Shwe Dagon Pagoda

According to tradition, the Shwedagon Pagoda has existed for more than 2,500 years, making it the oldest historical pagoda in Burma and the world.

Mahar Myat Muni

The Mahar Myat Muni Buddha Image is the most revered Buddha image in Mandalay.

Showing posts with label မိစ္ဆာ ဒိဌိများ. Show all posts
Showing posts with label မိစ္ဆာ ဒိဌိများ. Show all posts

Friday, August 10, 2012

မိစ္ဆာဒိဌိ ၆၂ ပါးအကျဉ်း

၁။ သဿတဒိဋ္ဌိ = ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ် ၅ မျိုးတို့တွင် တစ်ပါးပါး
ကို အတ္တ ဟု၎င်း၊ လောက ဟု လည်းကောင်း ယူပြီး၊
ထို အတ္တ နှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ ပါး။

၂။ ဧကစ္စသဿတဒိဋ္ဌိ = အတ္တ နှင့် သင်္ခါရကို အချို့မြဲ၊ အချို့မမြဲ ဟု ယူခြင်း ၄ ပါး။

၃။ အန ္တာနန ္တဒိဋ္ဌိ = ပဋိဘာက နိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင်
မပွါးမူ၍ ထိုပဋိဘာဂ နိတ်မိတ်ကို “လောက” ဟုယူကာ၊
လောက သည်အဆုံးရှိ၏ဟု ယူပြီး၊ ပဋိဘာကနိမိတ်ကို စကြဝဠာ
အဆုံးတိုင်အောင် ပွါးများ၍ လောကသည်အဆုံးမရှိ ဟု ယူခြင်း ၄ ပါး၊

၄။ အမရာဝိက္ခေပဒိဋ္ဌိ = ဧဝန ္တိပိ မေ နော စသော နည်းဖြင့် အဆုံးအပိုင်းအခြား
ကင်းသော အယူစကားဖြင့် ပစ်ချခြင်း၊ တနည်း “အမရာ”
မည်သော ငါးသည် ငုပ်ခြင်းပေါ်ခြင်း အစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်
သကဲ့သို့၊ ဤ အမရာဝိက္ခေပဝါဒသည်လည်း ထိုမှ ဤမှပြေးသွား၍ ဖမ်းယူရန်
မလွယ်၍ “အမရာဝိက္ခေပ” ဟု ခေါ်သော အယူ ၄ ပါး။

၅။ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ = အကြောင်းကင်း၍ ဖြစ်၏ ဟု ယူသောအယူ ၄ ပါး၊

၆။ ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာရှိ၏ ဟု ယူသော
အယူ ၁၆ ပါး၊

၇။ ဥဒ္ဓမာဃာတနအသညီဒိဌိ = သေသည်မှ အထက်၌ သညာမရှိ ဟု ယူသော
အယူ ၈ ပါး။

၈။ ဥဒ္ဓမာဃာတန နေဝသညီနာသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာ ရှိသည်
လည်းမဟုတ်၊ သညာ မရှိသည်လည်း
မဟုတ် ဟု ယူသော အယူ ၈ ပါး။

၉။ ဥစ္ဆေဒဒိဋ္ဌိ = သတ္တဝါသေလျှင် ပြတ်၏ ဟုယူသောအယူ ၇ ပါး။

၁၀။ ဒိဌဓမ္မနိဗ္ဗာနဒိဋ္ဌိ = မျက်မှောက် ဤ အတ္တဘော၌ပင် ဒုက္ခငြိမ်း၏ဟု
ယူသော အယူ ၅ ပါး။
စုစုပေါင်း မိစ ္ဆာဒိဌိ ၆၂ ပါး ဖြစ်သည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

Sunday, June 19, 2011

လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်


တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။ တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။
  ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်

 တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက် မေးမြန်းကြပါသည်။ တရားထိုင်တဲ့ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည် စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။ မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။ ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ဝဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။ လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ ္ဆာန် တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။ မြတ်ဗုဒ္ဓရဲ့ ထေရဝါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန ္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) မစိုးရိမ်မှ ထေရဝါဒ တိုက်ပွဲ ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000 ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဝန်ခံကတိပြု လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။ သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့ တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ တန့်ကြည်တောင်ရိပ်သာ (မန ္တလေး၊ ပြည်ကြီးတံခွန်) တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဝါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန် မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။ 

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

Wednesday, June 23, 2010

အရူးထတာလား သာသနာဖျက်တာလား

စာရေးသူ ယခုဖော်ပြမည့် အကြောင်းအရာတို့ကို အရင်ကရေးချင်စိတ်မရှိခဲ့ပေ။ မိမိက ထိုသို့ရေးလိုက်ပါမှလူလိင် လူညာတယောက်ကို နာမည်ကြီးအောင် ကြော်ငြာပေးလိုက်သလို ဖြစ်မည်ဆိုးသောကြောင့် အကျယ်တဝင့် ရေးဖို့ အားထုတ်မှု့မပြုခဲ့ခြင်းပင် ဖြစ်၏။ သို့သော် ရေးဖို့ရန်အတွက် မဖြစ်မနေအကြောင်းဖန်လာသောကြောင့် ရေးရပေတော့မည်။ မြန်မာနိုင်ငံ၌လည်း ဓမ္မကို ခုတုံးလုပ်၍ လိမ်ညာစားနေသည့် လူလိမ် လူညာများ မယုံကြည်နိုင်လောက်အောင် တနေ့တခြား ပေါများလာကြသည်ကို ဓမ္မမိတ်ဆွေများ အတော်အသင့် သိကြပြီးမည်ဟု ထင်ပါသည်။ ထိုကဲ့သို့သော သူများထဲတွင် ချစ်ငယ်(ဒဿန) ဆိုသူလည်း တဦးအပါဝင်ဖြစ်ပေ၏။ ပထမဦးဆုံးအနေနဲ့ စာဖတ်သူတို့ကို သိစေချင်သည်မှာ http://chitnge.com/ ယခုဖော်ပြပါ ဆိုဒ်လေးကိုဝင်လိုက်သည်နှင့် တွေ့ရသော Dr Chit Nge (Philosophy) Ph.D, London ဆိုသော အလိင်အညာ ဘွဲ့အတုကြီးကို အရင်ဖော်ပြရပေမည်
ထိုဆရာကြီးပြောသည့် Cloverfield University သည် လန်ဒန်ရော အင်္ဂလန်မှာပါ မရှိ။ နာမည်ဆင်တာဟူ၍ Cranfield University သာ ရှိသည်။ ထိုတက္ကသိုလ်ကလည်း စီးပွားရေးနှင့် ကွန်ပျူတာဘာသာရပ်များ အထူးသင်သော ကျောင်းဖြစ်၏ ဟု အင်္ဂလန်မှ ဒကာများ၏ လျှောက်ထားချက်အရ သိရပေ၏။ web-site တခုထူထောင်ကာအလိင်အညာဘွဲ့အတုကြီးနှင့် တခြားသောစာများရေးသားနေမည် ဆိုလျှင်ကား စာရေးသူအနေနဲ့ဝင်ရောက်စွက်ဖက်မိမည် မဟုတ်ချေ။ ခုတော့ ထိုသို့မဟုတ် အလိင်အညာကြီးကို ရှေးတန်းတင်ပြီး လူအထင်ကြီးအောင် လုပ်ကာ ဝိပဿနာဆိုတဲ့ ခေါင်းစဉ်ကြီးကို တွင်တွင်သုံးပြီး ဘုရားရှင်၏မျက်နှာကို အိုးမဲ့သုတ်နေသောကြောင့် သာသနာ့ဝန်ထန်း ရဟန်းတပါးအနေဖြင့် လုပ်သင့်လုပ်ထိုက်သော တာဝန်တို့ကို ထန်းဆောင်ရပေတော့မည်။ အဆိုးဆုံးမှာကား သူကိုယ့်သူ အရိယာဟု ဆိုနေခြင်းပင် နိဗ္ဗာန်မြင်ပြီဆိုတော့ အရိယာပုဂ္ဂိုလ်ဖြစ်ပြီပေါ့ … ဟုတ်တာပေါ့ဗျာ၊ အရိယာပုဂ္ဂိုလ်ဖြစ်ပြီပေါ့။ ကြာပါပြီ ကျွန်တော် အရိယာဖြစ်နေတာ။ ဒါပေမယ့် ဒီရက်ပိုင်းတွေကျမှ စပ်မိလိုဖွင့်ပြောဖြစ်တာပါ။ အကြောင်းအကျိုးတွေကလည်း ပြည့်စုံလာလို့ ပြောဖြစ်တာပါ။ အရိယာပုဂ္ဂိုလ်(၄)ပါးမှာ ဘယ်အဆင့်ရောက်ပြီလဲ ဆိုတာကတော့ အောက်ဆုံးအဆင့်တော့ ဘယ်ဟုတ်ပါ့မလဲဗျာ … ကျွန်တော့်လေကို ဖမ်းကြည့်ရင် သိမှာပေါ့။ ကျွန်တော် အရိယာတို့၊ နိဗ္ဗာန်တို့၊ ရဟန္တာတို့ အကြောင်းတွေကို ပိုင်ပိုင်နိုင်နိုင်ပြောနေတာ ကြာပါပြီ။
သေခါနီးအချိန်အခါ ရောက်မှ အရူးထတာလားဟု မေးလိုက်ချင်စမ်းပါဘိ ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး အွန်လိုင်းပေါ်မှာတင် တင်ထားခြင်းမက စာပေလောကမှာလည်း တရားဝင်စာအုပ်ထုတ်၍ ရေးသားဖြန့်ဝေထားသေး၏။ “နိဗ္ဗာန်-ရဟန္တာ၊ အရိယာ ဝိပဿနာ ဆွေးနွေးချက်များ” ဟူသော စာအုပ်ပင်။ ထိုစာအုပ်၌ပါသော အမှားများကို ဖော်ထုတ်ထားသော ဆောင်းပါးရှင် ဆရာတော်အရှင်ဣန္ဒာစရိယာဘိဝံသ(မစိုးရိမ်စာသင်သား)၏ ဝေဖန်ဖြေရှင်းချက်များ ကို မူရင်းအတိုင်းဖော်ပြပါအံ့။ @@@@@@@@@@@@@@@@@@@@@@@@@@ အကြားအမြင်ရ တရားရှင်၏ ဝိပဿနာ ဆွေးနွေးခန်းများ ၁ နေ့ဆွမ်းဘုန်းပေးပြီး ကျောင်းကြီး တတိယထပ်ရှိ မိမိအခန်းဆီသို့ တက်လာပါသည်။ ဒုတိယထပ် လှေကားအတက်တွင် “လာပါအုံး” ဟု ဆိုသဖြင့် ဒုတိယထပ်ရှိ စာချကိုယ်တော်အခန်းသို့ လိုက်သွားမိပါသည်။ စာချကိုယ်တော်က “ရော့ ဖတ်ကြည့်” ဟု ဆိုကာ စာအုပ်တအုပ် ပေးပါသည်။ စာအုပ်က စိတ်ဝင်စားစရာကောင်းပါသည်။ အရိယာအကြောင်း၊ ဝိပဿနာအကြောင်း၊ ရဟန္တာအကြောင်း၊ နိဗ္ဗာန်အကြောင်းများကို ဆွေးနွေးထားသည့် စာအုပ်ဖြစ်ပါသည်။ ရဟန်းတစ်ပါးအနေဖြင့် စိတ်မဝင်စားဘဲ ဘယ်မှာနေနိုင်အံ့နည်း။ ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့်လည်း စိတ်ဝင်စားကြမည်မှာ သေချာပါသည်။ ဤသို့ စိတ်ဝင်စားဖွယ် အတိရှိနေခြင်းကြောင့် စာအုပ်ကလေးကို ယူလာပြီး ဖတ်မိပါသည်။ အမေးအဖြေ စုစုပေါင်း စကားစု ၂၀၀၀ ခန့် ရှိပါသည်။ သို့ရာတွင် ရဟန္တာအကြောင်းလည်း လုံလုံလောက်လောက်မပါ။ အရိယာအကြောင်းလည်း မှတ်ဖွယ်မတွေ့ရ၊ ဝိပဿနာအကြောင်းလည်း စကားလုံးတစ်လုံးမျှသာပါသည်။ စာတွေ့သဘောအရရော၊ လက်တွေ့သဘောအရပါ ခိုင်ခိုင်မာမာ အကြောင်းအရာ တခုမှ မပါပေ။ သို့ပါလျက် စာရေးသူက ပြီးဆုံးသည်အထိ ဆက်ဖတ်နေပါသည်။ စာရေးဆရာ၏ စေတနာကို ခြေရာကောက်ကြည့်၍ စေတနာကောင်းကိုတွေ့လျင် ကြည်ညိုရအောင် ကြိတ်မှိတ်ဖတ်နေခြင်းပင် ပြီးဆုံးသွားပါသည်။ ဘာမျှမပါ။ မျက်နှာဖုံးနှစ်ဘက်တွင် တင်ထားသော စာလုံးကြီးများမှာ စာဖတ်သူ၊ စာအုပ်ဝယ်သူတို့ကို ဆွဲဆောင် ထားခြင်းထက် ဘာမှမပိုကြောင်း သေချာစွာ သိရပါသည်။ အပြီးတိုင်အောင် ဆက်ဖတ်ခြင်းကပင် မှားလေသလော.................၊ ဖတ်ရန်တိုက်တွန်းသော ဦးပဉ္စင်းကပင် မှားလေသလော............၊ တခုခုတော့ မှားနေပြီဟု ဆိုချင်ပါသည်။ နည်းနည်းပါးပါးဖတ်ပြီး “ စေတနာကောင်းနဲ့ ပြုစုထားတာနေမှာပါ” ဟု သဘောထားလိုက်လျှင် ရပါသည်။ အခုတော့ မှားခဲ့မိပေပြီ။ ဤအမှားက စာရေးသူကဲ့သို့ မှားနေကြမည်ကို သတိပြုမိစေလိုသော ဆန္ဒ၊ သို့မဟုတ် အမှားကို အမှန်ထင်အံ့သောကြောင့် စိစစ်တင်ပြလိုသော ဆန္ဒတို့ကို အားကြီးလာစေပါသည်။ ဤဆန္ဒဖြင့်ပင် အမေးနှင့် အဖြေများထဲက တချို့ကို အမှား အမှန် စိစစ်ကြည့်မိပါသည်။ အဖြေက အကြားအမြင်ရဆိုသူ ဆရာ၏စကားဖြစ်ပါသည်။ အမေးကမူ ထိုဆရာ၏တပည့် စာရေးဆရာ၏ စကားဖြစ်ပါသည်။ အဖြေကို (က) ၊ အမေးကို (ခ) ဟု သင်္ကေတတပ်၍ ကူးယူဖော်ပြလိုက်ပါသည်။ ၂ (က) ။ ။ ကျွန်တော့်ကိုလဲ အထင်မကြီးကြဘူး။ ကျွန်တော် အကြားအမြင် ရတယ်ဆိုတာကိုလဲ မယုံချင်ကြဘူး။ (ခ) ။ ။ ဟာ - ခင်ဗျားကလဲ ပေါ်တင်ကြီးပါလား။ (က)။ ။ ပေါ်တင်ကြီးပဲလေ။ ကျွန်တော်က လူရိုးလူဖြောင့် စိတ်တို ဆိုတာ ခင်းဗျားလဲသိသားနဲ့။ (ခ)။ ။ ဒါက ဒီလိုရှိပါတယ်။ ခင်ဗျား အကြားအမြင်ရတာကို ဘယ်သူကမှ ထပ်ပြီး အကြားအမြင် မရလို့ဗျ။ (က)။ ။ သူတို့ မမြင်မကြားတိုင်း ကျွန်တော်က မမြင်မကြားဖြစ်ရတော့မှာလား။ ဒီလိုဆို အမှန်တရားရှိတာ တိမ်ငုတ်ပျောက်ကွယ်သွားတော့မှာပေါ့။ (“နိဗ္ဗာန်-ရဟန္တာ၊ အရိယာ ဝိပဿနာ ဆွေးနွေးချက်များ” ဟူသော စာအုပ် ၁၃) (က)။ ။ ဝိပဿနာသမားဆိုတာ ဖြစ်ပျက်ဆုံးအောင် ရှူ့ရတယ်။ ဖြစ်ပျက်ဆုံးတယ်ဆိုတာ စိတ်ချုပ်တာပဲ။ (ခ)။ ။ စိတ်ချုပ်တော့ ဘာကျန်လဲ။ (က)။ ။ ဉာဏ်ကျန်တယ်။ (ခ)။ ။ ဉာဏ်ဆိုတာ ဘာလဲ။ (က)။ ။ဉာဆိုတာ စစ်မှန်စင်ကြယ်တဲ့ အသိနဲ့ယှဉ်တယ်။ (ခ)။ ။ ခင်ဗျားမှာ ဉာဏ်ရှိလား။ (က)။ ။ ဉာဏ်ရှိလို့ ဒါတွေပြောနေတာပေါ့။ (၎င်းစာအုပ် - ၁၉) (က)။ ။ အဲဒါပြောတာပေါ့ဗျ၊ နိဗ္ဗာန်ဟာ စေတသိတ်ဆိုရင် ပရမတ္ထတရားလေးပါးလို့ မလာနဲ့တော့။ သုံးပါးလို့သာ လာတော့။ ဒီတော့ နိဗ္ဗာန်လို့ သီးခြား မဖော်ပြနဲ့တော့။ (ခ)။ ။ အေးဗျာ၊ ခင်ဗျား ဒီလိုပွင်ပွင့်လင်းလင်းတင်ပြလိုက်တော့ သူတို့ဖတ်မိရင်လည်း ပြုပြင်ချင် ပြုပြင်သွားကြမှာပါ။ (က)ပြုပြင်ရင်တော့ သာဓုခေါ်စရာပေါ့ဗျာ။ မပြုပြင်ဘဲ ဒေါသူပုန်ထချင် ထကြမှာ။ ဒီလို ဒေါသူပုန်ထပြီး သူတို့အယူအဆကို မှန်ပါတယ်လို့ ပွင့်အန်လာရင်တော့ အဲဒီအဖွဲ့ နာပြီပေါ့ဗျာ။ (၎င်းစာအုပ် - ၂၂-၂၃) (ခ)။ ။ကမ္ဘာက ရုပ်ကြမ်းအဆင့်သာသာပဲ ရှိနေတာဗျာ။ သိပ်သိမ်မွေ့တဲ့ အသိပညာတွေကို ဘယ်လိုက်နိုင်မှာလဲ။ (က)။ ။ အဲဒါကြောင့် ကျွန်တော်တို့မှာ အခက်အခဲဖြစ်နေတာပေါ့ဗျာ။ သိသာထင်ရှားတဲ့ အရာတွေသာ ပေါ်ပြူလာဖြစ်နေတာ။ လေးနက်နက်ရှိုင်း သိမ်မွေ့မှု့တွေက မြုတ်ကွယ်နေတာ။ ကျွန်တော်တို့ ခင်ဗျားတို့လို တစ်ဖက်ကမ်ခတ်သမားတွေကြောင့်သာ (မြန်မာတွေ အောင်မြင်ပြောင်မြောက်ပုံများ) မတိမ်ကော၊ မကွယ်ပတာ။ (၎င်းစာအုပ် - ၃၇) (ခ)။ ။ ဒီသတင်းစကား အမှန်အကန်ကို “ခင်ဗျားပြောပြတဲ့ အကြားအမြင် သတင်းစကားကို” ကျွန်တော် စာဖတ်ပရိတ်သတ်ကြီးထံ အမြန်ပို့လိုက်တော့မယ်ဗျာ။ ကျွန်တော် ဘဝင်ကျသွားပြီ။ (၎င်းစာအုပ် - ၄၂) ၃ ၎င်းစာအုပ် ၁၃- ပါ အမေးအဖြေများနှင့် ဆရာဖြစ်သူ(ချစ်ငယ်)၏ အကြားအမြင်ရခြင်းကို ဖော်ပြထားပါသည်။ ယင်းအကြားအမြင်မှာ ဗုဒ္ဓ၏ ဓမ္မနည်းဖြင့် ရရှိထားခြင်း မဟုတ်ကြောင်းကိုပါ တစ်သားတည်း ဖော်ပြပြီးဖြစ်ကြောင်း သိရပါသည်။ အကြားအမြင်ဆိုသည်မှာ ဗုဒ္ဓ၏ ဓမ္မအရမှာမူ ဈာန်အဘိဉာဉ် ဖြစ်ပါသည်။ ဈာန်အဘိဉာဉ်သည် သမထဘာဝနာကြောင့် ဖြစ်ပေါ်လာရသော တရားသာတည်း။ ဆရာဖြစ်သူက ဝိပဿနာရှူကြောင်း အကြိမ်ကြိမ်ဖော်ပြထားသဖြင့် အကြောင်းအကျိုးမတည့်ပါ။ ဖော်ပြရာ၌လည်း ဝေါဟာရများသာ ပါရှိသည်။ ၎င်းစာအုပ် ၁၉ ပါ စကားစုဖြင့် အမှားများကို ဖော်ပြထားပါသည်။ စိတ်ချုပ်တော့ ဉာဏ်ကျန်၏ ဟု ဆိုခြင်း၊ ဉာဏ်မှာ စစ်မှန် စင်ကြယ်သော အသိနှင့် ယှဉ်၏ဟု ဆိုခြင်း တို့မှာ အဘိဓမ္မာ ဒေသနာတော်များနှင့် ဆန့်ကျင်လှပါသည်။ သဂြိုၤလ်ကျမ်းလာ စေတသိတ်ပိုင်းကို သင်ဖူးသူတိုင်း သိနိုင်သောအရာပင်။ ၎င်းစာအုပ် ၂၂-၂၃- ၂၇ ပါ စကားစုဖြင့် ဒေါသူပုန်ထခြင်း၊ မိမိကိုယ်ကို တစ်ဖက်ကမ်းခတ်ဟု ဆို၍ ဝိပဿနာပေါက်မြောက်မှု့ စသည်များ မကွယ်ပခြင်းမှာ မိမိတို့လို ဆရာတပည့် ပုဂ္ဂိုလ်များကြောင့် ဟု နေရာလုခြင်းများကို ဖော်ပြထားပါသည်။ ပရိယတ္တိ၊ ပဋိပတ္တိဝန်ထန်း ရဟန်းတော်တို့ကို စော်ကားထားခြင်းပင်။ စာရေးသူအနေဖြင့် ဤမျှသာ တင်ပြလိုပါသည်။ စာရေးသူ မှားမိ၍ တစ်နေကုန်ထိ အချိန်ကုန်လိုက်ရပါသည်။ စာရေးသူကဲ့သို့ မမှားမိကြစေရန် (နာမှာကြောက်ကြောက်ဖြင့်) အရဲစွန့်လိုက်ရခြင်းပင်။ ဝိပဿနာ တရားရှင် သူတော်စင်ဆရာဆိုသူ ဆရာက နာချင်ပြီလားဟု ကြိမ်းဝါးထားရာ ကြောက်မိပါ၏။ အဆိုပါကြမ်းစာကား အရိယာ၊ ရဟန္တာ၊ နိဗ္ဗာန်၊ ဝိပဿနာ စသည်များဖြင့် အဖုံးကိုပြုလုပ်ထားသောလည်း မထမထပ် အခြေခံအုပ်မြစ်မပါပဲ ဆောက်ထားခြင်းနှင့် တူလှပါသည်။ အဖုံးနှင့်အတွင်းသား တခြားစီ ပြုလုပ်ထားသော ရောင်းပန်းလှ စာအုပ်မျှသာ ဖြစ်ပါသည်။ ၂၀၀ရ-ခုနှစ်၊ သြဂုတ်လ၊ ဓမ္မရံသီမဂ္ဂဇင်း @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ယခုတော့ ဤမျှသာပဲ ဖော်ပြလိုက်ရပါသည်။ သာသနာဖျက် မိစ္ဆာဒိဌိ ချစ်ငယ်(ဒဿန) ၏ အလိင်အညာများကို ဆက်လက်၍ ဖော်ထုတ်သွားပါအုံးမည်...................................

Thursday, November 19, 2009

ဦးအေးမောင်(စာပေဗိမာန်) ဦးဆောင်ခဲ့သည့် အဓမ္မဝါဒ


ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။
ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ပိဋကတ်တွေကအမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။
အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။
၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့်
မူလဗုဒ္ဓဝင်ဒေသနာတော်ကိုဖျက်ဆီးထားမှု၊
ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို
အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါသည်။


ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ 
 
စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။
ယင်းတို့နှင့် စပ်လျဉ်း၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ
ဆောင်းပါးရှင်ပညာဏကာရီနှင့်
သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊
စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊
ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊
နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။
ဆရာပါရဂူ၏ ဝတ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။ 

တန့်ကြည်တောင်ဦးသောမဗုဒ္ဓိဦးဆောင်သည့် အဓမ္မဝါဒ

ပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏ ၂၀၀၁ ခုနှစ် ဝန်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မဝါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။ 

ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မဝါဒ 

ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဘုရားဟောဒေသနာတို့ကိုယူ၍ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏ဝါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊
အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
ဆောင်းပါးရှင်ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က
‘ဦးကျော်(သို့မဟုတ်)အဝိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို
ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။

(မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရဝါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)

ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့ သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
‘သာသနာပြုမှာလား၊
သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။ 

ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မဝါဒ 
  
ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏
ဂိုဏ်းကြီးသည်လည်းတစ်နေ့တစ်ခြားကြီးထွားလာနေကြောင်းသိရပါသည်။
ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။
၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ဝိပဿနာစသည်ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင်
မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။
သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။
အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။
၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။
(ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)