ဒီစာအုပ်လေးထဲမှာ ကျောက်ကွင်းအရေးတော်ပုံမူလစာအုပ်ထဲမှာ ဆင်ဆာနဲ့ငြိလို့ ချန်ထားခဲ့ရတဲ့ ဆရာတော် အရှင်ဥက္ကဋ္ဌရဲ့ ဟောပြောချက်အပြည့်အစုံပါ ပါတယ်။ ကျောက်ကွင်းစာအုပ်က သမိုင်းကြောင်းနောက်ခံကို အဓိကထားရေးတာဖြစ်ပြီး ဆရာတော်ရဲ့ ဟောပြောချက်တွေက သိပ်မပါလှပါဘူး။
ဒါကြောင့် ပျောက်ပျက်သွားမှာစိုးလို့ သခင်မြတ်ဆိုင်က ရုံးသုံး ဖူးစကက် စာရွက်ပေါ်မှာ လက်နှိပ်စက်နဲ့ရိုက်ပြီး ဖြန့်တဲ့စာအုပ်ငယ်လေးပါ။ အောက်ကလင့်ခ်တွေမှာ PDF နဲ့ ယူပါ။
http://www.sendspace.com/file/oazs64
http://ifile.it/rakouh6
စာအုပ်မှာပါတဲ့ အကြောင်းအရာအကျဉ်းလေး အောက်မှ ရှူ့ပါ
ထာဝရဘုရား ၏ မှတ်တမ်း
မိတ်ဆွေတို့ရဲ့ ထာဝရ ဘုရားရဲ့သမ္မာကျမ်းစာတွေကို ယုတ္တိရှိ / မရှိ ကြည့်ရအောင်။
မိတ်ဆွေ တို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအဝင် ကမ္ဘာဦးကျမ်းအရ ဒီကမ္ဘာကြီး ကို ခရစ်မပေါ်မီ
၄၀၀၄ ခုနှစ်မှ ထာဝရဘုရားက ဖန်ဆင်းတယ်လို့ဆိုပါတယ် ။ ကဲ ...အဲဒါကိုစဉ်းစားကြည့်ရ
အောင်....အဲဒီခုနှစ် နဲ့ အခုခရစ်သက္ကရာဇ် . ၂၀၀၉ ကို ပေါင်းကြည့်ကြရအောင် ။ပေါင်းထည့်
လိုက်တော့ နှစ်ပေါင်း ၆၀၁၃ နှစ်သာ ဒီကမ္ဘာကြီးရဲ့သက်တမ်းကျန်ပါတော့တယ် ။ ကဲအဲဒီ
တော့ ဒီစကားဟာ ဘယ်လောက်မှန်လည်းဆိုတာပြန်လည် ဆန်းစစ် ကြည့်ကြစို့ ။
အီဂျစ်ပြည် က မံမီ လို့ခေါ်တဲ့ အလောင်းကောင်ခြောက်များဟာ နှစ်ပေါင်း
ခုနှစ်ထောင် ကျော် နှင့် ရှစ်ထောင် ကျော်ရှိပြီလို့ဆိုပါတယ် ။ အီလူရင်းန် လို့ခေါ် တဲ့ကျောက်
တောင်များရဲ့အသက်ဟာ နှစ်ပေါင်း ၅သန်း ကျော်ရှီပြီ လို့ ပထဝီဗေဒ သိပ္ပံပညာရှင်များ က
တစ်ညီတစ်ညွတ် တည်း ဆုံးဖြတ်ကြပါတယ် ။
ကဲ..ဒီတော့ မိတ်ဆွေ တို့ရဲ့ ကမ္ဘာဦးကျမ်းကလာတဲ့စကားဟာ စဉ်းစားဖို့ကောင်း
မနေဘူးလား ။စဉ်းစားလိုက်တဲ့အခါ ယုတ္တိကင်းမဲ့နေတာ တွေ့ရ ပြိ မဟုတ်လား ။ကမ္ဘာဦး
ကျမ်းရဲ့ အဆိုကို ခရစ်ယာန် လောကဓာတ်သိပ္ပံဆရာကြီးများကတောင် အတည်မပြုနိုင်
အောင်ဖြစ်နေကြပြီ မဟုတ်လား ။
ပြီးတော့ မိတ်ဆွေ တို့ရဲ့ ထာဝရဘုရား ဟာ ကမ္ဘာဟောင်းကိုသာဖန်ဆင်းခဲ့တယ် ။
ကမ္ဘာသစ်ဖြစ်တဲ့ တောင်အမေရိကတိုက် နှင့် မြောက်အမေရိကတိုက် တို့ကို ဖန်ဆင်းခဲ့ပုံ မရ
ဘူး ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာသစ်အကြောင်း ဓမ္မဟောင်း ၊ ဓမ္မသစ် နှစ်ကျမ်းလုံး
မှာ အရိပ်အမြွက်မျှတောင် မပါခဲ့ပါဘူး ။
အမေရိကတိုက် ကို ခရစ်သက္ကရာဇ် ၁၄၀၀ ကျော်ရောက်မှ ခရစ္စတိုဖာကိုလံဘတ် က
သွားပြီးတွေ့တယ်မဟုတ်လား ။ ဓမ္မဟောင်းကျမ်းတွေအလိုအရ အခုထိ ဘယ်သူမှသိနိုင်မှာ
မဟုတ်ဘူး ။ ထာဝရဘုရားသခင် ကသာ သူ့ရဲ့အချစ်တော်များဖြစ်တဲ့ ဂျူးလူမျိုး တို့ကို
ဖာရိုဘုရင်လက်အောက်မှ ကယ်တင်ပြီး ပါလက်စတိုင်း ကိုပို့မယ့်အစား အဲဒီဘုရင်မလိုက်
နိုင်တဲ့ သမုဒ္ဒရာတစ်ဖက်ကမ်းက ဘေးကင်းရန်ကင်းဖြစ်တဲ့ အမေရိကတိုက် ကိုများသွားပို့
လိုက်ဖို့ မကောင်းပေဘူးလား ။ သူဖန်ဆင်းတဲ့ ကမ္ဘာဆိုရင် အမေရိက ဟာ အလွန်သဘာဝ
ပစ္စည်းပေါများပြီးကျယ်ပြန့်တဲ့ နိုင်ငံကြီး မဟုတ်လော ။အဲဒါ မလုပ်ခဲ့တာကို ထောက်သောအား
ဖြင့် ထာ၀၇ဘုရား ရဲ့ဖန်ဆင်းပုံဟာ နေရာမကျသေးပါဘူး ။ မပြည့်စုံဘူး လို့ပဲဆိုရမှာပေါ့ ။
ဖန်ဆင်းတယ် ဖန်ဆင်းတယ် နဲ့ တစ်ကယ်ပဲဖန်ဆင်းတယ်ထားပါတော့ ။ အဲဒီလို
ဖန်ဆင်းတဲ့နေရာ မှာအစီအစဉ်မတည့်တာလေးတွေ ပြောပရစေ ။ အာဃာတ သဘော
မဟုတ်ပါဘူး ။ သဘာဝယုတ္တိ အတွက်ပါ ။
ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ် ။ဒုတိယနေ့ကျတော့မိုးမျက်နှာ
ကျက်ဖြစ်စေ ၊ ရေနှင့်ရေခြင်း ခြားနားစေဆိုတဲ့စကား မိန့်ကြားပြီး၊ တတိယနေ့မှာသစ်ပင်
အမျိုးမျိုးကိုဖန်ဆင်းတယ် ။ စတုတ္ထနေ့မှာ နေကိုဖန်ဆင်းတယ် ၊အဲဒါမိတ်ဆွေ တို့ရဲ့ဓမ္မဟောင်း
ကျမ်းထဲပါတဲ့အတိုင်းပဲ ။အဲဒီထဲမှာ နေကို မဖန်ဆင်းမီ သစ်ပင်အမျိုးမျိုးဖန်ဆင်းတယ်ဆိုတာ
ဆန်းမနေဘူးလား ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြပါ ။ သစ်ပင်များ ဟာ နေရဲ့အလင်းရောင်မရပဲ
မရှင်သန်နိုင်ဘူးဆိုတာကို မိတ်ဆွေများသိပါတယ် ။ လက်တွေ့လည်းပြနိုင်ပါတယ် ။ ဒီတော့
မိတ်ဆွေ တို့ ထာဝရဘုရား ဟာ ဒီအစီအစဉ် ကိုမှ နားမလည်ရာ မရောက်ပေဘူးလား ။စဉ်းစား
ကြပါ ။ ပြီးတော့ နေမရှိ ပဲ နဲ့ အလင်းရောင် ကိုဖန်ဆင်းတယ်တဲ့ ။ ပြီးတော့ သစ်ပင်မြက်ပင်
များ ရှူရှိုက်ဖို့ အောက်ဆီဂျင် + နိုက်ထရိုဂျင် ဓာတ်များကိုလည်း မဖန်ဆင်းခဲ့ပါဘူး ။ ယခုလို
ပြောနေရတာ မိတ်ဆွေ တို့ စဉ်းစားဖို့ အတွက်ပါ ။ အပြစ်ဆိုနေတာမဟုတ်ပါဘူး ။
နောက်တတိယ အချက်က ထာဝရဘုရားရဲ့ ပုံပန်းသဏ္ဍာန်ဖြစ်ပါတယ်။ ထာဝရဘုရား
မှာ ပုံသဏ္ဍာန်မရှိ ၊ ဝိညဉ်တော် သက်သက် လို့ဆိုပါတယ် ။ ဒါပေမယ့် ကမ္ဘာဦးကျမ်း မှာဆို
ထားတာက အာဒံ နှင့် ဧ၀ ဟာ ထာဝရဘုရားကို မြင်ဖူးကြတယ်တဲ့ ။ နောဧ ဟာလည်း
သေသေချာချာ မြင်ဖူးသတဲ့ ။ ရာကုတ် ကတော့မြင်ရုံတင်မကဘူး ထာဝရ နဲ့ နပန်းတောင်
သတ်ဖူးကြတယ် ။ မိုးလင်းခါနီးကျတော့ ထာဝရဘုရား က လွှတ်ခိုင်းတာ ကို မလွှတ် သည့်
အတွက် ဝိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား က လက်သီးနဲ့ထိုးလိုက်လို့ ပေါင်ကျိုး
သွားသေးသတဲ့ ။ ကဲ.. အဲဒီ ဝိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား မှာ လက်သီး ဘယ်က
ရသလဲ စဉ်းစားကြည့်ပါ ။
အီဘရာဟင် ဆိုတဲ့လူက သူလည်း တွေ့ဖူးပါသတဲ့ ။ ဒါတင်မက တစ်နေ့မှာ အီဘရာဟင်
အိမ်လာပြီးတော့ ညစာတောင်လာစားသွားသေးသတဲ့ ။ မောရှေ လည်းသေသေချာချာမြင်ရ
တဲ့လူဘဲ ။ ဒီတော့ ဓမ္မကျမ်း က ထာဝရဘုရားကို မြင်ဖူးတွေ့ဖူး သူ ၅ယောက် ရှိမနေဘူးလား ။
ဒီလိုဆိုရင် ဝိညာဉ်တော်သက်သက် ဖြစ်တယ် ဆိုတဲ့ စကားကို စဉ်းစားဖို့မလိုဘူးလား ။စဉ်းစား
ကြပါ အရမ်းမယုံာကပါနဲ့ ။
ပြီးတော့ နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ ပုံသဏ္ဍာန်မရှိဘူးတဲ့ ။ ဒါတွေကိုသိရဲ့သားနဲ့
တမင်သက်သက်ပြောတာ ။ သူတို့ထာဝရဘုရားရဲ့ ပုံသဏ္ဍာန် ကို ပြောရမှာနည်းနည်းရှက်
တယ်နဲ့တူပါတယ် ။ ဘာကြောင့်လည်းဆိုတော့ ဗျာဒိတ်တော်ခန်း အခန်း(၁) အပုဒ် (၁၄-၁၅
၁၆ ) မှာ ထာဝရဘုရား ရဲ့ပုံသဏ္ဍာန်ကို သေသေချာချာ ဖော်ပြထားပါတယ် ။ ပြီးတော့
အခန်း (၅) အပုဒ် (၆) မှာလည်း ပါ ပါသေးတယ် ။
အဲဒီကျမ်းရဲ့ ထာဝရဘုရား ရဲ့ပုံသဏ္ဍာန် ဟာ
(၁) ခေါင်းမွှေးကနှင်းကဲ့သို့ဖြူတယ်
(၂) မျက်လုံးကမီးရောင်ကဲ့သို့တောက်ပတယ်
(၃) ခြေထောက်ကမီးရဲရဲဖုတ်ထားတဲ့ ကြေးနီဝါ နဲ့တူတယ်
(၄) ညာဘက်လက်က ကြယ်ခုနှစ်လုံးကို ကိုင်ထားတယ်
(၅) ပါးစပ်မှာ နှစ်ဖက်သွားဓါးရှည်ကြီး နှစ်ချောင်းထွက်နေတယ်
(၆) ဦးချို ခုနှစ်ချောင်း ရှိတယ်
(၇) မျက်လုံး ခုနှစ်လုံးရှိတယ်
အဲဒါ ထာဝရဘုရားရဲ့ ပုံ ပါပဲ ။ အခုနေများ အဲဒီပုံ ရှိတဲ့ လူတစ်ယောက်ကိုများတွေ့ရင်
မိတ်ဆွေ တို့ ထွက်ပြေးကြမယ်ထင်ပါတယ် ။
စတုတ္ထ အချက်က ထာဝရဘုရားနေတဲ့အရပ် ပါ ။ ထာဝရဘုရား ရဲ့နေရာ နှင့်ပတ်သက်
ပြီးမိတ်ဆွေ တို့ မသိသေးရင် ပြောပြပါမယ် ။ ထာဝရဘုရား ဟာ တန်ခိုးအကြီးဆုံးဖြစ်တဲ့
အတွက် ကောင်းကင်တစ်ခွင်မှာ အလှဆုံး ၊ အတောက်ပဆုံးဖြစ်တဲ့မြောက်ဘက်ကောင်းကင်
မှာရှိတဲ့ ခုနှစ်စင်ကြယ် ရဲ့ အလယ်ဗဟို မှာ နေသတဲ့ ။ အဲဒါဟာလည်း အရမ်းပြောတာမဟုတ်
ပါဘူး ။ လူးကပ်စ်အာရိဒ် ရေးတဲ့ အက်စ်ထရွန်နော်မီအင်န်ဘိုင်ဘယ်လ် လို့ခေါ်တဲ့ နက္ခတ္တဗေ
ဒနှင့် သမ္မာကျမ်းစာ ဆိုတဲ့ စာအုပ် ဂေါ့ဒ်စ် လင်းပလေ့စ် ဆိုတဲ့ အခန်းမျာ ပါ ပါတယ် ။အဲဒီ
တော့ ထာဝရဘုရား ရဲ့နေရာထင်ရှားသွားပြန်တာပေါ့လေ ။ အဲဒီစာအုပ် ကို မိတ်ဆွေ များ
ဝယ်ဖတ်ကြပါ ။ အမေရိကန်ပြည် ကယ်လဖိုးနီးယား ကထုတ်ပါတယ် ။
ပဉ္စမအချက်ကတော့ ထာဝရဘုရားရဲ့သဘောထား ဖြစ်ပါတယ် ။ ထာဝရဘုရား က
" ငါဟာငြူစူသောဘုရားဖြစ်တယ် " လို့ ထာဝရ ကိုယ်တိုင်တရားဟောရာကျမ်း ၄း၂၄ ၌ ပြော
ခဲ့ကြောင်း ဓမ္မသစ် ကျမ်းမှာ တွေ့ရပါတယ် ။ တစ်ခါ ဓမ္မဟောင်းကျမ်း ၊ တရားဟောရာကျမ်း
ရး၁၀ မှာလည်း " ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ သူတို့၏ မျက်မှောက်၌
အပြစ်ပေးသော ဘုရားဖြစ်ကြောင်း ကိုသိမှတ်လော့ " လို့ဆိုပါတယ် ။ အဲဒီကျမ်း ရး၁၆ မှာ
လည်း " သင်၏ဘုရားသခင် ထာဝရဘုရားသခင်သည် သင်၌ပေးအပ်တော်မူသော လူမျိုး
အပေါင်းကိုဖျက်ဆီးရမည် ။ သင်၏မျက်စိသည် သူတို့ကိုမသနားရ ။ သူတို့ဘုရားအားဝတ်မပြု
ရ ၊ ဝတ်ပြုလျှင် ထိမိ၍ လှဲစရာအကြောင်းဖြစ်လိမ့်မည် " ဟု ပါရှိပါတယ် ။
ထာဝရဘုရား ဟာ တစ်ခြားဘုရားတွေကိုယုံကြည်တဲ့သူတွေကို သိပ်ပြီးသဘောကျ
ဟန်မတူပါဘူး ။ငါမှတစ်ပါး တစ်ခြား ဘုရားတွေကို မယုံကြည်နဲ့လို့ပြောခဲ့ပါတယ် ။ ယေရှု
ကလည်း တစ်ခြားဘုရားတွေကို ပုတ်ခတ်ပြောဆိုတယ် ။ဓမ္မဟောင်း ၊ ဓမ္မသစ် နှစ်ကျမ်းစလုံး
မှာ အဲဒါမျိုးတွေပြည့်နှက်နေတယ် ။ ကိုယ့်ဘုရားကတစ်ကယ်မှန်ကန်နေရင် ငြူစူနေဖို့ မလိုပါ
ဘူး ။ မနာလိုစရာ မရှိပါဘူး ။ခြောက်လှန့် ဟန့်တားနေစရာ မလိုပါဘူး ။ လာကြည့် ၊လုပ်ကြည့်
စမ်းသပ်ကြည့် လို့ ဆိုရမှာပေါ့ ။ အခုတော့ မူမမှန် လို့ အဲဒီလိုမပြောဝံ့ ပါဘူး ။ အမြဲတမ်း
ခြောက်လှန့်နေရတယ် ။ လာကြည့်ပါ ၊ စမ်းသပ်ကြည့်ပါလို့ပြောရင် သူတို့ရဲ့ မူမမှန်တာတွေ
ပေါ်တော့မှာကိုး ။
နောက်တစ်ခါ ဘုရားရဲ့ အကျင့်စာရိတ္တ ကိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး။
ဓမ္မဟောင်းကျမ်းတစ်ခုလုံး ကို လျှောက်ကြည့်မယ်ဆိုလျှင် မကောင်းမှုအတွက်စဉ်းစားတာတွေ
မကောင်းတာလုပ်ဖို့ လှုပ်ဆော်တာတွေ ၊ တိုက်တွန်းတာတွေ ၊ ကိုယ်တိုင်လုပ်ခဲ့တာတွေအများ
ကြီးတွေ့ရမှာဖြစ်ပါတယ် ။ကမ္ဘာဦးကျမ်း အခန်း (၃၀) မှာ လှေကိုချောင်းကြည့်မိလို့
ငါးသိန်းခုနှစ်ဆယ်သော လူအပေါင်းကိုသတ်ဖြတ် သတဲ့ ။( ၂း၇၁း၂၄း၁၂ ) အရက်နှင့်အမဲကင်
ကိုလည်းအရမ်းကြိုက်သတဲ့ ။ တောလည်ရာကျမ်း အခန်း (၂၈) မှာ ပါ ပါတယ် ။
ထာဝရဘုရား ဟာ သန်းခေါင်စာရင်းသဘောပေါ့လေ ။ လူစာရင်း ယူခိုင်းပြီးတော့
လူပေါင်းခုနှစ်သောင်း ကို သတ်ပစ် သတဲ့ ။(၂း၇၁း၂၄း၁၅) ကိုကြည့်ပါ ။ အဲဒီကျမ်း (၃၈း၇)မှာ
ယုဒ ၏ သားဦး အေရ ကို ထာဝရဘုရားရှေ့၌ ဆိုးသောသူအဖြစ် သူ့ကို ထာဝရဘုရား က
ကွပ်မျက်ပစ်သတဲ့ ။ တစ်ခါ (၁၀း၁၁) မှာ ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသော
ကြောင့် အောနမ် ကိုလည်း ကွပ်မျက်တော်မူ၏ လို့ပါပြန်တယ် ။ အဲဒါ ဘာဖြစ်လို့လည်းဆို
တော့ အောနမ် ဟာ မုဆိုးမ မရီးကို သားသမီး ရအောင် မပေါင်းသင်းလို့ပါတဲ့ ။ တစ်ခါ လူ
သတ္တဝါ များ အိမ်ရာထူထောင်မှု ဝါဒစိတ်ဓာတ် ကို ဘုရားသခင် က သွင်းပေးသတဲ့ ။(၃၀၀း၂၂
း၂၃) လူသတ္တဝါများဟာ ရိုးလွန်းလျှင်မတတ်ဘဲနေမှာစိုးလို့လား မသိပါဘူး လိမ်တတ် ညာ
တတ်အောင် မုသာဝါဒစိတ်ဓာတ်ကိုဘုရားသခင်ကဘဲ သွင်းပေးသတဲ့ ။(၃း၇၁း၂၂း၂၃)
ဟေရှာလ အနာဂတ္တိကျမ်းအခန်း (၁၃ ) အပုဒ်(၉း၁၁း၁၅း၁၆)များမှာကြည့်ပါ ။ မိတ်ဆွေ တို့ရဲ့
ထာဝရဘုရား ဒေါသကြီးကြောင်းတွေ အများကြီးတွေ့ရပါမယ် ။
သူပြောတာမလိုက်နာနိုင်လျှင် အပြစ်ရှိရောတဲ့။အပြစ်ရှိတဲ့ လူတွေကိုမကယ်တင်ဘူးတဲ့။
ထာဝရဘုရားကြိမ်ဆဲတာတွေလည်း အလွန်အသည်းယားစရာ ကောင်းပါတယ် ။တရားဟော
ရာကျမ်းအခန်း (၂၈) ကို ဖတ်ကြည့်ပါ ။ထာ၀၇ဘုရား သဘောထားသေးနှုတ်ပုံ ၊ စိတ်ဓာတ်
အောက်တန်းကျပုံတွေကို ( မာလခိ အနာဂတ္တိကျမ်း ) အခန်း(၂) မှာ တွေ့ရပါလိမ့်မယ် ။
" ငါ့ရဲ့ကျေးဇူးတော်တို့ကို မအောက်မေ့လျှင် သင်တို့ကို ငါကြိမ်ဆဲမည်၊ သင်တို့သည်သားစဉ်
မြေးဆက် အားလုံးတို့ကို ကြောက်မက်ဖွယ်အပြစ်ဒဏ်ခတ်မည် " စသည်တို့ကို အဲဒီအခန်းမှာတွေ့ရပါလိမ့်မည်။
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊