Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label ညွန်ကြားလွှာ. Show all posts
Showing posts with label ညွန်ကြားလွှာ. Show all posts

Tuesday, December 6, 2011

သာသနာဖျက် မိုးပြာဂိုဏ်း၏ နိဂုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ ဦးဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မဝါဒများအဖြစ် ဆုံးဖြတ်ကြေညာခဲ့ပါသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ဝိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို တီထွင်ဟောကြားသော ဓမ္မ ဝိဟာရီ အမည်ခံ ဦးဉာဏ၏ ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များသည် အဓမ္မဝါဒများဖြစ်ကြောင်း နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီးအဓမ္မဝါဒ အဟောင်းများ ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ဝါဒဝိနိစ္ဆယ၊ ဓမ္မနီတိဝါဒဝိနိစ္ဆယ၊ မြစ်ကြီးနား ဝိစိတ္တသာရဝါဒဝိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရဝါဒ ဝိနိစ္ဆယ၊ အနုဝါဒါမိကရုဏ်း ဝိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ အဓမ္မဝါဒ ဆုံးဖြတ် ချက်များ စာအုပ်များပါ အဓမ္မဝါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း အဓမ္မဝါဒများအဖြစ် စိစစ်ကြေညာခဲ့ကြပါသည်။

  ပုံပေါ် Click နှိပ်၍ ပုံကြီးချဲ့ ကြည့်နိုင်ပါသည် 

 အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ချက်ချနေသည့် သံဃာ့အစည်းအဝေး ImageFra.me ImageFra.me ImageFra.me အဓမ္မ၀ါဒများကို နောင် ပြန်လည်မပေါ်ပေါက်စေရန် အာဏာစက်အကူညီပေးရန် စောဒကဆရာတော်များမှ တောင်းပန်လျှောက်ထားနေပုံ ImageFra.me

Wednesday, December 2, 2009

ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံနှင့် ပါတ်သက်၍ ညွှန်ကြားလွှာအမှတ် (၅ဝ)


ညွှန်ကြားလွှာအမှတ် (၅ဝ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း (၂၂၊ ၂၊ ၈၃) (၁ဝ၊ ၁၁၊ ၄၄)
၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အခန်း(၇) အပိုဒ်(၅၇) အရ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ဖြင့် စိစစ်၍ ဆုံးဖြတ်ပေးသင့်သော တရားဓမ္မများ ဖြစ်ပါသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စုဒိတကများ မရှိတော့၍ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ဖြင့် မစိစစ်တော့ဘဲ သံဃာ့အဖွဲ့ အစည်းအခြေခံ စည်းမျဉ်း အခန်း(၁၃) အပိုဒ်(၈၉)နှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အခန်း(၁၆) အပိုဒ်(၁၃၁)၊ (ဆ) (ဈ) (ည) (ဋ)တို့အရ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများကို ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ ဒသမအစည်းအဝေးက ဆွေးနွေးစိစစ်၍ အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ် သံဃနာယက အဖွဲ့များသို့ ညွှန်ကြားရန်နှင့် ထေရဝါဒဟူသော အမည်ကို ဖြုတ်ပယ်စေရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂။ သို့ဖြစ်ပါ၍ မြို့နယ်သံဃနာယကအဖွဲ့များသည် မိမိတို့မြို့နယ်အတွင်း၌ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့် မပြုကြရန်နှင့် ထိုတရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်း၊ သာမဏေများနှင့် လူပုဂ္ဂိုလ်များ ရှိပါက ထိုပုဂ္ဂိုလ်များကို မြို့နယ် သံဃနာယက အဖွဲ့တည်ရာဌာနသို့ ပင့်ဆောင် ခေါ်ယူ၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလိုက်ပါသည်။ (က) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မတို့ကို အဓမ္မဝါဒ၊ အဝိနယဝါဒအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၅-ပါးစုံညီ ဒသမအစည်းအဝေးက ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာ၍ ထိုဝါဒကို စွန့်လွှတ်ပါကြောင်း၊ (ခ) ယခုအချိန်မှစ၍ နောင်အနာဂတ်ကာလ၌လည်း ထိုအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိက်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း-စသည်တို့ကို မိမိတို့ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် မိမိတို့နှင့်ပတ်သက်သူများကိုလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊ (ဂ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်များ- စသည်တို့ကို မိမိတို့ဆိုင်ရာ သံဃနာယကအဖွ့ဲသို့ အပ်နှံမည်ဖြစ်ပါကြောင်း၊ (ဃ) ကျိုက္ကစံ ထေရဝါဒ သာသနရက္ခိတ သံဃာ့အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ဆိုင်ရာအဖွဲ့ခွဲ ဆိုင်းဘုတ်များမှ ထေရဝါဒဟူသော ဝေါဟာရကို ဖြုတ်ပယ်မည်ဖြစ်ပါကြောင်း၊ (င) ထိုဝါဒနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့သော အသင်းအဖွဲ့များ ရှိပါက ထိုအသင်းအဖွဲ့များကို ဖျက်သိမ်းကြမည် ဖြစ်ပါကြောင်း၊ မှတ်ချက်။ ။(၁) အထက်ပါအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆိုင်ရာအဓမ္မဝါဒီ၊ အဝိနယဝါဒီ ပုဂ္ဂိုလ်များအား မြို့နယ် သံဃနာယက အဖွဲ့ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။ အကယ်၍ ထိုဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ မထင်ရှား၍ ''မိမိတို့သည် ထိုဝါဒ၌ သက်ဝင်ယုံကြည်သူများ မဟုတ်ကြပါ''ဟု ငြင်းဆိုနေပါက ထိုဝါဒ၌ သက်ဝင်ယုံကြည်သူ မဟုတ်ကြောင်း လက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။ သို့သော် မူလကပင် ဆူးလေဦးမြင့်သိန်းဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ ထင်ရှားပါလျက် လက်မှတ်ထိုးရမည်ကို ကြောက်၍ ယခုမှ ငြင်းဆိုသူများကိုမူ ဤ ညွှန်ကြားချက်အတိုင်း လက်မှတ်ထိုးစေရမည်သာ ဖြစ်ပါသည်။ (၂) ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ၃။ မိမိတို့မြို့နယ်အတွင်းတွင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်းရှင်လူတို့ ရှိကြသဖြင့် ဤညွှန်ကြားလွှာအတိုင်း ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ တင်ပြလျှောက်ထားပြီး မိမိတို့ဆိုင်ရာ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့သို့ မိတ္တူပေးပို့ရန် ထပ်မံညွှန်ကြားလိုက်ပါသည်။
ဘဒ္ဒန္တဣန္ဒာစာရ ဘဒ္ဒန္တတေဇောဘာသာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဥက္ကဋ္ဌဆရာတော် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
***************
အထက်ပါညွှန်ကြားလွှာတို့တွင် အချုပ်ကိုကြည့်လျှင် ၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ်- သတ်မှတ်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၂။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၃။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့်၊ မပြုကြရဟု တွေ့မြင်ကြရပါသည်။ ၄။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ကိုယ်တိုင်လည်း မပြုကြရ။ ပတ်သက်သူများကိုလည်း မပြုလုပ်စေရဟု တွေ့မြင်ကြရပါသည်။ ဆောင်ရွက်တော်မူခဲ့ကြသော ဆရာတော်ကြီး (ဦးစန္ဒိမာ၊ ဦးပညာသီဟ၊ ဥိးဝိသုဒ္ဓ၊ ဦးပညာသာမိ)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့လျှင် အကျိုးရှိကြောင်း ဝန်ခံနိုင် တော့အံ့နည်း။ ...အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံပြီးသောအခါ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ တံဆိပ်တော်ဖြင့် ခွင့်ပြုခံရသော သတင်းဆောင်းပါးများကို စာနယ်ဇင်းတို့မှာ ထည့်သွင်းဖေါ်ပြနိုင်သည်အထိ လည်းကောင်း၊ နောင်ကာလမှာ နာမည်ဟောင်းဖြင့်ဖြစ်စေ နာမည်သစ်ဖြင့်ဖြစ်စေ ပြန်ထလာလျှင်လည်း အမှုဟောင်း အမှုသစ်တွဲလျက် တင်ပြနိုင်သည်အထိ လည်းကောင်း ဆောင်ရွက်ဖွယ်ရာ ရှိပါသည်''ဟူ၍ ရေးသားတင်ပြခဲ့ကြပြီး ဖြစ်ပါသည်။ အသိပေးချက်အမှတ်စဉ် (၃) အထက်ပါတင်ပြချက်တို့ကို ၁၃၆၉-ခုနှစ်၊ နယုန်လပြည့်ကျော်(၄)ရက် (၃.၆.၂ဝဝ၇) တနင်္ဂနွေနေ့မှစ၍ စီစဉ်ရေးသားပြီး မကြာမီအတွင်းမှာပင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာ သာသနာရေး အရာရှိများထံသို့ အသိပေးတင်ပြခဲ့ကြပြီး ဖြစ်ခြင်းကြောင့် မဟာနာယက ဆရာတော်ကြီးများကလည်း အရေးတယူ ရှိတော်မူကြလျက် သက်ဆိုင်ရာ အစိုးရအကြီးအကဲတို့ကလည်း ဂရုပြုခဲ့ကြပါသည်။ ထို့ကြောင့်ပင် ဥက္ကဋ္ဌဆရာတော်ကြီးက (၂)ကြိမ်တိုင်တိုင် သြဝါဒပေးပြီး ချီးမြှင့်ခဲ့ပါသည်။ သာသနာရေးဝန်ကြီးကလည်း ဆရာတော်ကြီး၏ သြဝါဒတော်အား လျှော်သော လျှောက်ထားချက်များဖြင့် ဖြစ်လာမည့်ကိစ္စတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုကြောင်း လျှောက်ထားပြီး ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ဒုတိယအကြိမ် ပေးအပ်ချီးမြှင့်ထားသည့် သြဝါဒတော်များကို သတင်းစာမှ ကူးယူ၍ ဆက်လက်လျှောက်ထားတင်ပြလိုပါသေးသည်။ ဝန်ကြီး၏ လျှောက်ထားချက်တို့ကိုလည်း အသိအမှတ်ပြုကာ မှတ်တမ်း တင်ထားလိုပါသေးသည်။ ညွှန်ကြားလွှာတို့တွင် အချုပ်ကိုကြည့်လျှင် ၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများကို အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ် သတ်မှတ်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၂။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၃။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့်၊ မပြုကြရဟု တွေ့မြင်ကြရပါသည်။ ၄။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ကိုယ်တိုင်လည်း မပြုကြရ။ ပတ်သက်သူများကိုလည်း မပြုလုပ်စေရဟု တွေ့မြင်ကြရပါသည်။ ၅။ ထိုဝါဒနှင့်ပတ်သက်သော အသင်းအဖွဲ့များကို ဖျက်သိမ်းကြရမည်ဟု တွေ့မြင်ကြရပါသည်။ ၆။ အထက်ပါတို့ကို ဆောင်ရွက်ရာတွင် အခက်အခဲရှိနေပါက သက်ဆိုင်ရာ ကောင်စီနှင့် တိုင်ပင်၍ အရေးယူ ဆောင်ရွက်ကြရမည်ဟု တွေ့မြင်ကြရပါသည်။ ထိုစဉ်က ထိုသို့ပင် နိုင်ငံတစ်ဝန်းလုံးမှာ တားမြစ်ပိတ်ပင်ထားခြင်းကို ခံကြရပါသော်လည်း ဟောပြောခြင်း ရေးသားခြင်း ဆွေးနွေးခြင်း တိတ်ခွေဖွင့်ခြင်း သင်တန်းပေးခြင်း စသည်တို့ကို မပြုလုပ်ကြရပါသော်လည်း- ထိုဝါဒနှင့် ပတ်သက်သော အသင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ကြသဖြင့် ပျက်စီးခဲ့ကြရပါသော်လည်း - ထိုဝါဒနှင့်ပတ်သက်သော အသင်းအဖွဲ့များသည် အမှန်အားဖြင့် မပျက်ခဲ့ကြကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ ထိုသို့ဟောပြောခြင်း စသည်များ ဆက်လက်ရှိနေခဲ့ကြေကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းလုံး၌ ပြန့်နှံ့နေရုံမျှမက အခြားနိုင်ငံများသို့ပင် ပြန့်နှံ့နေကြပြီဖြစ်၍ ကမ္ဘာသို့တိုင်အောင်ပင် ပြန့်နှံ့နေကြပြီဖြစ်ကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၁၃၄၄-ခုနှစ်က အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော ယခုအခါတွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ဖြင့် ပြန်လည်ထွန်းကား စော်ကားလျက်ရှိသော အဓမ္မဝါဒီဂိုဏ်းကြီးကို စောဒနာမှုပြုနိုင်ရန် နှိုးဆော်လွှာ ရေးသားစဉ်ကပင်-- ''ဤကဲ့သို့သော သာသနာဖျက်မည့် အဓမ္မဝါဒများကို ဖေါ်ထုတ်နိုင်ဖို့ အလွန်အရေးကြီးပါသည်။ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ သိခွင့်ရအောင် တင်ပြပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ။ သို့မှသာ ဆရာတော်ကြီးများက ဓမ္မ/အဓမ္မ ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပါလော။ ထို့ပြင် ယခုအခါ အကြီးအကျယ် ဖြန့်ဝေလျက်ရှိသည့် တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဝါဒများလည်း ရှိပါသေးသည်။ ဆူးလေဓမ္မကထိကကြီးဦးမြင့်သိန်း၏ အဓမ္မဝါဒများလည်း နာမည်အသစ်ဖြင့် ခေတ်စားလာလျက် ရှိနေပါသည်။ အခြားအခြားသော အဓမ္မဝါဒဟောင်းများလည်း ခေါင်းပြူလာလျက် ရှိနေကြပါသည်။ တစ်ခေတ်တစ်ခါဆီက အဓမ္မဝါဒဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများက ဆုံးမပြီး သူတို့ကိုယ်တိုင်က ဝန်ခံပြီး ဖြစ်ပါလျက် ပြန်ပေါ်လာကြပါသေးသည်။ ထိုစဉ်က တာဝန်ထမ်းဆောင်တော်မူခဲ့ကြသည့် ဆရာတော်ကြီးများအတွက် ပင်ပန်းရကျိုး အထင်လေစွတကား။ စောဒနာလွှာ ပြုစုတင်ပြပေးခဲ့ကြသည့် သာသနာ့သားကောင်း စောဒကများအတွက်လည်း အကျိုးမရှိ ဖြစ်ရလေစွတကား။ ဗုဒ္ဓဘာသာဝင် ဒကာဒကာများအတွက် အန္တရာယ်ကျရောက်မြဲ ကျရောက်နေလေစွ တကား။ ''ဤကဲ့သို့ အဓမ္မ ဝါဒဟောင်းများ ပြန်ထလာလျှင်ဖြစ်စေ - အဓမ္မဝါဒအသစ်များ ဖြစ်ပေါ်လာလျှင်ဖြစ်စေ အချိန်မီဖေါ်ထုတ်နိုင်ဖို့ အဓမ္မဝါဒ ဖေါ်ထုတ်တားဆီး ဖယ်ရှားရေးအဖွဲ့တစ်ခုခု ရှိသင့်နေပါပြီ။ သို့ဖြစ်ပါ၍ သာသနာတော်၌ ကျရောက်လာမည့် ဘေးတို့ကို ကာကွယ်နိုင်ရန် (စာရေးသူတို့နှင့်တကွ) သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာ တာဝန်ကြီးတစ်ရပ် ဖြစ်ပေါ်လာပြီဖြစ်ကြောင်း သတိပြုမိဖွယ်ရာ ရှိပါသည်။ ဤတာဝန်ကြီးကို စဉ်ဆက်မပြတ် ထမ်းဆောင်သွားနိုင်ရန် တစ်ပါးကောင်း - တစ်ပါးလုပ်-အနေဖြင့် မည်သူမျှ မဖြစ်နိုင်ကောင်းပါ။ ထို့ကြောင့် စွမ်းဆောင်နိုင်သူရဟန်းတော်များ၏ ပါဝင်မှု အဆက်အသွယ် ပြုမှုများကို မဖြစ်မနေ လိုအပ်လျက် ရှိနေပါသည်။ သာသနာတော်၌ ရှင်ဥက္ကဋ္ဌ၏ အဓမ္မဝါဒ ကျရောက်ခဲ့ဖူးပြီ။ အမြစ်ပြတ်အောင် သုတ်သင်ရန် ခက်ခဲလှသည်။ သာသနာတော်၌ ရှင်ဥပဂုတ္တပူဇော်ခြင်းဝါဒ ပြန့်ပွါးခဲ့ဖူးပြီ။ အမှားကိုအမှန်ပြင်ရန် ခက်ခဲလှသည်။ သာသနာတော်၌ သမ္ဗုဒ္ဓရာဇာဆိုသည့် ပုဂ္ဂိုလ်ကြောင့် သမ္ဗုဒ္ဓရာဇာအဓမ္မဝါဒ ပေါ်ထွန်းခဲ့ဖူးပြီ။ အမြစ်ပြတ်သွားခဲ့ပြီ။ ဤသို့လျှင် သက်တမ်းရှည်အဓမ္မဝါဒ၊ သက်တမ်းတိုအဓမ္မဝါဒဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ အကြောင်းမှာ ဖေါ်ထုတ်နိုင်မှုသည်မြန်လျှင် ဝါဒီဦးရေ မများသေးခြင်းကြောင့် အားသေး၍ အမြစ်ပြတ်သွားပါသည်။ အချိန်ကြာမှသာ ဖေါ်ထုတ်နိုင်ပါက ဝါဒီဦးရေများပြီ ဖြစ်၍ အားကြီးနေခြင်းကြောင့် နောင်တစ်ခေတ်မှာ ပြန်ဖြစ်လာတတ်ပါသည်။ အားယူ၍ပြန်ထလာတတ်ပါသည်။ မှန်၏။ ယခုအခါတွင် ရှင်ဥက္ကဋ္ဌဝါဒဖြန့် စာအုပ်များကို ပန်းဆိုးတန်း အရောင်းဆိုင်များမှာရော မန္တလေးမြို့ ညဈေးတန်းနှင့် နာမည်ကြီးစာအုပ် ဟောင်း-အရောင်းဆိုင်များမှာပါ ဝယ်ယူ၍ ရရှိခြင်းသည်ပင် သက်သေဖြစ်ပါတော့သည်။ ဤဖြန့်ဝေနေသည့် မြင်ကွင်းများကို ၁၃၄၃(၁၉၈၁)ခုနှစ်က ရှင်ဥက္ကဋ္ဌဝါဒ အဓမ္မဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်တော်မူခဲ့ကြသည့် ဆရာတော်ကြီး (ဘဒ္ဒန္တဃောသိတာဘိဝံသ၊ ဘဒ္ဒန္တဇဝနာဘိဝံသ၊ ဘဒ္ဒန္တဓမ္မာဘိဝရ၊ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ ဘဒ္ဒန္တဉာဏိက)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့ ရှိတော်မူကြမည်နည်း။ ထိုစဉ်က စောဒကအဖြစ် ဆောင်ရွက်တော်မူခဲ့ကြသော ဆရာတော်ကြီး (ဦးစန္ဒိမာ၊ ဦးပညာသီဟ၊ ဥိးဝိသုဒ္ဓ၊ ဦးပညာသာမိ)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့လျှင် အကျိုးရှိကြောင်း ဝန်ခံနိုင် တော့အံ့နည်း။ အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံပြီးသောအခါ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ တံဆိပ်တော်ဖြင့် ခွင့်ပြုခံရသော သတင်းဆောင်းပါးများကို စာနယ်ဇင်းတို့မှာ ထည့်သွင်းဖေါ်ပြနိုင်သည်အထိ လည်းကောင်း၊ နောင်ကာလမှာ နာမည်ဟောင်းဖြင့်ဖြစ်စေ နာမည်သစ်ဖြင့်ဖြစ်စေ ပြန်ထလာလျှင်လည်း အမှုဟောင်း အမှုသစ်တွဲလျက် တင်ပြနိုင်သည်အထိလည်းကောင်း ဆောင်ရွက်ဖွယ်ရာ ရှိပါသည်'' ဟူ၍ ရေးသားတင်ပြခဲ့ကြပြီး ဖြစ်ပါသည်။

Monday, November 23, 2009

နိုင်ငံတော် သံဃမဟာနာယကအဖွဲ၏ ညွှန်ကြားလွှာ အမှတ် (၉၄)


ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ မဟာနာယကကျောင်းတော်ကြီး၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ တယ်လီဖုန်း ဥက္ကဋ္ဌဆရာတော် - ၆၅၁၀၀၇ ဒုတိယဥက္ကဋ္ဌဆရာတော် - ၆၆၁၀၀၆၊ ၆၆၁၇၄၆ အကျိုးတော်ဆောင်ဆရာတော် -၆၂၁၀၀၈ တွဲဖက်အကျိုးတော်ဆောင်ဆရာတော် -၆၆၀၈၀၄၊ ၆၆၄၁၅၇ ဝိနိစ္ဆယအဖွဲ့ငယ် - ၆၆၁၀၀၅ သာသနာရေးရာအဖွဲ့ငယ် - ၆၆၀၇၉၉ ပညာရေးရာအဖွဲ့ငယ် - ၆၆၀၇၆၆၊ ၆၆၄၄၆၅ စာအမှတ်၊ ၀ ၀ ၁ / ညွှန်ကြား / ၄ / သာ - မ ဟ န ရက်စွဲ၊ ၁၃၇၁-ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက် (၂၀၀၉ -ခုနှစ်၊ နိုဝင်ဘာလ ၉ ရက် ) ညွှန်ကြားလွှာ အမှတ် (၉၄) 

အကြောင်းအရာ။ ။သာသနာ့ဝန်ထမ်းရဟန်းသာမဏေများသည် ဂန္ထဓုရဝိပဿနာဓုရကိုသာအားထုတ် အားထုတ်ဆောင်ရွက်ကြလျက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အရှည်တည်တံ့ခိုင်မြဲ စေရေး အလေးထားဆောင်ရွက်ကြရန် ညွှန့်ကြားခြင်း။ 

၁။ သာသနာတော်သန့်ရှင်းတည်တံ့ပြန့် ပွားရေး ပထမအကြိမ် ဂိုဏ်းပေါင်းစုံ အစည်းအဝေးကြီးက သံဃာ့အဖွဲ့ အစည်းအခြေခံစည်းမျဉ်းကို အတည်ပြုပြဋ္ဌာန်းခဲ့၍ ယင်းအခြေခံစည်းမျဉ်းနှင့်အညီ သံဃာ့ဂိုဏ်းကြီး (၉)ဂိုဏ်း ပါဝင် သော သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း သီတင်းသုံးနေထိုင် ကြသော ရဟန်းသာမဏေဟူသမျှသည် သံဃာနာယကအဖွဲ့ တစ်ဖွဲ့ဖွဲ့၏ ကြီးကြပ်အုပ်ချုပ်မှု အောက်၌ သာသနာ တော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးလုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။ 

၂။ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော တရားဥပဒေများကို တစ်ဦးချင်းဖြစ်စေ၊ အုပ်စုဖွဲ့၍ ဖြစ်စေ အကြမ်းဖက် ကျူးလွန်မှုများတွင် ရဟန်းသာမဏေများ မပါဝင်စေရေးအတွက်လည်းကောင်း၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ၏ ကြီးကြပ်အုပ်ချုပ်မှုကို မခံယူသည့် တရားမဝင် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်ခြင်း၊ ပါဝင်ခြင်း၊ အားပေး ထောက် ခံခြင်း မပြုရေးအတွက်လည်းကောင်း၊ ရဟန်းသာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုကို မလွဲမသွေ ဖြစ်ပေါ် စေမည့် ပါတီနိုင်ငံရေးများ၌ ပါဝင်ပတ်သက်မှု ကင်းရှင်းစေရေးအတွက်လည်းကောင်း၊ ဗုဒ္ဓသာသနာတော် ဂုဏ် ကျက်သရေ ညှိုးမှိန်စေပြီး သာမဏေ သာရုပ္ပမဖြစ်သည့်အမှုများကို ရဟန်းသာမဏေများ မကျူးလွန်ကြစေရန် ဆုံးမ သွန်သင်ကြစေရေးအတွက်လည်းကောင်း၊ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများအား လောကီလူမှုကိစ္စ များ၌ ပါဝင် ပတ်သတ်မှု မရှိကြဘဲ ဂန္ထဓူရ၊ ဝိပဿနာဓုရ တာဝန်နှစ်ရပ်ကိုသာ အားထုတ်ကြစေရေးအတွက် လည်း ကောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ညွှန်ကြားလွှာများ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါသည်။ 

၃။ ထို့ပြင် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်မပေါ်မီက ပေါ်ပေါက်ခဲ့သော သာသနာတော်ကြီး တိမ်းပါးပျက်စီးသွားနိုင်သည့် တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဦးဆောင်သည့် လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနဝါဒ၊ ရွှေအဘိဓမ္မာ ဝါဒ၊ ကျောက်သင်္ဘောဝါဒ၊ ကျောက်ပုံတောရဦးစံရင်း၏ ကမ္ဘာ့ဝိပဿနာဝါဒ၊ ကြောင်ပန်းတောရ ဝါဒ စသည်တို့ ကို နိုင်ငံတော်သီခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဝါဒ ဟု ဆုံးဖြတ်ထားပြီး ဖြစ်၍ ယင်းဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည့် အပြုအမူအားလုံးကို မပြုလုပ်တော့ပါ ကြောင်း နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ရှေ့မှောက်၌ ဝန်ခံကတိပြု၍ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။ ယင်းသို့ဖြစ်သော်လည်း ထိုဝါဒများကို အထင်အရှားဖြစ်စေ၊ မထင်မရှားဖြစ်စေ ဟောပြောခြင်း၊ ဆွေးနွေးခြင်း၊ မိတ္တူ ကူး၍ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်များ ပြုလုပ်နေကြပါသည်။ ထို့ပြင် ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီအစည်းအဝေးက အဓမ္မဝါဒ ဟု ဆုံးဖြတ်ထားပြီး ဖြစ်သော ဆူးလေဦးမြင့်သိန်း ဝါဒ (ယခု ဓမ္မစေတီ ဦးကောသလ္လ ဟောပြောဖြန့်ဝေနေသော ဝါဒကို-ဆိုလိုပါသည်) နှင့် ရှင်ဉာဏဝါဒ (ဓမ္မဝိဟာရီမိုးပြာဂိုဏ်းဝါဒ) စသည်တို့ကိုလည်း ယခုအခါ သွင်အမျိုးမျိုးဖြင့် ပြန်လည် ထုတ်ဖော်လျက် ထေရဝါဒ ဗုဒ္ဓသာသနာတော်အတွင်း ဓမ္မ အဓမ္မ ဝိဝါဒါ ဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော် ဖန်တီးလာကြပါ သည်။ ထို့ပြင် အချို့ပုဂ္ဂိုလ်များကလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကာလကို အခွင့်ကောင်းယူ၍ ပရိယတ် ပဋိပတ် ကို အေးချမ်းစွာ ကျင့်ကြံကြိုးကုတ်အားထုတ်နေကြသော သံဃာထုအတွင်းသို့ ထိုးဖောက် ဝင်ရောက်ကာ စည်းလုံးလှုံ့ဆော်ကြသဖြင့် အချို့ရဟန်းသာမဏေများသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအခန်း (၂) အပိုဒ် (၄)၌ ပြဋ္ဌာန်းထားသော “ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်း စုံ ပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာရှိရမည်” ဟူသော ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ အမည်အမျိုး မျိုးဖြင့် သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း၍ သာသနာတော်ကွယ်စေနိုင်သော နတ်လူအများစီးပွားချမ်းသာမဲ့ရန် အကြောင်းဖြစ်သော အဓမ္မကို ဓမ္မဟုလည်းကောင်း၊ အဝိနယကို ဝိနယဟု လည်းကောင်း ပြုလုပ်ဆောင်ရွက်နေ ကြပါသည်။ ဤသို့ ပြုလုပ်ဆောင်ရွက်ခြင်းသည် သာသနာတော်ကို ကွယ်စေနိုင်၍ နတ်လူအများ စီးပွားချမ်းသာမဲ့ ရန်အကြောင်း ဖြစ်သည့်အပြင် သံဃာအချင်းချင်းကွဲပြားစေရန် ဆောင်ရွက်ခြင်းဖြစ်၍ အနာဂတ် သာသနာတော် အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။ 

၄။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားသော ညွှန့်ကြားလွှာများသည် ထေရဝါဒဗုဒ္ဓသာ သာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားစေရန်နှင့် သံဃာ့ဦးသျှောင်မထေရ်မြတ်ကြီးများ ခဲခဲယဉ်းယဉ်း တည် ဆောက်ထားရသော ဂိုဏ်းပေါင်းစုံသံဃာ့ညီညွတ်ရေးကြီး မပြိုကွဲစေရန် ရည်ရွယ်၍ ထုတ်ပြန်ထားခြင်း ဖြစ်ပါ သဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဂိုဏ်းပေါင်းစုံ သံဃာ့အဖွဲ့အစည်းအောက်တွင် ရှိကြသည့် ရဟန်း သာမဏေ အား လုံးတို့သည် ဘုရားရှင် ပညတ်တော်မူထားသည့် ဝိနည်းသိက္ခာပုဒ်တော်များကို ကျင့်သုံးလိုက်နာကြသည့်နည်းတူ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တို့၏ ညွှန်ကြားလွှာများ၊ အတည်ပြုပြဋ္ဌာန်းထားသည့် စည်းမျဉ်းစည်းကမ်းများကို အလေးထားလိုက်နာကြရန် ညွှန်ကြားပါသည်။ 

(ဘဒ္ဒ န္တကုမာရ) အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက ဥက္ကဋ္ဌဆရာတော် 
(ဘဒ္ဒ န္တသြသဓာဘိဝံသ) အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမဇောတိက အကျိုးတော်ဆောင်ဆရာတော်

Monday, November 16, 2009

ဥက္ကဋ္ဌ (မကွေး) ဆရာတော်ဘုရားကြီး၏ သြဝါဒကထာ

ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာ ယကအဖွဲ့ (၄၇)ပါးစုံညီ နဝမအစည်းအဝေး သဘာ ပတီ၊ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ်ဆရာတော် အဘိဓဇမဟာရဋ္ဌဂရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တကုမာရ၏ သာရဏီယ သြဝါဒ ကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဆရာတော် အရှင်မြတ်တို့ဘုရား- သံဃာ့အဖွဲ့အစည်းဖွဲ့စည်း၍ သာသနာ တော် သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ရာ ရှေးဦးအစပိုင်း အချိန်က ရဟန်းတု၊ ရဟန်းယောင်များ ပပျောက် သလောက်ဖြစ်၍ သမဏသာရုပ္ပမရှိသော ရဟန်း တော်များသည် နည်းပါးလာခဲ့ပါသည်။ ပရိယတ္တိ သာသနာတော်၏ အညစ်အကြေး ဘေးရန်ဖြစ် သော အဓမ္မဝါဒများကိုလည်း ပိတ်ပင်ဟန့်တား ပယ် ရှားနိုင်ခဲ့ပါသည် ဘုရား။ ယခုအခါ ပရိယတ္တိ သာသနာတော်၏ ဘေးရန်ဖြစ်သော [အဓမ္မဝါဒ] ဟု ဆုံးဖြတ်ခဲ့ပြီး သော ဝါဒများ တစ်စတစ်စ ခေါင်းထောင်လာပြန် ပါသည်။ အချို့က မထင်မရှားဟောပြောကြသည်။ အချို့က အထင်အရှား ဟောပြောကြသည်။ အချို့ က သင်တန်းဖွင့်၍ ပြသကြသည်။ အဓမ္မဝါဒအဖြစ် ဆုံးဖြတ်အပ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူ ကူး၍ ဖြန့်ချိနေကြသည်များကိုလည်း အထင်အရှား တွေ့မြင်နေကြရပါသည်။ ဤအဓမ္မဝါဒများကို မည်သည့်ဒေသ၌ မည်သည့်ပုဂ္ဂိုလ်များ မည်သို့မည်ပုံ ဟောပြောနေကြ သည်။ သင်တန်းပို့ချနေကြသည် စသည်များကို “ပြည်နယ် တိုင်း၊ မြို့နယ် သံဃနာယကအဖွဲ့များက အတိအကျ စုံစမ်းထောက်လှမ်း၍ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ထံ အစီရင်ခံတင်ပြကြရန် ညွှန့် ကြားလွှာများ ထုတ်ထားသင့်မည်” ဟု သဘောရပါ သည်ဘုရား။ ဤလျှောက်ထားခဲ့ပြီးသော အကြောင်းခြင်း ရာများသည် ပရိယတ္တိ သဒ္ဓမ္မတည်း ဟူသော မြတ်ဗုဒ္ဓ ၏ သာသနာတော် မသန့်မရှင်း ညစ်နွမ်းရခြင်း၏ အညစ်အကြေးများ ဖြစ်ပါသည်။ ဤသာသနာ့ အညစ်အကြေးများကို သုတ်သင်ဖယ်ရှား တားမြစ် ခြင်းမရှိဘဲ လျစ်လျူရှုထားကြလျှင် ပရိယတ္တိ သဒ္ဓမ္မ ဟူသော မြတ်ဗုဒ္ဓ၏ သာသနာတော်မြတ်ကြီး ပျက် စီး ကွယ်ပျောက်သွားနိုင်ပါသည်။ ဆရာတော် အရှင် သူမြတ်တို့ဘုရား “အမှိုက်မှအစ ပြာသဒ်မီးလောင်” ဟူသော မြန်မာ့စကားပုံရှိခဲ့ပါသည်။ ယခုဖြစ်ပေါ် နေသည့် ပြာသာဒ်ကို လောင်မည့်မီးသည် သာမည မီးပေါက်မီးပွားကလေးမျှ မဟုတ်တော့ပါ။ ထေရဝါဒ ဗုဒ္ဓသာသနာတော်မြတ်ကြီးတည်း ဟူသော ပြာဿဒ် တော်ကြီးကို မျိုဝါးလောင်မြိုက်သွားနိုင်လောက် အောင် အင်အားကြီးမားသော မီးပုံကြီးဖြစ်နေသည် ကိုလည်း သတိကြပ်ကြပ်ထားတော်မူကြစေချင်ပါ တယ်ဘုရား။
ပရိယတ္တိ သဒ္ဓမ္မဟူသော မြတ်ဗုဒ္ဓ၏ သာ သနာတော်မြတ်ကြီး ပျက်စီးကွယ်ပျောက်သွားလျှင် ပဋိပတ္တိသဒ္ဓမ္မ၊ ပဋိဝေဓသဒ္ဓမ္မတည်းဟူသော သာ သနာတော်မြတ်ကြီးများလည်း ပျက်စီးကွယ်ပျောက် သွားကြပါလိမ့်မည်ဘုရား။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် ထို အရေးကို မြင်တော်မူသောကြောင့် အရှင်မဟာ ကဿပ မထေရ်မြတ်အား. 

“သေယျသာပိ ကဿပ န ဇာတရူပဿ အန္တရဓာနံ ဟောတိ။ ယာ၀ န ဇာတရူ ပပ္ပတိ ရူပကံ လောကေ ဥပ္ပဇ္ဇတိ။ ယတော စ ခေါ ကဿပ ဇာတ ရူပပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ ဇာတရူပ ဿ အန္တရဓာနံ ဟောတိ။ ဧဝမေ၀ ခေါ ကဿပ န တာ၀ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ။ ယာ၀ န သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ ယတော စ ခေါ ကဿပ သဒ္ဓမ္မပ္ပတိရူပကံ လောကေ ဥပ္ပဇ္ဇတိ။ အထ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” ဟု ဟော တော်မူခဲ့ပါသည်ဘုရား။ (အံ၊ ၁၊ ၄၂၂) 

ဤပါဠိတော်၏ အကျဉ်းချုပ် အဓိပ္ပာယ်မှာ- “ကဿပလောက၌ ရွှေအတု မဖြစ်ပေါ် သေးသမျှ ကာလပတ်လုံး ရွှေအစစ် မကွယ်ပျောက် နိုင်သေး။ လောက၌ ရွှေအတုဖြစ်ပေါ်လာသော အခါ၌မူကား ရွှေအစစ် ကွယ်ပျောက်နိုင်၏။ ကဿပ ဤဥပမာအတူပင် လောက၌ သဒ္ဓမ္မပ္ပတိရူပက- သူတော်ကောင်းတရားအတု အယောင် မဖြစ်ပေါ်သေးသမျှကာလပတ်လုံး သူ တော်ကောင်းတရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် မကွယ်ပျောက်နိုင်သေး။ လောက၌ သဒ္ဓမ္မပ္ပတိ ရူပက- သူတော်ကောင်းတရား အတု အယောင်ဖြစ်ပေါ်လာသောအခါ၌မူကား သူတော် တရားတည်းဟူသော သဒ္ဓမ္မသုံးဖြာ သာသနာတော် ကွယ်ပျောက်နိုင်၏” ဟု ဆိုလိုပါ သည်ဘုရား။ ဆရာတော်အရှင်မြတ်တို့ဘုရား    ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သဒ္ဓမ္မပ္ပတိရူပကခေါ် သူတော်ကောင်း တရားဟု၊ တရားယောင်များ အထင်အရှားပေါ် ပေါက်နေပါပြီဘုရား။ ထိုတရားတု၊ တရားယောင် များကို စတင်ဟောပြောဖြန့်ချိနေကြသော ဝိတဏ္ဍ ဝါဒီ၊ အဓမ္မဝါဒီများသည် ပါပိစ္ဆဣစ္ဆပကတသဘော ဖြင့် သံဂါယနာ (၆)တန်တင် ပါဠိတော်၊ အဋ္ဌကထာ များကိုပင် ဘုရားဟောမဟုတ် ဗြဟ္မဏဝါဒများ ဖြစ် သည်ဟု ပုတ်ခတ်ပယ်ရှားပြီးလျှင် ဘုရားရှင်၏ ဒေသနာတော်ကို ခုတုံးလုပ်ကာ ဘုရားရှင်ဟောကြား တော်မူအပ်သော ဒေသနာတော်၏ အဓိပ္ပာယ်ကို အလွဲလွဲအမှားမှား ဖွင့်ဆိုကြလှက် ဘုရားရှင် ဒေသနာတော်နှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သော ဝါဒ သစ်များ ထူထောင်ကြ၍ အဓမ္မဝါဒများကို ဟော ပြောခြင်း သင်တန်းပေးခြင်း၊ စာအုပ်စာတမ်းများ ထုတ်ဝေခြင်း စသည်တို့ဖြင့် စနစ်တကျ စီမံကိန်း ချကာ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ဦးတည်၍ ထိုးနှက်တိုက်ခိုက်နေကြသော ပုဂ္ဂိုလ်များဖြစ်ကြပါ သည်ဘုရား။ ထိုပုဂ္ဂိုလ်များသည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းစာမျက်နှာ (၂၇) အပိုင်း (၁၂) အပိုဒ်ခွဲ (၈)၌ “ပိဋကတ်တော်နှင့် မညီသော ရေး သားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများ ကို တားဆီးကာကွယ်ရန် ဖြစ်သည်” ဟု ပြဆိုထား ပါလျက် ထိုစည်းမျဉ်းစည်းကမ်းကို မလိုက်နာဘဲ ထေရဝါဒ ဗုဒ္ဓပိဋကတ်တော်နှင့် မညီသော ရေးသား ခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို စနစ် တကျ စီမံကိန်းချကာ အင်တိုက်အားတိုက် ပြုလုပ် ဆောင်ရွက်နေကြပါသည်ဘုရား။ 

ဤသာသနာတော်၏ အညစ်အကြေးဘေး ရန်ဖြစ်သော အဓမ္မဝါဒများကို သုတ်သင်ပယ်ရှား တားမြစ်ရမည့်တာဝန်သည် တပည့်တော်တို့ နိုင်ငံ တော် သံဃမဟာနာယက အဖွဲ့၏ တာဝန်ဖြစ်ပါ သည်။ တာဝန်အရှိဆုံးဖြစ်သော တပည့်တော်တို့ နိုင် ငံတော် သံဃမဟာနာယာကအဖွဲ့ကြီးသည် တာဝန် ကို သိသောအားဖြင့် ဤတာဝန်ကို တပည့်တော်တို့ မလွဲမသွေ ဧကန်မုချ ဆောင်ရွက်ကြရမည် ဖြစ်ပါ သည်။ ဤသို့ ဆောင်ရွက်ရာ၌ နိုင်ငံတော် ဗဟို သံဃာ့ဝန်ဆောင်ဆရာတော်များကလည်း သာသနာ စိတ်ဓာတ်အပြည့်အဝဖြင့် အင်တိုက်အားတိုက် ဝိုင်း ဝန်းကူညီ ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်များကလည်း လက်ပိုက်ကာ ကြည့်မနေ ဘဲ နိုးနိုးကြားကြား တက်တက်ကြွကြွပါဝင် ဆောင် ရွက်ကြရမည် ဖြစ်ပါသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ ကလည်း ဓမ္မစက်ကို အာဏာစက်ဖြင့် ကူညီပံ့ပိုးခြင်း၊ ဗုဒ္ဓဘာသာဝင် ဥပါသကာ၊ ဥပါသိကာတို့ကလည်း အာမိဿနုဂ္ဂဟဖြင့် အားပေးချီးမြှောက် ထောက်ပံ့ ခြင်းတို့ဖြင့် သဒ္ဓါတရားထက်ထက်သန်သန် ပါဝင် ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ 

ဤသို့ တက်ညီလက်ညီ ဆောင်ရွက်မှသာ ဤအဓမ္မဝါဒများကို သုတ်သင်ပယ်ရှား၊ တားမြစ် နိုင် မည် ဖြစ်ပါသည်။ ဤသို့ အဓမ္မဝါဒသာသနာ့ အညစ် အကြေးတို့ကို သုတ်သင်၊ ပယ်ရှား၊ တားမြစ်လိုက်ပါ လျှင် မြတ်ဗုဒ္ဓ၏ ပရိယတ္တိသဒ္ဓမ္မသာသနာတော်မြတ် ကြီး သန့်ရှင်းစင်ကြယ်သွားမည် ဖြစ်ပါသည်။ ပရိယတ္တိသဒ္ဓမ္မသာသနာတော်မြတ်ကြီး သန့်ရှင်းစင်ကြယ်လျှင် ပဋိပတ္တိသဒ္ဓမ္မ သာသနာတော် မြတ်ကြီးလည်း သန့်ရှင်းစင်ကြယ်သွားမည် ဖြစ်ပါသည်ဘုရား။

သာသနာတော်တည်တံ့ရေး

ဆရာတော်အရှင်မြတ်တို့ဘုရား- ဘုရားတပည့်တော်တို့၏ ပြည်ထောင်စု မြန် မာနိုင်ငံတော်၌ မြို့တိုင်းလိုလိုပင် ပရိယတ္တိစာသင် တိုက်ကြီးများ ဖွင့်လှစ်၍ ပရိယတ်ကို ပို့ချသင်ကြား ပေးနေခြင်း၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီးနှင့် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်ကြီးများ၌လည်း ပရိယတ်ကျမ်းဂန်များ ကို ဘာသန္တရပါတွဲဖက်၍ ခေတ်မီနည်းစနစ်ဖြင့် ပို့ ချသင်ကြားပေးနေခြင်း၊ ပဋိပတ္တိကမ္မဋ္ဌာန်းနည်းပြ သာသနာ့ရိပ်သာများ ဒေသအနံှ့အပြား ဖွင့်လှစ်ပြသ နေခြင်းတို့ကြောင့် ပရိယတ္တိသာသနာတော်၊ ပဋိပတ္တိ သာသနာတော် တည်တံ့ရေးမှာ အားရကျေနပ်ဖွယ် ရှိပါသည်။ ထို့ထက် တိုးတက်အောင် အားပေး ထောက်ပံ့ကူညီရန်သာ လိုအပ်ပါသည်ဘုရား သာသနာတော်ပြန်ပွားရေး ဆရာတော်အရှင်မြတ်တို့ဘုရား- သာသနာတော်ပြန့်ပွားရေးအတွက် နယ်စပ် ဒေသနှင့် တောင်တန်းဒေသများ၌ သာသနာပြု ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေပါသည်။ အားရကျေနပ်အောင်တော့ မအောင်မြင်သေးပါ။ မအောင် မြင်ရသေးခြင်းမှာလည်း ပစ္စည်းလေးပါး အထောက် အပံ့ နည်းပါးခြင်းကြောင့် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာ ဝင် မြန်မာလူမျိုးများသည် ငွေကျပ်သိန်းတစ်ထောင် သိန်းနှစ်ထောင်ကုန်၊ သုံးထောင်ကုန် ကျောင်း၊ ကန် စသည်များ ဆောက်လုပ်လှူဒါန်းနိုင်ကြသော်လည်း ဗုဒ္ဓသာသနာမထွန်းကားသေးသော ဒေသများ၌ ဆင်းဆင်းရဲရဲ သာသနာပြုနေကြသော သံဃာတော် များအား ထောက်ပံ့ရန် ကိစ္စကိုမူ နှလုံးမသွင်းမိကြဘဲ ဖြစ်နေပါသည်။ နိုင်ငံခြားသာသနာပြု ကျောင်း များမှာ ကျောထောက်နောက်ခံ အထောက်အပံ့က ပြည့်စုံလုံလောက်စွာ ရနေတဲ့အတွက် သူတို့ သာသနာပြုတွေက အောင်မြင်ကြပါသည်။ တပည့်တော်တို့က သူတို့ကို မယှဉ်နိုင်ဘဲ ဖြစ်နေကြပါသည်။ ဒီသာသနာပြုကုသိုလ်၏ ထူးကဲမွန်မြတ်ပုံကို လူ အများသိအောင် ဟောပြောဆွဲဆောင်ဖို့ လိုပါသည်။ ဒီကိစ္စကိုတော့ နိုင်ငံကျော် ဓမ္မကထိက ဆရာတော် အချို့လည်း ရှိပါသည်။ ဤဓမ္မကထိက ဆရာတော် မျိုး များများပေါ်ထွက်လာအောင် တောင်းပန် တိုက် တွန်းဖို့ လိုအပ်ပါသည်ဘုရား။ 

ကမ္ဘာ့မှာ ဗုဒ္ဓသာသနာတော်ပြန့်ပွားဖို့က တော့ ဘာသန္တရကျွမ်းကျင်သော သာသနာပြု ရဟန်း တော်များ အများအပြား ပေါ်ပေါက်လာဖို့ လိုအပ်ပါသည်။ ပရိယတ်၊ ပဋိပတ် အခြေခံလုံလောက်ပြီး သော ရဟန်းတော်များ ဘာသန္တရလေ့လာဆည်းပူး ရန် အားပေးချီးမြှောက် ထောက်ပံ့သင့်ပါသည် ဘုရား။ ဤသို့ ပရိယတ္တိ သဒ္ဓမ္မ၊ ပဋိပတ္တိသဒ္ဓမ္မနှစ်ပါး သန့်ရှင်းတည်တံ့ပြန့်ပွားလာလျှင် ပဋိဝေဓသဒ္ဓမ္မ ဟူသော မဂ်ဖိုလ်နိဗ္ဗာန် အသီးအပွင့်ကို ဧကန်သုံး ဆောင် ခံစားရမည် ဖြစ်ပါသည်ဘုရား။ ဆရာတော်အရှင်မြတ်တို့ဘုရား- ယခု ဘုရားတပည့်တော် လျှောက်ထားတင် ပြခဲ့သည့်အတိုင်း သံဃာ့အဖွ့ဲအစည်း အဆင့်ဆင့် ၏ ဦးတည်ချက်ဖြစ်သော “သာသနာတော်သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး” သုံးရပ် အကောင်အထည် ပေါ် လာအောင် တာဝန်အရှိဆုံးဖြစ်သော နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ကြီးက ဦးဆောင်၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော်များ၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် သာသနာတော်ကို ကြည်ညိုမြတ်နိုးကြသည့် ဥပါ သကာ၊ ဥပါသိကာများလက်တွဲ၍ ညီညီညာညာ အင်တိုက်အားတိုက် ဆောင်ရွက်ကြပါရန် လေးလေး နက်နက် တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးကမ္ပတ်အဆုံးသတ်ပါသည်။ နိုင်ငံတော် သံဃမဟာနာယကဆရာတော် အရှင်မြတ်တို့ဘုရား။ 

ဘဒ္ဒန္တကုမာရ 
ဥက္ကဋ္ဌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုဝင်ဘာ (၇) ကြေးမုံသတင်းစာပါ 
ဥက္ကဋ္ဌဆရာတော်ဘုရားကြီး၏ သြဝါဒကထာ...

http://shintharmi.blogspot.com