ဦးအေးမောင်၏ ‘ဗုဒ္ဓနှင့်ဗုဒ္ဓဝါဒ’ အမည်ရှိစာအုပ်ကြီးသည် ပိဋကတ်သုံးပုံတို့ကို အကုန်နီးပါးမျှ ပယ်ချထားသည့် စာအုပ်ကြီးဖြစ်၍ ၁၉၆၄ ခုနှစ်နောက်ပိုင်းတစ်လျှောက်လုံးအပိတ်ခံထားရပါသည်။
သို့သော်လည်း ၂၀၀၄ ခုနှစ်တွင် ပါရမီစာပေမှ
ပြန်လည်ထွက်ပေါ်လာရာ တစ်အုပ်လျှင် ကျပ် ၆၀၀၀ ဖြင့် ဈေးကွက်ဝင်လာပါသည်။
ယခုအထိ ရောင်းချနေဆဲပင် ရှိပါသေးသည်။
၎င်းစာအုပ်ကြီး၏ အကျိုးဆက်အနေဖြင့် ပိဋကတ်တော်တို့ကို တစ်အုပ်၊ တစ်သုတ် ပြည့်ပြည့်စုံစုံ မဖတ်ဖူးကြဘဲ ပိဋကတ်တွေကအမှားတွေဖြစ်မှာပါဟု ပြောဆိုတတ်သူများ တိုးပွားလာကြပါသည်။
အဘိဓမ္မာပယ်ဝါဒများလည်း အားကြီးလာကြပါသည်။
၎င်းစာအုပ်ကြီး၏ ခေတ်အဆက်ဆက်သံဃာတော်တို့အား စော်ကားထားမှုတို့နှင့်
မူလဗုဒ္ဓဝင်ဒေသနာတော်ကိုဖျက်ဆီးထားမှု၊
ပိဋကတ်တော်ကို ချေဖျက်ထားမှုစသည်တို့ကို
အရှင်ကောဝိဒ(ယော)က ပြုစုစိစစ်ပြ၍ ‘ဗုဒ္ဓ၏ဗုဒ္ဓ’ စာအုပ်တွင် ဖော်ပြထားပါသည်။
ဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒ
စာရေးဆရာကြီးပါရဂူ၏ဘာသာမဲ့ရုပ်ဝါဒသဘောများသည်ကားအထင်အရှားပင် ဆက်တိုက်ကြီးထွားလာကြောင်း တွေ့ရပါသည်။
ယင်းတို့နှင့် စပ်လျဉ်း၍ ထေရဝါဒဗုဒ္ဓဘာသာဝင်များ သတိထားနိုင်စိမ့်သောငှာ
ဆောင်းပါးရှင်ပညာဏကာရီနှင့်
သောတောဒကတို့က ဓမ္မရံသီ၊ ဓမ္မရတနာမဂ္ဂဇင်းတို့တွင် သိဒ္ဓတ္ထဝတ္ထု(ဆောင်းပါးတစ်ပုဒ်)၊
စိတြလေခါ (ဆောင်းပါးတစ်ပုဒ်)၊
ဗုဒ္ဓဒိုင်ယာရီ (ဆောင်းပါးလေးပုဒ်)၊
နိဗ္ဗာန်ဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ကံဝတ္ထု (ဆောင်းပါးတစ်ပုဒ်)၊
ဒိဗျာဝတ္ထု(ဆောင်းပါးတစ်ပုဒ်)တို့ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း တွေ့သိရပါသည်။
ဆရာပါရဂူ၏ ဝတ္ထုကြီးများတွင် ရုပ်ဝါဒလည်း လွှမ်းမိုး၍ ဟိန္ဒူဝါဒ (အတ္တ-အတ္တမာ)လည်း လွှမ်းမိုးနေလေရာ ဗုဒ္ဓဘာသာလာ ကံနှင့်ကံ၏အကျိုးသဘောတို့နှင့် မညီပုံတို့ကို ဇောင်းပေးတင်ပြထားကြောင်း သိရပါသည်။
တန့်ကြည်တောင်ဦးသောမဗုဒ္ဓိဦးဆောင်သည့် အဓမ္မဝါဒ
ပစ္စုပ္ပန်ကမ္မဝါဒဂိုဏ်း၏ အဘိဉာဏ်ဆိုင်ရာယူပုံတို့သည် တန့်ကြည်တောင် ဆရာတော်ဦးသောမဗုဒ္ဓိ၏ ၂၀၀၁ ခုနှစ် ဝန်းကျင်က အမှုဖြစ်ခဲ့သော အဓမ္မဝါဒဟောင်းကြီးနှင့် တူညီနေကြပါသည်။ ယင်းဂိုဏ်းကြီးသည် ယခုအခါ ပုဂံနယ်တွင် အလွန်စည်ပင်ကြီးထွားလျက်ရှိကြောင်း သိရပါသည်။
ဦးကျော်ဟိန်း၏ ဖြစ်လာတော့မည့် အဓမ္မဝါဒ
ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဘုရားဟောဒေသနာတို့ကိုယူ၍ဗုဒ္ဓဘာသာဝင်တို့အား လှည့်စားဖျက်ဆီးနေကြသကဲ့သို့ ဗုဒ္ဓဘာသာယောင်ဆောင်လျက် ဗုဒ္ဓတရားယောင်ဖြင့် မိမိ၏ဝါဒသစ်ကို ထူထောင်စပြုနေသည့် ပုဂ္ဂိုလ်၊
အကြောင်းအရာတစ်ခုလည်း ယခုအခါတွင် စတင်ဖြစ်ပေါ်နေကြောင်း သိရပါသည်။
ယင်းပုဂ္ဂိုလ်သည်ကား ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းပင်ဖြစ်ပါသည်။
ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်းနှင့် ပတ်သက်၍
ဆောင်းပါးရှင်ဒေါက်တာခင်ဇော်လွင်(သုခချမ်းသာ)က
‘ဦးကျော်(သို့မဟုတ်)အဝိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို
ဓမ္မရံသီမဂ္ဂဇင်းတွင် ‘လောင်းရိပ်အောက်က ထွက်ခဲ့ပါ’ အမည်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
(မေတ္တာတံခွန်အသင်းက မူရင်းဆောင်းပါးကို ထေရဝါဒဓမ္မဒါနအဖြစ် ဖတ်ရှုလိုသူများကို ဒါနပြုပါသည်။)
ထို့ပြင် မေတ္တာတံခွန်အသင်းက ဦးကျော်ဟိန်းဝါဒနှင့်ပတ်သက်၍
စစ်ကိုင်းခင်မကန်ဆရာတော် အရှင်ခေမိန္ဒထံသို့ သွားရောက်လျှောက်ထားခဲ့ရာ ဆရာတော်က စာရေး၍ ဖြေကြားပေးသည့်အပြင် တရားပွဲများတွင်လည်း
‘သာသနာပြုမှာလား၊
သာသနာဖျက်မှာလား’ အမည်ဖြင့် လှည့်လည်ဟောပြောပေးခဲ့ပါသည်။
ချစ်ငယ်(ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မဝါဒ
ချစ်ငယ် (ဒဿန) (ဗုဒ္ဓစာပေဆု)၏
ဂိုဏ်းကြီးသည်လည်းတစ်နေ့တစ်ခြားကြီးထွားလာနေကြောင်းသိရပါသည်။
ယင်းဂိုဏ်း၏ဌာနချုပ်မှာ အမရပူရမြို့ဟောင်းတွင် တည်ရှိပါသည်။
၎င်းတို့သည် နိဗ္ဗာန်၊ ရဟန္တာ၊ ဝိပဿနာစသည်ဖြင့် နာမည်ကြီးကြီး စာလုံးကြီးကြီးများ တွင်တွင်သုံးလျက် သူတို့သည်သာလျှင်
မြန်မာပြည်သာသနာတော်ကြီး၏ ဂုဏ်ဆောင် အရိယာ ဆရာ၊ တပည့်များဖြစ်ကြောင်း တွင်တွင်ကြီး ကြေညာနေကြပါသည်။
သို့ရာတွင် ဆရာက မည်သူမည်ဝါဟူ၍ပင် ဖော်ထုတ်နိုင်ခြင်းမရှိကြချေ။
အဘယ့်ကြောင့်နည်းဟူမူ အကြောင်းအခိုင်အမာရှိပါသည်။
၎င်းတို့၏ စာအုပ်များကို အကြောင်းညီညွတ်သောအခါတွင် ကြည့်ရှုသုံးသပ်ကြလိမ့်မည်သာ ဖြစ်ပါသည်။ ဆောင်းပါးတစ်ပုဒ်မျှကိုမူ ၂၀၀၇ ခုနှစ်၊ သြဂုတ်လထုတ်၊ ဓမ္မရံသီမဂ္ဂဇင်းတွင် ပြည်သူများ သတိထားနိုင်ကြရန် အမြည်းသဘောအဖြစ် တင်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ချစ်ငယ်(ဒဿန)သည် ၂၀၀၈ ခုနှစ်တွင် မြန်မာ့ရုပ်မြင်သံကြား MRTV-4 မှနေ၍ ဗုဒ္ဓစာပေဆိုင်ရာများကို ဟောပြောပြသသည်အထိ အောင်မြင်ပေါက်မြောက်ခဲ့ပါသည်။
(ယခုအခါ ယင်းအစီအစဉ်များကို ထုတ်လွှင့်ခြင်းကို မတွေ့ရတော့ပေ။)
‘ဦးကျော်(သို့မဟုတ်)အ၀ိဇ္ဇာလောင်းရိပ်အောက်ကလူ’ ဆောင်းပါးကို တပည်.တော် ဖတ်ချင်လို.ဝေမျှပါဘုရား။
ReplyDeleteကိုစိုး ရေ ဦးဇင်း အချိန်ပေးပြီးတော့ ကြိုးစားတင်ပေးပါမယ်နော်
ReplyDeleteဖတ်ရှူပေးတဲ့ အတွက် ကျေးဇူးပါ
ဖြန့်ဝေခြင်းဖြင့် သာသနာပြုပေးပါလို့ တောင်းဆိုချင်ပါတယ်
အရှင် ဘုရား . တပည့်တော်တို့ ရဲ့ ကိုးကွယ်သော ဘုရားရှင်သည် . မည်သည့်အယူဝါဒကိုမျှ မပုတ်ခတ် မစော်ကား ပဲ အမှန်တရားများကို ပြောကြားသွားခဲ့ပါတယ် .. ယခု အရှင်ဘုရား ရေးသားထားသောစာများကတော့ .. ... ...." လူတဦးတယောက်ရဲ့ စိတ် အကြံအစည်ကို အရိယာ သူတောင်စင် ဘုရားရှင် ရဟန်းန္တာ စစ်စစ်ဖြစ်တဲ့သူများမှ သိကြပါတယ် ဘုရား .. အခု အရှင်ဘုရားက ဆရာတော် ဦးကောသလ ကို အဓ္ဓမ ဝါဒီလို့ သတ်မှတ်တာဟာ .. အရှင်ဘုရားကိုယ်တော်တိုင် ဥာဏ်တော်သိနေပြီလား . ဒါမှ မဟုတ် စာပေ ကျမ်းဂန်များအရလား .. ဒါမှ မဟုတ် ယုတ္တိရှိလို့ သတ်မှတ်တာလား ..
ReplyDeleteတပည့်တော် မသိလို့ မေးမြန်းလျှောက်ထားတာပါ ဘုရား ..
((((" လူတဦးတယောက်ရဲ့ စိတ် အကြံအစည်ကို အရိယာ သူတောင်စင် ဘုရားရှင် ရဟန်းန္တာ စစ်စစ်ဖြစ်တဲ့သူများမှ သိကြပါတယ် ဘုရား .. အခု အရှင်ဘုရားက ဆရာတော် ဦးကောသလ ကို အဓ္ဓမ ဝါဒီလို့ သတ်မှတ်တာဟာ .. အရှင်ဘုရားကိုယ်တော်တိုင် ဥာဏ်တော်သိနေပြီလား . ဒါမှ မဟုတ် စာပေ ကျမ်းဂန်များအရလား .. ဒါမှ မဟုတ် ယုတ္တိရှိလို့ သတ်မှတ်တာလား ..)))))
ReplyDeleteဦးကောသလ္လ ကို အဓမ္မ၀ါဒီိ အဖြစ်သတ်မှတ်တာ
မြတ်ဗုဒ္ဓ ဟောပြောညွန်ခဲ့ တဲ့ သုတ္တန် ၀ိနည်း အဘိဓမ္မာ ဆိုတဲ့
ပိဋကတ်တော်တွေ နဲ့ မညီညွတ်လို့ သတ်မှတ်တာပါ
စာပေကျမ်းဂန်တွေထဲမှာ မပါတဲ့ ဘုရားဟောမဟုတ်တဲ့ တရားတွေကို
မသိနားမလည်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို လိမ်လည် ဟောကြားနေလို့ အဓမ္မ၀ါဒီအဖြစ် သတ်မှတ်တာပါ
(((အရှင်ဘုရားကိုယ်တော်တိုင် ဥာဏ်တော်သိနေပြီလား .)))
ဥာဏ်တော် သိဖို့ မပြောနဲ့ နို့နံ့တောင် မစဉ်သေးတဲ့
ဦးဇင်း တပါးပါပဲ
ပြောရင်ဗျာ လူလောကထဲ ရောက်တာ မကြာသေးဘူး
လေ့လာနေတဲ့ ဦးဇင်းတပါး ဓမ္မစစ်စစ်ကိုသာ လေ့လာနေတဲ့ သူ
ကျန်တာ ဘာမှ မဟုတ်ဘူး
ယုတ္တိရှိလို့ သတ်မှတ်တာလား ဆိုရအောင်
ယုတ္တိရှိတယ်လို့ တိုင်းတာပြီး ဦးဇင်း တင်ပြထားသလား
ဘုရားဟော တရားတော်တွေ နဲ့ မညီလို့ နှိုင်ယှဉ်ပြီး တင်ထားသလား
အဲဒါကို အရင်လေ့လာပါအုံး
စာကို အရင် ဖတ်ပါအုံး
မသိရင် သိအောင်လုပ်ရပါတယ်
အရှင်ဝရသာမိ ခင်ဗျား
ReplyDeleteဦးချစ်ငယ်၏ အကြောင်းအရာနောက်ကြောင်းနှင့် ဦးချစ်ငယ်ရေးသားထားသော စာအုပ်များ IBCတွင်ပြုလုပ်သော နိဗ္ဗာန်အမေးအဖြေများ MRTV4 တွင် ထုတ်လွှင့်မှုများကို သေသေချာချာ လေ့လာပါအုန်း ခင်ဗျား။ မလေ့လာဘဲ အပေါ်ယံ အကဲခတ်ပြီး ငါ့လောက်မှ စာမတက်ဘဲ နိဗ္ဗာန် အကြောင်းပြောနေသူသည် အဓမ္မဝါဒဟု စွပ်စွဲပြောကြားခြင်းသည် လွန်စွာမှ အောက်တန်းကျပါတယ်ခင်ဗျား။
ဦးချစ်ငယ်သည် ဗုဒ္ဓဘာသာနှင့် ပါတ်သက်၍၎င်း နိဗ္ဗာန်နှင့်ပါတ်သက်၍၎င်း တရားသဖြင့် ဆွေးနွေးရန် အမြဲတမ်း တံခါးဖွင့်ထားပါတယ်ခင်ဗျား။
အရှင်ဝရသာမိကော နိဗ္ဗာန်နှင့်ပါတ်သက်၍ ရှင်းလင်း ဟောကြား ပြသနိုင်ပါသလားခင်ဗျား။
မိုးဂုတ်ဆရာတော်ဘုရားကြီး ဟောကြားတဲ့အထဲတွင် လူမိုက်သေလျှင်ပုပ်ပြီး လူလိမ္မာသေလျှင် မပုပ်ဘူး ဟု ဟောကြားတော်မူခဲ့ပါသည်။
၁။ ဗုဒ္ဓဘာသာတို့၏ပန်းတိုင်သည် မည်သည့်အရာဖြစ်ပါသလဲခင်ဗျား။
၂။ ရဟန်းဝတ်ခြင်းသည် သာသနာပြုရာရောက်ပါ့မလား။ စာသင်စာတက်ရုံနှင့်ပြီးပါ့မလား။ အကျင့်တရားမကျင့်ပဲ တရားမရပဲ တရားဟောပြီး နိဗ္ဗာန်ပို့နိုင်ပါသလား။