Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ဝီရသူ(မစိုးရိမ်). Show all posts
Showing posts with label ဝီရသူ(မစိုးရိမ်). Show all posts

Sunday, November 4, 2012

ထေရဝါဒ တိုက်ပွဲ- ဝီရသူ(မစိုးရိမ်)


တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ ကို ကြည့်ရှူနိုင်ပြီဖြစ်သလို ဆရာတော်ဦးဝီရသူရဲ့ တန့်ကြည်တောင်
ဝါဒအကြောင်း စာအုပ်ကိုပါ ဒေါင်းယူဖတ်ရှူနိုင်ပါပြီ




အောက်က Link မှာလည်း ဒေါင်းယူကြည့်ရှူနိုင်ပါသည်

ဒီမှာ


or

http://www.mediafire.com/?lhryijf9ld0r4l5/


တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
မေးမြန်းကြပါသည်။ တရားထိုင်တဲ့ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။

ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ဝဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ ္ဆာန် 
တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။

မြတ်ဗုဒ္ဓရဲ့ ထေရဝါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန ္တလေး၊
မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) မစိုးရိမ်မှ ထေရဝါဒ တိုက်ပွဲ
ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000 
ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဝန်ခံကတိပြု
လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။

သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့

တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
တန့်ကြည်တောင်ရိပ်သာ (မန ္တလေး၊ ပြည်ကြီးတံခွန်)
တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဝါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။

ရှင်းလင်းထားသော စာအုပ်ကို အွန်လိုင်းမှ အောက်တွင် တိုက်ရိုက်ဖတ်ရှူနိုင်သလို ဒေါင်းယူနိုင်ပါသည်။

verathu(masoeyein)



ဒီမှာလည်း ဒေါင်းနိုင်သည်


သျှင်သာမိ(မုံရွာ)
https://shinsami.blogspot.com

Friday, September 14, 2012

ရွှေမြန်မာနှင့် သာသနာ

ရွှေမြန်မာတို့သည် ဂုဏ်ရှိ/မရှိကို ဓမ္မဖြင့် တိုင်းတာရမည့်အစား
ဓမ္မရှိ/မရှိကို ဂုဏ်ဖြင့် တိုင်းတာနေကြပေသည်။
ထို့ကြောင့် သူတို့အဆိုအရ ထင်ပေါ်ကျော်ကြားလျှင် တရားရှင်- ဟု ဆိုကာ
သားတစ် ဝိုင်းသော ကျီးအုပ်ကဲ့သို့ တရုန်းရုန်းဖြင့် ဝိုင်းအုံနေကြပေသည်။
ဘာကြောင့် ထင်ပေါ်ကျော်ကြားနေသည်ကိုကား ရွှေမြန်မာတို့ စိတ်မဝင်စားကြပေ။

ထို့အပြင် ရွှေမြန်မာတို့သည် အကြောက်တရား လွန်စွာကြီးမာကြပေ၏။
အရှိန်အဝါကို ကြောက်ကြသည်။ သြဇာပါဝါကို ကြောက်ကြသည်။
ထိုသူတို့ မှားလျင်လည်း မှားမှန်းသိလျက်နှင့် မသိဟန်လွဲနေနိုင်ကြ၏။
အပါယ်ရောက်ကြောင်းကြီး ဖြစ်ပါလျက်နှင့် ကိုယ့်အချင်းချင်း ကယ်တင်ရန်
စိတ်မကူးမိကျချေ။ အန္တရာယ်ကို တွေးကြောက်ပြီး ရေငုံနုတ်ပိတ် နေနိုင်လွန်းကြ၏။

လက်ရှိသာသနာကို ခြုံငုံသုံးသပ်ကြည့်ပါလျင်မူ
ရွှေမြန်မာတို့ကို အလွန်မတန် ရင်နာမိ၏။
ရွှေမြန်မာတို့သည် ကိုယ့်သာသနာကို စော်ကားနေလျင်လည်း
ဘာမှမဖြစ်သလို နေတတ်၏။
ကိုယ့်သာသနာကို သူစိမ်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အချင်းချင်းက စော်ကားလျင်လည်း လက်ပိုက်ကြည့်နေကြ၏။
အပြင်လူက စော်ကားလျင်လည်း နာရကောင်းမှန်းမသိ၊
အတွင်းလူက စော်ကားလျင်လည်း နာရကောင်းမှန်း မသိကြချေ။

ကိုယ့်မယား၊ ကိုယ့်သားထိမှ နာတတ်ကြ၏။ ကိုယ့်အသား၊ ကိုယ့်သွေးထိမှ နာတတ်ကြ၏။
သာသနာကို ကိုယ့်မယား ကိုယ့်သားလောက်တောင် တန်ဖိုးမထားတတ်ကြ။ ကိုယ့်အသား၊ ကိုယ့်အသွေးလောက်တောင် တန်ဖိုးမထားတတ်ကြပေ။
မယားမရှိလျင် မယားကို အစားထိုးလို့ ရနိုင်၏။
သားမရှိလျင် သားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသားပဲ့ပါသွားလျင် ကိုယ့်အသားကို အစားထိုးလို့ ရနိုင်၏။
ကိုယ့်အသွေးခန်းခြောက်သွားလျင် ကိုယ့်အသွေးကို အစားထိုး၍ ရနိုင်၏။
သာသနာဖျက်ဆီးခံရလျင်ကား သာသနာကို အစားထိုး၍ မရနိုင်ပေ။
သာသနာပျက်စီးသွားလျင်ကား မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။

မြတ်စွာဘုရား၏ သာသနာသည်ကား တိတ္ထိတို့၏ သာသနာကဲ့သို့
ပရမ်းပတာ ဆောက်တည်ထားသည်မဟုတ်
“ဥုံဟယ် ဖွဟယ် အပ်ချလောင်းဟယ်” ဖြင့် မန်းမှုတ်၍ တည်ဆောက်ထားသည် မဟုတ်၊
တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် တည်ဆောက်ထားသည်လည်း မဟုတ်ချေ။
မြတ်စွာဘုရား ကိုယ်တော်တိုင် ဘုရားလောင်းဘဝမှ စ၍ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ကာလပတ်လုံး မနားမနေ ပါရမီဖြည့်ကျင့်တော်မူပြီးမှ တည်ဆောက်ထားခြင်း ဖြစ်၏။

ထိုသို့ မနားမနေ ပါရမီဖြည့်ဆီးရာ၌ အသက်ပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
သွေးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ချွေးပေါင်းများစွာဖြင့်လည်း တည်ဆောက်ခဲ့ရ၏။ ခြေလက်အင်္ဂါပေါင်းများစွာ
မျက်လုံးပေါင်းများစွာကိုလည်း စတေးခဲ့ရ၏။
ထိုသို့ အသက် သွေး ချွေးတို့ဖြင့် ရင်းနှီးတည်ဆောက်ခဲ့၍
သာသနာဆိုတာ ဖြစ်ပေါ်လာခြင်း ဖြစ်၏။

ထိုသို့ ရင်းနှီးတည်ဆောက်ခဲ့သော မြတ်စွာဘုရား၏ သာသနာတော်သည်
တစ်ခြားသော တိတ္ထိတို့၏သာသနာနှင့် လုံး၀ (လုံးဝ) မတူပါပေ။
မြတ်စွာဘုရား၏ သာသနာသည် ကမ္ဘာမှာ အနှစ်သာရ အရှိဆုံး
သာသနာဖြစ်ခဲ့ပါ၏။
ဗုဒ္ဓဘာသာသည် လောက၌ အလိမ္မာဆုံး အယဉ်ကျေးဆုံး ဘာသာတစ်ခု
ဖြစ်ခဲ့ပါ၏။ ဗုဒ္ဓ၏ ဓမ္မများသည် အစမ်းသပ် ခံနိုင်ဆုံး၊ ကျင့်သုံးအပ်ဆုံး၊ ဆောက်တည်အပ်ဆုံး၊
ပွါးများအပ်ဆုံး၊ အချမ်းမြေ့ဆုံး၊ အာမခံချက် အရှိဆုံး ဓမ္မများဖြစ်ခဲ့ပါ၏။

ဤကဲ့သို့ အဖိုးတန်လှသောသာသနာကို အင်္ဂါခြေလက် မပျက်ဆီးအောင်
စောင့်ရှောက်သည်ထက် ပို၍ စောင့်ရှောက်အပ်ပါ၏။
မိမိအသက်တစ်ချောင်းကို တန်ဖိုးထားသည်ထက် ပို၍တန်ဖိုးထားအပ်ပါ၏။
ထို့ကြောင့် အသက်ပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
အင်္ဂါခြေလက်ပေါင်းများစွာ၊ မျက်လုံးပေါင်းများစွာကို စတေး၍ တည်ဆောက်ခဲ့သော
သွေးနှင့် ချွေးနှင့်ရင်းနှီး၍ တည်ဆောက်ခဲ့သော
မြတ်စွာဘုရား၏ သာသနာကို ပေါ့ပေါ့တန်တန် မတွေးအပ်ပေ။

လွယ်လွယ်ကူကူဖြင့် ထူထောင်ထားသောသာသနာမဟုတ် ခက်ခက်ခဲခဲဖြင့်
တည်ဆောက်ထားသော သာသနာဖြစ်ပေသည်။
ထိုသို့ အသက်၊ သွေး၊ ချွေးတို့ဖြင့် ခက်ခက်ခဲခဲ တည်ဆောက်ထားသော
သာသနာကို အသက်နှင့်လဲ၍စောင့်ရှောက်အပ်ပါ၏။
အသက်တစ်ချောင်း လက်ခြေပေါင်းကို စတေး၍ စောင့်ရှောက်အပ်ပါ၏။

သို့မှသာ သင်သည် ဗုဒ္ဓဘာသာဝင် ပီသပေလိမ့်မည်။
သို့မှသာ သင်သည် ဗုဒ္ဓသာဝက ပီသပေလိမ့်မည်။
သို့မှသာ သင်သည် ဘုရားသားတော် ပီသပေလိမ့်မည်။
သို့မဟုတ်လျင်မူ သင့်ကို အပေါ်ယံ ဗုဒ္ဓဘာသာ၊
ရေသာခို ဗုဒ္ဓသာဝက၊
နာမည်ခံ ဗုဒ္ဓသားတော်၊
အရေခြုံ သာသနာ့ဝန်ထန်း နှင့် အခွင့်ထူးခံ ရှင်ရဟန်း ဟု
ဗုဒ္ဓက ကဲ့ရဲ့တော်မူပေလိမ့်မည်။
ဤအချက်ကို နက်နက်နဲနဲ သတိချပ်အပ်ပါ၏။

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
(ဝီရသူ - မစိုးရိမ်)

အရှင်ဝရသာမိ
https://shinsami.blogspot.com


Friday, October 1, 2010

သင်္ချိုင်းကုန်းကြီး တခုလို

သုဿန်သင်္ချိုင်း၌ အပြစ်ငါးမျိုးရှိကြောင်းကို မြတ်စွာဘုရားက ဤသို့ ဟောကြားတော်မူခဲ့ပါသည်။ “ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ 
အဘယ်ငါးမျိုးတို့နည်းဟူမူ.......... (၁) မစင်ကြယ်၊ (၂) မကောင်းသော အနံ့ရှိ၏၊ (၃) ဘေးဘျမ်းရှိ၏၊ (၄) သရဲသဘက်တို့ နေရာဖြစ်၏။ (၅) များစွာသော လူအပေါင်းတို့ ငိုကြွေးရာဖြစ်၏၊ “ရဟန်းတို့၊ သင်္ချိုင်း၌ အပြစ်တို့သည် ဤငါးမျိုးတို့တည်း။ 

ဤသင်္ချိုင်းကို ဥပမာပြု၍ သင်္ချိုင်းကုန်းနှင်းတူသော ပုဂ္ဂိုလ်ကိုလည်း ဟောဖော်ညွန်ကြား တော်မူခဲ့ပေသည်။ ထိုပုဂ္ဂိုလ်မှာ....... 
(၁) အသုစိ - မစင်ကြယ်သော ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြည့်စုံသော ပုဂ္ဂိုလ်၊ 
(၂) ဒုဂ္ဂန္ဓ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် မကောင်းသတင်းထွက်၍ အပုပ်နံ့လှိုင်သောပုဂ္ဂိုလ်။ (၃) သပ္ပဋိဘယ - မစင်ကြယ်သော ကံသုံးပါးနှင့်ပြည်စုံသဖြင့် သီလကို ချစ်မြတ်နိုးကြ ကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ပစ်ပယ်ခံရသောပုဂ္ဂိုလ်၊ 
(၄) ဝါဠာနံ အမနုဿာနံ အာဝါသ - မိမိကိုယ်တိုင် မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံ သည့်အပြင် မိမိနှင့်သဘောတူ မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်တို့နှင့်သာ ပေါင်းသင်းနေထိုင်သော ပုဂ္ဂိုလ်၊ 
(၅) ဗဟုဇနအာရောဒန - မစင်ကြယ်သော ကံသုံးပါးနှင့် ပြည့်စုံသဖြင့် ရဟန်းအပေါင်း သူတော်ကောင်းတို့က ကဲ့ရဲ့ရှုတ်ချခံရသော ပုဂ္ဂိုလ်တို့ ဖြစ်ပါသည်။ (သိဝထိကသုတ်) (အံ၊ ၂၊ ၂၃၅။ မြန်မာပြန်၊ ၃၀၀ - ၃၀၁) 

အဓိပ္ပါယ်မှာ............. (၁) သင်္ချိုင်းသည် မစင်ကြယ်သကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိခြင်း၊ 
(၂) သင်္ချိုင်းသည် မကောင်းသော အနံ့ရှိသကဲ့သို့ မကောင်းသတင်းထွက်ခြင်း၊ 
(၃) သင်္ချိုင်းသည် ဘေးအန္တရယ်ရှိသောအရပ်ဖြစ်၍ ထိုသင်္ချိုင်းကို လူအများက ရှောင်ရှား သွားကြသကဲ့သို့ို့ မစင်ကြယ်သော ကံသုံးပါးရှိသူကိုလည်း ကိုယ်ကျင့်သီလကို ချစ်မြတ် နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ရှောင်ရှားသွားကြခြင်း၊ 
(၄) သင်္ချိုင်း၌ ဘီလူးသရဲများ နေကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူထံ၌လည်း မစင်ကြယ်သော ကံသုံးပါးရှိသူတို့သာ နေထိုင်ကြခြင်း၊ 
(၅) သင်္ချိုင်း၌ လူအများငိုကြွေးကြသကဲ့သို့ မစင်ကြယ်သော ကံသုံးပါးရှိသူကို သီလကို ချစ်မြတ်နိုးကုန်သော ရဟန်းအပေါင်းသူတော်ကောင်းတို့က ကဲ့ရဲ့ ရှုတ်ချကြခြင်း အားဖြင့် ဒုဿီလပုဂ္ဂိုလ်သည် သင်္ချိုင်းကုန်းနှင့် ဥပမာတူလေသည်။ အထက်ပါ အင်္ဂါရပ်များတွင် နံပါတ် (၄) အင်္ဂါအရ သင်္ချိုင်းကုန်း၌ ဘီလူးသရဲများသာ နေထိုင်ကြသကဲ့သို့ မစင်ကြယ်သောပုဂ္ဂိုလ်ထံသို့လည်း မစင်ကြယ်သော ပုဂ္ဂိုလ်များသာ ဆည်းကပ်ကြသည်ကို တွေ့ရှိရပေမည်။ သို့ဖြစ်၍ ခြေင်္သေ့စစ်မှန်က မြက်ကို မစားသကဲ့သို့ မြက်စားလျှင်လည်း ခြေင်္သေ့မစစ် ဟု ဆုံးဖြတ်နိုင်ပါသည်။ ဟင်္သာမင်းစစ်က ကျီးကန်းကို မခစားသကဲ့သို့ ကျီးကန်းကို ဆည်းကပ်လျှင်လည်း ဟင်္သာ မစစ်ဟု သတ်မှတ်နိုင်ပါသည်။ နံပါတ် (၅) အင်္ဂါအရ သူတော်ကောင်းတို့ ကဲ့ရဲ့ရှုတ်ချခြင်းနှင့် လူအပေါင်းတို့ ငိုကြွေးခြင်းတူကြပုံမှာလည်း ဤသို့ဖြစ်ပါသည်။ သူတော်ကောင်းတို့သည် ဒုဿီလပုဂ္ဂိုလ်နှင့် မလွှဲသာ မရှောင်သာ ပေါင်းဖော်နေရလျှင်ပင် “ငါတို့သည် ဒီလိုကောင်ကြီးနှင့်မှ ပေါင်းသင်းဆက်ဆံနေရပေ၏။ ထိုသို့ ပေါင်းသင်းဆက်ဆံနေရခြင်းမှာ ငါတို့အတွက် ဆင်းရဲကြီးစွတကား” ဟု မြည်တန်း ညည်းညူတတ်ပါသည်။ ထိုသု့ိ သူတော်ကောင်းတို့ ညည်းညူခြင်းကိုပင် လူအပေါင်းတို့ ငိုကြွေးခြင်းနှင့် ဥပမာပြုထားခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ စာဖတ်သူအပေါင်းသူတော်ကောင်းတို့သည် ဆရာသမားထံ နည်းခံတော့မည် ဆိုလျှင် သင်္ချိုင်းကုန်းနှင့် တူသော ပုဂ္ဂိုလ်ကို ဝေးစွာရှောင်၍ ပွတ်သစ်စ ဂရုသင်းကဲ့သို့ ဆွတ်ဆွတ်ဖြူသော ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော၊ စန္ဒကူးနံ့သာကဲ့သို့ မွှေးကြိုင်သော သီလရနံ့ရှိသော ကမ္မဌာန်းဆရာထံ နည်းခံနိုင်ပါစေ - ဟု ဆန္ဒပြုမိပေသည်။

ဝီရသူ - (မစိုးရိမ်) 

Sunday, September 26, 2010

ဓမ္မ နှင့် အဓမ္မတို့၏ သဘာဝချိန်ခွင်

‌လောကကိုစောင့်သော လောကပါလ နတ်များသည် သဘာဝချိန်ခွင်၌
ဓမ္မကို တစ်ဖက် အဓမ္မကို တစ်ဖက် အမြဲတန်း ချိန်နေကြ၏။
အဓမ္မဘက်က အလေးသာလျှင် လောကသည် ဆူပွက်၏။
ဓမ္မဘက်သို့ အလေးသားလျှင် လောကသည် ဓမ္မဘက်သို့ စောင်းထောင်၏။
ဓမ္မဘက်သို့ စောင်းထောင်လျှင် လောကသည် ငြိမ်းချမ်း၏။

ထို့ကြောင့် မိမိအပါအဝင် လောကသည် ဓမ္မဘက်သို့စောင်းထောင်နိုင်ရေးအတွက်
ဓမ္မဘက်၌ ရပ်တည်ဖို့ တာဝန်ရှိ၏။ ဓမ္မဘက်၌ ရပ်တည်ပါမှလည်း လောက သည်
ငြိမ်းချမ်းပေလိမ့်မည်။
လောကပါလ နတ်များကလည်း မိမိတို့ကို ဓမ္မဘက်၌သာ ရပ်တည်စေချင်ကြပါ၏။

(ဦးရွှေအောင် - ကိုယ်ကျင့်ဗုဒ္ဓဝင်)

ယာဒိသံ ဝပ္ပတေ ဗီဇံ၊ တာဒိသံ ဟရတေ ဖလံ။
ကလျာဏ ကာရီ ကလျာဏံ၊ ပါပကာရီစ ပါပကံ။

ချိုသောမျိုးစေ့ကို စိုက်ပျိုးအံ့၊ ချိုသော အသီးကို ရ၏။
ခါးသောမျို့စေ့ကို စိုက်ပျိုးအံ့၊ ခါးသော အသီးကို ရ၏။
ထို့အတူ ကောင်းမှု့ကို ပြုအံ့ ကောင်းသောအကျိုးကို ခံစားရ၏။ မကောင်းသော အမှူ့ကို
ပြုအံ့ မကောင်းသောအကျိုးကို ခံစားရ၏။
ဤ ဗုဒ္ဓ ၏ အဆုံးအမလေးသည် ဗုဒ္ဓဘာသာဝင် အားလုံး၏ ရင်ထဲတွင် ကိန်းဝပ်ပြီးသား ဖြစ်ပေ၏။
အမြဲထာဝရ မှန်ကန်နေသော ဓမ္မနိယာမ ဖြစ်ပေ၏။

ထို ဓမ္မနိယာမ ကို ပြောင်းပြန်လုပ်သူ (အဓမ္မဝါဒီ) များ လောကတွင် မြောက်မြားစွာ ရှိနေပေ၏။
ထိုပုဂ္ဂိုလ်များသည် မကောင်းသော အလုပ်ဖြင့် ကောင်းကျိုးကို ရနေတတ်၏။
ရှေးရှေးဘဝက ပြုခဲ့ဘူးသော ကုသိုလ်အဟုန်ကြောင့် ကောင်းကျိုးခံစားနေရသည်ကို နားမလည်
မကောင်းမှု့၏ အကျိုးပေးချိန် အချိန်မတန်သေးခင် အချိန်အတွင်း ထောင်လွားမောက်မာနေသူများ
အများအပြားရှိတတ်ပေသည်။

ကုသိုလ်ပြုသည်ဖြစ်စေ၊ အကုသိုလ်ပြုသည်ဖြစ်စေ ကောင်းကျိုး ဆိုးကျိုး ပေးမည့်
ဇောစေတနာ (၇) ချက်ရှိ၏။ ထို (၇) ချက်တွင် ပထမဇောစေတနာသည် ယခုဘ၀ အကျိုးပေး၏။
ဒိဌဓမ္မဝေဒနီယကံ ဟု ခေါ်၏။ သတ္တမဇောစေတနာသည် ဒုတိယဘဝ(နောက်ဘဝ)အကျိုးပေး၏။
ဥပပဇ္ဇဝေဒနိယကံ ဟုခေါ်၏။ အလယ်ဇော ငါးချက်စေတနာသည် တတိယဘဝမှ စ၍ နိဗ္ဗာန်
မရောက်မချင်း လိုက်၍ အကျိုးပေး၏။ အပရာပရိယ ဝေဒနိယကံဟု ခေါ်၏။
ဇောစေတနာ (၇) မျိုးတွင် ပထမဇောစေတနာ နှင့် သတ္တမဇောစေတနာသည် အကျိုးပေးခွင့်
မရဘဲ ပျက်သွားသော အခါများရှိတတ်၏။ ထိုသို့ အကျိုးမပေးဘဲ ပျက်သွားသည့် ကံကို
အဟောသိကံ ဟု ခေါ်သည်။

အလည်ဇော ငါးချက်စေတနာကား အကျိုးမပေးဘဲ ပျက်သွားသည် ဟူ၍ မရှိချေ။
ဤ ဇောစေတနာ (၇) ချက် အလှည့်ကျ အကျိုးပေးပုံကို ဗုဒ္ဓဘာသာဝင်တိုင်း သိသင့်ပေ၏။
ဤသို့ သိသဖြင့် မှားယွင်းဖောက်ပြန်သော အယူမှား မိစ္ဆာဒိဌိ အဖြစ်သို့
မရောက်ခြင်း အကျိုးရှိ၏။


အရှင်ဝရသာမိ
https://shintharmi.blogspot.com

Friday, July 9, 2010

ဘယ်လိုဆရာကို သင်ဆရာတင်မလဲ

ကမ္မဌာန်းတရားအားထုတ်တော့မည်ဆိုလျှင် “ယထာဘူတံ ဉာဏာယ သတ္တာ ပရိယေသိတဗ္ဗော -ဟုတ်မှန်သည့်အတိုင်း သိဖို့ရန်အတွက် ဆရာရှာထိုက်သည်” ဟူသော ဒေသနာတော်အတိုင်း ဆရာရှာရပေမည်။ တရားအားထုတ်ရာ၌ ဆရာရှာဖွေခြင်းသည် အိမ်ထောင်ပြု၊ ဘုရားတည် -စသည်ကဲ့သို့ ဘဝမှာ အရေးကြီးဆုံး အရာတခုဖြစ်ပေသည်။ မိမိဆည်းကပ်သော ဆရာက လမ်းလွှဲနေပြီဆိုလျှင် အချိန်ကုန်လူပန်းဖြစ်ကာ အပါယ်ငရဲသို့ ကျဖို့ရန်သာ ရှိပေတော့သည်။ သို့ဖြစ်၍ ဆရာတင်မလွှဲအောင် အဌကထာဆရာက ဤသို့ မိန့်မှာတော်မူခဲ့ပေသည်။ 

“မြတ်စွာဘုရား သက်တော်ထင်ရှားရှိလျှင် မြတ်စွာဘုရားထံတော်၌ ကမ္မဌာန်းကိုသင်ယူရမည်- (အလုပ်ပေးတရားနာရမည်)။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခဲ့သော် မဟာသာဝက ရှစ်ကျိတ်တို့တွင် သက်တော်ထင်ရှားရှိဆဲဖြစ်သော မဟာသာဝကတစ်ပါးပါးထံ၌ ကမ္မဌာန်းအားထုတ်နည်းကို သင်ယူရမည်။ ထိုမဟာသာဝကတို့ ပရိနိဗ္ဗာန်ပြုခဲ့သော် မိမိအားထုတ်လိုသော ကမ္မဌာန်းဖြင့် တရားထူးရသွားသော ဈာနလာဘီ ရဟန္တာအရှင်မြတ်ထံ၌ ကမ္မဌာန်းအားထုတ်နည်းကို ကောင်းစွာသင်ယူရမည်။ ဥပမာ - မိမိက အာနာပါန ကမ္မဌာန်းကို အားထုတ်လိုလျှင် အာနာပါနကမ္မဌာန်းဖြင့် တရားထူး ရသွားသော ရဟန္တာမထေရ်ကြီးများထံ၌ သင်ယူရမည်ဟု ဆိုလိုသည်။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်မရှိခဲ့လျှင် အနာဂမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ အနာဂမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သကဒါဂါမ်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ သကဒါဂါမ်ပုဂ္ဂိုလ် မရှိခဲ့လျှင် သောတာပန်ပုဂ္ဂိုလ်ထံ၌ သင်ယူရမည်။ သောတာပန်ပုဂ္ဂိုလ် မရှိခဲ့လျှင် ဈာနလာဘီပုထုဇဉ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ် မရှိခဲ့သော် တိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ထိုပုဂ္ဂိုလ်မရှိခဲ့သော် ဒွိပိဋကဓရပုဂ္ဂိုလ်ထံ နည်းခံရမည်။ ဒွိပိဋကဓရပုဂ္ဂိုလ် မရှိခဲ့သော် ဧကပိဋကဓရ ပုဂ္ဂိုလ်ထံ နည်းခံရမည်။ ထိုပိဋကတစ်ပုံဆောင်မျှ မရှိခဲ့သော် နိကာယ်တခုခုကို အဌကထာအဖွင့်နှင့် အတူ ကျေပွန်စွာ လေ့လာထားသူလည်းဖြစ်၊ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်လည်းဖြစ်သည့် ပရိယတ္တိ ဝန်ဆောင်ပုဂ္ဂိုလ်၏ အထံ၌ နည်းခံလေ့လာသင်ယူရမည်။ မှန်၏။ အရှက်အကြောက်ရှိသည့် လဇ္ဇီပုဂ္ဂိုလ်သည် မိမိလေ့လာထားသော ပါဠိတော်ကို ဆောင်ထားတတ်၏။ ဗုဒ္ဓနှင့် ဗုဒ္ဓသာဝကတို့၏ ဂုဏ်ကျေးဇူးနှင့် အမျိုးအနွယ်ကို အစဉ်စောင့် ရှောက်တတ်၏။ ဆရာစဉ်ဆက်တို့၏ သင်ရိုးညွန်းတန်းကို အမြဲထိန်းသိမ်းစောင့်ရှောက်ထားတတ်၏။ မိမိဆရာ၏ အယူအဆကိုသာ ဟောပြောပြတတ်၏။ မိမိ၏ အတ္တနောမတိများကို မပြတတ်ပေ။ ထို့ကြောင့်သာလျှင် ရှေးမထေရ်ကြီးတို့သည် “အနာကတေ လဇ္ဇီ ရက္ခိဿတိ၊အနာကတေ လဇ္ဇီ ရက္ခိဿတိ -အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်၊ အနာဂတ်၌ လဇ္ဇီစောင့်ရှောင့်လိမ့်မည်” ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ခဲ့ခြင်း ဖြစ်ပေသည်။ မဟာသာဝကတို့ မရှိတော့သော ယခုသာသနာ၌ ရဟန္တာမှ စ၍ ပရိယတ္တဝန်ဆောင်ပုဂ္ဂိုလ်များ ထံတွင် အဆင့်ဆင့်သင်ယူအားထုတ်နိုင်ပေသည်။ ထိုအဆင့်ဆင့်သောပုဂ္ဂိုလ်တို့တွင် ရဟန္တာစသောပုဂ္ဂိုလ်တို့သည် မိမိရထားသော အကျင့်လမ်းစဉ် ကိုသာလျှင် ဟောပြောပို့ချတတ်ကြပေသည်။ ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်များသည်ကား ဆရာသမားထံ နည်းခံ၍ ပါဠိအဌကထာတို့ကို ကျေပွန်စွာ လေ့လာသုဓ်သင်ထားပြီး ဖြစ်သောကြောင့် မှားသောနည်း၊ မှန်သောနည်းကို ခွဲခြားပြနိုင်ပေသည်။ ယောဂီနှင့်သင့်တော်သော ကမ္မဌာန်း၊ မသင့်တော်သော ကမ္မဌာန်းကို ရွေးချယ်ပြတတ်ပေသည်။ ခြုံနွယ်ပိတ်ပေါင်း ထူထပ်သောတောအုပ်၌ သွားသော ကြီးမားသော ဆင်ပြောင်ကြီးကဲ့သို့ ထင်ရှားသော ကမ္မဌာန်းလမ်းမကြီးကို ပြလျက် ကမ္မဌာန်း တရားကို ဟောပြောပြတတ်ပေသည်။ 
(ဝိသုဒ္ဓိ၊ ၁၊ ၉၅၊ မြန်မာပြန်၊ ၁၊ ၂၆၆-၉) 

ဆိုလိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုဂ္ဂိုလ်တို့ထံ၌ အဆင့်ဆင့် ရွေးချယ်အားထုတ်ပါ။ ထိုပုဂ္ဂိုလ် တို့မရှိလျှင် ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များကို ရွေးချယ်ပါ။ သို့သော် ထိုပရိယတ္တိဝန်ဆောင်ပုဂ္ဂိုလ်သည်လည်း အရှက်အကြောက် ရှိရပါမည်။ ထိုပုဂ္ဂိုလ်ထံ နည်းခံပြီး အားထုတ်ပါဟု ဆိုလိုပေသည်။ အဌကထာဆရာက ပြဆိုသည်မှာ ရဟန္တာမှ စ၍ ဈာန်ရပုထုဇဉ် ပုဂ္ဂိုလ်တို့သည် မိမိအားထုတ် ခဲ့သော ကမ္မဌာန်း၊ မိမိဖြတ်သန်းခဲ့သော လမ်းကြောင်းကိုသာ ကျွမ်းကျင်စွာ ဟောပြောကြလေ ကုန်သည်။ ပရိယတ္တိဝန်ဆောင် ရဟန်းတော်များသည်ကား ဆရာစုံလင်စွာ လေ့လာထားပြီးဖြစ်သောကြောင့် ရှူ့မှတ်ပွါးများနည်းစုံလင်စွာ ပို့ချနိုင်ကြပေသည်။ ထို့ကြောင့် ကမ္မဌာန်းပေးသည့်အရာ၊ အလုပ် ပေးတရားဟောပြသည့်အရာတို့၌ အချို့ကုန်သော ရဟန္တာတို့ထက် ဗဟုသုတနှင့်ပြည့်စုံသော ပရိယတ္တိသမားက မြတ်သည်- ဟု ပြဆိုပေသည်။ 

ပုဗ္ဗေ ဝုတ္တခီဏာသဝါဒယော........(ပ).........ကမ္မဌာနံ ကထေဿတိ။ (ဝိသုဒ္ဓိ၊ ၁၊ ၉၅၊ ဝိ၊ ဌ၊ ၂၊ ၂၂) ပုဗ္ဗေ ဝုတ္တခီဏာသဝါဒယောတိအာဒိ........(ပ)...........ဒဿနတ္ထံ အာရဒ္ဓံ။ (ဝိသုဒ္ဓိ၊ ဋီ၊ ၁၊ ၁၂၀၊ သာရတ္ထ၊ ၂၊ ၂၀၃) မှန်ပေသည်။ ရဟန္တာစသော ပုဂ္ဂိုလ်တို့သည် မိမိရထားခဲ့ဘူးသော တရားအားထုတ်နည်းကိုသာ ဟောပြောပြသကြပေကုန်သည်။ တခြားနည်းကို မပြကြကုန်ပေ။ ပါဠိအဌကထာတို့၌ ဆုံးဖြတ်မှု့ ကျွမ်းကျင်သော ပရိယတ္တိသမားသည် ကြီးမာထင်ရှားသည့် ဆင်သွားရာ ကမ္မဌာန်း လမ်းကြောင်းကို လက်ညိုးညွန်ကာ ပြသကဲ့သို့ ဖြောင့်ဖြူးထင်ရှားသော ကမ္မဌာန်းလမ်းကြီးကို မတွေမဝေဘဲ ညွန်ပြနိုင်ပေသည်။ ထို့ကြောင့် အချို့သော ရဟန္တာပုဂ္ဂိုလ်ထက် ပါဠိအဌကထာ ကျွမ်းကျင်သော ပရိယတ္တိသမားက အလုပ်ပေးတရားဟောပြရာ၌ သာလွန်မြင့်မြတ်၏- ဟု ဆိုခြင်းဖြစ်ပါသည်။ အဌကထာ ညွန်ပြသည့် အတိုင်းဆိုလျှင် လောက၌ ရဟန္တာများကို ရှာဖွေရသည်မှာ မလွယ်ကူ လှပေ။ အကြောင်းမှာ ရဟန္တာတို့သည် အနေအထိုင် သိပ်သည်းကျစ်လစ်သောကြောင့် ဖြစ်ပါသည်။ ရဟန္တာမထေရ်၏ သပိတ်ကိုပိုက်၍ ရဟန္တာမထေရ်၏ သင်္ကန်းကိုဆွဲကိုင်ပြီး ရဟန္တာမထေရ်၏ နောက်က လိုက်နေသည့် ရဟန်းသည်ပင် ကိုယ့်ဆရာကို ရဟန္တာမှန်း မသိနိုင်ပါပေ။ ဤကဲ့သို့ အသိခက်လေသောကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီ တွေကို ရှာဖွေဖို့ မလွယ်ကူတော့ပေ။ ထို့အပြင် လောက၌ ရဟန္တာ ရဟန္တာ ဟု ကျော်ကြားနေသူများသည်လည်း သမ္မုတိ ရဟန္တာ များသာ ဖြစ်နေကြပေသည်။ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သူများ မဟုတ်ကြဘဲ လူတွေက ရဟန္တာ ဟု သမုတ်ထားသည့်၊ လူတွေက ရဟန္တာဟု ဘွဲ့ပေးထားသည့် သမ္မုတိ ရဟန္တာ များကိုသာ တွေ့ရပေသည်။ ထို့အပြင် လူအများက ရဟန္တာဟု ထင်ရလေအောင် သူတို့ကိုယ် သူတို့ ရဟန္တာ အမူအရာမျိုးဖြင့် ဟန်ဆောင်နေသည့် အယောင်ဆောင် ရဟန္တာများကိုလည်း တွေ့ရတတ်ပေသည်။ လောကကို လှည့်စားသော ရဟန္တာများ၊ နေ့မြင် ညပျောက် စားပေါက်ထွင်သည့် ရဟန္တာများ ဟု ဆိုလျင်လည်း မမှားနိုင်ပါပေ။ အဌကထာ ညွန်ပြသည့်အတိုင်းသာ ရှာဖွေရပါလျှင် အစစ်နှင့်လည်းတွေ့နိုင်ပေသည်။ အတုနှင့်လည်း တွေ့နိုင်ပေသည်။ သို့သော် ခေတ်ကာလ အနေအထားအရ အတုနှင့်သာ တွေ့ဖို့များပေသည်။ ထို့ကြောင့် ရဟန္တာတွေ၊ အရိယာတွေ၊ ဈာနလာဘီတွေကို ရှာဖွေမနေဘဲ ကိုယ်ကျင့်တရားနှင့် ပြည့်စုံသော ပရိယတ္တိဝန်ဆောင် ရဟန်းတော်များထံ၌သာ နည်းခံသင့်လှပေသည်။ ပရိယတ္တိသမားထံ နည်းခံခြင်းသည် တရားထူး မရသည့်တိုင် သုဂတိဘဝသို့တော့ ရောက်နိုင် ပေသည်။ ဤကား နောက်ဆုံးအဆင့်ကို ပြောခြင်းဖြစ်ပါသည်။ ထို့ထက် အယုတ်ဆုံးကို ပြောရပါလျှင် ပရိယတ္တိသမားထံ နည်းခံက အလိမ်ခံရခြင်းမှ ကင်းလွတ်နိုင်ပေသည်။ အလိမ်မခံရသည့် အကျိုးကို ရရှိဖို့ရန်အတွက် အာမခံချက်ပေးနိုင်သည်မှာ အသေချာဆုံး ဖြစ်ပါသည်။ သို့သော် ထို့ထက်မကပါ။ နှစ်ပေါင်း (၃၀) လုံးလုံး ရဟန္တာမဖြစ်မချင်း အမြဲငိုခဲ့ရသော မဟာနာဂ မထေရ်ကြီးသည် တောမထွက်ခင်က စာချဆရာတော်ဘဝဖြင့် ဂိုဏ်းကြီး (၁၈) ဂိုဏ်းကို အုပ်ချုပ် ခဲ့ရပေသည်။ ထိုမထေရ်ကြီးက ပုထုဇဉ်ပင် ဖြစ်သော်လည်း ထိုမထေရ်ကြီးထံ နည်းခံ၍ တရားကျင့်ရင်း ရဟန္တာဖြစ်သွားသူများမှာ အရေအတွက်အားဖြင့် သုံးသောင်းတောင် ရှိပေသည်။ ထို့ကြောင့် ပရိယတ္တိ အခြေခံရှိသော ဆရာသမားထံ နည်းခံခြင်းက အန္တရာယ်အကင်းဆုံး၊ စိတ်အချရဆုံး၊ အပေါက်မြောက်ဆုံး ဖြစ်ပါ၏။ ပရိယတ္တိ အခြေခံမရှိဘဲ ရဟန္တာဟု ကျော်ကြားနေသူများ၊ ရဟန္တာ ဟု ထင်ကြေးပေးခံရသူများ၊ ရဟန္တာ ဟုဆိုကာ ပရိသတ်နှင့် တဝုန်းဝုန်း တရုန်းရုန်း သွားလာနေသူများသည် အဘယ်မျှ သက်တန်းကြာလိုက်ပါသနည်း။ အချိန်တန်တော့ အဖြေမှန်ပေါ်ကာ လူလိမ်ကြီးများ ဖြစ်သွားခဲ့လေတော့သည်။ ပရိယတ္တိအခြေခံ မရှိသူမှန်သမျှ စာပေလာ အသိဉာဏ်ကို မရရှိသောကြောင့် လိမ်ကောက်တတ်ကြပေသည်။ ပြသရာ၌လည်း နည်းမှန်း လမ်းမှန် မပြနိုင်ကြပေ။ အတ္တနောမတိများကို အရဲကိုး ပြရင်းပြရင်းဖြင့် အလွဲအကျိုး ဖြစ်သွားကြသည်က များပေသည်။ ဒေသနာတော်သည် သဗ္ဗညုတအရာဖြစ်၍ စာတတ်ပေတတ် ကျမ်းဂမ်တတ် ဆရာတော်ကြီးများသည်ပင် သတိလက်လွတ်က လွဲမှားတတ်ပေသည်။ စာမတတ်ပေမတတ် အပြောခက်လှသည့် တောထွက်တောင်ပြန်တို့ဆိုလျှင်မူ ဆင်ကန်းတောတိုးသကဲ့သို့ မှားပြီးရင်း မှားရင်းသာ ဖြစ်နေပေတော့မည်။ ထို့ကြောင့် အလိမ်မခံရအောင် စာတတ်ဆရာတော်ကြီးများထံ နည်းခံထိုက်လှပါပေ၏။ ပရိယတ္တိကို ဆည်းကပ်ထိုက်ပါပေ၏။ 

@@@@@@@@@@@@@@@ ယောဂီတို့ ဆရာတင်မှား၍ အရှက်ကွဲခဲ့ရပေါင်းလည်း များလှချေပြီ။ ထို့သို့ ဆရာတင် မှားရခြင်းမှာ ယောဂီတို့ကအသိုင်းအဝိုင်းကို ကြည့်၍ တရားရှာတတ်သောကြောင့် ဖြစ်ပေသည်။ နာမည်ကြီးလျှင်ပြီးရော ပုံစံမျိုးဖြင့် အရမ်းကာရော ဆည်းကပ်တတ်သောကြောင့် ဖြစ်ပေသည်။ ထင်ပေါ်ကျော်ကြားမှု့နှင့် ဘွဲ့ထူး ဂုဏ်ထူးတို့နောက် တကောက်ကောက် လိုက်နေသောကြောင့် ဖြစ်ပေသည်။ တရားကို မကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။ မူကိုမကြည့်၊ လူကိုသာ ကြည့်နေသောကြောင့် ဖြစ်ပေသည်။ အထူးအဆန်းများကို တရားဟု ထင်နေတတ်သောကြောင့် ဖြစ်ပေသည်။ ယောဂီတို့ ဆရာတင်မှား၍ တစ်သံသရာလုံး အလိမ်ခံခဲ့ရပေါင်းလည်း များခဲ့ပေပြီ။ မြတ်စွာဘုရား သာသနာတော်နှင့် တွေ့ကြုံခိုက် စာပေကပေးသော အသိဉာဏ်ဖြင့် အလိမ်မခံရအောင် ဝေဖန်သင့်လှပေသည်။ ရိုးရိုးသားသားနှင့် နည်းမှန်လမ်းမှန် ပြသနေသည့် တည်ငြိမ်နေသော ရိပ်သာကြီးများသို့ ဆည်းကပ်သင့်လှပေပြီ။ မရိုးမသားဖြင့် အထူးအဆန်းများ လုပ်နေသည့် ပေါ်ပင်ဆရာကြီး များကို ရှောင်ရှားသင့်လှပေပြီ။ အထူးသဖြင့် ထိုပေါ်ပင်ဆရာကြီးများသည် အထူးအဆန်း များဖြင့် ယောဂီတို့ကို ဆွဲဆောင်နေပြီဆိုလျှင် ပရိယတ္တိအရည်အချင်းကို ကြည့်စေချင်ပါသည်။ ပရိယတ္တိအခြေခံ မရှိဘူးဆိုလျှင် သင်တို့ကို လိမ်တော့မည်။ လိမ်နေမည်ဆိုတာ သေချာပေပြီ။ မြန်မာပြည်၌ ပေါ်ပေါက်ခဲ့ဘူးသော အထူးအဆန်းဖြစ်ရပ်များဖြင့် လိမ်လည်လှည့်စားခဲ့သူ မှန်သမျှကိုကြည့်လျှင် ပရိယတ္တိ မတတ်ကျွမ်းသူများကိုသာ တွေ့ရပေသည်။ ပရိယတ္တိလောက၌ လူလိမ်မရှိပါ။ ပရိယတ္တိသမားများသည် ရိုးစင်းကြပေသည်။ ကိုယ်ကျင့်တရားပျက်ပြားသူ ရှိချင်ရှိမည်။ ဒကာ ဒကာမတို့ကို မြှောက်ပင့်ပေးသူ ရှိချင်ရှိမည်။ ဒကာ ဒကာမတို့ကို အပါယ်ဆွဲချသူ မရှိ - ဟု ယုံကြည့်ပါသည်။ ထို့ကြောင့် ရဟန္တာဟု ထင်ရလေအောင်၊ အရိယာဟု ထင်ရလေအောင်၊ အကြားအမြင် ရသူဟု ထင်ရလေအောင် အဆောင်အယောင်ကြီးတွေဖြင့် လောကကို လှည့်စားသူ ဟူ၍ ပရိယတ္တိလောက၌ တစ်ခါမှ မကြားဘူးခဲ့ပေ။ မိတ်ဆွေ၊ သင်သည် ပရိယတ္တိ အခြေခံမရှိဘဲ ကမ္မဌာန်းဆရာ လုပ်ချင်ပါမူ သင်ကိုယ်တိုင် ဆရာနည်းကျကျဖြင့် အရိယာဖြစ်အောင် အားထုတ်ပါ။ သို့တည်းမဟုတ် သင့်ဆရာထံမှ နည်းမှန် လမ်းမှန် ရထားသည့် နည်းနာ နိဿယများကိုသာ ပို့ချပါ။ သို့မဟုတ်ပါက သင်သည် မိမိအယူဝါဒ မိမိ အဆိုအမိန့်ကို ကြားညှပ်၍ ဟောပြောရင်းမှ သင့်ကိုယ်သင် မဟာစောရ ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကို သင်သဘောပေါက်စေချင်ပါသည်။ ကိုယ်တစ်ယောက် မှားရုံသာမက သူတစ်ပါးကိုပါ အမှားခိုင်းသောကြောင့် ကမ္ဘာမှာ အယုတ်မာဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်မှန်းမသိ ဖြစ်နေမည်ဆိုတာကိုလည်း သင်သဘောပေါက်သင့်လှပေသည်။ ထို့အပြင် အပါယ်ငရဲကို မလွဲမသွေ ရောက်ရှိတော့မည့် ငရဲသား လောင်းလျာကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့မည် ဆိုတာကိုလည်း သင် သဘောပေါက်စေချင်ပါသည်။ အကောင်းဆုံးနည်းမှာ သင့်ကိုယ်သင် ပေါက်မြောက်သည်၊ မပေါက်မြောက် သည်ကို သင်ကိုယ်တိုင် အသိဆုံးဖြစ်ရာ သင့်ကိုသင် မပေါက်မြောက်ပါဘဲ ပေါက်မြောက်လေဟန်ဖြင့် ဆရာကြီး မလုပ်သင့်ခြင်းပင် ဖြစ်ပေသည်။ သို့မဟုတ်လျှင်မူ............။ အချို့သော ရဟန္တာတို့ထက် စာပေကျမ်းဂမ် တတ်ကျွမ်းသော ပရိယတ္တိဝန်ဆောင် ပုဂ္ဂိုလ်က မြတ်သည်ဟု ဆိုထားသည်ကို ထောက်ဆ၍ ပရိယတ္တိသမားများကို မပစ်ပယ်သင့်ပေ။ ပရိယတ္တိကင်းသော ပဋိပတ္တိများကို အားမထုတ်သင့်ပေ။ ထို့ကြောင့် ပရိယတ္တိ၊ ပဋိပတ္တိ စွယ်စုံရသော တရားပြဆရာတော်ကြီးများအထံ၌ နည်းခံပါ - ဟု ထပ်မံ မှာလိုက်ပါရစေ။ @@@@@@@@@@ 

(ရည်ညွန်း............တန်ကြည့်တောင် ဦးသောမဗုဒ္ဓိ၊ ဆူနာမီ ဦးဥတ္တမသာရ၊ ဓမ္မစေတီ နှင့် ချစ်ငယ်(ဒဿန)..စသော အဓမ္မဝါဒီပုဂ္ဂိုလ်များ နှင့် တပည့်များသို့) စာဖတ်သူ အပေါင်းသူတော်ကောင်းတို့ ဘယ်လိုဆရာကို သင်ဆရာတင်မလဲ.. ဆရာတင်နည်းလေး ပေးလိုက်ပါမည်။ (၁) ပရိယတ္တိ အခြေခံရှိခြင်း။ (၂) ကိုယ်ကျင့်သီလဖြူစင်မှု့ ရှိခြင်း။ (၃) စိတ်နေစိတ်ထား မြင့်မာခြင်း။ ဤ အင်္ဂါ (၃) ရပ်နှင့် ပြည့်စုံသူကို ဆရာတင်ကြစေချင်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးကို ဆရာတင်က စာဖတ်သူ ယောဂီတို့ လိုအပ်သည့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော ကောင်းကျိုး ချမ်းသာမှန်သမျှ ခံစားရမည့် အပြင် စာဖတ်သူယောဂီတို့ အတောင့် တဆုံးဖြစ်သော အမြိုက်နိဗ္ဗာန်ကိုလည်း ဧကန်ထုတ်ချောက် မျက်မှောက်ပြုနိုင် ပေလိမ့်မည်။ ဆရာတင်မှားလျှင် တစ်သံသရာလုံး မှောက်သွားနိုင်သည်။ ထို့ကြောင့် ဆရာတင်ထိုက်သူ၊ ဆရာမတင်ထိုက်သူ။ ဆည်းကပ်ထိုက်သူ၊ မထိုက်သူ ကို ဓမ္မပေတံဖြင့် တိုင်းတာကြည့်စေချင်သည်။ ပရိယတ္တိရွှေချိန်ခွင်ဖြင့် ချိန်ကြည့် စေချင်ပါသည်။ ကိုယ်အားထုတ်သည့် တရားက ဓမ္မလား၊ အဓမ္မလား၊ အပါယ်ရောက်ကြောင်းလား နိဗ္ဗာန်ရောက်ကြောင်းလား ဆိုသည်ကို သေချာသိအောင် ခွဲခြားဝေဖန်ဆန်းစစ်တတ်ပါစေ။ 

တရားမလိုက်၊ အမှားကြိုက်၊ ဆရာမိုက်နှင့် လွှဲပါစေ...... 

အရှင်ဝရသာမိ 

Tuesday, July 6, 2010

လောကကို လှည့်စားနေသူများ

လူတို့သည် ပုဂ္ဂိုလ်တဦးကို ကြည်ညိုရာ၌ပင် တူညီမှု့မရှိတတ်ကြပေ။
ကိုယ်သန်ရာသန်ရာကို ရွေးချယ်တတ်ကြ၏။ ထိုသို့သော ယုံကြည်ကိုးကွယ်မှု့ကို
အဌကထာဆရာက ဤသို့ဖွင့်ပြပါသည်။

၎င်းတို့မှာ..........
(၁) ရူပပ္ပမာဏ - ရုပ်ဆင်းအင်္ဂါ လှပခြင်းကို အစွဲပြု၍ ကြည်ညိုသူ။
(၂) ဃောသပ္ပမာဏ - ကျော်စောသံကို ကြား၍ကြည်ညိုသူ။
(၃) လူခပ္ပမာဏ - ခေါင်းပါးသောအကျင့်ကို စွဲ၍ ကြည်ညိုသူ ။
(၄) ဓမ္မပမာဏ - သီလ၊ သမာဓိ၊ ပညာရှိမှု့ကို စွဲ၍ ကြည်ညိုသူ ဟူ၍ ဖြစ်ပါသည်။
(မဇ္ဈိမမဏ္ဏာသ၊ ဌ၊ ၁။ ၃၀၇)

ထို (၄) ယောက်တို့တွင်........
(၁) ရူပပ္ပမာဏ ရုပ်အဆင်းလှမှု့ကို ကြည်ညိုသူသည် ပစ္စုပ္ပန်သံသရာ၌ မည်သည့်ကောင်းကျိုးမျှ
ရရှိမည်မဟုတ်ပေ။ မြတ်စွာဘုရားက ဝက္ကလိရဟန်းကို ကဲ့ရဲ့သကဲ့သို့ ဘုရားရှင်ကဲ့ရဲ့ခံရမည်သာ
ဖြစ်ချေသည်။ အောက်ထစ်ဆုံးအားဖြင့် ကြည်ညိုသူက အမျိုးသမီးယောဂီဖြစ်လျှင်မူ
“လူပျံတော်မယား” ဟူသော ဘွဲ့ထူးဂုဏ်ထူးရခြင်းမှ တပါး အခြားသောအကျိုးမရှိပေ။

(၂) ဃောသပ္ပမာဏ - အရ ကျော်စောသံကို ကြား၍ကြည်ညိုလျှင်လည်း အလိမ်ခံရတတ်ပေသည်။
အကြောင်းမှာ -
ဟုတ်၍ ကျော်သောပုဂ္ဂိုလ်များရှိသကဲ့သို့ မဟုတ်ဘဲနှင့် ကျော်နေသည့် ပုဂ္ဂိုလ်များလည်း
ရှိတတ်သောကြောင့် ဖြစ်ပါသည်။
မှန်ပေသည် -
နာမည်ကြီးခြင်း၊ ကျော်စောခြင်းသည် အစစ်အမှန် များရှိသကဲ့သို့ အလံရူးအဖွဲ့က ကြော်ငြာပေးခြင်း၊
ဝိုင်းပင့်ပေးသောနည်းဖြင့် အသိုင်းအဝိုင်း အင်အားကိုသုံးပြီး နာမည်ကြီးအောင်
လှော်ပေးခြင်းတို့ကြောင့် နာမည်ကြီးသူများလည်း ရှိတတ်ကြပေသည်။
(ယခုခေတ်အခါတွင် ပေါ်ပေါက်နေကြသော စူနာမီ၊ ချစ်ငယ် .....စသော အဓမ္မဝါဒ
လူလိင်လူညာများကဲ့သို့သော အဖွဲ့များကို ဆိုလိုပါသည်)
ဥပမာ - ကြော်ငြာထည့်၍ ကြော်ငြာတိုင်း ပစ္စည်းမှန်၊ ပစ္စည်းကောင်းဟု
မသတ်မှတ်နိုင်သကဲ့သို့ ဖြစ်ပါသည်။

(၃) လူခပ္ပမာဏ -အရ သင်္ကန်း သပိတ်ခေါင်းပါးမှု့ကို ကြည့်၍ ကြည်ညိုလျှင်လည်း
အလိမ်ခံရတတ်ပေသည်။ အကြောင်းမှာ ..........
ခေါင်းပါးမှ လူကြည်ညိုမည်၊ လူကြည်ညိုမှ လာဘ်လာဘပေါများပြီး ထင်ပေါ်ကြော်ကြားမည်
ဟူသော အကြံအစည်ဖြင့် ခေါင်းပါးပြသူများလည်း ရှိတတ်သောကြောင့်ပင် ဖြစ်ပါသည်။
မှန်ပေသည် -
လောက၌ ခေါင်းပါသူ အစစ်အမှန်များရှိသကဲ့သို့ ခေါင်းပါးသယောင် ဟန်ဆောင်နေသူများလည်း
ရှိတတ်ပေသည်။ ဤကဲ့သို့သော အတုယောင်များလည်း ရှိတတ်ကြောင်းကို မြတ်စွာဘုရားက
ဤသို့ဟောတော်မူခဲ့ပါသည်..........

“ရဟန်းတို့ ပညာနုံသောကြောင့်၊ တွေဝေသောကြောင့် တော၌နေသည့် တောနေရဟန်းများလည်း
ရှိတတ်ကြ၏။ ယုတ်ညံ့သော အလိုရှိသည်ဖြစ်၍၊ အလိုဆိုးနှိပ်စက်အပ်သည်ဖြစ်၍ တော၌နေသည့်
တောနေရဟန်းများလည်း ရှိတတ်၏။ ရူးသွပ်ခြင်း၊ စိတ်ပျံ့လွင့်ခြင်းကြောင့် တော၌နေသည့်
တောနေရဟန်းများလည်း ရှိတတ်၏။ ဗုဒ္ဓ နှင့် ဗုဒ္ဓသာဝကတို့သည် ချီမွမ်းအပ်၏ဟု နှလုံးသွင်း၍
တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
အလိုနည်းမှု့၊ ရောင့်ရဲမှု့၊ ခေါင်းပါးမှု့၊ ဆိတ်ငြိမ်မှု့ ကိုသာလျင်မှီ၍ အကျင့်ဖြင့် အကျိုးရှိမှု့ကိုသာလျင်မှီ၍
တော၌နေသည့် တောနေရဟန်းများလည်း ရှိတတ်ကြ၏။
(အာရညိကသုတ်) (အံ၊ ၂၊ ၁၉၃)

ထိုတောနေရဟန်း ငါးမျိုးတို့တွင် ယုတ်ညံ့သော အလိုရှိသည့် တောနေရဟန်းဟူသည်..
“တောထဲမှာနေသော ငါ့အား ဒီဆရာတော်က တောထဲမှာ တပါးတည်းနေရှာတယ် ဟု
လူအပေါင်းက ပစ္စည်းလေးပါးဖြင့် ပူဇော်ကြလိမ့်မယ်။
ဒီဆရာတော်က ဆိတ်ငြိမ်ရာအရပ်မှာသာ ပျော်တတ်တယ် စသည်ဖြင့် လူအပေါင်းက
ချီမွမ်းကြလိမ့်မယ်” စသည်ဖြင့် ထင်ပေါ်ကျော်ကြား လာဘ်ပေါများလို၍ အာရညိကဓုတင်
ဆောက်တည်သော ရဟန်းမျိုးကို ဆိုပေသည်။
(အံ၊ ဌ။ ၃၊ ၆၅)

(၄) ဓမ္မပမာဏ - အရ သီလ၊ သမာဓိ၊ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ကို
ချင့်ချိန်ဝေဖန်၍ ကြည်ညိုခြင်းသည်သာ အန္တရယ်အကင်းဆုံး၊ ဘေးအရှင်းဆုံး ကိုးကွယ်ခြင်းမျိုး
ဖြစ်ပေသည်။ ပစ္စုပ္ပန်သံသရာ၌ ကောင်းကျိုးချမ်းသာ ခံစားရန်အတွက် စိတ်အချရဆုံးသော
ကိုးကွယ်ခြင်းမျိုး ဖြစ်ပါသည်။

သို့ဖြစ်၍ စာဖတ်သူအပေါင်း သူတော်ကောင်းတို့သည်
ရုပ်လှသူနောက် ကောက်ကောက်ပါအောင် လိုက်နေကြသူများ၊
နာမည်ကြီး၍ ဆည်းကပ်နေကြသူများ၊
ခေါင်းပါးခြင်းဖြင့် အလိမ်ခံရသူများ မဖြစ်ရလေအောင် သိက္ခာသုံးရပ် အကျင့်မြတ်ကို
ရွေးချယ်ဆည်းကပ်နိုင်စေရန် အသိပေးအပ်ပါသည်။

ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ
(ဝီရသူ - မစိုးရိမ်)


အရှင်ဝရသာမိ 

Sunday, March 28, 2010

ဘုရားလောင်းဝါဒ - ၂ -

အခါတစ်ပါး၌ မြတ်စွာဘုရားရှင် စာတုမရွာ သျှစ်သျှားတော၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလာန်တို့သည် ရဟန်း ငါးရာနှင့် တကွ ဘုရားဖူးရန် ရောက်လာခဲ့ပေသည်။ ထိုရဟန်း ငါးရာတို့၏ နုတ်ဆက်စကားသံ၊ နေရာလုသံ၊ သပိတ်သင်္ကန်း သိုမှီးသိမ်ဆည်းသံ တို့ကြောင့် ဤ ရဟန်းအပေါင်းသည် တံငါရွာရှိ ငါးစိမ်းသည်တို့နှင့် တူကြ၏- ဟု ညည်းတွားတော်မူကာ- 

ဂစ္ဆထ ဘိက္ခဝေ၊ မဏာမေန္တိ ဝေါ၊ နဝေါ မမ သန္တိကေ ဝတ္တဗ္ဗံ၊ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၀) 

ရဟန်းတို့ သွားကြကုန်၊ သင်တို့ကို နှင်ထုတ်အပ်၏။ သင်တို့သည် ငါ၏ ထံ၌ မနေထိုက် -ဟု (မြန်မာပြန်-၁၃၀) ပြန်လွတ်တော်မူခဲ့ပါသည်။ ထိုအကြောင်းကို သိရှိကြကုန်သော စာတုမရွာသား သာကီဝင်မင်းသားများနှင့် သဟမ္ပတိဗြဟ္မာကြီးတို့က မျိုးသစ်ပင် ဥပမာ၊ နို့စို့နွားငယ် ဥပမာ တို့ဖြင့် ပြန်လည်လက်ခံရန် လျှောက်ထားကြမှသာ ပြန်လည်လက်ခံတော်မူခဲ့ပါသည်။ အရှင်သာရိပုတြာနှင့် အရှင်မဟာမောဂ္ဂလာန်တို့ ဦးဆောင်သော ရဟန်းငါးရာတို့ ပြန်လည်ကြွရောက်လာသော အခါ၌ 

မြတ်စွာဘုရားက- ကိန္တိ တေ သာရိပုတ္တ အဟောသိ မယာ ဘိက္ခုသံဃေ ပဏာမိတေ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂) 

ချစ်သား သာရိပုတြာ၊ ရဟန်းအပေါင်းကို ငါဘုရားနှင်ထုတ်စဉ် သင့်အား အဘယ်သို့သော စိတ်အကြံ ဖြစ်လေသနည်း - ဟု မေးတော်မူပါသည်။ (မြန်မာပြန်-၁၃၂) 

ထိုအခါ အရှင်သာရိပုတြာက “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ၊ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေခြင်းကို အားထုတ်တော်မူလျက် နေတော်မူလတ္တံ့။ ယခုအခါ ငါတို့သည်လည်း မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ ချမ်းချမ်းသာသာ နေထိုင်မှု့ကို အားထုတ်ကုန်လျက် နေကြကုန်တော့အံ့” ဟူသော အကြံဖြစ်ပါ၏ ဘုရားဟု လျှောက်ထားပါသည်။ ထိုအခါ မြတ်စွာဘုရားက - အာဂမေဟိ တွံ သာရိပုတ္တ၊ အာဂမေဟိ တွံ သာရိပုတ္တ၊ ဒိဌဓမ္မသုခဝိဟာရံ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂) “ချစ်သား သာရိပုတြာ ဆိုင်းငံ့ဦးလော့၊ ချစ်သား သာရိပုတြာ မျက်မှောက်ဘဝ၌ ချမ်းသာစွာ နေခြင်းကို ဆိုင်းငံ့ဦးလော့ ဟု မိန့်တော်မူပါသည်။ (မြန်မာပြန်-၁၃၂) ထို့နောက် အရှင်မဟာမောဂ္ဂလာန်ကို မေးတော်မူသော အခါ၌ အရှင်မဟာမောဂ္ဂလာန်က “မြတ်စွာဘုရားသည် ရဟန်းအပေါင်းကို နှင်ထုတ်တော်မူပြီ။ ယခုအခါ မြတ်စွာဘုရားသည် မျက်မှောက်ဘဝ၌ ကြောင့်ကြမဲ့စွာ နေတော်မူခြင်းကို အားထုတ်လျက် နေတော်မူလတ္တံ့။ ယခုအခါ ငါသည်လည်းကောင်း၊ အရှင်သာရိပုတြာသည် လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်ကြကုန်တော့အံ့” ဟူသောအကြံ ဖြစ်ပါ၏ဘုရားဟု လျှောက်ထားလေ၏။ 

ထိုအခါ မြတ်စွာဘုရားက - သာဓု သာဓု မောဂ္ဂလ္လာန၊ အဟံ ဝါ ဟိ မောဂ္ဂလ္လာန ဘိက္ခု သံဃံ ပရိဟရေယျံ သာရိပုတ္တမောဂ္ဂလ္လာနာ ဝါ။ (မဇ္ဈိမပဏ္ဏာသ၊ ၂၊ ၁၂၂) (စာတုမသုတ်)

 “ချစ်သားမောဂ္ဂလာန်၊ ကောင်းလေစွ ကောင်းလေစွ။ ချစ်သားမောဂ္ဂလာန်၊ ငါသည်လည်းကောင်း သာရိပုတ္တာ၊ မောဂ္ဂလာန် တို့သည်လည်းကောင်း ရဟန်းအပေါင်းကို ဦးဆောင်းကြကုန်အံ့။ ဟု မိန့်တော်မူပါသည်။ (မြန်မာပြန်-၁၃၂) ဤ သာဓက ကို ထောက်ဆကြည့်ပါက မြတ်စွာဘုရားသည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို အားမပေး မချီးမြှောက် သာဓုမခေါ် သည်ကိုတွေ့ရှိရပေမည်။ ထို့အပြင် ကိုယ်တော်တိုင် လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးရုံသာ မကဘဲ သူ၏သာဝက တို့တွင်လည်း လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးသူများကိုသာ အားပေးချီးမြှောက် သာဓု ခေါ်တော်မူကြောင်းကို သိရှိရလေသည်။ ထို့ကြောင့် ဗုဒ္ဓသည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒီ မဟုတ်၊ လောကငြိမ်းချမ်းရေးဝါဒီသာ ဖြစ်သည်။ တစ်ကိုယ်ရေ ငြိမ်းချမ်းရေးသမားများကို ချီးမြှောက်အားပေးသူမဟုတ်၊ လောကငြိမ်းချမ်းရေးသမားများကို ချီးမြှောက်အားပေးသူသာ ဖြစ်သည်ဟု မှတ်ရပေမည်။ ထို့အပြင် ရဟန္တာပုဂ္ဂိုလ်တိုင်းလည်း တစ်ကိုယ်ရေ ငြိမ်းချမ်းရေးကို လက်ခံကျင့်သုံးကြသည် မဟုတ် လောကငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသော ရဟန္တာများ ရှိသေးသည်ကိုလည်း တွေ့ရှိရပေမည်။ ဤဝတ္ထု၌ အရှင်မဟာမောဂ္ဂလာန်သည် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးကို လက်ခံကျင့်သုံးသော ရဟန္တာပုဂ္ဂိုလ်မျိုး မဟုတ်ဘဲ လောကငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသော ရဟန္တာပုဂ္ဂိုလ်မျိုး ဖြစ်သည်ကို တွေ့ရှိရပေမည်။ အရှင်မဟာမောဂ္ဂလာန်သည် အပြောသာမဟုတ်ဘဲ ကိုယ်တော်တိုင်လည်း လောကငြိမ်းချမ်းရေး အတွက် သယ်ပိုးထမ်းရွက်သည်ကို တွေ့ရှိရပေသည်။ အခါတစ်ပါး၌ မြတ်စွာဘုရားနှင့် ရဟန်းအပေါင်းတို့သည် ဥပုသ်ပြုရန် သိမ်အတွင်း၌ စုဝေးကြလေသည်။ ထိုရဟန်း ပရိသတ်ထဲ၌ သီလမဲ့(ဒုဿီလ) တစ်ပါး ပါရှိသည်ကို တွေ့ရ၍ မြတ်စွာဘုရားသည် ဥပုသ်ပြုတော် မမူပေ။ ဤသို့နှင့် ညဉ့်ဦးယာမ်၊ သန်းခေါင်ယာမ်၊ မိုးသောက်ယာမ်ကို ကျော်လွန်ပြီ ဖြစ်ကြောင်း၊ ရဟန်းအပေါင်း ကြာမြင့်စွာ ထိုင်နေရပါကြောင်း၊ ဥပုသ်ပြုရန် အချိန်တန်ပြီ ဖြစ်ကြောင်း အရှင်အာနန္ဒာလျှောက်ထားသောအခါ မြတ်စွာဘုရားက- “အပရိသုဒ္ဓါ အာနန္ဒ ပရိသာ အာနန္ဒာ၊ ပရိသတ်သည် မစင်ကြယ်” ဟု မိန့်တော်မူပါသည်။ ထိုအခါ အရှင်မဟာမောဂ္ဂလာန်က အဘိညာဉ်ဖြင့် ကြည့်တော်မူ၍ ဒုဿီလပုဂ္ဂိုလ်ကို တွေ့သောအခါဥပုသ်သိမ်မှ ထွက်ခွါသွားဖို့ သုံးကြိမ် သုံးလီ မိန့်တော်မူပါသည်။ ထိုသို့ သုံးကြိမ်တိုင်အောင်မိန့်တော်မူ၍ မရသောအခါမှသာ အရှင်မဟာမောဂ္ဂလာန်က ဒုဿီလပုဂ္ဂိုလ်၏ လက်မောင်းကိုဆွဲ၍ အပြင်သို့ခေါ်ထုတ်သွားကာ တံခါးပိတ်ထားလိုက်လေတော့သည်။ ထိုအခါ မြတ်စွာဘုရားက- “ချစ်သားမောဂ္ဂလာန် အံ့ဘွယ်ဖြစ်၏၊ မဖြစ်ဘူးမြဲ ဖြစ်၏။ မဂ်ဖိုလ်မှ အချီနှီးဖြစ်သော (အလကားကောင်)ဒုဿီလ သည် လက်မောင်းကို ဆွဲကိုင်သည်ထိအောင် အပြင်မထွက်ဘဲ ရဲတင်းလွန်းလှ၏ - ဟု မိန့်တော်မူကာ ကိုယ်တော်တိုင် ဥပုသ်ပြုခြင်းကို ရပ်နားသွားပေတော့သည်။ (ဥပေါသထသုတ်) (အံ၊ ဌ၊ ၃၊ ၄၄)  ဤသာဓကကို သုံးသပ်ကြည့်ပါက သာသနာ၌ ဒုဿီလပုဂ္ဂိုလ်များသည် ရဟန်းအပေါင်း ဆင်းရဲကြောင်းသာ ဖြစ်သည်ကိုလည်းကောင်း၊ အရှင်မဟာမောဂ္ဂလာန်သည် လောကငြိမ်းချမ်းရေးကို ဗဟိုပြု၍ အနစ်နာခံကာ ဒုဿီလကို ရဲရဲရင့်ရင့် သုဓ်သင်တော်မူသည်ကိုလည်းကောင်း တွေ့ရှိရပေသည်။

ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

Saturday, March 13, 2010

ဘုရားလောင်းဝါဒ - ၁ -


ဤ သာသနာတော်၌ ဗုဒ္ဓဝါဒကို လက်ခံယုံကြည်သူများသည် တဦးနှင့်တဦး အမြင်ချင်း မတူညီကြချေ။ ခံယူချက်လည်း ကွဲလွဲကြလေ၏။ ကျင့်သုံးမှု့ခြင်းလည်း ခြားနားကြသည်သာ ဖြစ်ချေသည်။ တစ်ချို့က ရဟန္တာဝါဒ ကိုကျင့်သုံး၍ တစ်ချို့က ဘုရားလောင်းဝါဒကို ကျင့်သုံးကျပေသည်။ ထိုနှစ်မျိုးတို့တွင် ရဟန္တာဝါဒ ဆိုသည်မှာ ပုဂ္ဂလိကဝါဒဖြစ်သည်။ တစ်ကိုယ်ရေ လွတ်မြောက်မှု့ဝါဒ ဖြစ်သည်။ တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့ဝါဒ ဖြစ်သည်။ သို့ဖြစ်၍ ရဟန္တာဝါဒကို ကျင့်သုံးသူအတွက် လောကသည် သူနှင့်မဆိုင်၊ ပတ်ဝန်းကျင်သည် သူနှင့်မပတ်သက်၊ သင်္ခါရတရားမှန်သမျှ ဖြစ်ပေါ်ပြီးလျှင် ပျက်ရသည်သာ ဖြစ်သည်။ ဖြစ်ချိန်တန်က ဖြစ်မည်။ ပျက်ချိန်တန်က ပျက်မည် - ဟု သူမည်သည်။ သဗ္ဗေသတ္တာ ကမ္မဿကာ- သတ္တဝါ တိုင်းသည် ကံသာလျှင် ဥစ္စာရှိကြသည်။ 

ကောင်းတာပြုက ကောင်းကျိုးခံစားရမည်၊ မကောင်းတာပြုက မကောင်းကျိုးခံစားရမည်။ မကောင်းလည်းခံ၊ ကောင်းလည်း စံ-ဟု သူမြင်သည်။ သူ့ဘာသာသူ သူ့အကျိုးပေးနှင့်သူ သွားလိမ့်မည် ဟု ခံယူထားသူများ ဖြစ်ကြ၏။ ထို့ကြောင့် တကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသူများသည် လောက အတွက် မငဲ့ကွက်တတ်ကျချေ။ ဖာသိဖာသာနိုင်လွန်းကြ၏။ မသိကျိုးကျွံပြုလွန်းကြ၏။ သူတို့ကမူ သူတို့ထံပါးသို့ ရောက်ရှိလာကြသူများကို တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒ၊ တစ်ကိုယ်ရေ လွတ်မြောက်မှု့ဝါဒကို ဟောပြောပို့ချရင်း သူတို့ကို ဆည်းကပ်လာသူများအား ချီးမြောက်ရုံလေး ချီးမြောက်ရုံဖြင့်သာ လောကကို ကျေးဇူးပြုတတ်ကြပေသည်။ 

မြန်မာနိုင်ငံသည် တစ်ကိုယ်ရေ ငြိမ်းချမ်းဝါဒကို လက်ခံကျင့်သုံးသူ များနေသော ကြောင့်သာ လူမျိုးရေး၊ ဘာသာရေး၊ ပညာရေး အရေးအားလုံး နိမ်ကျနေခြင်း ဖြစ်ပေ၏။ ဘုရားလောင်းဝါဒ ဆိုသည်မှာ အမျိုးသားရေးဝါဒ မျိုးချစ်ဝါဒ ဖြစ်သည်။ အများကောင်းစားရေးဝါဒ လောကကြီးပွါးရေးဝါဒ ဖြစ်သည်။ လောက ကို ချီးမြှောက်သောဝါဒ ပရဟိတကို အဓိကထားသောဝါဒ ဖြစ်သည်။ လောက အတွက် အသက်ကိုစတေးရဲသောဝါဒ စွန့်လွတ် စွန့်စားသောဝါဒ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားလောင်းဝါဒကို ကျင့်သုံးသူများသည် အတ္တကို လောကအတွက် အသုံးချကြ၏။ လိုအပ်လျှင် ကိုယ်နှင့်အသက်ကို မငဲ့ကွက်မူ၍ မိမိလူမျိုး၊ မိမိဘာသာ၊ မိမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်တတ်ကြ၏။ ထို့ကြောင့် ဘုရားလောင်းဝါဒသည် ဘဝကြီးပွါးရေး၊ မိသားစုကြီးပွါးရေး၊ မိမိလူမျိုး ကြီးပွါးရေး၊ မိမိနိုင်ငံ တိုးတက်ရေးအတွက် လက်ကိုင်ပြုရမည့် ဝါဒ ဖြစ်သည်။

 ဗုဒ္ဓဘာသာဝင် ရဟန်း ရှင် လူ တိုင်းသည် ဤဘုရားလောင်း ဝါဒ ကို ကျင့်သုံးကြလျှင် မိမိဘ၀ ကြီးပွါးမည်၊ မိမိ မိသားစု ကြီးပွါးမည်၊ မိမိလူမျိုးကြီးပွါးမည်၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မည်မှာ မုချဧကန် အမှန်ပင်ဖြစ်ပေသည်။ မြတ်ဗုဒ္ဓသည် ဝါသနာနှင့် တကွသော ကိလေသာတို့ကို အမြစ်ပါမကျန် တွန်းလှန်ပယ်သတ်ပြီးသူဖြစ်သော်လည်း တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို လက်ခံကျင့်သုံးသူ မဟုတ်ချေ။ လောက ငြိမ်းချမ်းရေးဝါဒကိုသာ လက်ခံကျင့်သုံးသူ ဖြစ်ချေ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ဘုရားဖြစ်သည်မှစ၍ (၄၅)ဝါ ပတ်လုံး လောကအတွက် မိမိဘဝကို အပြီးတိုင် ပုံအပ်ထားလိုက်၏။ လောကအတွက် မိမိဘဝကို ကြည်ဖြူစွာ ပေးဆပ်ထားလိုက်၏။ လောကအကျိုး သယ်ပိုးရမည်ဆိုလျှင်မှု အားသည်ဟူ၍ မရှိခဲ့၊ နားသည်ဟူ၍ မရှိခဲ့ပေ။ တစ်ရက်လျှင် စက်နာရီနှုန်းအရ (၂၄) နာရီ ရှိရာတွင် (၂၃)နာရီ ကျော်သော အချိန်များသည် ကိုယ်ကျိုးမဖက် လောကအတွက် အလုပ်လုပ်နေသော အချိန်များဖြစ်ခဲ့၏။ နာရီဝက်ခန့်သော အချိန်မျှလောက်သာ မိမိအတွက် အသုံးချလေသည်။ ထို့သို့ အသုံးချသည်မှာလည်း စည်းစိမ်ခံစားချင်၍ မဟုတ်၊ လောကအတွက် ဆန္ဒမရှိတော့၍ မဟုတ်ဘဲ ခန္ဓာဝန်ကို ရေရှည်အသုံးပြုရန်အတွက်သာ အသုံးချ အနားယူခြင်း ဖြစ်ပေသည်။ ဤသို့လျှင် ဗုဒ္ဓသည် ဘုရားလောင်းဝါဒကို လက်ခံကျင့်သုံးသူဖြစ်ခဲ့ပါ၏။ ဗုဒ္ဓဖြစ်တော်စဉ် ဘဝများစွာကို ခြုံငုံ၍ သုံးသပ်ကြည့်လျှင်လည်း ဘုရားလောင်းသည် တစ်ကိုယ်ရေ လွတ်မြောက်မှု့၊ တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့၊ တစ်ကိုယ်ကောင်းဆန်မှု့များ အလျင်းမရှိခဲ့ပေ။ လောကအတွက် မိမိဘဝကို ပုံအပ်ခဲ့သည့်ဘဝများ၊ လောကအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်လွတ်လှူဒါန်းခဲ့သည့်ဘဝများ၊ လောကအတွက် မိမိ အသက်ကို မငဲ့ကွက်ဘဲ စွန့်လွတ်ရက်သည့်ဘဝများ၊ မိမိရဲ့ အသိဉာဏ်ပညာ ကြီးမားမှု့ဖြင့် မိမိလူမျိုး မိမိနိုင်ငံတော်အတွက် ဦးစီးဦးဆောင်ပြု၍ ထမ်းရွက်ခဲ့သည့် ဘဝများကိုသာ တွေ့ရှိရပေမည်။ ပါရမီဖြည့်ကျင့်တော်မူသည့် ဘုရားလောင်းဘဝဖြစ်၍ လောကငြိမ်းချမ်းရေးဝါဒကို ကျင့်သုံးသည်ကို ထားဘိအုံး၊ ဘုရားလောင်းမဖြစ်ခင် ပါရမီတော်များကို စတင်ဖြည့်ကျင့် ဆည်းပူးပါတော့မည်ဟု ဗျာဒိတ်ယူသောဘဝမှာပင် သုမေဓာရှင်ရသေ့သည် ဘုရားလောင်းဝါဒကို လက်ခံကျင့်သုံးခဲ့သူဖြစ်ပေ၏။ သုမေဓာရှင်ရသေ့သည် တစ်ကိုယ်ရေ ငြိမ်းချမ်းမှု့၊ တစ်ကိုယ်ရေ လွတ်မြောက်မှု့ကိုသာ အလိုရှိခဲ့ပါမူ လက်တော်ပေါ်သို့ ရောက်တော်မူတော့မည့်ဆဲဆဲဖြစ်သော နိဗ္ဗာန်ချမ်းသာကို အလွယ်တကူ ဆွတ်ယူလိုက်မည်သာ ဖြစ်ပေ၏။ ယခုမူ ထိုသို့မဟုတ်ချေ သုမေဓာရှင်ရသေ့သည် လောကသားအားလုံး မိမိနှင့်ထပ်တူ ငြိမ်းချမ်းစေလို့၏။ လောကသားအားလုံး မိမိနှင့်အတူတကွ လွတ်မြောက်စေလို၏။ ထို့ကြောင့်သာ တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒကို စွန့်လွတ်ကာ လောကအတွက် အသက်စွန့်၍ ပါရမီတော်များကို ဆည်းပူးဖြည့်ကျင့်ခြင်း ဖြစ်ပေသည်။ ဤသို့လျှင် ဗုဒ္ဓသည် ဒီပင်္ကရာမြတ်စွာဘုရားရှင်လက်ထက် သုမေဓာ ရှင်ရသေ့ဘဝမှ စ၍ ဘုရားလောင်းဝါဒကို ကျင့်သုံးခဲ့ပေသည်။ မြတ်ဗုဒ္ဓသည် ကိုယ်တော်တိုင် ဘုရားလောင်းဝါဒကို ကျင့်သုံးသည်သာ မဟုတ်သေး၊ သူ၏ သာဝကများကိုလည်း ဘုရားလောင်းဝါဒ ကျင့်သုံးရန် ဆုံးမညွန်ကြားတော်မူခဲ့၏။ “စရထ ဘိက္ခေ၀ စာရိကံ၊ မာ ဧကေန ဒွေ အဂမိတ္ထ၊ ဒေသထ ဘိက္ခေ၀ ဓမ္မံ” (ဝိ၊ ၃၊ ၂၇) “ရဟန်းတို့၊ သတ္တဝါအပေါင်းတို့ ချမ်းသာခြင်း အလို့ငှါ ဒေသစာရီ ကြွချီကြ၊ တစ်ခုတည်းသော ခရီးဖြင့် နှစ်ပါးမသွားကြကုန်လင့်၊ ရဟန်းတို့၊ တရားဓမ္မ ဟောပြောကြ” ဟု အမြဲမသွေ တိုက်တွန်းတော်မူခဲ့ပေသည်။ ထို့ပြင် တစ်ကိုယ်ရေ ငြိမ်းချမ်းရေးဝါဒအရ ကြောင့်ကြမဲ့နေခြင်းကို ကောင်းချီးမပေးမူ၍၊ လောကငြိမ်းချမ်းရေးဝါဒအရ လောကအတွက် ကြောင့်ကြစိုက်သူကိုသာ ကောင်းချီးပေးတော်မူခဲ့လေသည်။ 

ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

Wednesday, March 10, 2010

လူငယ်များကို ဦးစားပေးသော ဗုဒ္ဓဝါဒ

ဗုဒ္ဓဝါဒ ဟူသည် လူငယ်များကို ဥိးစားပေးသောဝါဒ၊ လူငယ်များကို နေရာပေးသော ဝါဒပင် ဖြစ်ပေသည်။ မြတ်စွာဘုရားသည် တရားဟောတော်မူရာ၌ အရှင်သာရိပုတ္တရာ နှင့် အရှင်မောဂ္ဂလာန်တို့ကို လကျ်ာလက်ဝဲရံ၍ ရှေ့ဆုံးတန်းမှာ နေရာပေးတော်မူပါသည်။ ဒုတိယတန်း၌မူ အညာသိကောဏ္ဍည မထေရ်ကြီးက မြတ်စွာဘုရား၏ နောက်တည့်တည့်မှ ထိုင်ရပြီး ထိုမထေရ်ကြီး၏ လက်ဝဲလက်ျာ၌ သံဃာတော်များ နေရာယူကြရပေသည်။ သက်တော်ရ မထေရ်ကြီးကို နောက်မှာထားပြီး အဂ္ဂသာဝက နှစ်ပါးကို ရှေ့ဆုံးတန်းမှာ ဝန်းရံထား ခြင်းသည် အရည်အချင်းရှိသော လူငယ်များအပေါ်ထားရှိသော ဗုဒ္ဓ၏ စိတ်နေသဘောထားကို ဖော်ပြလိုက်ခြင်းပင် ဖြစ်ပေသည်။ 

ဤသာဓက ကို ကြည့်ရှူ့၍ ဗုဒ္ဓဝါဒ သည် လူငယ်များကို ဦးစားပေးသော ဝါဒ ဖြစ်ကြောင်း သိသာထင်ရှား လှပေသည်။ လူငယ်များသည် သွက်လက်သည်၊ ထက်မြက်သည်၊ ရိုးသားသည်၊ ကြိုးစားသည်၊ နိုးကြားသည်၊ တိုးပွါးသည်၊ သစ္စာကို မြတ်နိုးသည်၊ ဓမ္မကို မြတ်နိုးသည်၊ သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာတို့၌ လူငယ်နှင့် လူကြီး လုံးဝမတူညီပေ။ လူငယ်များသည် လူကြီးများထက် ဣန္ဒြေသိက္ခာနှင့် ကိုယ်ကျင့်တရားဘက်က အားနည်းသူများ ရှိကောင်းရှိပေလိမ့်မည်။ သစ္စာကို မြတ်နိုးရာ ဓမ္မကို မြတ်နိုးရာ၌ကား လူကြီးများက လူငယ်များကို လုံးဝမမှီနိုင်၊ လုံးဝမယှဉ်နိုင်ပါပေ။ ထိုလူငယ်များ သစ္စာလမ်းမပေါ်၌ မားမားမတ်မတ် ရပ်တည်နိုင်ရန်၊ ဓမ္မလမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ရန် အကောင်းဆုံးသော နည်းလမ်းမှာ ရေဆန်ကို လှော်ခတ်ပြခြင်းပင် ဖြစ်ပါသည်။ ရေဆန်ကို လှော်ခတ်ရာ၌ သတိရှိရသည်၊ ဝိရိယရှိရသည်၊ အားမာန်သတ္တိတို့ အပြည့်အဝရှိရသည်။ စိတ်ဓာတ်ကြံ့ခိုင်ရသည်၊ ဇွဲကြီးရသည်၊ အကြံဉာဏ် ကောင်းရသည်၊ သို့မှသာ လိုရာခရီးသို့ အရောက်တက်လှမ်းနိုင်မည် ဖြစ်ပေသည်။ 

ဗုဒ္ဓဝါဒ အရ သာသနာပြုခြင်းဆိုသည်မှာ ရေဆန်ကို လှော်ခတ်ခြင်းပင် ဖြစ်သည်။ ရေဆန်ကို လှော်ခတ်ခြင်းဟူသည် လောကရေစီးကြောင်းအတိုင်း လိုက်ပါမသွားဘဲ ဗုဒ္ဓမျက်နှာကိုသာ ကြည့်ရှူ့၍ အလုပ်လုပ်ရခြင်း ဖြစ်ပေ၏။ လောကရေစီးကြောင်းဆိုသည်မှာ လာဘသက္ကာယ သိလောကကြောင့် အဂတိတရား လိုက်စားခြင်း၊ ဘုရားမျက်နှာမကြည့်ဘဲ အများမျက်နှာကိုသာ ကြည့်ရှူ့ခြင်း၊ ဓမ္မ ကို မျက်ကွယ်ပြုခြင်းပင် ဖြစ်ပေသည်။ 

သာသနာတော်ကြီး ရေရှည်တည်တံ့လိုပါလျှင် လောကရေစီးကြောင်းကို ပြောင်းပြန်ကူးခတ် နိုင်ရပေလိမ့်မည်။ ထိုသို့ ပြောင်းပြန်ကူးရန် စွမ်းနိုင်သူများမှာ လူငယ်များပင် ဖြစ်ပေသည်။ လောကရေစီးကြောင်းကို ပြောင်းပြန်လှော်ခတ်ခြင်းနှင့် ပတ်သက်၍ ဦးဇင်းတို့ ငယ်စဉ်က ပညာသင်ရာကြားခဲ့သော မစိုးရိမ်တိုက်သစ်ရှိ မဟာနာယက ဆရာတော် ဦးရာဇဓမ္မာဘိဝံသ အမြဲကျင့်သုံးပြီး အမြဲသြဝါဒပေးလေ့ရှိသည့် ဆောင်ပုဒ်လေး တခုရှိပေသည်။ ထိုဆောင်ပုဒ်မှာ “ မင်းတို့လိမ္မာဖို့ ငါမိုက်ပြမည်” ဟူ၍ ဖြစ်ပါသည်။ ထိုဆောင်ပုဒ်အတိုင်းပင် ဆရာတော် ဦးရာဇဓမ္မ သည် တပည့်များကို အုပ်ချုပ်ရာ၌ ခပ်မာမာ ခပ်တင်းတင်း အုပ်ချုပ်လေ့ရှိပါ၏။ ထိုသို့ စည်းကမ်းတင်းကြပ်စွာ အုပ်ချုပ်သော်လည်း တပည့်များက ဆရာတော်၏ စိတ်နေသဘောထားနှင့် စေတနာအရင်းခံကို သိထားပြီး ဖြစ်သောကြောင့် ဆရာတော်အား ချစ်ကြောက်ရိုသေသောအားဖြင့် ကြည်ညိုလေးစား အားထားကြသည်ကို တွေရှိရပေသည်။ သို့ဖြစ်၍ အနာဂတ်သာသနာကို သန့်ရှင်းဝင်းပစွာ မြင်လိုပါလျှင် အမိုက်ခံပြီး စောင့်ရှောက်မည့် လူငယ်များ အစဉ်မပြတ် မွေးဖွါးနိုင်ဖို့ အရေးတကြီး လိုအပ်လှပေ၏။ ဘာသာ သာသနာကို ထိပါးလာလျှင် မခံချင်သော၊ ဓမ္မကို အစွန်းအထင်း မခံလိုသော၊ ဓမ္မနယ်မြေကို တစ်လက်မမျှ အပွန်းပဲ မခံနိုင်သော သွက်လက်ထက်မြက်သည့် လူငယ်များ ပေါ်ပေါက်လာဖို့ လိုအပ်လှပေ၏။ သို့သော် လူငယ်များ သတိထားရမည်မှာ “ဝိဇ္ဖာ”ဆိုသည့် လေးစားလောက်သည့် အရည်အချင်း ရှိရမည်။ “စရဏ” ဆိုသည့် ကိုယ်ကျင့်တရား၊ ဝိရိယတရားနှင့် ဣန္ဒြေသိက္ခာပြည်စုံရပေမည်။ သို့မှသာ အနာဂတ်သာသနာကို ပုခုံးပြောင်း၍ ထမ်းဆောင်နိုင်ပေလိမ့်မည်။ သို့မဟုတ်လျှင်မူ လူငယ်များ၏ ဓမ္မကို မြတ်နိုးသည့်စိတ်၊ သစ္စာကို မြတ်နိုးသည့်စိတ်နှင့် အားမာန်သတ္တိတို့သည် တိမ်မြုတ်ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ မျှော်လင့်ချက်မရှိတော့သည့် မျိုးဆက်ကြီးနှင့် ထူးမခြားနားပင် လောကရေစီးကြောင်းပေါ်တွင် အရှက်မဲ့စွာ မျောပါရလေတော့မည်။ ထိုသို့ဆိုလျှင် သာသနာသည် အဘယ်သို့ ရေရှည်တည်တန့် နိုင်ပါတော့မည်နည်း။ ထိုကြောင့် လူငယ်များကို ဝိဇ္ဖာနှင့် ပြည့်စုံဖို့၊ စရဏ နှင့် ပြည့်စုံဖို့ တိုက်တွန်းရခြင်း ဖြစ်ပါ၏။

Wednesday, February 24, 2010

သာသနာဖျက် မိစ္ဆာကောင်တွေကို ဘယ်လို နှိပ်ကွပ်မလဲ


မြတ်စွာဘုရား၏ သာသနာတော်မည်သည်ကား ခိုင်ခံ့သော ဥပဒေဖြင့် တည်ဆောက်ထားသည့် ဓမ္မဝိနယ နိုင်ငံတော်ဖြစ်သည်။ သို့ဖြစ်၍ ခရီးသွားဟန်လွဲသဘောမျိုးဖြင့် သွားရင်းလာရင်း သင့်ရောက်လေ့ရှိသော အပြစ်များဆိုလျှင် တစ်ပါးနှင့်တပါး အပြန်အလှန် တောင်းပန်ခြင်းဖြင့် ကုစားရသည်။ ထို့ထက်ကြီးမားသော ပြစ်မှု့ကို ကျူးလွန်မိလျှင် သံဃာတော်များ ခွင့်လွတ်နိုင် သည်အထိ ပရိဝါသ်ဆောက်တည်ပြီး ကုစားရသည်။ အကြီးမားဆုံး ဥပဒေကို မျက်ကွယ်ပြုလာလျှင်မူကား လူဝတ်လဲတန် လဲ၍လည်းကောင်း၊ လူချွတ်တန် ချွတ်၍လည်းကောင်း အပြစ်ပေး နှိပ်ကွပ်ရပေသည်။ ဤကား ဝိနည်းဥပဒေကို ချိုးဖောက်လာပါက နှိပ်ကွပ်ပုံ နှိပ်ကွပ်နည်းကို ပြဆိုခြင်း ဖြစ်ပါ၏။ 

ဓမ္မဥပဒေကို ချိုးဖောက်လာပါက ရောက်ရာအရပ်၊ ကြားရာအရပ်မှ မရပ်မနားပဲ အပြေးသွား၍ ဆုံးမရသည်။ ဆုံးမမရက နှိပ်ကွပ်ရသည်။ အရှက်ရအောင် မျက်နှာမဖော်နိုင်အောင် ခေါင်းမထောင်နိုင်အောင် ဝိုင်းဝန်းနှိမ်နှင်းရသည်။ နောင်အခါ ဤကဲ့သို့ အဓမ္မဝါဒီများ မပေါ်ပေါက်ရအောင် ချက်ခြင်းလက်ငင်း ဦးချိုးနှိပ်ကွပ်ရသည်။ မြတ်စွာဘုရားသည် ဥပဒေဖြင့် တည်ဆောက်ထားသော ဓမ္မနိုင်ငံတော်၌ ဓမ္မဥပဒေ ကို ချိုးဖောက်သူကို တွေ့ရှိလာလျှင် ကိုယ်တော်တိုင်နှိပ်ကွပ်ရုံသာမက သူ၏ သာဝကများ ကိုလည်း နှိပ်ကွပ်စေခဲ့သည်။ 

ယုတ်စွအဆုံး အနာထပိဏ်သူဌေးကြီးက တိတ္ထိဂိုဏ်းဆရာ ကြီးများနှင့် တရားဆွေးနွေးရင်း တိတ္ထိဂိုဏ်းဆရာကြီးများ မဖြေနိုင်အောင် ပြဿနာများ မေး၍ နှိပ်ကွပ်သည်ကိုပင် ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်တော်မူခဲ့ပေသည်။  မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်၍ လိမ်ညာစားနေသည့် လူလိမ် လူညာများ မယုံကြည်နိုင်လောက်အောင် ပေါများလှသည်ကို တွေ့ရှိရပေသည်။ ထိုပုဂ္ဂိုလ်များကို နှိမ်နှင်းရာ၌ ဘုရားရှင်ကဲ့သို့ နာမည်တပ်၍ ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်မှသာလျှင် အဓမ္မဝါဒီတို့ ခေါင်းမထောင်နိုင်မည်ဖြစ်သည်။ အဓမ္မဝါဒီ ခေါင်းဆောင်ကြီးကို ဦးကျိုးအောင် ဦးချိုးနိုင်ပါက အဓမ္မဝါဒီတို့ ဗိုလ်ကျလွမ်းမိုးနိုင်တော့မည် မဟုတ်ချေ။ အဓမ္မဝါဒီတို့ အလိုလို ငုတ်လျှိုးသွားမည်သာ ဖြစ်ချေ၏။ ဂျပန်နိုင်ငံ၌ မိမိကိုယ်ကို လုပ်ကြံသေသည့် မသာများ မကြာခဏပေါ်ပေါက်ခဲ့ရာ ထိုမသာကို အမိမွေးသည့် အတိုင်း အဝတ်မပါ ဗလာကိုယ်တည်း မြို့ထဲလှည့်ပတ်စေပြီးမှ သဂြို ၤလ်ရမည်ဟု အမိန့်ထုတ်မှသာ ထိုမသာမျိုးနည်းပါသွားးသည်ဟု ကြားသိရပေသည်။ 

မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်နေသည့် ဆူနာမီဆရာတော် ဥိးဥတ္တမသာရ၊ ဓမ္မစေတီ ဦးကောသလ္လ၊ ဦးအေးမောင်၊ ဦးအောင်သင်း၊ ချစ်ငယ်(ဒဿန) ဦးကျော်ဟိန်း အစရှိသော အဓမ္မဝါဒီ လူလိမ်လူညာများ အမြဲတန်းနေရာ ရလျက်ရှိရာ ထိုသူတို့ကို အထောက်ထားခိုင်လုံစွာဖြင့် ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်မှသာ (ဝါ) ဂျပန်နည်းဖြင့် သဂြို ၤလ်မှသာလျှင် လူလိမ်လူညာများ ခေါင်းပါးသည်ထက် ခေါင်းပါးသွားနိုင်ပေသည်။ ယခင်က ဓာတ်ပုံများ ထည့်သွင်းဖော်ပြလေ့မရှိသော မှု့ခင်းသတင်းများသည်ပင် ယခု ဓာတ်ပုံများဖြင့် ဝေဆာလျက်ရှိနေသည်ကို တွေ့ရပေသည်။ ထိုသို့ ဓာတ်ပုံထည့်၍ ဖော်ပြရခြင်း၏ အဓိကရည်ရွက်ချက်မှာ နောက်လူတွေ သတိသံဝေဂရပြီး ဒုစရိုက်လုပ်ငန်း များကို ရှက်ကြောက်စေလို၊ ရှောင်ကြဉ်စေလိုသည့်အပြင် ဒုစရိုက်သမားများ ပပျောက်စေလို သောကြောင့် ဖြစ်ပေသည်။ ထိုနည်းတူစွာပင် လူလိမ်လူညာများ ပပျောက်အောင်၊ သာသနာသန့်ရှင်းတည်တန့်အောင် လုပ်ဆောင်ရာ၌ ၎င်းတို့ကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်းသည်သာလျှင် အကောင်းဆုံး သောနည်းလမ်းတရပ်ဖြစ်ပါ၏။ 

ထို့ကြောင့် ဓမ္မဥပဒေကို ချိုးဖောက်သည့် ဒုစရိုက်သမားများကို ပြောင်ပြောင်တင်းတင်း နှိပ်ကွပ်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်၏ ဟု ဆိုရခြင်းဖြစ်ပါ၏။ ဤသည်ကို လူငယ်တို့သတိရှိစေချင်ပါသည်။ အနာဂတ်သာသနာသည် လူငယ်တို့အပေါ်၌ မလွဲမသွေကျရောက်တော့မည်ဖြစ်၏။ ထိုအခါ ထိရောက်အောင်မြင်သော နည်းစနစ်ကို ကျင့်သုံးတတ်ပါမှ အနာဂတ်သာသနာသည် တိမ်ကင်းစင်သည့် လမင်းပမာ သန့်ရှင်း ဝင်းပနေမည် ဖြစ်ပေသည်။ တခုသတိထားရမည်မှာ..... ဣဿာ၊ မစ္ဆရိယကင်းရမည်၊ အဂတိတရား ကင်းရမည်။ အညိုးအတေးကင်းရမည်၊ အထောက်ထားခိုင်လုံရမည်။ သုတေသနပြု လေ့လာရမည်။ သတ္တိရှိရမည်။ အန္တရာယ်ကို ကြိုတင်တွက်ဆထားရမည်။ ကြောက်တတ်သည့်စိတ်ကို အပြီးအတိုင် သဂြို ၤလ်ထားရမည်။ အထူးသဖြင့် လူယဉ်ကျေးများ၏ ပိတ်ပင်တားဆီးမှု့ကို တွန်လှန်ရဲရမည် - ဆိုသည်ကို လူငယ်တို့ သိထားရပေမည်။ ဘဒ္ဒန ္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်) ဆရာ၏ ဆုံးမအပ်သောသြဝါဒကို အစဉ်အမြဲနာယူမှတ်သားလျက် သာသနာ၌ပေါ်ပေါက်လာသော သာသနာဖျက် မိစ္ဆာကောင်များကို မတုန်မလှူပ်၊ မကြောက်မရွံ့သောစိတ်ဖြင့် မုန်းမှာကိုမကြောက် အတ္တကိုစတေးကာ အသက်ရှင်နေသ၍ ဆက်လက် သုဓ်သင်နေမည်။ 

ဆရာတော် ဝီရသူ ကျန်းမာ ချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်..........

Saturday, January 30, 2010

တာဝန်ကျေစေချင်ပါသည်

“မကောင်း မြစ်တာ၊ ကောင်းရာ ညွန်လစ်၊ အသစ်ဟောကြူး၊ နာဘူး ထပ်မံ၊ နတ်ထံပို့ရာ၊ မေတ္တာ လည်းပြု၊ ရဟန်းမှု့၊ ခြောက်ခု လွန်သေချာ” ဟူ၍ ရဟန်းတို့၏ တာဝန်ဝတ္တရားများကို တွေ့ရှိရပေသည်။ အမှန်အားဖြင့် ရဟန်းတို့မည်သည် သူတစ်ပါးကို မှီတင်း၍ ရှင်သန်ကြီးထွားနေရသော ပုဂ္ဂိုလ်မျိုးဖြစ်၏။ ဒကာ ဒကာမ တို့၏ ပစ္စယာနုဂ္ဂဟ- ပစ္စည်းလေးပါးဖြင့် ထောက်ပံ့မူ့ကြောင့် တိုက်တာကြီးများဖြင့်လည်း နေထိုင်နိုင်ကြ၏။ ကားတဝီဝီဖြင့်လည်း သွားလာကြရ၏။ အိမ်ရှင်မပေါင်းများစွာ၏ အထူးစီမံချက်ပြုတ်ထားသည့် လက်ရာပေါင်းများစွာကိုလည်း အားပါးတရ ဘုန်းပေးသုံးဆောင်တော်မူကြရ၏။ ထို့အပြင် လေအေးစက်၊ ရေခဲသေတ္တာ၊ အထက်စက်၊ အောက်စက်များအပြင် ဇိမ်ခံဝတ္ထုများစွာ ဖြင့်လည်း စည်းစိမ်ခံလိုက ခံနိုင်ကြရ၏။ 

ထို့သို့ ဒကာ ဒကာမ များ၏ ကျေးဇူးကြောင့် စားရေး၊ နေရေး၊ ကျန်းမာရေးနှင့် အရေးမှန်သမျှ ပြည့်စုံနေကြရသည်ကို တွေ့ရှိရသဖြင့် ဒကာ ဒကာမ များဘက်က ပြောစရာမရှိအောင် တာဝန်ကျေနေကြပေပြီ။ ဒကာ ဒကာမ များဘက်က တာဝန်ကျေလျှင် မိမိဘက်ကလည်း တာဝန်ကျေသင့်လှပေ၏။ သားရေး၊ သမီးရေး၊ စီးပွါးရေး စသည်ကြောင့် အသိဉာဏ်မကြွယ်သော ဒကာ ဒကာမ များအား မကောင်းသည့် အမှု့များကို မလုပ်ဖို့တားမြစ်ပေးရမည်။ ကောင်းသည့်အမှု့လုပ်ငန်းကို ညွန်ပြပေးရမည်။ မနာဘူးသေးသော တရားများကို ရှာဖွေဟောပြော ပေးရမည်။ နာဘူးပြီးသော တရားများကိုလည်း ထပ်မံဟောပြောပေးရမည်။ 

အထူးသဖြင့် ဒကာ ဒကာမ များ ဘဝကူးကောင်းအောင်၊ နတ်ရွာသုဂတိ ရောက်အောင် ပို့ဆောင်ပေးရမည်။ သို့မှသာ ရဟန်းတာဝန်ကျေနိုင်မည်ဖြစ်ပေ၏။ ထိုသို့ ရဟန်းတို့သည် ရဟန်းတာဝန် ကျေပွန်ရမည် ဖြစ်ပါလျက် ဒကာ ဒကာမ များ မကောင်းတာ လုပ်နေလျင်လည်း ကြည့်နေနိုင်တော်မူအားကြ၏။ ကောင်းရာ ညွန်ဖို့ရာမှာလည်း အလွန်မတန် ဝန်လေးနေကြလေ၏။ ပါးစပ်က နိဗ္ဗာန်ရောက်ကြောင်း ဟောပြောနေပြီး လူက အမေရိက သို့ ကြွနေကြလေ၏။ အမေရိက ကိုပင် သန္တိသုခနိဗ္ဗာန် ဟု ဆိုရတော့ မလိုပင်။ ထိုထက်ပို၍ ဆိုးသည်မှာ မိမိအား ကျေးဇူးကြီးမာလှသည့် ဒကာ ဒကာမ များကို နတ်ထံ တင်ပို့ရမည့်အစား အပါယ်ငရဲသို့ အတင်းအဓမ္မဆွဲချနေခြင်းပင် ဖြစ်ပေ၏။ ထို့ကြောင့် လူငယ်တွေကို ရေသာခို အချောင်စားသည့် အခွင့်ရေးသမားများအဖြစ် သမိုင်းနွံနစ် မခံချင်ပေ။ သမိုင်းပေးတာဝန်ကို ကျေပွန်သည့် သားကောင်းရတနာလေးများ အဖြစ်သာ မြင်တွေ့ချင်ပေသည်။ လူငယ်တို့၏ အားမာန်၊ လူငယ်တို့၏ သတ္တိ၊ လူငယ်တို့၏ စိတ်ဓာတ်၊ လူငယ်တို့၏ ဇွဲလုံးလ တို့ဖြင့် အနာဂတ်သာသနာ ကို လှပသည်ထက် လှပအောင်၊ သန့်ရှင်းသည်ထက် သန့်ရှင်းအောင် တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ပါစေသတည်း။ 

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ - မစိုးရိမ်)

Thursday, January 28, 2010

သာသနာအတွင်းက သူခိုးကြီးများ

စောရသဒ္ဒါသည် ခိုးသူကြီး၊ ဓားပြ၊ သူပုန်(သောင်းကျန်းသူ)၊ တော်လှန်သူ - စသော အနက်ကို ဟောပါသည်။ ထိုမဟာစောရသည် ဝိနည်းမဟာစောရ၊ သုတ္တန်မဟာစောရ ဟူ၍ နှစ်မျိုးရှိပါသည်။ ဝိနည်းပိဋကတ်လာ မဟာစောရမှာ အဓိကအားဖြင့် ဈာန်မရဘဲ ဈာန်ရလေဟန်၊ အရိယာ မဖြစ်ဘဲ ဖြစ်လေဟန်ဖြင့် ဒကာ ဒကာမ တို့အား လိမ်ညာစားခြင်းကို ဆိုလိုပါသည်။ 

သုတ္တန်ပိဋကတ်၌လည်း မဇ္ဈိမနိကယ်လာ မဟာစောရ၊ အဂုၤတ္တရနိကယ်လာ မဟာစောရ အားဖြင့် နှစ်မျိုးရှိပါသည်။ ထိုတွင် မဇ္ဈိမနိကယ်လာ မဟာစောရ မှာ အဓမ္မကို ဓမ္မအဖြစ် လုပ်ကြံပြသခြင်း၊ အဓမ္မဝါဒ ထူထောင်ခြင်းကို ဆိုလိုပါသည်။ ထိုသို့ အဓမ္မဝါဒ ထူထောင်ခြင်းသည် မြတ်စွာဘုရားကို တော်လှန်ပုန်ကန်ခြင်း ဖြစ်သောကြောင့် ၎င်းမဟာစောရ ကို သူခိုးကြီး၊ သူပုန်ကြီး၊ တော်လှန်သူကြီး၊ သောင်းကျန်သူကြီး ဟု မြန်မာပြန်ဆိုရပါမည်။ (မ၊ ဌ၊ ၂။ ၂၀၅-၂၀၆) 

ယခု ဆိုလတ္တံသော အကြောင်းအရာမှာ အဂုၤတ္ထိုရ်လာ မဟာစောရ အဓိပ္ပါယ်ဖြစ်ပါသည်။ တနေ့သောအခါ၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့ဟောကြားတော်မူပါသည်။ “ရဟန်းတို့၊ အင်္ဂါငါးမျိုးတို့နှင့် ပြည်စုံသော သူခိုးကြီးသည် အိမ်ကိုသော်လည်း ဖောက်ထွင်း၏၊ ရွာကိုသော်လည်း တိုက်ခိုက်လုယူ၏။ တစ်အိမ်တည်းကိုသော်လည်း တိုက်ခိုက် လုယူ၏။ လမ်းခရိး၌ စောင့်၍သော်လည်း တိုက်ခိုက်လုယူ၏။ အဘယ်အင်္ဂါ ငါးမျိုးတို့နည်းဟူမူ.. ရဟန်းတို့ ဤလောက၌ ခိုးသူကြီးသည် မညီညွတ်သော အရပ်ကိုသော်လည်း အမှီရ၏။ တောအုပ်ကိုသော်လည်း အမှီရ၏။ အားကြီးသူကိုလည်း အမှီရ၏။ ပစ္စည်းဥစ္စာကိုသော်လည်း စွန့်ကြဲလေ့ရှိ၏။ တစ်ယောက်တည်းသော်လည်း သွားလာတတ်၏။ (မဟာစောရသုတ်။ အံ၊ ၂။ ၁၁၃။ ပြန်၊ ၁၃၈) 

ဤငါးမျိုးတို့သည်ကား လောက၌ တွေ့မြင်လေ့ရှိသော သူခိုးကြီးငါးယောက် ဖြစ်ပါသည်။ သက်သာရာရှာသဖြင့် သူခိုးကြီးငါးယောက်၏ အဓိပ္ပါယ်ကို အကျယ်ချဲ့၍ မရေးတော့။ ဤနည်းတူစွာပင် သာသနာတော်၌လည်း သူခိုးကြီးငါးယောက် ရှိပါသည်။ 

၎င်းတို့မှာ (၁) ဝိသမနိဿိတ သူခိုးကြီး၊ (၂) ဂဟနနိဿိတ သူခိုးကြီး၊ (၃) ဗလဝနိဿိတ သူခိုးကြီး၊ (၄) ဘောဂစာဂီ သူခိုးကြီး၊ (၅) ဧကစာဂီ သူခိုးကြီး တို့ဖြစ်ပါသည်။ 

ထိုတွင် (၁) ဝိသမနိဿိတ သူခိုးကြီး ဆိုသည်မှာ မညီညွတ်သော ကာယကံ ဝဇီကံ မနောကံ နှင့် ပြည့်စုံသော ယုတ်မာသော ရဟန်းကို ဆိုလိုပါသည်။ ဝိသမကမ္မ - မညီညွတ်သော ကံသုံးပါးဆိုသည်မှာ တရားမျှတမှု့မရှိသော ဣန္ဒြေသိက္ခာ စောင့်ထိန်းမူ့ မရှိသော ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသော အမူရာများကို ဆိုလိုပါသည်။ ထိုသို့ ထင်ပေါ်ကြော်ကြား လာတ်လာဘ ပေါများလိုသောဆန္ဒဖြင့် ဣန္ဒြေသိက္ခာမဲ့သော အမူရာနှင့် ပြည့်စုံသော ရဟန်းကို ဝိသမနိဿိတ သူခိုးကြီး ဆိုလိုပါသည်။ 
(၂) ဂဟနနိဿိတ သူခိုးကြီးဆိုသည်မှာ သဿတဒိဌိ၊ ဥစေ ္ဆရဒိဌိ စသော မိစ္ဆာအယူရှိသော ရဟန်း၊ အန္တဂ္ဂါဟိကဒိဌိ- အစွန်းရောက် အယူဝါဒ ရှိသော ရဟန်းကို ဆိုလိုပါသည်။ ဤ ဂဟနနိဿိတ သူခိုးကြီးသည် မြတ်စွာဘုရား၏ ဓမ္မဝါဒ ကို တော်လှန်ပုန်ကန်သူဖြစ်သောကြောင့်လည်းကောင်း၊ မြတ်စွာ ဘုရား၏ မဇ္ဈိမပဋိပဒါ ကို တော်လှန်ပုန်ကန်သူ ဖြစ်သောကြောင့်လည်းကောင်း ၎င်းကို မဟောစောရ သူပုန်ကြီးဟု ဆိုလျင်လည်း ဆိုထိုက်ပါသည်။ 
(၃) ဗလဝနိဿိတ သူခိုးကြီး ဆိုသည်မှာ တစ်စုံတစ်ယောက်က အပြစ်တင်လာလျင် အကာကွယ်ယူလိုသော အကြံအစည်ဖြင့် ပေါက်မြောက်သူတို့ကို ကပ်ပူးထားသော ရဟန်းယုတ်ကို ဆိုလိုပါသည်။ ထိုစိတ်ကူးသည့် အကြံစည်အတိုင်း ပေါက်မြောက်သူတို့က ထိုရဟန်းယုတ်၏ အပြစ်အနာဆာကို ဖုံးကွယ်ပေးလေ့ ရှိတတ်ပါသည်။ ထိုရဟန်းယုတ် ကို ကပ်ပူးကပ်ခွါ အတတ်ပညာရှင်ဟု ခေါ်ဆိုနိုင်ပါသည်။ တနည်းအားဖြင့် ထိုရဟန်းမျိုးကို “ဝိတ်” သုံး၍ အောင်မြင်မူ့ရသော သူခိုးကြီး၊ ဓမ္မကို “ဝိတ်” ဖြင့် ဖိသော သူခိုးကြီး ဟု ဆိုနိုင်ပါသည်။ 

(၄) ဘောဂစာဂီ သူခိုးကြီး ဆိုသည်မှာ တစ်စုံတရာ အပြစ်ထောက်ပြလာလျှင် ပစ္စည်းလာတ်လာဖြင့် အစေ့အစပ်ပြုသော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် ချွေးသိပ်တတ်သော ရဟန်း၊ ပစ္စည်းဥစ္စာဖြင့် နူတ်ပိတ်တတ်သော ရဟန်းကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း မတော်မတရားလုပ်ထားသည်များကို ဖုံးကွယ်ဖို့ရန်အတွက် ဆွမ်းကြီးလောင်းလှူပွဲ၊ သင်္ကန်းဆက်ကပ်ပွဲ စသဖြင့် သာသနာပြုသယောင် ပြုလုပ်နေခြင်းများဖြင့် မိမိ အခြေနေမှန်ကို လာတ်လာဘဖြင့် ဖုံးကွယ်လိုက်ခြင်းသာ ဖြစ်ပါသည်။ အဓမ္မကို စာဂဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ မစင်ပုံကို မြက်တစုပ်ဖြင့် ဖုံးအုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ 

(၅) ဧကစာဂီ သူခိုးကြီး ဆိုသည်မှာ တောထဲတောင်ထဲ၌ တစ်ပါးတည်းနေလျှင် လူအထင်ကြီးတတ်သည် ဖြစ်၍ လူ အထင်ကြီးသည့်အခါ နာမည်ကြော်ကြား လာတ်ပေါများမှန်း သိသောကြောင့် တောထဲတောင်ထဲ၌ တစ်ပါးတည်း နေလေ့ရှိသော ရဟန်းယုတ် ကို ဆိုလိုပါသည်။ ယခုခေတ် ယခုအခါ၌လည်း တောရရဟန်း၊ တောမှီရဟန်း၊ သုဿာန်ဓုတင်ဆောင် ဆရာတော်၊ ကိုးသင်္ချိုင်းဆရာတော် စသည်ဖြင့် ထင်ပေါ်ကြော်ကြား လာတ်ပေါများလို၍ တောထဲတောင်ထဲ၌ တစ်ကိုယ်တော် လှုပ်ရှားနေသည့် ရဟန်းအချို့ ရှိနေသည်ကို တွေ့ရှိရပေသည်။ တောထဲမှ ခဏပြန်ကြွလာလျှင် လာတ်ပေါများမှန်း သိသောကြောင့် အခိုက်အတန့် အနေဖြင့် တစ်ကိုယ်တော် တောထွက်သူများ၊ တောထဲတောင်ထဲ၌ ဘယ်နှစ်နှစ်နေခဲ့သည်၊ ဘယ်လို ကျင့်ခဲ့သည်၊ စသည်ဖြင့် လူအထင်ကြီးအောင် ပြချင်၍ နေထိုင်ကြသည့် ရဟန်းများလည်း ရှိတတ်ကြပါသည်။ ထိုရဟန်းမျိုးကို မြတ်စွာဘုရားလက်ထက်က ရှိခဲ့သော “ဧကစာရီ -ခိုးသူကြီး၊ တစ်ကိုယ်တော် သူခိုးကြီး ” ဟု ဆိုရပါသည်။ ထိုသို့သော ရဟန်းမျိုးကို မြတ်စွာဘုရားက မိမိဂုဏ်သိက္ခာကို မိမိတူးဖြိုသော ရဟန်း၊ အပြစ်ကြီးသော ရဟန်း၊ ပညာရှိတို့ကို စွပ်စွဲထိုက်သော ရဟန်း၊ မကောင်းမှုများစွာ တိုးပွါးသော ရဟန်းဟု မိန့်တော်မူခဲ့ပါသည်။ (အံ၊ ၂။ ၁၁၅။ ပြန်၊ ၁၄၁) အထက်ပါ ဆိုအပ်ခဲ့ပြီးသော သူခိုးကြီး ငါးမျိုးတွင် ယခုအခါ အဓမ္မဝါဒကို ထူထောင်နေသော ဓမ္မစေတီ ဥိးကောသလ္လ၊ မိုးပြာ ဥိးဉာဏ၊ တန့်ကြည်တောင် ဦးသောမဗုဒ္ဓိ၊ လူသေလူဖြစ် အဖွဲ့များ၊ ဆူနာမီ စသော အဓမ္မဝါဒီ ပုဂ္ဂိုလ်များသည် ဂဟနနိဿိတ သူခိုးကြီးများ ဖြစ်သည်မှာတော့ ထင်ရှားနေပါ၏။ ဗလဝနိဿိတ သူခိုးကြီး၊ ဘောဂစာဂီ သူခိုးကြီး များ ဖြစ်မဖြစ်ကိုတော့ အဓမ္မဝါဒီဖြစ်သော ကာယကံရှင် ပုဂ္ဂိုလ်ကပင် အသိဆုံး ဖြစ်ပေလိမ့်မည်။ ထိုအဓမ္မဝါဒီ ပုဂ္ဂိုလ်များကို သာသနာအတွင်းက သူခိုးကြီးများ သူပုန်များ ဟု မဟာစောရ ဘွဲ့ချီးမြင့်ကာ ဤဆောင်းပါးဖြင့် ပူဇော်လိုက်ပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ သူတော်ကောင်းများသည်လည်း ဤမဟာစောရ သုတ်လာ နည်းဗျူဟာများဖြင့် အလိမ်မခံရစေရန် မိမိဆည်းကပ်မည့် ပုဂ္ဂိုလ် ကို ဤချိန်ခွင်ဖြင့် ချိန်ကြည့်စေချင်ပါသည်။ 

ကျမ်းကိုး မှီငြမ်း ဝိရသူ(မစိုးရိမ်)- ပရိယတ္တိ ရွှေချိန်ခွင် 
မဇ္ဈိမပဏ္ဏာသ အဌကထာ၊ အဂုၤတ္ထိုလ် ပါဠိတော်၊ အဂုၤတ္ထိုလ် မြန်မာပြန်၊