Friday, August 10, 2012

မိစ္ဆာဒိဌိ ၆၂ ပါးအကျဉ်း

၁။ သဿတဒိဋ္ဌိ = ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဉ် ၅ မျိုးတို့တွင် တစ်ပါးပါး
ကို အတ္တ ဟု၎င်း၊ လောက ဟု လည်းကောင်း ယူပြီး၊
ထို အတ္တ နှင့် လောကကို မြဲ၏ဟု ယူခြင်း ၄ ပါး။

၂။ ဧကစ္စသဿတဒိဋ္ဌိ = အတ္တ နှင့် သင်္ခါရကို အချို့မြဲ၊ အချို့မမြဲ ဟု ယူခြင်း ၄ ပါး။

၃။ အန ္တာနန ္တဒိဋ္ဌိ = ပဋိဘာက နိမိတ်ကို စကြာဝဠာအဆုံးတိုင်အောင်
မပွါးမူ၍ ထိုပဋိဘာဂ နိတ်မိတ်ကို “လောက” ဟုယူကာ၊
လောက သည်အဆုံးရှိ၏ဟု ယူပြီး၊ ပဋိဘာကနိမိတ်ကို စကြဝဠာ
အဆုံးတိုင်အောင် ပွါးများ၍ လောကသည်အဆုံးမရှိ ဟု ယူခြင်း ၄ ပါး၊

၄။ အမရာဝိက္ခေပဒိဋ္ဌိ = ဧဝန ္တိပိ မေ နော စသော နည်းဖြင့် အဆုံးအပိုင်းအခြား
ကင်းသော အယူစကားဖြင့် ပစ်ချခြင်း၊ တနည်း “အမရာ”
မည်သော ငါးသည် ငုပ်ခြင်းပေါ်ခြင်း အစွမ်းဖြင့် ရေ၌ပြေးသွား၍ ဖမ်းရန်မတတ်နိုင်
သကဲ့သို့၊ ဤ အမရာဝိက္ခေပဝါဒသည်လည်း ထိုမှ ဤမှပြေးသွား၍ ဖမ်းယူရန်
မလွယ်၍ “အမရာဝိက္ခေပ” ဟု ခေါ်သော အယူ ၄ ပါး။

၅။ အဓိစ္စသမုပ္ပန္နဒိဋ္ဌိ = အကြောင်းကင်း၍ ဖြစ်၏ ဟု ယူသောအယူ ၄ ပါး၊

၆။ ဥဒ္ဓမာဃာတနသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာရှိ၏ ဟု ယူသော
အယူ ၁၆ ပါး၊

၇။ ဥဒ္ဓမာဃာတနအသညီဒိဌိ = သေသည်မှ အထက်၌ သညာမရှိ ဟု ယူသော
အယူ ၈ ပါး။

၈။ ဥဒ္ဓမာဃာတန နေဝသညီနာသညီဒိဋ္ဌိ = သေသည်မှ အထက်၌ သညာ ရှိသည်
လည်းမဟုတ်၊ သညာ မရှိသည်လည်း
မဟုတ် ဟု ယူသော အယူ ၈ ပါး။

၉။ ဥစ္ဆေဒဒိဋ္ဌိ = သတ္တဝါသေလျှင် ပြတ်၏ ဟုယူသောအယူ ၇ ပါး။

၁၀။ ဒိဌဓမ္မနိဗ္ဗာနဒိဋ္ဌိ = မျက်မှောက် ဤ အတ္တဘော၌ပင် ဒုက္ခငြိမ်း၏ဟု
ယူသော အယူ ၅ ပါး။
စုစုပေါင်း မိစ ္ဆာဒိဌိ ၆၂ ပါး ဖြစ်သည်။

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊