်း။ 

ပန္နရသမရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။ 

ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၂၉, ၁၃၀, ၁၃၁, ၁၃၂, )

အရှင်ဝရသာမိ 

ရွှေချိန်ခွင် ( ၁၂ - ၁၃ )

ရွှေချိန်ခွင် အဆို ၁၂- 
(က) ဂေါတမရှိသည့်အခါမှခို၍ မလုံ၊ ငါမတတ်နိုင် ငါသော်မှ သေရဦးမည်ဖြစ်၍ “သဗ္ဗေသတ္တာ ကမ္မဿကာ” ဟုဆို၏၊ ဘုရားမရှိဟု ယူသောကြောင့် တစ်ချက် ဘုရား မတတ်နိုင်၊ ဝဋ်ဆိုက်၍ သေရသေးသည်ဟု ယူသောကြောင့်တစ်ချက် ဤအချက်နှစ်ချက် အကြောင်းကြောင့် ဗုဒ္ဓဘာသာ၌ ဘုရားကို ကိုးကွယ် ဆုတောင်းဝတ်ပြုရန် မလို။ 
(ခ) ခရစ်ယာန်ဘာသာက ဘုရားမရှိခဲ့သော် သတ္တဝါတို့သည် အနတ္တ သက်သက်ဖြစ်၍ တစ်စုံတစ်ခုကို မိမိစွမ်းအားဖြင့် မတတ်နိုင်ဟု အယူရှိ၍ ဘုရားကို ရှိခိုးဆည်းကပ် ကိုးကွယ် ကြ၏ ။ 

ဆရာတော် ရှင်းလင်းချက် 

“ ဂေါတမဘုရားရှိသည့်အခါမှ ခို၍မလုံ ” ဟူသော စကား၌-- 
၁။ ခို၍လုံသည့် အမှုလည်းရှိသည်။ 
၂။ မလုံသည့် အမှုလည်းရှိသည်။ ခို၍လုံသည့် အမှုအပြစ်ဟူသည်ကား။ ။ မသိသောအပြစ် မတတ်သောအပြစ် မလိမ္မာ သောအပြစ် မိုက်မဲသောအပြစ် မှားယွင်းတတ်သော အပြစ် ကြမ်းတမ်းယုတ်မာသော အပြစ် နောက်နောက်ဘဝတို့၌ ကာလအရှည် အပါယ်ငရဲ၌ ခံရသောအပြစ်၊ ဤအပြစ်မျိုးသည် ဘုရားကိုဆည်းကပ်ကိုးကွယ်၍ ဘုရားဟောသော တရားကို နေရာကျ ကျင့်သောသူတို့အား ထိုနေ့ကစ၍ မနှိပ်သက်နိုင်ပြီ၊ လွတ်ငြိမ်းချမ်းသာ၏ ၊ ထိုမသိတတ်သောအပြစ် မလိမ္မာ တတ်သောအပြစ် မိုက်မဲမှောက်မှားတတ်သောအပြစ်များကို ဘုရားမှသာ ကယ်နိုင်၏ ။ ကယ်နိုင်သည်ဆိုသည်မှာ။ ။ အမှန်ကို နေရာကျသိအောင်ဟော၍ပေးနိုင်သည်၊ လိမ္မာ အောင် မမှောက် မမှားရအောင် ဟော၍ ပေးနိုင်သည်၊ ဘုရားမှတစ်ပါး ကောင်းကောင်း ကြီးလိမ္မာအောင် ဟော၍ပေးနိုင်သောသူ တစ်ဦးတစ်ယောက်မျှမရှိ၊ အမိုက်ဘေးမှ လွတ်ကင်း လိုလျှင် ဘုရားကို ခိုမှလုံသည် ။ (အမိုက်ဘေးကင်းလွတ်၍ အလိမ္မာကို ရခြင်းသည် ဘယ်လောက် အဖိုးတန် သည်ဟု ဦးစောလှဖြူ မြင်၏လော။) 

မေး။ ။ လူတစ်ယောက်သည် ပစ္စည်းဥစ္စာအလွန်မွဲ၍ အလွန်ဆင်းရဲ၏၊ အလိမ္မာမရှိ၍ အလွန်လည်း မိုက်မဲ၏၊ ထိုသူက်ု တစ်ဦးသောသူက ရွှေတစ်ကုဋေ ငွေတစ်ကုဋေပေး၍ ဆင်းရဲ ပျောက်အောင် ကယ်မ-ပေ၏၊ အမိုက်ကိုကား ပျောက်အောင်မတတ်နိုင်။ တစ်ဦးသောသူက အမိုက်အမဲကို ပျောက်အောင် ဟောပြော၍ အလိမ္မာကို ကောင်း ကောင်းပေးပေ၏၊ ဥစ္စာပစ္စည်းကိုကား မပေးနိုင် ၊ ထို လူနှစ်ယောက်မှာ ဘယ်သူသာ၍ ကျေးဇူး ကြီးသနည်း။ 
ဖြေ။ ။ အလိမ္မာကို ပေးပေသောသူ၏ ကျေးဇူးသာကြီးပါသည်၊ အလိမ္မာကိုရလျှင် ဥစ္စာပစ္စည်းလည်း တည်ထွန်း၍ လာတော့မည် ၊ ပစ္စည်းဥစ္စာတွေကိုသာ များများကြီးပေး၍ အမိုက်မပျောက်လျှင် ထိုဥစ္စာတို့သည် မိုက်၍ ကုန်ဦးမည်၊ ဆင်းရဲမြဲဆင်းရဲဦးမည်။ ထို့ကြောင့် ရွှေတစ်ကုဋေ ငွေတစ်ကုဋေထက် အလိမ္မာကြီးတစ်ခုသာ သာ၍အဖိုးတန်သည် သာ၍ မြတ်သည်ဟု သိသာပါသည် ။ 
ထိုအလိမ္မာကြီးကိုမူကား။ ။ ဘုရားသာ ဟော၍ ပေးနိုင်ပါသည်၊ အလိမ္မာကြီးတစ်ခုလုံးရလျှင် အပါယ် ငရဲမှလည်း လွတ်အောင်ကြံနိုင်ပါသည်၊ လူဆင်းရဲမဖြစ်ရအောင်လည်း ကြံနိုင်ပါသည်၊ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာ့ချမ်းသာကိုလည်း ရအောင်ကြံနိုင်ပါသည်၊ အကျွတ်တရားကိုလည်း ယူနိုင်ပါသည်၊ နိဗ္ဗာန်တည်းဟူသော သုခဘုံသို့လည်း ရောက်နိုင်ပါသည်။ (ဤကား ဘုရားကိုခို၍လုံသော အမှုအပြစ်တွေတည်း။) 

ဘုရားကိုခိုသော်လည်း မလုံသောအမှုကား။ ။ ဘုရားကိုမခိုရသေးသောကြောင့် မလိမ္မာနိုင်သည်ဖြစ်၍ ရှေးရှေးကမ္ဘာက ရှေးရှေးဘဝတို့က အမိုက်တရားတွေကိုများစွာလက်လွန်ခဲ့ပြီးသော သူတို့အား တစ်ခုတစ်ခု သော အမိုက်တရားက အကျိုးပေးချိန်ရြေက်၍ မိမိမိုက်ခဲ့သောအပြစ်အားလျော်စွာ မကောင်းကျိုးကိုခံ နေရသောသူတို့ကို ဘုရားမကယ်နိုင်၊ ခို၍မလုံ။ ခို၍မလုံဆိုသော်လည်း။ ။ အနည်းငယ်သော အပြစ်မှန်လျှင် ခို၍လုံပါသေး၏၊ ရှေးကမိုက်ချက် အားကြီးလှသော အပြစ်မှန်လျှင် ခို၍မလုံ၊ ဘုရားကိုဖက်၍နေသော်လည်း မပျောက်၊ ရှေးရှေးက အမိုက်လက်လွန် အားကြီးလှ၍ အပါယ်ငရဲ၌ခံ၍နေရသောသူုကို ဘုရားမတတ်နိုင်။ 

(ငါတို့ဘုရားသာမတတ်နိုင်သည်မဟုတ်၊ ထာဝရဘုရားလည်း မတတ်နိုင် မကယ်နိုင်။) “ အကျွတ်တရားကိုရ၍ လက်လွန်ခဲ့သောအပြစ်ကို ဝန်ချ၍ တောင်းပန်လာလျှင် ထာဝရဘုရားက ချမ်းသာခွင့်ပေးနိုင်၏ ” ဟူသော စကားသည်- လားလားမဟုတ်၊ ထာဝရဘုရားကို ကိုးကွယ်သူ အကန်းတွေ အကျိုးတွေ အနူတွေ အရွဲတွေ အမွဲအတိတွေ မင်းပြစ် မင်းဒဏ်ခံနေရသောသူတွေ အထောင်မက များသည်ကိုမြင်၍ ထိုစကား မဟုတ်ကြောင်းကို သိသာလှပါသည်။ ရှေးရှေးက အမိုက်လက်လွန်ပြီးဖြစ်သော်လည်း။ ။ ထိုအမိုက်မှုတို့ အကျိုးပေးချိန် မရောက်သေးမီ ဘုရားကို အခိုဦး၍ ဘုရားစကားကို ကောင်းကောင်းကြီး နားမထောင်နိုင်လျှင် လုံးလုံး ပျောက်အောင် ဘုရားမတတ်နိုင်။ 
(က) ၁- ရှေးရှေးသော ဘဝတို့က လက်လွန်ခဲ့သော မိုက်ပြစ်တွေအားကြီးလှသောသူ၊ 
၂-ဘုရားကို အခိုနောက်ကျသောသူ၊ 
၃-ခိုရုံသာခို၍ ဘုရားစကားတော်ကို ကောင်းကောင်းကြီး နားမထောင်နိုင်သော သူတို့ကိုလည်း ငါးဘုရားမနိုင်ဟု ဟောတော်မူပေသည်။ 

(ခ) ၂- အသင်္ခတဓာတ်ခေါ်သော ဓာတ်နု၊ ဓာတ်မြတ်သို့ မကူးနိုင်သေး၍ ခန္ဓာ၊ နာမ်ဝိညာဏ် ဟူသော ဓာတ်ကြမ်း၊ ဓာတ်သုဉ်း၊ ဓာတ်သွံ၊ ဓာတ်ခွံတွေနှင့် ဖြစ်နေရသော သတ္တဝါတို့ကိုလည်း မနာရအောင် မအိုရအောင် မသေရအောင် ငါမတတ်နိုင်ဟု ဟောတော်မူပေသည်၊ မှန်ပေ၏- 

(ဂ) ၃- ဘုရားကိုတော် မြတ်မှာလည်း သတ္တဝါအများကို လိမ္မာဖို့ရာ ပိဋကသုံးပုံကို စေ့စုံအောင် ဟော၍ မပြီးသေးသောကြောင့် ဓာတ်မပြောင်းသာသေးမီဖြစ်၍ ငါသော်မှ သေရဦးမည်ဟု ဟောတော်မူသည်။ (ဓာတ်ပြောင်း၍ သုခဘုံ၌ တည်မိသည့်နောက် အိုသည် နာသည် သေသည်ဟူ၍ မရှိပြီ၊ ထာဝရ ဘုရားဖြစ်ပါတော့သည်။) 

ငါတို့ဗုဒ္ဓဘာသာ၌။ ။ ခန္ဓာတော် ဝိညာဏ်တော်ဆိုသော ဓာတ်များသည် ဓာတ်ကျမ်း ဓာတ်သွံတွေ ဖြစ်သည်၊ မအို မသေ အမြဲနေသော ထာဝရဓာတ်မျိုးမဟုတ်၊ အတုမရှိမြတ်သော အနှစ်သာရဖြစ်သော အသင်္ခတဓာတ် တစ်ခုသာလျှင် မအို မသေ အမြဲနေသော ထာဝရဓာတ်ဖြစ်သည်။ (ခရစ်ယာန်ဘာသာဝင်တို့ ထိုဓာတ်ကို ရှိမှန်းမသိကြ။) “ ယခုဘုရားမရှိပြီဟု ယူသောကြောင့် မရှိသောဘုရားကို ကိုးကွယ်ဆုတောင်းဝတ်ပြုရန်မလို ” ဟူသော စကားမှာ အဘယ့်ကြောင့် မလိုဘဲရှိရအံ့နည်း။ ငါတို့ဘုရားသည်း သုခဘုံသို့မပြောင်းမီ ပိဋကတ်သုံးပုံကို ဟောကြား၍ ငါတို့ကို အလိမ္မာပေးခဲ့သော ကျေးဇူးတော် ပိဋကတ်သုံးကို ထင်ရှားထားခါပေး၍  မိမိလုံ့လရှိသလောက် ယခုလည်း လိမ္မာကြရပေသည်၊ နောင်လည်း လိမ္မာကြလိမ့်ဦးမည်၊ ဘယ်အခါမှ ဗုဒ္ဓဘာသာဝင် ငါတို့အပေါ်၌ ကျေးဇူးတော်မြတ် မကွာ ပါတကား။ 
၁။ သို့-ကျေးဇူးတော် အနန္တကြီးရင်ဖြစ်ပေ၍ ကိုးကွယ်ဆုတောင်းဝတ်ပြုကြသည်ကို ဦးစောလှဖြူက အမှားဆိုမည်လား။ 
၂။ ဘုရား ကျေးဇူးတော်မြတ်ကြီးကို မဆိုထားဘိဦး၊ ဤလောက၌ ခံရပေသော ဆရာသမား မိဘဂုဏ် ကျေးဇူးများကိုပင် ထိုသူတို့မရှိသော်လည်း မမေ့ကောင်း မမေ့ထိုက်ဟူသော သူတော်ကောင်း တရားကြီးတစ်ပါး သည် လူမျိုးတိုင်းမှာပင် ရှိကြသည်ကို ဦးစောလှဖြူ မသိရှာသလား။ 
၃။ ချင်းရိုင်း ကရင်ရိုင်းတို့မှာပင် သည်တရားရှိပါသည်၊ ဦးစောလှဖြူသည် ချင်းရိုင်း ကရင်ရိုင်းထက်ပင် ရိုင်းသေးသလား။ ( ငါတို့လိမ္မာဖို့ ပိဋကတ်သုံးပုံကို ဟောနိုင်အောင် ငါတို့အတွက်သက်သက်နှင့် ပါရမီဖြည့်တော်မူရ၍ ၄-သင်္ချေနှင့် ကမ္ဘာတစ်သိန်း အပင်ပန်းခံတော်မူသော ဘုရားကျေးဇူးတော်မြတ်ကို ရှေး၌ဆိုခဲ့ပြီ။) 

“ ဝဋ်ဆိုက်သေရဦးမည် ” ဟူသောစကားမှာ။ ။ ဘုရားတို့မည်သည် ဝဋ်ဆိုက်သေရသည်ဟူ၍ မရှိ၊ ဦးစောလှဖြူ မသိ၍ ဆိုခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်လူတို့သည်။ ။ သူတို့ထာဝရဘုရား မတတ်နိုင် မမနိုင် မကယ်နိုင်သော အရာတွေများစွာရှိသည်ကို မသိရှာကြ၍ သူတို့ဘုရားကို ကိုးကွယ်လျှင်ပင် အပြစ်ခပ်သိမ်း အကုန်ငြိမ်းသည်ဟု အယူမှောက်မှားသဖြင့် တရားကို များစွာမကျင့်ကြပဲ ဘုရားကိုသာ အားကိုး၍ ရှိခိုးဆည်းကပ် ကိုးကွယ်ကြခြင်း သည် သူတို့ဘုရားကိုကပင် တရားကို စေ့စေ့စုံစုံ မဟောတတ်ရှာ၍ ငါ့ကိုကိုးကွယ်လျှင် အပြစ်ခပ်သိမ်း အကုန်ငြိမ်း၏ဟု အပြီးစလွယ် လိမ်လည်လှည့်ဖြား၍ ထားခဲ့သောတရားနှင့် ညီကြပေ၏။ ( ထာဝရဘုရား မကယ်နိုင်သော အပြစ်တွေကို ရှေး၌ပြဆိုခဲ့ပြီ။) 

(ဒွါဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။)

ရွှေချိန်ခွင် အဆို ၁၃. 

ဗုဒ္ဓဘာသာမှာ ဘုရားမရှိပဲလျက် မိမိကိုယ်ကျင့်တရားကို ကျင့်လျင်ပင် ဖြစ်နိုင်၏- ဆို၍ ဘုရားကို အားမကိုး၊ ဘုရားကို မခိုမှီးရာကျ၏။ 

ဆရာတော် ရှင်းလင်းချက် 

ဤစကား၌........ မိမိကိုယ်ကျင့်တရားကို မိမိကျင့်မှ ဖြစ်နိုင်သည် မှန်ပါ၏။ မိမိကိုယ်ကျင့်တရားကိုမူကား.......... 
၁။ ဘုရားက ဟော၍ပေးမှ နေရာကျ ကျင့်တတ်သည်၊ ကျင့်တတ်အောင် ဟော၍ထားခဲ့ပေသော ကျေးဇူးတော်တွေသည် အနန ္တရှိပေသည်ဖြစ်၍ ဘုရားကို အားလည်းကိုးရသည်၊ ခိုလည်း ခိုမှိးရသည်။ 
၂။ ဘုရား၏ ကျေးဇူးတော် ဂုဏ်တော်မြတ်ကို သိ၍ ယုံကြည်၍ အားကိုးခြင်း၊ ကိုးကွယ်ခြင်း၊ ဝတ်ပြုခြင်း၊ လှူဒါန်းပူဇော်ခြင်းများသည်လည်း မိမိကိုယ်ကျင့်တရားတွေပင် ဖြစ်သည်။ (ဦးစောလှဖြူ ဆိုခွင့်မရှိ) 

(တေရသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။) 

ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၂၂, ၁၂၃, ၁၂၄, ၁၂၅, ၁၂၆, ၁၂၇, ၁၂၈)

အရှင်ဝရသာမိ 

ရွှေချန်ခွင် ( ၁၀ - ၁၁ )

ရွှေချန်ခွင် အဆို ၁၀- 
(က) သိကြား နတ်များ ရှိသည်ကို မမြင်ရဘဲနှင့်ပင် ယုံသောကြောင့် ဘုရားလည်း အရူပဖြစ်တော်မူ၍ မမြင်နိုင်သော်လည်း ရှိသည်ကို ယုံသင့်၏ ။ 

ဆရာတော်ရှင်းလင်းချက် 

ပကတိသောလူတို့၏ မျက်စိနှင့် မြင်ကောင်းသော သတ္တဝါတို့ကား-- 
၁။ လူ့ဘုံသား ၂။ တိရစ္ဆာန်ဘုံသား ဤနှစ်ဘုံသားသာ ရှိသည်။ ၃။ ငရဲဘုံသား ၄။ ပြိတ္တာဘုံသား တို့လည်း အကောင်အထည် ကြီးမားကြလျက် မမြင်ကောင်းသည်သာ များ၏။ လူ့ဘုံမှ အထက် တစ်ဆင့်ထက်-တစ်ဆင့် အလွန်ကြီးကျယ်လှစွာသော ကောင်းကင်ဘုံကြီးပေါင်း ၂၆-ဆင့်ရှိ၏၊ ထိုကောင်းကင်ဘုံကြီးသားတို့ကိုလည်း လူတို့ပကတိမျက်စိနှင့် မမြင်နိုင်၊ ဈာန် အဘိညာဏ် အကျင့်ကို ကျင့်နိုင်သော သူတို့သာ မြင်နိုင်သည်၊ ရောက်အောင်လည်း သွားနိုင်သည် ။ ထိုကောင်းကင်ဘုံတို့ကို မြင်နိုင်သော သူတို့ကား။ ။ ကမ္ဘာဦးအခါ၌လည်း ပေါများ၏၊ ငါတို့ဘုရားလက်ထက်တော်၌ကား မဇ္ဈိမ ဒေသအရပ်တွင် ကုဋေမကများ၏၊ သီဟိုဠ်ကျွန်း၌ သာသနာ သက္ကရာဇ် ခုနှစ်ရာ ရှစ်ရာခန့်တိုင်အောင် ပေါများ၏၊ နောက်မှ တရွေ့ရွေ့ ကွယ်ပျောက်သည်၊ ထိုကောင်းကင် ဘုံကြီး ၂၆-ဆင့်၌ နေကြကုန်သောနတ် သိကြား ဗြဟ္မာတို့သည် ငါတို့ဘုရား၏ တပည့်တပန်းလည်း များ၏၊ အလွတ်လည်းများ၏ ။ 

(ကောင်းကင်ဘုံ၌ မအို မသေ အမြဲနေသော လောက၌ ရှိရှိသမျှကို ဖန်ဆင်းနိုင်သော ထာဝရဘုရားရှိ၏ ဟူသောအယူသည် ခရစ်တော်ပေါ်မှသာ ဖြစ်သော အယူမဟုတ်၊ ကကုသန် ကောဏာဂုမ် ကဿပ ဂေါတမ ဟူသောဘုရား ၄-ဆူမပွင့်မီ ကမ္ဘာဦးအခါကပင် ဖြစ်၍ လာခဲ့သော အယူတည်း ။) 

သဗ္ဗညု မြတ်စွာဘုရား တို့ပွင့်တော်မူ၍ သာသနာတော်မြတ် ထွန်းကားတုန်းအခါ ထွန်းကားရာအရပ်တို့၌သာ ထိုအယူကွယ်ပ၍ နေသည်၊ သာသနာကွယ်ပြန်လျှင် ထိုအယူထွန်းကားမြဲ ထွန်းကားပြန်၏၊ သာသနာ ကွယ်သောအခါမှာလည်း ဉာဏ်ပညာ ကြီးလှသော မင်း ပုဏ္ဏား ရသေ့ ရဟန်းတို့ဖြစ်ထွန်းရာ နိုင်ငံကြီးများ၌ ထိုအယူ မထွန်းနိုင်ရှိ၏။ ( ဤအယူကို ဗုဒ္ဓဘာသာကျမ်းဂန်၌ “ ဧကစ္စသဿတဝါဒ ” ခေါ်သည်၊ ဗြဟ္မဇာလသုတ်တွင် လာသည် ။) ထိုသုတ်၌ လာသောဗြဟ္မာကြီးကိုပင် ခရစ်ယာန်ဘာသာ ပသီဘာသာတို့၌ “ ထာဝရ ဘုရား ” ခေါ်သည်၊ ဟိန္ဒုပုဏ္ဏား ဘာသာ၌ကား “ဗြဟ္မာ” ဟူ၍ ခေါ်သည် ။ ထိုဗြဟ္မာကြီးသည် နတ် သိကြားကဲ့သို့ ထင်ရှား ရှိပေသောကြောင့် နတ် သိကြားရှိသည်ကို ယုံကြည်အပ် သကဲ့သို့ ထာဝရဘုရား ရှိ၏ဟူသည်ကို ယုံကြည်သင့်၏ဟု ဦးစောလှဖြူ ဆိုပေသည်။ 

ဒသမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏ ။ 

ရွှေချိန်ခွင်အဆို ၁၁- 
(က) ခရစ်ယာန် ဘာသာ၌ မြတ်စွာဘုရား ထင်းရှာရှိ၍ “ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ” ဟု ကျမ်းဂန် လာသည် နှင့်အညီ ဘုရာထံ ခိုမှီ ကိုးကွယ်ကြ၏၊ ခိုမှီကိုးကွယ်ခြင်းနှင့် ဘုရားရှိသည်ဟု ဆိုခြင်းညီ၍ မှန်သည်ဟု သိသင့်၏။ 
(ခ) ဗုဒ္ဓဘာသာက ယခုဘုရားမရှိဟုဆို၍ ရှိခိုးပူဇော် ကိုးကွယ်ခြင်းနှင့်မညီ၊ မှားပြီဟု-သိသင့်၏။ 

ဆရာတော် ရှင်းလင်းချက် 

ဤစကား၌- “ ထာဝရဘုရားထင်ရှာရှိသည် ” ဟူသော စာအုပ်ငယ်များက အဆိုနှင့်သာ ပြောရသည်၊ ဗုဒ္ဓဘာသာနှင့် စာ၍ကြည့်သော် ကျမ်းဂန်အနေချင်းသည် အနန္တကွာကြသည်၊ ဗုဒ္ဓဘာသာကျမ်းဂန်ကြီးသည် မဟာသမုဒြာ လေးစင်း မြစ်ကြီးငါးသွယ် မြစ်ငယ်ငါးရာ တိုင်းကြီးခုနှစ်တိုင်းနှင့် အလားတူသည်၊ ခရစ်ယာန်ဘာသာ စာနုပ်ငယ်များသည် နွားခွါရာခွက်ရေမျှသာ ဖြစ်ချေသည်။ 

ဗုဒ္ဓဘာသာသည်။ ။ ရွှေ ငွေ ပုလဲ ပတ္တမြားစသော ရတနာဆယ်မျိုးတို့ဖြင့် ပြည့်နှက်သော မြင်းမိုရ်တောင်ကြီးနှင့် အလားတူသည်၊ ထို့ကြောင့် ဤဗုဒ္ဓဘာသာကို ကောင်းကောင်းတတ် ကျွမ်းကုန်သော အရှင်တို့သည် အနှစ်သာရနှင့် ပြည့်စုံသော များစွာသော ကျမ်းဂန်တွေ ထွန်းကားသည်။ 

ခရစ်ယာန် ဘာသာသည်။ ။ မြေအတိပြည့်သော တောင်ပို့ပျက် တောင်ပို့ဟောင်းငယ် နှင့်တူပါသည်၊ ထို့ကြောင့် ထိုခရစ်ယာန်ဘာသာကို ကောင်းကောင်း တတ်ကျွမ်းသည်ဆိုသော သူတို့သော်မှလည်း မဖြစ်စလောက် ရောက်တတ်ရာရာ စာအုပ်ဘုတ်အုပ် နုပ်နုပ်ဖွဲဖွဲသာ အနိုင်ထုတ်နိုင်သည်။ 

ထို့ကြောင့်ပင်လျှင်- 
၁။ ခရစ်ယာန်ဘာသာကို ကောင်းကောင်းတတ်သည်ဟု ဆရာတစ်ယောက် လုပ်သောသူတို့သည် ဗုဒ္ဓဘာသာကို အတော်အလျော်တတ်သော သူနှင့်တွေ့၍ ဘာသာစကား ပြောဆိုကြလျှင် အရေလယ်အောင် မပြောနိုင်ကြကုန်။ 
၂။ ဗုဒ္ဓဘာသာကိုတတ်ကျွမ်း၍ နေရာကျ မေးတတ်သောသူ ရှိရာသို့တစ်ခေါက်ပြင် နှစ်ခေါက်မလာဝံ့ရှာ ကြကုန်။ 
၃။ ကောင်းကောင်း မေးနိုင်သောသူနှင့် တွေ့ရမည်ကို အလွန်ကြောက်ရှာကြကုန်သည်။ 
၄။ ဗုဒ္ဓဘာသာကို အကျွမ်းအကျင်နည်းပါးလှ၍ အဆစ်အပိုင်းကို မသိသေးသော လူပြိန်းတို့ရှိရာသို့သာ လာဝံ့ရှာကြသည်။ 
၅။ ဗုဒ္ဓဘာသာကို ကောင်းကောင်းတတ်ကျွမ်းသည် ဖြစ်၍ အဆစ်အပိုင်းကို သိပြီးသော သူတစ်ယောက်သည်ကား ခရစ်ယာန်ဘာသာကို အကုန်တတ်ကျွမ်းသူ တစ်ထောင်ကို အမှုမထား။ 
(ဤကား ယခုလောကတွင် မြင်ရသော အခြေအနေချင်းကွာလှမ်းပုံတည်း။) ထို့ကြောင့်- ဦးစောလှဖြူသည်။ ။ ရေပြည့်သော နွားခွါရာခွက်ငယ်များနှင့်လည်းကောင်း၊ မြေအတိပြည့်သော ခြတောင်ပို့ ပျက်ငယ်နှင့်လည်းကောင်း အလွန်တူလှစွာသော ခရစ်ယာန်စာအုပ်ငယ်များကိုသာ အမြင်မျက်စိရှိ၍ ဆိုခဲ့ပြီး သော မဟာသမုဒြာ စသည်တို့နှင့်လည်းကောင်း၊ ရတနာဆယ်ပါးအတိပြည့်သော မြင်းမိုရ်တောင်ကြီးတွေနှင့် လည်းကောင်း အလွန်တူလှစွာသော ဗုဒ္ဓဘာသာ ကျမ်းကြီးတွေကို အမြင်မျက်စိ မရှိရှာသောကြောင့် အယူမှောက်မှား၍- 
၁။ သရဏဂုံသုံးပါးဟူ၍ အစ-အန ပြစရာ ယခုလည်းမရှိ၊ ရှေးကလည်း မရှိစဘူး၊ နောင်လည်းရှိမည် မဟုတ်သော ခရစ်ယာန်ဘာသာမှာ သရဏဂုံသုံးပါး ထင်းရှားရှိသည်ဟု ဆိုမှာခြင်း၊ 
၂။ သရဏဂုံသုံးပါး မျက်မြင်ကမ္ဘာမြေပေါ်တွင် အနှံ့အပြား ထင်ရှားရှိပါသော ဗုဒ္ဓဘာသာကြီးမှာ သရဏဂုံ သုံးပါး အစေ့အစုံမရှိဟု ဆိုမှားများခြင်းသည်- ဘုရားအလောင်းတော် မဟောသဓဇာတ်၌။ ။ ပဲဝက်မျှသော ဥစ္စာ လည်ပင်း၌ရှိသော ပုတ်သင်ငယ်သည် မိတ္ထီလာပြည်ကြီးရှင် ဝိဒေဟရာဇ်မင်းကြီးကို ငါ့လောက်ဥစ္စာမရှိဟု ဆိုမှားသည်နှင့် မခြားနားဖြစ်ချေသည်။ 
၁။ ခရစ်ယာန်ဘာသာ၌ ဘုရားထင်ရှား ရှိသည်သာဆို၍ ဘုရားရှိကြောင်းကို အစွန်းအစ သက်သေပြစရာ တစ်ခုမျှမရှိ။ 
၂။ ဗုဒ္ဓဘာသာမှာ ရူပကာယကိုယ်တော်တစ်စိတ်နှင့် ဓမ္မကာယကိုယ်တော်မြတ် ထင်ရှားရှိကြောင်းကို ကမ္ဘာမြေပေါ်တွင် မျက်မြင်သက်သေ အစွန်းအစ ပေါများလှပါ၏။ ( ဦးစောလှဖြူ အမြင်မျက်စိမရှိ၍ မမြင်ပါသည်။) 

ထို့ကြောင့်--- ဗုဒ္ဓဘာသာသာမှာ။ ။ ဘုရား တရား သံဃာ ဟူသော သရဏံဂုံသုံးပါး ယခုမျက်မြက် ထင်ရှားရှိသည်နှင့် ရှိခိုးပူဇော် ကိုးကွယ်ခြင်းသည် ညီညွှတ်လှ၏။ 
ခရစ်ယာန်ဘာသာမှာ။ ။ ဘုရားလည်းပြစရာ အစအနမရှိ တရားလည်းပြစရာ အစအနမရှိ သံဃာလည်း ပြစရာ အစအန မရှိသည် ဖြစ်၍ မှီခိုကိုးကွယ်ကြသော အမှုသည် ဤရေသဖန်းပင်ကြီးသည် ပွင့်လိမ့်မည်၊ ရေသဖန်းပွင့် တစ်ပွင့်လျှင် ခဲတစ်ပိဿာကို ရွှေဖြစ်စေနိုင်၏ဟု လူလိမ်တစ်ယောက်က စာရေး၍ ချထားသည် ကိုမြင်၍ ရွှေသူဌေး လုပ်ရအောင် ရေသဖန်းပင်ကို ပွင့်နိုးနိုး ကိုးကွယ် စောင့်ရှောက်၍နေသော သူတို့၏ အမှုနှင့်မခြား ဖြစ်ချေသည် ရေသဖန်းပင်တို့သည် ပွင့်ရိုးမရှိကုန်။ 

( ဧကာဒသမ ရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏၊ ) 
ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၁၇, ၁၁၈, ၁၁၉, ၁၂၀, ၁၂၁, ၁၂၂)

အရှင်ဝရသာမိ 

ရွှေချိန်ခွင် ( ၇ - ၈ - ၉ )

ရွှေချိန်ခွင်အဆို ၇- 
(က) ဗုဒ္ဓဘာသာ၌ ဘုရားအစဉ်မရှိ၊ တရားကိုကျင့်မှ ဖြစ်သည်၊ နောက် နိဗ္ဗာန်ဝင်၍ ပျက်စီးပြန်သည်ဟု ဆို၏ ။ (ခ) ပဌမဗုဒ္ဓ ကျင့်သောတရားကို အဘယ်သူ ထားခဲ့သနည်း၊ ကျင့်သည်အခါ ဘယ်ဘုရားထံ ဆုတောင်းပါ သနည်းဟု-မေးစရာရှိ၏၊ ပဌမဗုဒ္ဓသည် အဦးဆုံးဖြစ်၍ သူ့အထက်ကပေါက်သော ဗုဒ္ဓမရှိသေးသောကြောင့် မပေါက်ဘဲ နိစ္စထာဝရတည်နေသော မြတ်စွာဘုရား၏ တရားတော်ကို ကျင့်သည်၊ ထိုဘုရားထံ ဆုတောင်း သည် ဟု သိသင့်၏၊ ထိုနှင့်ပေါက်ရသော ဗုဒ္ဓသည် သမ္မာသမ္ဗု မဟုတ်၊ သုတဗုဒ္ဓ သက်သက်ဖြစ်၏။ 

ဆရာတော်ရှင်းလင်းချက် 
ဤစကားကိုလည်း ဦးစောလှဖြူသည် ဗုဒ္ဓဘာသာတရား ကျမ်းဂန်နှင့် အနားအနီးမျှ မသီဘူးသောကြောင့် စကားဖြစ်ရသည် ဗုဒ္ဓဘာသာတရားကျမ်းဂန်နှင့် သီဘူးလျှင် စကားဖြစ်ဖွယ်မရှိ ။ အနမတဂ္ဂေါယံ ဘိက္ခေ၀ သံသာရော -ဟူသော ဒေသနာတော်မြတ်နှင့် အညီ သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ သတ္တဝါလည်း အစမရှိ ဘုရားလည်း အစမရှိသည်ဖြစ်၍ အဘယ်မှာ “ ပဌမဗုဒ္ဓ-အဦးဆုံးဖြစ်သော ဘုရား ” ဟူ၍ ရှိပါအံ့နည်း ။ အဦးဆုံးဖြစ်သော ဘုရားဟူ၍ မရှိခဲ့သော်။ ။ ဘုရားဖြစ်အောင် ကျင့်သော တရားလည်း လောက၌ အလျဉ်မပြတ် ဆုတောင်းရန် ဘုရားလည်း အလျဉ်မပြတ်သည်ဖြစ်၍ ထာဝရဘုရား ဝင်စရာ အကွက်ပင် မရှိ၊ ထာဝရဘုရားထံလည်း ဆုတောင်းဖွယ် မရှိ။ ရှေးရှေးသော ဘုရားတို့ထံ၌ ဆုတောင်း၍ ဖြစ်ရသော ဘုရားပင်ဖြစ်သော်လည်း။ နောက်ဆုံးဘဝ၌မူကား ဆရာဟူ၍ မရှိဘဲ မိမိအလိုလို ကိုယ်တိုင်လည်းသိသည် အကြွင်းအကျန်မရှိလည်း သိသည်ဖြစ်၍ သမ္မာသမ္ဗုဒ္ဓသည်သာ ဧကန်စင်စစ်ဖြစ်၏၊ သုတဗုဒ္ဓ မဖြစ်လေ။ 

သတ္တမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏။ 

ရွှေချိန်ခွင်အဆို ၈- 

(က) ပဌမသတ္တဝါနှင့် တိရစ္ဆာန်တို့ အဘယ်ကဖြစ်သနည်း မေးလျှင် ကံကြောင့် ဖြစ်သည်ဟု ဗုဒ္ဓဘာသာက ဆို၏။ 
(ခ) အထက်ကဖြစ်သော ဘဝမရှိသေးသောကြောင့် ကံကို မလုပ်ရသေး၍ ကံမရှိနိုင်၊ ကံမရှိလျှင် ကံကြောင့်ဖြစ်သည်ဟုဆိုသော အယူူဝါဒမမှန်ဟု သိရ၏ ။ 

ဆရာတော်ရှင်းလင်းချက် 

ရှေး၌ ဆိုခဲ့ပြီးသောအတိုင်း သံသရာလည်း အစမရှိ ကမ္ဘာလည်း အစမရှိ တစ်ယောက်တစ်ယောက်သော သတ္တဝါလည်း အစမရှိ ကံလည်း အစမရှိသည်သာဖြစ်၍ ဦးစောလှဖြူစကား၌ “အထက်က ဖြစ်ဘူးသော ဘဝမရှိသေး-ဟူသောစကား ကံကိုမလုပ်ရသေး ဟူသော စကား ” များသည် ရယ်ဖွယ်သာဖြစ်၏။ 
(အဋ္ဌမရွှေချိန်ခွင် အဆို ရှင်းလင်းချက်ပြီး၏။) 

ရွှေချိန်ခွင် အဆို ၉- 
(က) ထာဝရဘုရားမရှိလျှင် ကမ္ဘာဦးသူများသည် အလင်းကို အဘယ်သူ့ထံ တောင့်တသနည်း။ 
(ခ) တောင့်တသည့်အတိုင်း နေကို အဘယ်သူ ပေးတော်မူပါသနည်း။ 
(ဂ) ကမ္ဘာဦးက ဘယ်သူမျှ မရှိသေးသောကြောင့် ထာဝရဘုရား ပေးတော်မူသည်ဟု သိသင့်၏။ 

ဆရာတော် ရှင်းလင်းချက် 

ရှေးရှေးသော ကမ္ဘာအဆက်ဆက်တို့ကပြုခဲ့သော ကံတွေများစွာ ရှိသော ကမ္ဘာဦးသူတို့အား စိတ်နှင့်နှုတ်နှင့် တ-သ-လိုက်လျှင်ပင် အများတကာ ကံတွေကြောင့် နေ လ နက္ခတ် တာရာတို့သည် ပေါ်လာမြဲဓမ္မတာ ဖြစ်လေရကား အလင်းကို အဘယ်သူ့ထံ ခ-ခ-စားစားတောင့်တရတော့အံ့နည်း၊ ထိုသတ္တဝါတို့ ရှေးရှေးကမ္ဘာ အဆက်ဆက်က ပြုခဲ့သော ကံတရား ထင်ရှားရှိလေပြီဖြစ်သောကြောင့် ကမ္ဘာဦးအခါ၌ ထာဝရဘုရားကို အသုံးချရန် အကွက်မရှိပြီ။ 

( နဝမရွှေချိန်ခွင် အဆိုရှင်းလင်းချက်ပြီး၏ ။) 

ကျမ်းကိုး- လယ်တီဆရာတော် 
သာသနဝိသောဓနီကျမ်း-ဒုတိယတွဲ (နှာ- ၁၁၄, ၁၁၅, ၁၁၆, )

အရှင်ဝရသာမိ 

ရွှေချိန်ခွင် ( ၅ - ၆ )

ရွှေချိန်ခွင်အဆို ၅- 
(က) ခရစ်ယာန်ဘာသာက ကိလေသာ တဏှာရာဂကို မြစ်တား၏ ။ 
(ခ) ဗုဒ္ဓဘာသာက မမြစ်တား ၊ ခွင့်ပြု၏ ၊ ခွင့်ပြုသောကြောင့် မိမိသဘောရှိသည့်အတိုင်း မယားများများ နေတတ်ကြ၏၊ ကွာရှင်းကြ၏၊ လောကမှသာ ခွင့်ပြုသည်အဟုတ်၊ နတ်ပြည်၌ နတ်သမီးငါးရာ၊ ခုနှစ်ရာ ဘုံခုနှစ်ဆင့်တွင် ခံစားစေသေး၏ ။ 

ဆရာတော် ရှင်လင်းချက် 

ဤစကားကို ဦးစောလှဖြူသည် ဗုဒ္ဓဘာသာနှင့် အလွန်ဝေးသူဖြစ်၍ ဆိုမိလေသည်။ ငါတို့ဘုရားသည်။ ။ ကိလေသာ တဏှာရာဂများကို မစင်ဘင်ပုပ်ထက်မက အလွန်စက်ဆုပ်တော် မူလှသည်၊ စက်ဆုပ်တော်မူသောကြောင့်ပင်လျှင် ထီးနန်းစည်းစိမ်ကို စွန့်ပစ်၍ တစ်ကိုယ်တော်တည်း တောထွက်တော်မူကြောင်း တပည့်သားရဟန်းတို့ကိုလည်း ကိလေသာ တဏှာရာဂတို့ိကို ကုန်စင်အောင် စွန့်ပစ်ခြင်းငှါ ဥစ္စာစီးပွား သားမယားနှင့် မစပ်ရကြောင်းကိုမျှ ဦးစောလှဖြူ မကြားဘူးဘဲ ရှိရလေသည်။ 
ယခုမျက်မြင်၌။ ။ တပည့်သားတော် အဆက်အနွယ်ဖြစ်၍ ကောင်းစွာကျင့်ပေးသော ရဟန်းတော် သံဃာတော်တွေ အနန္တရှိသည်ကိုမျှလည်း ဦးစောလှဖြူ အမြင်မျက်စိ မရှိရလေ ။ 
ကိလေသာအပေါင်းတို့တွင်- 
၁။ မြင်ကောင်းသော အရာကို မမြင်နိုင်ဘဲ မိုက်မဲဖုံးပိတ်၍နေသော မောဟကိလေသာနှင့် 
၂။ အမှားကိုးအားကျ၍ သွားတတ်သော ဒိဋ္ဌိကိလေသာသည် အဆိုးဆုံးဖြစ်ပါသည်။ ထိုကြောင့် မယားတစ်ယောက်မှပင် မယူငြားသော်လည်း ထိုကိလေသာကြီး နှစ်ပါးဖက်သို့ ပါသော သူသည် မယားတစ်ထောင်ယူသောသူထက်ပင် အပြစ်ကြီးလှသည်ဟု တရားတော်ရှိသည်။ မယားများများယူသောသူသည်။ ။ ဘုရာစကားကို  ကောင်းကောင်းကြီး နားမထောင်နိုင်သေးသော သူတို့သာတည်း၊ ဘုရာစကားကို ကောင်းကောင်း နားထောင်နိုင်သော သူတို့မှာမူကား ရဟန်းပြုကြရသည်။ နတ်ပြည်၌ နတ်သ္မီးငါးရာ ခုနှစ်ရာနှင့် စံစားခြင်းသည် နတ်ပြည်၏ အလေ့ပေတည်း၊ ဘုရားတရားနှင့် မစပ်၊ ဘုရားစက်ဆုပ်တော်မူသော အမှုသာတည်း ။ 

ပဉ္စမရွှွေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏ ။ 

ရွှေချိန်ခွင်အဆို ၆- 
(က) ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံသရဏံ ဂစ္ဆာမိ- ဆိုသည့်အတိုင်း ခရစ်ယာန်ဘာသာမှာ ကိုးကွယ်ရာ သရဏံဂုံသုံးပါးရှိ၏ ၊ ထိုသုံးပါးသည်ကား ထာဝရမြတ်စွာဘုရားသခင် ရေရှုခရစ်တော်နှင့် ဝိညာဏ်တော်ဖြစ်၏။ 
(ခ) ဗုဒ္ဓဘာသာမှာ ထိုသုံးပါးအနက် တရားတစ်ပါးသာ ရှိသည် ဘုရားနှင့် သံဃာမရှိ၍ မစုံလင်။ 

ဆရာတော် ရှင်းလင်းချက် 

ခရစ်ယာန်ဘာသာမှာ သရဏံဂုံသုံးပါးနှင့် ပြည့်စုံသည်ဆို၍ သုံးပါးကို ပြရာမှာ--- 
၁။ ထာဝရဘုရားသခင် တစ်ပါး 
၂။ ရေရှုခရစ်တော် တစ်ပါး 
၃။ ဝိညာဏ်တော် တစ်ပါးကို ပြသည်။ ဤသုံးပါးကို ဦးစောလှဖြူကိုယ်တိုင် မြင်ဘူးသလော၊ မြင်ဘူးပါသည် ဆိုသူနှင့် တွေ့ဘူးရသလော။ ( စာတွေ့ မျှလောက်ကို အစွဲပြု၍ ပြောရှာရသည်။) 
ငါတို့မှာမူ။ ။ အထက် ပဌမစကားအချက်၌ ဆိုခဲ့ပြီးသော -- 
၁။ ဆံတော် သွားတော် စွယ်တော် အရိုးတော်တို့ကို ဘုရားပရိနိဗ္ဗာန်စံတော်မူသည့်နေ့မှစ၍ ယနေ့ထက်တိုင် ဆက်လက်မပြတ် စောင့်ရှောက်ကိုးကွယ်၍ လာကြသည်၊ အကျော်စေရ ဖြစ်တော်မူသော စေတီပုထိုးတွေ အထင်အရှားဖြစ်၍ ဘုရားလည်း မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။ 
၂။ ပိဋကတ်သုံးပုံဟူသော တရားတော်လည်း အထင်အရှား ဖြစ်သည်။ 
၃။ ကလျာဏပုထုဇဉ် ဖြစ်ပေကုန်သော သမ္မုတိသံဃာတော်လည်း အထင်အရှားပင် ဖြစ်ပါသည်။ သူဆင်းရဲတစ်ယောက်ကို အိပ်၍ နေစဉ်အခါ စိတ်တန်းမိ တန်းရာနှင့် အထောင်တစ်ရာခန့်ရှိသော ရွှေပုံ ငွေပုံတွေကို အိပ်မက်မြင်မက်သည်ကို တကယ်မှတ်၍ ကစုန်း ကပွားထ၍ ကုဋေရှစ်ဆယ် ကြွဝသော သူဌေးကြီးထံ သွားပြီးလျှင် ယနေ့မှစ၍ ငါသူဌေးကြီး လုပ်မည်၊ သင်သူဌေးငယ်သာ လုပ်ရမည်ဟု ဆိုမှားသော သူနှင့် ခြားနားဦး မည်လော။ 

ဆဋ္ဌရွှေချိန်ခွင်အဆို ရှင်းလင်းချက်ပြီး၏။ 

ကျမ်းကိုး- လယ်တီဆရာတော် သာသနဝိသောဓနီကျမ်း-
ဒုတိယတွဲ (နှာ- ၁၁၁, ၁၁၂, ၁၁၃, ၁၁၄)

အရှင်ဝရသာမိ 

ရွှေချိန်ခွင် ( ၃ - ၄ )

‌ရွှေချိန်ခွင် အဆို ၃- 
(က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တကရုဏာ ရှိသည် ဆို၏ ။ 
(ခ) ဗုဒ္ဓဘာသာကလည်း ဆို၏ ။ 
(က) အပြစ်ရှိသော သူသည် အကျွတ်တရားကိုရ၍ နောင်ထပ်မံမပြုမကျင့်ပါပြီ၊ ပြုမိသော ဒုစရိုက်အပြစ်အတွက် ချမ်းသာ ပေးသနားတော်မူပါဟု ခွင့်တောင်းလျှင် အနန္တကရုဏာတော် ရှိသည်ဟု ဆိုသောအတိုင်း ဘုရားက ခွင့်လွှတ်သည်ဟု ခရစ်ယာန်ဘာသာကဆို၏။ 
(ခ) ဗုဒ္ဓဘာသာက မလွှတ်၊ လွတ်လည်း မလွတ်နိုင်ဆို၍ ဘုရား၌ အနန္တကရုဏာတော်ရှိ သည်ဟု ဆိုချက်နှင့်မညီ၊ အနန္တတန်ခိုးတော် ရှိသည်နှင့် မညီ။ 

ဆရာတော် ရှင်းလင်းချက်
 “ ထာဝရဘုရားသည် အနန္တကရုဏာတော်လည်းရှိသည် ၊ အနန္တတန်ခိုးတော်လည်း ရှိသည်နှင့်အညီ ဒုစရိုက်အပြစ်ရှိသော သူအား လွန်သမျှဝန်ချ၍ ခွင့်တောင်းလျှင် ဒုစရိုက်အပြစ်လွတ်ခွင့် ပေးနိုင်သည် ” ဟူသော စကား၌ “ အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ ” မှန်ပါလျှင် 
၁။ ကမ္ဘာပေါ်မှာ ဒုစရိုက်အပြစ်ဟူ၍ မရှိရအောင် ပြု၍ ထားလျှင် မပြီးပါလော။ 
၂။ အကျွတ်တရားကိုရ၍ ခွင့်တောင်းလာမှ ခွင့်လွှတ်နိုင်သည် ဆိုသောကြောင့် အကျွတ်တရားကို မရသူကိုလည်း ပြုမိသော ဒုစရိုက်မှ လွတ်ခွင့်မပေးနိုင်။ 
၃။ အကျွတ်တရားကိုပင် ရပါသော်လည်း ခွင့်မတောင်း မိသော သူကို လွှတ်ခွင့်မပေးနိုင် ။ “ အနန္တ တန်ခိုးတော်ရှင်ဖြစ်၍ မတတ်နိုင်သည် မရှိ ” မှန်ပါလျှင် ကျွတ်ခွင့်ကို မရသောသူကိုလည်း လွတ်ခွင့်ပေးနိုင်ရမည်၊ ကျွတ်ခွင့်ကို ရသည့်သူမှသော ခွင့်တောင်းသည့်သူမှသော စကားမရှုတ်သင့်၊ “ မတတ်နိုင်သည် မရှိ ” ဟူသော စကားနှင့်မညီ။ 
ဒုစရိုက်ဟူသောအပြစ်သည်- (၁) ယခုမျက်မှောက်၌ ခံရသောအပြစ် (၂) သေပြီးသော နောက်မှခံရသော အပြစ် ဟူ၍ နှစ်ဌာနရှိသည် ။ ထိုနှစ်ဌာနတွင်- သေပြီးသော နောက်မှ ခံရသော အပြစ်မှာ သေသော သူက ပြန်၍ မပြောလာသောကြောင့် လွတ်ခွင့်ရသည် မရသည်ကို သက်သေမရှိ -ရှိစေဦး၊ ယခုမျက်မြင်၌ ခံရသောအပြစ်မှာ ခရစ်ယာန်ဘာသာကို ဝင်သောသူသည် လူတစ်ယောက်ကို သတ်ပြီလျှင် အကျွတ်ယူ၍ နောင်မသတ်ပါပြီ၊ ယခုသတ်မိသော ဒုစရိုက်အပြစ် လွတ်ခွင့်ပေးပါဟု ထာဝရဘုရားမှာ ခွင့်တောင်းလျှင် မင်းဒဏ်မင်းပြစ် လွတ်ပါ၏လော ။ နိုင်ငံရှင်မင်းတို့ကို ပုံကန် ပုံစားပြုပြီးလျှင်။ ။ ကျွတ်ခွင့်ယူ၍ ဘုရားထံခွင့်တောင်းသော်လည်း၊ ဓားပြလုပ်ပြီးလျှင် သူခိုးလုပ်ပြီးလျှင် သူ့မယားကိုခိုးပြီးလျှင် အရှင်မင်းဧကရာဇ် အာဏာဥပဒေကို လွန်ကျူးကျော်နင်းပြီးလျှင် မင်းပြစ်မင်းဒဏ် မပေးမီ အကျွတ်တရားယူ၍ လွတ်ခွင့်တောင်းသော်လည်းကောင်း ဘုရားက လွတ်ခွင့်ပေးနိုင်ပါမည်လော။ “ မျက်မြင်၌ ခံရသောအပြစ်ကို လွတ်ခွင့်ပေးနိုင်သည် ” မှန်ပါလျှင် သေပြီးသောနောက်မှ ခံရသော အပြစ်ကိုလည်း ပေးနိုင်ပေရာ၏ ဟုယူရန်ရှိ၏၊ ယခုမျက်မြင်၌ ခံရသောအပြစ်ကို ထာဝရဘုရား လွတ်ခွင်ပေးနိုင်သည် အမှန်မျက်မြင်ဖြစ်၍ သေပြီသောနောက်မှ ခံရသော အပြစ်ကို ထာဝရာဘုရား လွတ်ခွင့်ပေးနိုင်သည် ဟူသော စကားသည် မဟုတ်စင်စစ်သာ ဖြစ်၏ ။ “ အနန္တတန်ခိုးတော် ရှင်ဖြစ်၍လည်း မတတ်နိုင်သည်မရှိ ၊ အနန္တကရုဏာတော် ရှင်ဖြစ်၍လည်း သတ္တဝါအများကို ရင်ဝယ်သားကဲ့သို့ သနားခြင်းကြီး လှသည် ” မှန်ပါလျှင် ဒုစရိုက်အပြစ်ကို မဆိုထားဘိဦး၊ ယခုမျက်မြင်၌ မျက်စိကန်း၍ သနားဖွယ် ကောင်းလှသောသူ၊ နားပင်း၍ ခြေလက်ကျိုး၍ ရောဂါဆိုး အနာမိ၍ မင်းပြစ်မင်းဒဏ်သင့်၍ သနားဖွယ်ကောင်းလှသောသူ ဥစ္စာပစ္စည်း ပျက်စီးပြုန်းတီး၍ သနားဖွယ်ကောင်းလှသောသူများသည် လောက၌ အနန္တများပြားပါသည်။ (ထာဝရဘုရား မမြင်သလော၊ သနားစရာ ကရုဏာ မရှိသလော၊ မတတ်နိုင်၍ နေရသည် အမှန်မဟုတ်လော) 

ဂေါတမဘုရားရှင်၏ အနန္တကရုဏာတော်များ 
ငါတို့ဘုရားသည် အနန္တကရုဏာတော် ရှိသည်မှန်၏ ၊ သတ္တဝါများကို ရင်ဝယ်သားကဲ့သို့ သနားတော်မူလှသောကြောင့် သတ္တဝါများ အတွက်နှင့် ၄-သင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလပတ်လုံး သူတစ်ပါးတို့ မကြံဝံ့လောက်သော ဆင်းရဲတွေကို ခံတော်မူ၍ ဘုရားဖြစ်အောင် အားထုတ်တော်မူပေသောကြောင့် ပိဋကတ်သုံးပုံ တည်းဟူသော တရားတော်တွေကို ဟောနိုင်ပေသည်၊ ဟောနိုင်ပေသောကြောင့် သတ္တဝါတို့ ကြားရ နာရ သိကြရသဖြင့် ကောင်းစွာ ကျင့်နိုင်သူတို့ နိဗ္ဗာန်ဘုံသို့ ရောက်နိုင်ကြကုန်သည်၊ မကျင့်နိုင်သူတို့ မရောက်ကုန်၊ ကောင်းစွာ မကျင့်နိုင် သူတို့ကို မတတ်နိုင် ။ (သတ္တဝါအနန္တအတွက်နှင့် ဘုရားဖြစ်ရအောင် ရှည်မြင့်စွာကာလ၌ ကြီးစွာသောဆင်းရဲ အပင်းအပန်းကို ခံနိုင်တော်မူခြင်းသည် အနန္တကရုဏာတော်ရှင် ဖြစ်စေ၍ ခံနိုင်သည်။) 

တတိယ ရွှေချိန်ခွင်အဆို ရှင်လင်းချက်ပြီး၏ ။

 ရွှေချိန်ခွင် အဆို ၄- 
(က) ခရစ်ယာန်ဘာသာဝင်တို့သည် ဘုရားမှာ အနန္တ တန်ခိုးတော်ရှိသည်ဟု ဆိုသည့်အတိုင်း ယုံ၍ သုခဘုံ၌ အနိစ္စ ဒုက္ခ အနတ္တ မနိုင်သော ကိုယ်ခန္ဓာနှင့်မသေ မနာ မအို နိစ္စ ထာဝရ ခံစားရပါလို၏ ဟုဆုတောင်းကြ၏ ။ (ခ) ဗုဒ္ဓဘာသာဝင်တို့က ဘုရား၌ အနန္တကရုဏာတော် ရှိသော်လည်း မ-မနိုင်၊ အနန္တတန်ခိုးတော်ရှိသော်လည်း မ-မနိုင်၊ ဘုရားကိုယ်တော်တိုင်မှ ဝဋ်ဆိုက်သေရသည်ဟု အယူရှိသည့်အတိုင်း လူတစ်ခါပြန် မဖြစ်ရဘဲ နိဗ္ဗာန်၌ ခန္ဓာ နာမ်ဝိညာဏ်ပျောက်ပျက် အစဉ်သေနေရပါလို၏ဟု ဆုတောင်းကြ၏။ ( ဆုတောင်းနှစ်ရပ် ကွဲလွဲကြသည်တွင် သုခဘုံ၌ ကိုယ်ခန္ဓာနှင့်တကွ အမြဲစံစားခါ နေရပါလို၏ဟု ကရုဏာတော် တန်ခိုးတော်များကို ယုံကြည်အားကိုး၍ ဆုတောင်းကြသော အရာမှာ တန်ခိုးတော် ကရုဏာတော်များကိုပင် မယုံသာကြောင်း အားမသာကြောင်းကို အထက်၌ ထင်လင်းခဲ့ပြီ။) “ သေပြီးသောနောက်၌ သုခဘုံမှာ အမြဲခံစား၍ နေရသည် ” ဆိုသည်မှာ ယခုမျက်မြင် ၌ပင် ထာဝရဘုရား မတတ်နိုင်၍ ခရစ်ယာန် ဘာသာဝင်လူတို့မှာပင် မွေးဖွားကာစကာလ၌ သေသည်၊ တစ်လ နှစ်လ ၊ တစ်နှစ် နှစ်နှစ် စသည်၌ သေကြရသည်၊ နာကြရသည် အထင်အရှား ဖြစ်သည်၊ ကရုဏာတော် တန်ခိုးတော်များသည် ယခုမျက်မြင်မှာပင် မတတ်နိုင် မကယ်နိုင်ကြောင်း အထင်အလင်း သိသာပါလျှက်၊ သေပြီးနောက် သက်သေမရှိရာ သုခဘုံ၌ အမြဲနေရအောင် ကရုဏာတော် ဉာဏ်တော်များကို ယုံကြည်ကြခြင်းသည် ရှေ့တွင် အုန်းသီးတစ်လုံးမှ မခွဲနိုင်သော မျောက်ငယ်တခုက နောင်နှစ်ခါတိုင်ရောက်လျှင် ဟိမဝန္တာ တောင်ကြီးကိုငါခွဲ၍ ရတနာ ရွှေ ငွေ တွေကို သင်တို့အား ပေးမည်ဟု ဆိုသည်ကို ယုံကြည်အားကိုးလှ၍ မျောက်ငယ်မှာ ခစားသောသူတို့နှင့် ခြားနားဦးမည်လော ။ 

ခန္ဓာဟူသော ဓာတ် ဝိညာဏ်ဟူသော ဓာတ်တို့သည်။ ။ ဓာတ်ကြမ်း ဓာတ်ယုတ်တွေ ဖြစ်၍ ထိုခန္ဓာ ဝိညာဏ်တို့နှင့် မကင်းသမျှကာပတ်လုံး ဘယ်ဘုံမှာပင်နေသော်လည်း အိုခြင်း နာခြင်း သေခြင်းနှင့် မလွတ်နိုင်၊ အနိစ္စ ဒုက္ခ အနတ္တတို့ လက်တွင်းမှ မလွတ်နှိင်၊ ထိုခန္ဓာဟူသော- ဝိညာဏ်ဟူသော ဓာတ်ကြမ်း ဓာတ်ဖြုန်း ဓာတ်သွံတွေကို အရှင်းစွန့်ပစ်၍ အတုမရှိ နူးညံ့သိမ်မွေ့လှစွာသော နှစ်သာရအတိဖြစ်သော အတုမရှိ ခိုင်ခံ့ကောင်းမြတ်လှ စွာသော အသင်္ခတခေါ်သော ဓာတ်ကြီးတစ်ခုသည်ရှိ၏၊ ထိုအသင်္ခတဓာတ်သို့ ကူးနိုင်မှ အိုခြင်း နာခြင်း သေခြင်း မရှိဘဲ၊ အမြဲနေရသည်ဟု ငါတို့မြတ်စွာဘုရား ဟောထားတော်မူသည်၊ ထိုဓာတ်ကြီးသို့ ကူးနိုင်အောင် ဓာတ်ပြောင်နိုင်အောင်လည်း ဘုရားသခင်ဟောတော်မူသော တရားတော်ကို ကောင်းကောင်းကြီး ကျင့်လည်းကျင့်မှ၊ ဆုလည်းတောင်းမှ ဓာတ်ပြောင်နိုင်သည် ။ အကျင့်သည်ကား။ ။ လှေမှာ လှော်ရ ထိုးရ ခတ်ရသော အလုပ်နှင့်တူသည်၊ ဆုတောင်းခြင်းသည်ကား၊ ပဲ့ရသောအလုပ်နှင့်တူသည်၊ မလှော်မခတ်ဘဲ ပဲ့ကာမျှနှင့် လှေမဆန်၊ မပဲ့ဘဲ လှော်ကာ ခတ်ကာမျှနှင့် လိုရေကြောင်းသို့ ဖြောင့်ဖြောင့်မသွား။ ကောင်းကောင်းမကျင့်သောသူကိုလည်း ဓာတ်ပြောင်းရအောင် ဘုရားမတတ် နိုင်ကောင်း၊ အရာမဟုတ်ပေ။ အနန္တကရုဏာတော်ရှင် တန်ခိုးတော်ရှင် ဖြစ်သော်လည်း ဖြစ်ကောင်းသော အရာမှသာ တတ်နိုင်သည်၊ မဖြစ်ကောင်းသောအရာမှာ မတတ်နိုင် ။ ထာဝရဘုရားသည် မတတ်နိုင်သောအရာ မရှိဟူသောစကား မဟုတ်ကြောင်းကို ဆိုခဲ့လှပြီ ။ 

ကျမ်းကိုး - လယ်တီဆရာတော် သာသနဝိသောဓနီကျမ်း-
ဒုတိယတွဲ (နှာ- ၁၀၅, ၁၀၆, ၁၀၇, ၁၀၈, ၁၀၉, ၁၁၀)

အရှင်ဝရသာမိ 

ရွှေချိန်ခွင် ( ၁ - ၂ )

(လယ်တီဆရာတော်တို့ ခေတ်က ဝန်ထောက်မင်း ဦးစောလှဖြူ-ဆိုသော ခရစ်ယာန်ဘာသာဝင် တစ်ယောက်သည် ရွှေချိန်ခွင်-အမည်ရှိ စာအုပ်တစ်အုပ် ထုတ်ဝေကာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို နှိုင်းယှဉ်ပြခဲ့၏။ သို့ရာတွင် သူ၏ ဘက်လိုက်သော အမြင်များ၊ အလျင်စလို ကောက်ချက်ချမှုများကြောင့် ဗုဒ္ဓဘာသာဝင်တို့အား စော်ကားထားသလို ဖြစ်ခဲ့၏။ ထို့ကြောင့် မန္တလေးမြို့နေ ပညာဝန်ထောက် မောင်ကျော်ရန်ဆိုသူက ၎င်းရွှေချိန်ခွင်စာအုပ်ကို ရှင်းလင်းချက် ရေးပေးပါရန် လယ်တီဆရာတော်ထံ တောင်းပန်သဖြင့် “ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကိုဖြစ်စေ ပြောကြရာ၌ “ဤစကားသည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ဤအကြောင်းကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ” ဟု မဟုတ်သည်ကို မဟုတ်သည့်အတိုင်း သင်တို့ ဖြေရှင်းကြရမည်” (ဗြဟ္မဇာလသုတ်) ..ဟူသော ဘုရားရှင်၏ သြဝါဒတော်အတိုင်း လယ်တီဆရာတော် ဘုရားကြီးသည် နေမကောင်း သည့်ကြားက ဖြေရှင်းရေသားခဲ့ဘူး၏။ 

ရွှေချိန်ခွင်-ဟု ဆိုလျှင် အများစုက တောင်တွင်းကြီး သျှင်ဥက္ကဋ္ဌ-ရေးသော စာအုပ်ကိုသာ ဖတ်ဖူးကြ၏။ လယ်တီဆရာတော်ကြီး၏ စာအုပ်ကိုကား မသိသူသာ များ၏။ ယခုခေတ် ခရစ်ယာန်တို့သည်လည်း ဦးစောလှဖြူ ရေးသော ရွှေချိန်ခွင်စာအုပ်ပါ အချက်အလက်များဖြင့် ယခုခေတ် ဗုဒ္ဓဘာသာဝင်တို့အား စကားဖြင့် တိုက်ခိုက်အနိုင်ယူလေ့ ရှိ၏။ မြန်မာဗုဒ္ဓဘာသာဝင်များကား မိမိက သူတစ်ပါးဘာသာကို တိုက်ခိုက်လေ့ ဝေဘန်လေ့မရှိသလို မိမိဘာသာကို ဝေဘန်တိုက်ခိုက်လာလျှင်လည်း ပြန်လည်၍ မဖြေရှင်းတတ်သူများ၏။ လယ်တီဆရာတော်ကြီး၏ ဖြေရှင်းချက်များကို ဖတ်ဖူးထားလျှင် မိမိတို့ဘာသာကို စော်ကားဝေဘန်လာသည့်အခါ အကျိုးအကြောင်း ပြန်လည်ဖြေရှင်း ပြနိုင်ပါလိမ့်မည်။ (ထိုသို့ ပြန်လည်ဖြေရှင်းနိုင်ကြစေရန် ရည်ရွယ်၍ ဤ “ရွှေချိန်ခွင် ရှင်းလင်းချက်” ကို တင်ပြပါသည်။ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း မဟုတ်ပါ။) 

ခရစ်ယာန် ရွှေချိန်ခွင် အဆိုကိုဆရာတော်ရှင်းလင်းချက် 

ရွှေချိန်ခွင် အဆို (၁) 

၁။ (က) ခရစ်ယာန် ဘာသာက မသေ မနာ မအို ထာဝရဘုရား ရှိသည်ဟု ဆို၏။ 
(ခ ) ဗုဒ္ဓဘာသာက ယခု ဘုရားမရှိ- ဟု ဆို၏။ 

ဆရာတော် ရှင်းလင်းချက် 
ဘုရား၏ ကိုယ်တော်သည် ၁။ ရူပကာယကိုယ်တော် ၊ ၂။ ဓမ္မကာယကိုယ်တော် ဟူ၍ နှစ်ကိုယ်တော်ပါသည်။ 
၁။ ကုသိနာရုံပြည်၌ ပရိနိဗ္ဗာန်စံယူရာတွင် ချူပ်ငြိမ်းသော ခန္ဓာတော်ကို ရူပကာယကိုယ်တော် ခေါ်ပါသည်။ 
၂။ ဂုဏ်တော် ကျေးဇူးတော်အနန္တကိုလည်းကောင်း၊ ပိဋကတ်သုံးပုံတည်းဟူသော တရားတော် ကိုလည်းကောင်း ဓမ္မကာယ ကိုယ်တော် ခေါ်ပါသည်။ 
ထိုနှစ်ပါးတို့တွင်--- 
ရူပကာယကိုယ်တော်မှာ။ ။ အချို့သာ ချုပ်ငြိမ်းပါသည်။ သုံးကုဋေခြောက်သန်းမျှ မကသော ဆံတော်၊ သွားတော် လေးဆယ်၊ စွယ်တော်နှစ်စုံ၊ နဖူးသင်းကျစ်တော်၊ ညှပ်ရိုးတော် နှစ်ချောင်း၊ ရှစ်စရွက်မျှလောက်သော အရိုးတော်တို့မှဖြစ်သော ဓာတ်တော်ဟူသော ဤရူပကာယကိုယ်တော်တို့မှာမူကား ကမ္ဘာမြေပေါ်တွင် ယခုပင် အနှံ့အပြား ရှိလျက် ဖြစ်ပါသည်။ 
ဓမ္မကာယကိုယ်တော်မှာမူကား။ ။ ခံယူသူရှိပါသမျှ ကာလပတ်လုံး ဘယ်အခါမှ မကွယ်ပါ။ ခံယူသူရှိရာမှာ တည်ထွန်းပါသည်။ အကနိဋ္ဌခေါ်သော အထက်ကောင်းကင် ဘုံကြီး၌ကား မဟာကမ္ဘာကြီး တစ်သောင်းခြောက်ထောင်မက တည်ထွန်းလျက် ရှိနေပါသည်။ 
ထို့ကြောင့် “ဗုဒ္ဓဘာသာ၌ ယခုဘုရား မရှိ” ဆိုသော စကားသည် ဘုရား၏ ကိုယ်တော်နှစ်ပါးတွင် ပရိနိဗ္ဗာန်စံရာ၌ ချုပ်ငြိမ်းလေသော အချို့သော ရူပကာယကိုယ်တော် တစ်စိတ်မျှကိုသာ ရည်၍ ဆိုသော စကားဖြစ်ပါသည်။ အထက်၌ ပြခဲ့သော ဆံတော် အစရှိသော ရူပကာယကိုယ်တော်နှင့် ဓမ္မကာယကိုယ်တော်မြတ်များမှာ ယခု ထင်ရှားရှိပါသည်။ (ဦးစောလှဖြူဆိုတိုင်း ယခု ဘုရားလုံးလုံး မရှိသည်မဟုတ်ပါ။) 

ရွှေချိန်ခွင်အဆို (၂) 

၂။ (က) ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ၊ ထို့ကြောင့် လူကို ကယ်မနိုင်သည်ဟု ဆို၏။ (ခ) ဗုဒ္ဓဘာသာကလည်း အနန္တတန်ခိုးတော် ရှိသည်ဟု ဆို၏။ ဆိုပြီးလျှင် ဘုရားသည် သူတစ်ပါးကို မ-မနိုင်၊ မိမိဖို့ကိုပင် မတတ်နိုင်၍ ဝဋ်ဆိုက်သေရသည် ဆို၏။ 

ဆရာတော် ရှင်းလင်းချက်
 “ခရစ်ယာန်ဘာသာက ဘုရား၌ အနန္တတန်ခိုးတော်ရှိ၍ မတတ်နိုင်သောအရာ တစ်စုံတစ်ခု မရှိ” ဟူသော စကားမှာ --- 
၁။ လောက၌ သေခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင်လူမျိုးတို့၏ သင်းချိုင်းသည် အနှံ့အပြားပင် ရှိလျက်ပါတကား။ 
၂။ မအိုရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ ခေါင်းဖြူ စွယ်ကျိုးတွေ အနှံ့အပြားပင် ရှိလျက်ပါတကား။ 
၃။ နာခြင်းသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာမြေပေါ်တွင် ခရစ်ယာန်ဘာသာဝင် လူမျိုးတို့၏ အကျိုးတွေ အကန်းတွေ အနူတွေ အရွဲတွေ ထိုထိုရောဂါအနာ ကပ်ရောက်သူတွေ ဆရာဝန်တွေ ဆေးရုံတော်တွေ အနှံ့အပြားပင် ရှိလျက်ပါတကား။ 
၄။ လောက၌ မိုက်မဲသောသဘော မရှိရအောင် တတ်နိုင်ပါမည်လော။ ကမ္ဘာမြေပေါ်တွင် မိုက်မဲသောသူ သာ၍ ပေါများသည်တကား။ 
၅။ ခရစ်ယာန်ဘာသာကို မခံယူသူတစ်ယောက်မျှ တစ်ခဏချင်း မရှိရအောင် တတ်နိုင်ပါမည်လော။ ခရစ်ယာန်ဘာသာကို မခံယူသူ သာ၍ များသည်တကား။ 
၆။ ကမ္ဘာမြေပေါ်တွင် အရုပ်အဆင်း မလှသူ မရှိရအောင် တတ်နိုင်ပါမည်လော။ 
၇။ ဥစ္စာပစ္စည်းမွဲသူ မရှိရအောင် တတ်နိုင်ပါမည်လော။ 
၈။ ကမ္ဘာမြေပေါ်တွင် လူအားလုံး အညီအမျှ အသက်ရှည်ရှည်ချည်း နေရအောင် တတ်နိုင်ပါမည်လော။ 
၉။ ခရစ်ယာန်ဘာသာဝင် လူမျိုးတို့မှာ မွေးဖွားစနှင့် သေကြသည် မရှိပါသလော။ တစ်လတွင်သေသူ၊ တစ်နှစ်တွင်သေသူ စသည် မရှိပါသလော။ 
၁၀။ ကမ္ဘာမြေပေါ်၌ ရှိသမျှသော သတ္တဝါတွေကို ခဏချက်ချင်း နိဗ္ဗာန်ဘုံသို့ ရောက်အောင် ပြုနိုင်ပါမည်လော။ ဤသို့ စသည်ဖြင့် ကမ္ဘာမြေပေါ်တွင် မသင့်မမြတ်သော အမူအရာတွေ အနန္တရှိပါလျက် ထာဝရဘုရား မတတ်နိုင်၍ နေသောအရာတွေကို ဝန်ထောက်မင်း ဦးစောလှဖြူ မမြင်ပါသလော။ ( ထာဝရဘုရား ကယ်မနိုင်သောအရာ မရှိပါတကား) မိမိဘက်ပါအောင် ငွေနှင့်မျှားခြင်းကား ဘုရားတန်ခိုး မဟုတ် ဘာသာတစ်ပါးက ခရစ်ယာန်ဘာသာသို့ ဝင်သောသူကို စာဖြူဆရာတို့က ကြေးငွေပေးသည်။ အစိုးရ များထံ အားထုတ်၍ ပေးသည်။ သည်အရာများကို ထာဝရဘုရား စောင်မသည်ဟု စာဖြူဆရာများ ဟောပြော လေ့ရှိသည်။ လောက၌ နဂိုက ဓားပြမဟုတ်ဘဲ နောက်မှ ဓားပြကဲ့သို့ ဝင်လာသောသူကို အပေါင်းအသင်း များခြင်းကို အလိုရှိသော ဓားပြဟောင်းတို့က ပစ္စည်းဥစ္စာ အဝတ်ပုဆိုးပေးသည်။ သူခိုး သူခိုးချင်းလည်း ထို့အတူ၊ မုဆိုး မုဆိုးချင်း၊ တံငါ တံငါချင်း၊ သူတောင်းစား သူတောင်းစားချင်းလည်း ထို့အတူ၊ မိမိတို့ အသင်းအပင်းများခြင်းကို အလိုရှိသော သူတို့သဘောသည် မိမိတို့အလေ့အကျက်ကို ဝင်လာသောသူတို့ကို တတ်နိုင်သလောက် ချီးမြှောက် ထောက်ပံ့မြဲ လောကထုံးစံတည်း။ ဤသို့သော ထုံးစံဖြင့် များခြင်းကိုအလိုရှိသော စာဖြူဆရာတို့က စာဖြူသို့ မဝင်သောသူတို့ကို ဝင်ချင်အောင် တတ်နိုင်သလောက် ချီးမြှောက်ထောက်ပံ့သည်ကို ထာဝရဘုရားပေးသည် ကယ်မ-သည်ဟု ပြောဟောကြခြင်း သည် ဟုတ်နိုင်ပါမည်လော ။ (အဘယ်မှာ ထာဝရဘုရား ကယ်မ နိုင်သောအရာ ရှိပါသနည်း ။) ဂေါတမဘုရားရှင်၏ အနန္တတန်ခိုးတော်များ ငါတို့ဘုရားသည် အနန္တတန်ခိုးတော်ရှိသည် မှန်၏၊ ကောင်းကင် မြေ မိုး ပျံလျှိုးနိုင်၏၊ အနန္တကမ္ဘာ အနန္တစကြဝဠာ၌ ရှိသရွေ့ကို အကုန်အစင် မြင်နိုင်၏ ၊ ယူဇနာ တစ်ရာ တစ်ထောင်က အသံကြားနိုင်၏၊ သူတစ်ပါး စိတ်ကို အကုန်သိနိုင်၏၊ ကိုယ်တော်ကို နတ်ယောင် သိကြားယောင် ဗြဟ္မာယောင် တစ်ရာ တစ်ထောင်မက ခဏချင်းဖန်ဆင်းနိုင်၏၊ ဤသို့စသည်ဖြင့် သူတကာတို့မတတ်နိုင် ဘုရားသာတတ်နိုင်သော အရာသည် အနန္တများပြား၏ ။ 

(ထို့ကြောင့် ငါတို့ဘုရားမှာ တန်ခိုးတော်အနန္တရှိသည် ဆိုပါသည် ။) မအို မသေ အမြဲနေရအောင် ဘယ်ဘုရားမှ မတတ်နိုင် ကမ္ဘာမြေပေါ်တွင်ရှိသော သတ္တဝါတွေကို မသေဘဲနေနိုင်အောင် မအိုဘဲနေနိုင်အောင် မနာဘဲ နေနိုင်အောင် မသေဘဲနေနိုင်အောင် စသည်ဖြင့် အထက်ကဆိုခဲ့သော အရာများကိုမူကား ဘယ်ဘုရားမှပင် မတတ်နိုင်ကြ၊ မိမိတို့ခန္ဓာကိုလည်း မအို မသေ မနာအောင် မတတ်နိုင်ကြ နိဗ္ဗာန်ဘုံသို့ ရောက်သောကာလ မှသာ တတ်နိုင်ကြသည် ။ နိဗ္ဗာန်ရောက်မှ ဒုက္ခငြိမ်းမည် ငါတို့ဘုရားသည် နိဗ္ဗာန်ဘုံသို့ ရောက်တော်မူသော နေ့ကစ၍ မိမိကိုယ်ကိုလည်း မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။ နိဗ္ဗာန်ဘုံသို့ ရောက်လာသမျှသော သူအပေါင်းတို့ကို မအို မသေ အမြဲနေရအောင် တတ်နိုင်ပါ၏ ။ 

ကျမ်းကိုး- လယ်တီဆရာတော် သာသနဝိသောဓနီကျမ်း- 
ဒုတိယတွဲ (နှာ- ၁၀၀, ၁၀၁, ၁၀၂, ၁၀၃, ၁၀၄, ၁၀၅)

အရှင်ဝရသာမိ 

Wednesday, May 30, 2012

Sunday, September 6, 2009

ဗုဒ္ဓဘာသာ (၅) မျိုး

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။ ဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက “နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟု ဟောတော်မူခဲ့ပါတယ်။
အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့ 
(၁)ကုလ ဗုဒ္ဓဘာသာ 
(၂)လာဘ ဗုဒ္ဓဘာသာ 
(၃)ဘယ ဗုဒ္ဓဘာသာ 
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ 
(၅)ပညာဓိက ဗုဒ္ဓဘာသာ 

(၁)ကုလ ဗုဒ္ဓဘာသာ ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာ မို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရား ဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ် နေတဲ့ မြတ်စွာဘုရား ဘာကြောင့်ကိုးကွယ်ရမှန်းလည်းမသိ။တရားတော်ကို ဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချ တာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်းမသိ။ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ် နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။ 

(၂)လာဘ ဗုဒ္ဓဘာသာ လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာကို ဆိုလိုတာပါ။ဒီဘဝ စီးပွားရေးလေးတက်မလား ဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ် ဟိုဘုရား ကိုးကွယ်ရင်တော့ စီးပွားရေးတက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။ဘုရားကိုးကွယ်မှ လာဘ်ပေါများ မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ ဘာလို့ လာဘ်ရွှင်နေလဲ။အဓိက စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရား ကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ ပြဿဒါး ရွေးနေတာတွေ။ဘုရားကျောင်းဆောင် ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော် ၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင် ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။ 

(၃)ဘယ ဗုဒ္ဓဘာသာ ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့ ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ ဘေးရှင်းဖို့၊အသက်ရှည်ဖို့၊ ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှ အသက်ရှည်မယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန် အစလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်း စား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။ ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန် လုပ်နေတာတွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်း ကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါး နဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေ လုပ်နေရတာလည်း ဘာအတွက် သာသနာကိုချီးမြှောက်နေတာလည်း ဘာအတွက် ကျောင်းဆောက်နေတာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။ 

(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ သဒ္ဒါဓိက ဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို အရင်းခံပါတယ်။သဒ္ဒါတရားဆိုတာ ယုံကြည်ချက်ပါ။ဘုရား၊တရား၊သံဃာကို တကယ်သက်ဝင်ယုံကြည်တာကို ခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်း မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှား ယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ ဂရုဏာတော်အပြည့်နဲ့ သစ္စာလေးချက် အနက်ကိုဟောကြားတော်မူခဲ့ပါတယ်။ဒီတရားတော် အနက် တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာ အို ၊သေ၊ နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ ဆိုတဲ့ ယုံကြည်ချက်ဟာ မှန်ကန်သောယုံကြည်ချက် တရားတော်ကို ဘာကြောင့်ကိုးကွယ်ရသလဲ။မြတ်စွာဘုရားဟောတော်မူခဲ့သော တရားတော်ကို ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထို အသေလွတ်ရာ ပို့ဆောင်တာ တရားက ပို့ ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။ ထိုတရားတွေ မကွယ်မပျောက်သေးတာ ဘယ်သူ့ကျေးဇူးပါလဲ ဆိုရင် သံဃာတွေရဲ့ ကျေဇူးပါ။ဘုရားရှင်ဟောတော်မူသော ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက ဆောင်ထားတာပါ။ပိဋကသုံးပုံ ကို သံဃာတော်တွေက ***ရှောက်ထားတာပါ။သံဃာတော်ကို ယုံကြည်မှု။ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန် ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီး ကိုးကွယ်ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ ပေါတယ်ဆိုတဲ့ လာဘ ဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီး ဘယ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျေှဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု ဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့ ၊ အသေလွတ်ရာ ပို့ဆောင်နိုင်လို့၊ အသေလွတ်ရာ တရားကိုဆောင်ထားနိုင်လို့ ရတနာ သုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့ သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါ တယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့ အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။ 

(၅)ပညာဓိက ဗုဒ္ဓဘာသာ သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို ပညာဓိက ဟုခေါ်သည်။ပညာဓိက ဗုဒ္ဓဘာသာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို ဘယ်လိုယုံကြည် တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္တာအသိနဲ့ အသေအချာသိပြီး ယုံတယ်။ထိုသို သိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ ဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိက ဗုဒ္ဓဘာသာပါ။ဘုရားက မင်းတို့ခန္တာ ထဲမှာ ဖြစ်တာနဲ့ ပျက်တာပဲ ရှိတာလို့ဟောခဲ့ပါတယ်။ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့် လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့ သဒ္ဒါ၊ဖြစ်ပျက်မြင်တာက ပညာ။ ထိုကြောင့် သဒ္ဒါနဲ့ပညာ သွားပြီး တွဲနေပါတယ်။သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။ သဒ္ဒါတရား မှန်မှန်ကန်ကန် နဲ့သာ ကြိုးစားမယ်ဆိုရင် အပါယ်လေးပါးမှ လွတ်မြောက်နိုင်၏။ တို့မှာ အပါယ်မျိုးစေ့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဉာဏ်နဲ့ ဖြတ်ရမယ်။ဉာဏ်နဲ့ ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။ သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။ သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင် (နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified, prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကို အသုံးချနေကြပါတယ်။ သဒ္ဓါနဲပြီး ပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ဘယ်အရာမဆို အစွန်းမရောက်စေဘို့ပါဘဲ။

လယ်တီဆရာတော်