Tuesday, December 6, 2011

သာသနာဖျက် မိုးပြာဂိုဏ်း၏ နိဂုံး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့မှ ဖွဲ့စည်းပေးအပ်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ် (၁၇။ ၂၀၁၁) မှ ဦးဉာဏ ဦးဆောင်သော မိုးပြာဂိုဏ်းသားတို့၏ အယူဝါဒအပေါ် အဓမ္မဝါဒများအဖြစ် ဆုံးဖြတ်ကြေညာခဲ့ပါသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ တွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ နိုင်ငံတော် ဝိနိစ္ဆယအဖွဲ့ရုံးတွင် မိုးပြာ ဂိုဏ်းသားတို့၏ အယူဝါဒအပေါ် ဓမ္မ-အဓမ္မ အငြင်းပွားခြင်းကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ ထေရဝါဒဗုဒ္ဓဒေသနာတော် အဆုံးအမများကိုမလိုက်နာဘဲ အတိတ်ဘဝ၊ အနာဂတ်ဘဝ၊ ၃၁ ဘုံနှင့် သံသရာမရှိ ဟူသော ရုပ်ဝါဒအယူ ကိုယူကာ ပိဋကတ်တော်သုံးရပ်နှင့် အဋ္ဌကထာ၊ ဋီကာတို့ကို ဆန့်ကျင်ဝေဖန်ပြီး ပစ္စုပ္ပန်ကမ္မဝါဒကို တီထွင်ဟောကြားသော ဓမ္မ ဝိဟာရီ အမည်ခံ ဦးဉာဏ၏ ဟောပြောချက်များ၊ ရေးသားချက်များ၊ အင်တာနက်ပေါ်တွင် တင်ပြချက်များသည် အဓမ္မဝါဒများဖြစ်ကြောင်း နိုင်ငံတော် ဝိနည်းဓိုရ် ဆရာတော်ကြီးများက ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဆုံးဖြတ်တော်မူရာတွင် စောဒက ဆရာတော်များက တင်ပြထားသော စောဒကလွှာ ၅၂ ချက်နှင့်တကွ ဆုံးဖြတ်ပြီးအဓမ္မဝါဒ အဟောင်းများ ဖြစ်ကြသော သျှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒါနု ဝါဒဝိနိစ္ဆယ၊ ဓမ္မနီတိဝါဒဝိနိစ္ဆယ၊ မြစ်ကြီးနား ဝိစိတ္တသာရဝါဒဝိ နိစ္ဆယ၊ မိုးညှင်း ဦးခေမိန္ဒနှင့် ဦးဝိစိတ္တသာရဝါဒ ဝိနိစ္ဆယ၊ အနုဝါဒါမိကရုဏ်း ဝိနိစ္ဆယနှင့် ကျောက်သင်္ဘောဝါဒဝိနိစ္ဆယ အဓမ္မဝါဒ ဆုံးဖြတ် ချက်များ စာအုပ်များပါ အဓမ္မဝါဒများနှင့် ထပ်တူဖြစ်သော အချက် ၂၅ ချက်ကိုလည်း အဓမ္မဝါဒများအဖြစ် စိစစ်ကြေညာခဲ့ကြပါသည်။


  ပုံပေါ် Click နှိပ်၍ ပုံကြီးချဲ့ ကြည့်နိုင်ပါသည် 

 အဓမ္မ၀ါဒအဖြစ် ဆုံးဖြတ်ချက်ချနေသည့် သံဃာ့အစည်းအဝေး ImageFra.me ImageFra.me ImageFra.me အဓမ္မ၀ါဒများကို နောင် ပြန်လည်မပေါ်ပေါက်စေရန် အာဏာစက်အကူညီပေးရန် စောဒကဆရာတော်များမှ တောင်းပန်လျှောက်ထားနေပုံ ImageFra.me

1 comment:

  1. အားလုံးကို ကျေးဇူးတင်ပါတယ်
    ကျွန်တော်တို့အားလုံး မလိုလား၊ မလိုချင်သော မစစ်မမှန် ထေရ၀ါဒမဲ့ လူမိုက်တစ်စုကို ဖြိုခွင်းပေးတဲ့အတွက်ပါ။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊