Wednesday, December 2, 2009

ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံနှင့် ပါတ်သက်၍ ညွှန်ကြားလွှာအမှတ် (၅ဝ)


ညွှန်ကြားလွှာအမှတ် (၅ဝ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားခြင်း (၂၂၊ ၂၊ ၈၃) (၁ဝ၊ ၁၁၊ ၄၄)
၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများသည် ဝိနည်းဓမ္မကံ လုပ်ထုံးလုပ်နည်းများ အခန်း(၇) အပိုဒ်(၅၇) အရ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်များသာ ပါဝင်သော နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ဖြင့် စိစစ်၍ ဆုံးဖြတ်ပေးသင့်သော တရားဓမ္မများ ဖြစ်ပါသည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် စုဒိတကများ မရှိတော့၍ နိုင်ငံတော် သီးခြားဝိနည်းဓိုရ် အဖွဲ့ဖြင့် မစိစစ်တော့ဘဲ သံဃာ့အဖွဲ့ အစည်းအခြေခံ စည်းမျဉ်း အခန်း(၁၃) အပိုဒ်(၈၉)နှင့် သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများ အခန်း(၁၆) အပိုဒ်(၁၃၁)၊ (ဆ) (ဈ) (ည) (ဋ)တို့အရ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများကို ပထမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၅)ပါးစုံညီ ဒသမအစည်းအဝေးက ဆွေးနွေးစိစစ်၍ အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ် သံဃနာယက အဖွဲ့များသို့ ညွှန်ကြားရန်နှင့် ထေရဝါဒဟူသော အမည်ကို ဖြုတ်ပယ်စေရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂။ သို့ဖြစ်ပါ၍ မြို့နယ်သံဃနာယကအဖွဲ့များသည် မိမိတို့မြို့နယ်အတွင်း၌ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့် မပြုကြရန်နှင့် ထိုတရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်း၊ သာမဏေများနှင့် လူပုဂ္ဂိုလ်များ ရှိပါက ထိုပုဂ္ဂိုလ်များကို မြို့နယ် သံဃနာယက အဖွဲ့တည်ရာဌာနသို့ ပင့်ဆောင် ခေါ်ယူ၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလိုက်ပါသည်။ (က) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မတို့ကို အဓမ္မဝါဒ၊ အဝိနယဝါဒအဖြစ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၅-ပါးစုံညီ ဒသမအစည်းအဝေးက ဆုံးဖြတ်ထားသည့်အတိုင်း လိုက်နာ၍ ထိုဝါဒကို စွန့်လွှတ်ပါကြောင်း၊ (ခ) ယခုအချိန်မှစ၍ နောင်အနာဂတ်ကာလ၌လည်း ထိုအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိက်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း-စသည်တို့ကို မိမိတို့ကိုယ်တိုင်လည်း ပြုလုပ်ကြမည် မဟုတ်သည့်အပြင် မိမိတို့နှင့်ပတ်သက်သူများကိုလည်း ပြုလုပ်စေကြမည် မဟုတ်ပါကြောင်း၊ (ဂ) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မဆိုင်ရာ စာအုပ်စာတမ်းများ၊ တိတ်ခွေများ၊ အထိမ်းအမှတ်များ- စသည်တို့ကို မိမိတို့ဆိုင်ရာ သံဃနာယကအဖွ့ဲသို့ အပ်နှံမည်ဖြစ်ပါကြောင်း၊ (ဃ) ကျိုက္ကစံ ထေရဝါဒ သာသနရက္ခိတ သံဃာ့အဖွဲ့ချုပ် ဆိုင်းဘုတ်နှင့် ဆိုင်ရာအဖွဲ့ခွဲ ဆိုင်းဘုတ်များမှ ထေရဝါဒဟူသော ဝေါဟာရကို ဖြုတ်ပယ်မည်ဖြစ်ပါကြောင်း၊ (င) ထိုဝါဒနှင့်ပတ်သက်၍ ဖွဲ့စည်းခဲ့သော အသင်းအဖွဲ့များ ရှိပါက ထိုအသင်းအဖွဲ့များကို ဖျက်သိမ်းကြမည် ဖြစ်ပါကြောင်း၊ မှတ်ချက်။ ။(၁) အထက်ပါအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆိုင်ရာအဓမ္မဝါဒီ၊ အဝိနယဝါဒီ ပုဂ္ဂိုလ်များအား မြို့နယ် သံဃနာယက အဖွဲ့ရှေ့မှောက်၌ ကိုယ်တိုင် ပဋိညာဉ်ပြု လက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။ အကယ်၍ ထိုဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ မထင်ရှား၍ ''မိမိတို့သည် ထိုဝါဒ၌ သက်ဝင်ယုံကြည်သူများ မဟုတ်ကြပါ''ဟု ငြင်းဆိုနေပါက ထိုဝါဒ၌ သက်ဝင်ယုံကြည်သူ မဟုတ်ကြောင်း လက်မှတ်ရေးထိုးစေရမည် ဖြစ်ပါသည်။ သို့သော် မူလကပင် ဆူးလေဦးမြင့်သိန်းဝါဒ၌ သက်ဝင်ယုံကြည်သူအဖြစ် စာရွက်စာတမ်း သက်သေခံ အထောက်အထားအရ ထင်ရှားပါလျက် လက်မှတ်ထိုးရမည်ကို ကြောက်၍ ယခုမှ ငြင်းဆိုသူများကိုမူ ဤ ညွှန်ကြားချက်အတိုင်း လက်မှတ်ထိုးစေရမည်သာ ဖြစ်ပါသည်။ (၂) ထိုသို့ဆောင်ရွက်ရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီနှင့် ညှိနှိုင်း၍ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ၃။ မိမိတို့မြို့နယ်အတွင်းတွင် ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများ၌ သက်ဝင်ယုံကြည်ကြသော ရဟန်းရှင်လူတို့ ရှိကြသဖြင့် ဤညွှန်ကြားလွှာအတိုင်း ဆောင်ရွက်ပြီးပါက ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သို့ တင်ပြလျှောက်ထားပြီး မိမိတို့ဆိုင်ရာ ပြည်နယ်/တိုင်း သံဃနာယကအဖွဲ့သို့ မိတ္တူပေးပို့ရန် ထပ်မံညွှန်ကြားလိုက်ပါသည်။
ဘဒ္ဒန္တဣန္ဒာစာရ ဘဒ္ဒန္တတေဇောဘာသာဘိဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ဥက္ကဋ္ဌဆရာတော် တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
***************
အထက်ပါညွှန်ကြားလွှာတို့တွင် အချုပ်ကိုကြည့်လျှင် ၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ်- သတ်မှတ်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၂။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၃။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့်၊ မပြုကြရဟု တွေ့မြင်ကြရပါသည်။ ၄။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ကိုယ်တိုင်လည်း မပြုကြရ။ ပတ်သက်သူများကိုလည်း မပြုလုပ်စေရဟု တွေ့မြင်ကြရပါသည်။ ဆောင်ရွက်တော်မူခဲ့ကြသော ဆရာတော်ကြီး (ဦးစန္ဒိမာ၊ ဦးပညာသီဟ၊ ဥိးဝိသုဒ္ဓ၊ ဦးပညာသာမိ)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့လျှင် အကျိုးရှိကြောင်း ဝန်ခံနိုင် တော့အံ့နည်း။ ...အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံပြီးသောအခါ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ တံဆိပ်တော်ဖြင့် ခွင့်ပြုခံရသော သတင်းဆောင်းပါးများကို စာနယ်ဇင်းတို့မှာ ထည့်သွင်းဖေါ်ပြနိုင်သည်အထိ လည်းကောင်း၊ နောင်ကာလမှာ နာမည်ဟောင်းဖြင့်ဖြစ်စေ နာမည်သစ်ဖြင့်ဖြစ်စေ ပြန်ထလာလျှင်လည်း အမှုဟောင်း အမှုသစ်တွဲလျက် တင်ပြနိုင်သည်အထိ လည်းကောင်း ဆောင်ရွက်ဖွယ်ရာ ရှိပါသည်''ဟူ၍ ရေးသားတင်ပြခဲ့ကြပြီး ဖြစ်ပါသည်။ အသိပေးချက်အမှတ်စဉ် (၃) အထက်ပါတင်ပြချက်တို့ကို ၁၃၆၉-ခုနှစ်၊ နယုန်လပြည့်ကျော်(၄)ရက် (၃.၆.၂ဝဝ၇) တနင်္ဂနွေနေ့မှစ၍ စီစဉ်ရေးသားပြီး မကြာမီအတွင်းမှာပင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာ သာသနာရေး အရာရှိများထံသို့ အသိပေးတင်ပြခဲ့ကြပြီး ဖြစ်ခြင်းကြောင့် မဟာနာယက ဆရာတော်ကြီးများကလည်း အရေးတယူ ရှိတော်မူကြလျက် သက်ဆိုင်ရာ အစိုးရအကြီးအကဲတို့ကလည်း ဂရုပြုခဲ့ကြပါသည်။ ထို့ကြောင့်ပင် ဥက္ကဋ္ဌဆရာတော်ကြီးက (၂)ကြိမ်တိုင်တိုင် သြဝါဒပေးပြီး ချီးမြှင့်ခဲ့ပါသည်။ သာသနာရေးဝန်ကြီးကလည်း ဆရာတော်ကြီး၏ သြဝါဒတော်အား လျှော်သော လျှောက်ထားချက်များဖြင့် ဖြစ်လာမည့်ကိစ္စတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုကြောင်း လျှောက်ထားပြီး ဖြစ်ပါသည်။ ဆရာတော်ကြီး၏ ဒုတိယအကြိမ် ပေးအပ်ချီးမြှင့်ထားသည့် သြဝါဒတော်များကို သတင်းစာမှ ကူးယူ၍ ဆက်လက်လျှောက်ထားတင်ပြလိုပါသေးသည်။ ဝန်ကြီး၏ လျှောက်ထားချက်တို့ကိုလည်း အသိအမှတ်ပြုကာ မှတ်တမ်း တင်ထားလိုပါသေးသည်။ ညွှန်ကြားလွှာတို့တွင် အချုပ်ကိုကြည့်လျှင် ၁။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံ တရားဓမ္မများကို အဓမ္မဝါဒ၊ အဝိနယဝါဒများအဖြစ် ဆုံးဖြတ် သတ်မှတ်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၂။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို နိုင်ငံတစ်ဝန်းလုံး၌ တားမြစ်ပိတ်ပင်ထားပြီး ဖြစ်သည်ဟု တွေ့မြင်ကြရပါသည်။ ၃။ ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒအမည်ခံတရားဓမ္မများကို ဟောပြောခွင့်၊ ဖြန့်ချိခွင့်၊ မပြုကြရဟု တွေ့မြင်ကြရပါသည်။ ၄။ ယင်းအဓမ္မဝါဒ၊ အဝိနယဝါဒများကို ဟောပြောခြင်း၊ ရေးသားခြင်း၊ ဆွေးနွေးခြင်း၊ တိတ်ခွေဖွင့်ခြင်း၊ သင်တန်းပေးခြင်း စသည်တို့ကို ကိုယ်တိုင်လည်း မပြုကြရ။ ပတ်သက်သူများကိုလည်း မပြုလုပ်စေရဟု တွေ့မြင်ကြရပါသည်။ ၅။ ထိုဝါဒနှင့်ပတ်သက်သော အသင်းအဖွဲ့များကို ဖျက်သိမ်းကြရမည်ဟု တွေ့မြင်ကြရပါသည်။ ၆။ အထက်ပါတို့ကို ဆောင်ရွက်ရာတွင် အခက်အခဲရှိနေပါက သက်ဆိုင်ရာ ကောင်စီနှင့် တိုင်ပင်၍ အရေးယူ ဆောင်ရွက်ကြရမည်ဟု တွေ့မြင်ကြရပါသည်။ ထိုစဉ်က ထိုသို့ပင် နိုင်ငံတစ်ဝန်းလုံးမှာ တားမြစ်ပိတ်ပင်ထားခြင်းကို ခံကြရပါသော်လည်း ဟောပြောခြင်း ရေးသားခြင်း ဆွေးနွေးခြင်း တိတ်ခွေဖွင့်ခြင်း သင်တန်းပေးခြင်း စသည်တို့ကို မပြုလုပ်ကြရပါသော်လည်း- ထိုဝါဒနှင့် ပတ်သက်သော အသင်းအဖွဲ့များကို ဖျက်သိမ်းခဲ့ကြသဖြင့် ပျက်စီးခဲ့ကြရပါသော်လည်း - ထိုဝါဒနှင့်ပတ်သက်သော အသင်းအဖွဲ့များသည် အမှန်အားဖြင့် မပျက်ခဲ့ကြကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ ထိုသို့ဟောပြောခြင်း စသည်များ ဆက်လက်ရှိနေခဲ့ကြေကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းလုံး၌ ပြန့်နှံ့နေရုံမျှမက အခြားနိုင်ငံများသို့ပင် ပြန့်နှံ့နေကြပြီဖြစ်၍ ကမ္ဘာသို့တိုင်အောင်ပင် ပြန့်နှံ့နေကြပြီဖြစ်ကြောင်းကိုလည်း သိမြင်ကြရပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၁၃၄၄-ခုနှစ်က အဓမ္မဝါဒဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်ထားပြီးသော ယခုအခါတွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာအမည်ဖြင့် ပြန်လည်ထွန်းကား စော်ကားလျက်ရှိသော အဓမ္မဝါဒီဂိုဏ်းကြီးကို စောဒနာမှုပြုနိုင်ရန် နှိုးဆော်လွှာ ရေးသားစဉ်ကပင်-- ''ဤကဲ့သို့သော သာသနာဖျက်မည့် အဓမ္မဝါဒများကို ဖေါ်ထုတ်နိုင်ဖို့ အလွန်အရေးကြီးပါသည်။ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများထံ သိခွင့်ရအောင် တင်ပြပေးဖို့ အရေးတကြီး လိုအပ်နေပါပြီ။ သို့မှသာ ဆရာတော်ကြီးများက ဓမ္မ/အဓမ္မ ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပါလော။ ထို့ပြင် ယခုအခါ အကြီးအကျယ် ဖြန့်ဝေလျက်ရှိသည့် တောင်တွင်းကြီးရှင်ဥက္ကဋ္ဌဝါဒများလည်း ရှိပါသေးသည်။ ဆူးလေဓမ္မကထိကကြီးဦးမြင့်သိန်း၏ အဓမ္မဝါဒများလည်း နာမည်အသစ်ဖြင့် ခေတ်စားလာလျက် ရှိနေပါသည်။ အခြားအခြားသော အဓမ္မဝါဒဟောင်းများလည်း ခေါင်းပြူလာလျက် ရှိနေကြပါသည်။ တစ်ခေတ်တစ်ခါဆီက အဓမ္မဝါဒဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာ နာယကဆရာတော်ကြီးများက ဆုံးမပြီး သူတို့ကိုယ်တိုင်က ဝန်ခံပြီး ဖြစ်ပါလျက် ပြန်ပေါ်လာကြပါသေးသည်။ ထိုစဉ်က တာဝန်ထမ်းဆောင်တော်မူခဲ့ကြသည့် ဆရာတော်ကြီးများအတွက် ပင်ပန်းရကျိုး အထင်လေစွတကား။ စောဒနာလွှာ ပြုစုတင်ပြပေးခဲ့ကြသည့် သာသနာ့သားကောင်း စောဒကများအတွက်လည်း အကျိုးမရှိ ဖြစ်ရလေစွတကား။ ဗုဒ္ဓဘာသာဝင် ဒကာဒကာများအတွက် အန္တရာယ်ကျရောက်မြဲ ကျရောက်နေလေစွ တကား။ ''ဤကဲ့သို့ အဓမ္မ ဝါဒဟောင်းများ ပြန်ထလာလျှင်ဖြစ်စေ - အဓမ္မဝါဒအသစ်များ ဖြစ်ပေါ်လာလျှင်ဖြစ်စေ အချိန်မီဖေါ်ထုတ်နိုင်ဖို့ အဓမ္မဝါဒ ဖေါ်ထုတ်တားဆီး ဖယ်ရှားရေးအဖွဲ့တစ်ခုခု ရှိသင့်နေပါပြီ။ သို့ဖြစ်ပါ၍ သာသနာတော်၌ ကျရောက်လာမည့် ဘေးတို့ကို ကာကွယ်နိုင်ရန် (စာရေးသူတို့နှင့်တကွ) သာသနာ့ဝန်ထမ်း ရဟန်းတော်တို့မှာ တာဝန်ကြီးတစ်ရပ် ဖြစ်ပေါ်လာပြီဖြစ်ကြောင်း သတိပြုမိဖွယ်ရာ ရှိပါသည်။ ဤတာဝန်ကြီးကို စဉ်ဆက်မပြတ် ထမ်းဆောင်သွားနိုင်ရန် တစ်ပါးကောင်း - တစ်ပါးလုပ်-အနေဖြင့် မည်သူမျှ မဖြစ်နိုင်ကောင်းပါ။ ထို့ကြောင့် စွမ်းဆောင်နိုင်သူရဟန်းတော်များ၏ ပါဝင်မှု အဆက်အသွယ် ပြုမှုများကို မဖြစ်မနေ လိုအပ်လျက် ရှိနေပါသည်။ သာသနာတော်၌ ရှင်ဥက္ကဋ္ဌ၏ အဓမ္မဝါဒ ကျရောက်ခဲ့ဖူးပြီ။ အမြစ်ပြတ်အောင် သုတ်သင်ရန် ခက်ခဲလှသည်။ သာသနာတော်၌ ရှင်ဥပဂုတ္တပူဇော်ခြင်းဝါဒ ပြန့်ပွါးခဲ့ဖူးပြီ။ အမှားကိုအမှန်ပြင်ရန် ခက်ခဲလှသည်။ သာသနာတော်၌ သမ္ဗုဒ္ဓရာဇာဆိုသည့် ပုဂ္ဂိုလ်ကြောင့် သမ္ဗုဒ္ဓရာဇာအဓမ္မဝါဒ ပေါ်ထွန်းခဲ့ဖူးပြီ။ အမြစ်ပြတ်သွားခဲ့ပြီ။ ဤသို့လျှင် သက်တမ်းရှည်အဓမ္မဝါဒ၊ သက်တမ်းတိုအဓမ္မဝါဒဟူ၍ နှစ်မျိုးရှိကြောင်း သိရပါသည်။ အကြောင်းမှာ ဖေါ်ထုတ်နိုင်မှုသည်မြန်လျှင် ဝါဒီဦးရေ မများသေးခြင်းကြောင့် အားသေး၍ အမြစ်ပြတ်သွားပါသည်။ အချိန်ကြာမှသာ ဖေါ်ထုတ်နိုင်ပါက ဝါဒီဦးရေများပြီ ဖြစ်၍ အားကြီးနေခြင်းကြောင့် နောင်တစ်ခေတ်မှာ ပြန်ဖြစ်လာတတ်ပါသည်။ အားယူ၍ပြန်ထလာတတ်ပါသည်။ မှန်၏။ ယခုအခါတွင် ရှင်ဥက္ကဋ္ဌဝါဒဖြန့် စာအုပ်များကို ပန်းဆိုးတန်း အရောင်းဆိုင်များမှာရော မန္တလေးမြို့ ညဈေးတန်းနှင့် နာမည်ကြီးစာအုပ် ဟောင်း-အရောင်းဆိုင်များမှာပါ ဝယ်ယူ၍ ရရှိခြင်းသည်ပင် သက်သေဖြစ်ပါတော့သည်။ ဤဖြန့်ဝေနေသည့် မြင်ကွင်းများကို ၁၃၄၃(၁၉၈၁)ခုနှစ်က ရှင်ဥက္ကဋ္ဌဝါဒ အဓမ္မဖြစ်ကြောင်း ဆုံးဖြတ်ချက် ချမှတ်တော်မူခဲ့ကြသည့် ဆရာတော်ကြီး (ဘဒ္ဒန္တဃောသိတာဘိဝံသ၊ ဘဒ္ဒန္တဇဝနာဘိဝံသ၊ ဘဒ္ဒန္တဓမ္မာဘိဝရ၊ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ ဘဒ္ဒန္တဉာဏိက)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့ ရှိတော်မူကြမည်နည်း။ ထိုစဉ်က စောဒကအဖြစ် ဆောင်ရွက်တော်မူခဲ့ကြသော ဆရာတော်ကြီး (ဦးစန္ဒိမာ၊ ဦးပညာသီဟ၊ ဥိးဝိသုဒ္ဓ၊ ဦးပညာသာမိ)တို့ မြင်တွေ့ကြရလျှင် အဘယ်သို့လျှင် အကျိုးရှိကြောင်း ဝန်ခံနိုင် တော့အံ့နည်း။ အဓမ္မဝါဒဖြစ်ကြောင်း ဝန်ခံပြီးသောအခါ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ တံဆိပ်တော်ဖြင့် ခွင့်ပြုခံရသော သတင်းဆောင်းပါးများကို စာနယ်ဇင်းတို့မှာ ထည့်သွင်းဖေါ်ပြနိုင်သည်အထိ လည်းကောင်း၊ နောင်ကာလမှာ နာမည်ဟောင်းဖြင့်ဖြစ်စေ နာမည်သစ်ဖြင့်ဖြစ်စေ ပြန်ထလာလျှင်လည်း အမှုဟောင်း အမှုသစ်တွဲလျက် တင်ပြနိုင်သည်အထိလည်းကောင်း ဆောင်ရွက်ဖွယ်ရာ ရှိပါသည်'' ဟူ၍ ရေးသားတင်ပြခဲ့ကြပြီး ဖြစ်ပါသည်။

3 comments:

  1. အရှင်ဘုရား .. ရိုသေစွာလျှောက်ထားခွင့်ပြုပါ .. အရင် က တပည့်တော်သည် .. သရဏဂုံ အား မိဘကိုးကွယ်သောကြောင့် .. လိုက်ကိုးကွယ်တဲ့ လူပါဘုရား .. ဒါမယ့် အခု .. ဆရာတော် အရှင်ကောသလ တရားတော်ကြောင့် လုံးဝကို သရဏ ဂုံတည်ခဲ့သည့်အပြင် .. တခြားကျေးဇူးတွေ အများကြီးရှိခဲ့ပါတယ် .. ဘုရား .. အဲ့ဒါကို အရှင်ဘုရားတို့က .. ဘာကြောင့် အဓ္ဓမ လို့ မှတ်ကြ ပါသလဲ ဘုရား. တပည့်တော်နားမလည်နိုင်တော့ပါဘူး .. နိုင်ငံရေးမှာ ဒီမိုကရေစီ နဲ့ တခြား အရာတွေ ကွဲကွာနေတဲ့ကြားက .. သာသနာပါကွဲပြားမယ်ဆိုရင်တော့ .. တပည့်တော်တော့ မတွေးရဲတော့ပါဘူး ဘုရား .. ဘယ်လိုအရာပင်ဖြစ်ပါစေ .. ဆရာတော်ဦးကောသလ ဟောကြားခဲ့သောတရားတော်များသည် တခုတည်းသောပန်းတိုင်ကိုပဲ ဟောကြားခဲ့ပါတယ် အရှင်ဘုရား .. တပည့်တော်တို့ ကိုးကွယ် လိုက်နာကျင့်သုံးတာဟာ .. နိဗ္ဗန်ဆိုတဲ့ ပန်းတိုင်ရောက်ဖို့ ပဲ မဟုတ်လား အရှင်ဘုရား .. တခြား ဘယ်အရာကြောင့် ကိုးကွယ်တယ်လို့ ယူဆပါသလဲ.. အရှင်ဘုရားတပည့်တော်မသိလို့ပါ ..ဘုရား ..

    ReplyDelete
  2. ((((အရှင်ဘုရားတို့က .. ဘာကြောင့် အဓ္ဓမ လို့ မှတ်ကြ ပါသလဲ ဘုရား. ))

    ယခု ဒီပို့စ် ရဲ့ အောက်မှာ ကွန်မန်းလာပေးတာဆိုတော့
    တခုလောက် မေးပါရစေ
    တင်ပြထားတဲ့ ပို့စ်ကို တကယ်သေချာစွာ ဖတ်ပါရဲ့လား
    ဦးကောသလ္လရဲ့ ၀ါဒ က အဓမ္မ၀ါဒ အဖြစ်သတ်မှတ်ထားတဲ့
    ဆူးလေးဦးမြင့်သိန်း ရဲ့ ၀ါဒကို ပြန်လည်ဖော်ထုတ်နေတယ်ဆိုတာ
    ဦးဇင်း ရဲ့ ဆိုဒ်မှာ ပြည့်ပြည့်စုံ တင်ထားပါတယ်
    ဘာကြောင့် သတ်မှတ်တာလဲ ဆိုတာ မမေးခင် သူဟောတဲ့ တရားတွေ
    အမှားတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ဦးဇင်း ဖြေရှင်းချက်တွေနဲ့
    ပို့စ် တင်ခဲ့ပါတယ် အဲဒါတွေကို သေချာစွာ ဖတ်ပြီးမှ ကွန်မန်း ကို ရေးတာ ဟုတ်ပါသလား။
    အဓမ္မ၀ါဒ လို့ သတ်မှတ်တာ ဦးဇင်း သတ်မှတ်တာ မဟုတ်ပါဘူး
    ဘုရားဟောတရား မဟုတ်တဲ့ တရားတွေကို လိမ်ညာပြီးဟောနေလို့
    အဓမ္မ၀ါဒီ ဖြစ်တာပါ

    (((ဆရာတော်ဦးကောသလ ဟောကြားခဲ့သောတရားတော်များသည် တခုတည်းသောပန်းတိုင်ကိုပဲ ဟောကြားခဲ့ပါတယ် အရှင်ဘုရား )))))

    တကယ်စစ်မှန်တဲ့ တရားကို ဟောတာ ဆိုရင်
    ဦးဇင်းတို့ အနေနဲ့ ပြောစရာမရှိပါဘူး
    မစစ်မှန်လို့ ခုလို ဖြစ်လာတာပါ.....

    ((((တပည့်တော်တို့ ကိုးကွယ် လိုက်နာကျင့်သုံးတာဟာ .. နိဗ္ဗန်ဆိုတဲ့ ပန်းတိုင်ရောက်ဖို့ ပဲ မဟုတ်လား အရှင်ဘုရား .. တခြား ဘယ်အရာကြောင့် ကိုးကွယ်တယ်လို့ ယူဆပါသလဲ..)))

    မှန်ပါတယ်၊ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတဲ့ ပန်းတိုင်ရောက်ဖို့ လိုက်နာကျင့်ကြံနေကြတာပါ။
    အဲဒီလို ပန်းတိုင်ရောက်အောင် သွားဖို့အတွက် နည်းလမ်းအမှန်ဆိုတာ
    ဘုရားရှင် ဟောထားပြီးသားပါ
    ဘုရားရှင် ဟောပြထားတဲ့ နည်းလမ်းအမှန်အတိုင်း ဟောနေရင်
    ဓမ္မစေတီ ဦးကောသလ္လ ကို အဓမ္မ၀ါဒီ အဖြစ် သတ်မှတ်စရာ မရှိပါဘူး
    နည်းမှန် လမ်းမှန် မဟုတ်လို့ အဓမ္မ၀ါဒီ အဖြစ် သတ်မှတ်ကြတာပါ
    ဒါကို အရင်လေ့လာပါအုံး
    ဦးဇင်း ဆိုဒ်ထဲမှာ အစုံအလင်တင်ထားပါတယ်
    (ထေရ၀ါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ) ဆိုတဲ့
    စာအုပ်လည်း ရှိပါတယ်
    သေချာဖတ်ပြီးမှ ဝေဖန်ရင် အကောင်းဆုံးပေါ့

    တခုတော့ ပြောပါရစေ နောက်တစ်ခါ ကွန်မန်း လာပေးရင်
    နိုင်ငံရေးတွေ ဒီမိုကရေစီတွေ ပါမလာပါစေနဲ့
    ဒါ ဘာသာရေး ဖြေရှင်းနေတဲ့ ဆိုဒ်ပါ
    အဲဒီစကားလုံးတွေ ပါလာရင် ဦးဇင်း ကွန်မန်းကို လက်ခံမှာ မဟုတ်ပါဘူး
    Delete လုပ်ပစ်ရပါလိမ့်မယ်.....

    စစ်မှန်တဲ့ တရားတော်ကို သေချာလေ့လာနိုင်ပါစေ

    ReplyDelete
  3. ဆရာတော်နှင့်အားလုံးသောသူတို့ခင်ဗျား.
    ..ဓမ္မစေတီဆရာတော်ဟာ..ဘယ်လိုမှ အဓမ္မ၀ါဒီရဲ့ တပည့်မဖြစ်နိုင်ပါဘူး..သူရဲ့ ဆရာစစ်တွေက..မဟာအောင်မြေရွှေဂူဆရာတော်ကြီး နဲ့..ကျိုက်ကဆံဆရာတော်ဘုရားကြီးများဖြစ်ပါတယ်..ပြီးတော့သူရဲ့ အဘိုးတော်သူကလည်း..အဘိဓဇမဟာရဋ္ဌဂုရု ရွှေဟင်္သာဆရာတော်ဘုရားကြီးဖြစ်နေလို့ပါပဲ...ဆူးလေဦးမြင့်သိန်းတပည့်ဆိုပြီး..ဖြန့်ဝေချက်တွေက..ဘယ်လိုမဖြစ်နိုင်ပါဘူးလို့ လျောက်ထားပါရစေ...
    တပည့်တော်ဟာလည်း ဘယ်သူ့ဘယ်ဝါ့တပည့်မှ မဟုတ်ပါဘူး..

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊