Sunday, June 19, 2011

လူလိမ်တွေ ပွေလီရှုပ် တန့်ကြည်တောင်ဇာတ်ထုတ်


တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ အွန်လိုင်းပေါ်မှာ ရောက်ရှိနေတာတော့ ကြာခဲ့ပါပြီ။ တချို့လည်း ကြည့်ပြီးဖြစ်ကြသလို မကြည့်ရသေး တဲ့ ပုဂ္ဂိုလ်များရှိနေအုံးမည် ထင်ပါသည်။

  ဒီမှာ ဒေါင်းယူကြည့်ရှူနိုင်ပါသည်

 တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက် မေးမြန်းကြပါသည်။ တရားထိုင်တဲ့ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည် စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။ မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။ ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ဝဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။ လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ ္ဆာန် တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။ မြတ်ဗုဒ္ဓရဲ့ ထေရဝါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန ္တလေး၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) မစိုးရိမ်မှ ထေရဝါဒ တိုက်ပွဲ ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000 ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဝန်ခံကတိပြု လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။ သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည် ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့ တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ တန့်ကြည်တောင်ရိပ်သာ (မန ္တလေး၊ ပြည်ကြီးတံခွန်) တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံသားများအနေဖြင့် ဝါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန် မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။ 

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

3 comments:

  1. ဒီဘလော့လေးဟာ အမျိုးဘာသာ သာသနာပြန့်ပွားအောင်ဆောင်ရွက်နေတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်. ဗုဒ္ဓဘာသာဝင်တွေအတွက် သေချာ သိသင့်တာတွေကို သိအောင် ယုံကြည်မှုမမှားရအောင်လမ်းပြပေးတဲ့အတွက်ရော...အများကြီး အားရကျေနပ်မိပါတယ်...ထိုသို့သာသနာပြန့်ပွားရေးလုပ်ဆောင်ရာမှာ အခြားကိုးကွယ်မှုတွေ၊ တခြားဘာသာဝင်တွေနဲ့ သူတို့ရဲ့ယုံကြည်မှုကိုလည်း လေးစား အသိအမှတ်ပြုပေးဖို့မေတ္တာရပ်ခံလိုပါတယ်...တပည့်တော်တို့တိုင်းပြည်ဟာ လူမျိုးဘာသာပေါင်းစုံစုစည်းထားတဲ့ပြည်ထောင်စု ဖြစ်တဲ့အတွက် ဘာသာရေးပေါ်အခြေခံပြီး စိတ်ဝမ်းကွဲကြမှာ စည်းလုံးမှုပြိုကွဲကြမှာ တပည့်တော် စိုးရိမ်လှပါတယ်..သမိုင်းမှာလည်း ဒီလိုတွေရှိခဲ့လို့ တိုင်းပြည်နစ်နာခဲ့ဖူးပါတယ်..ဒါ့ကြောင့် ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အင်အားကြီးဘာသာဖြစ်သလို သဘောထားကြီးကြီးလည်း ပြဖို့လိုမယ်လို့တပည့်တော် ရိုသေစွာအကြံပေးလိုပါတယ်...
    ဒီဘလော့လေးဟာ တန်ဖိုးရှိတဲ့အတွက် ထာဝရ ရှင်သန်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...

    ReplyDelete
  2. တရားအားထုတ်သူတွေကြည့်ရတာ စိတ်ညှို့ ခံထားရသလိုလို တခုခုဝင်ပူးနေသလိုလို ပုံမှန်မဟုတ်ဖူးလိုပဲ ~ ဒါက တမင်လုပ်ယူထားတာလား လို့လဲသံသယရှိပါတယ် ~ ၀ိပသနာအားထုတ်ရင်ဒီလိုဖြစ်တတ်တယ်လို့ တယောက်ယောက်ကယုံကြည်သွားတယ်ဆိုရင်တောင် သာသနာအတွက် တော်တော်အကျိုးယုတ်စေပါတယ် ~ ဗုဒ္ဓအဆုံးအမကိုဒီလို လမ်းလွှဲရောက်အောင်ပို့တာတော့မကောင်းပါဖူး ~ အဖြစ်မှန်ပေါ်ပေါက်လာစေဖို့ မျှော်လင့်ပါတယ် ~

    ReplyDelete
  3. တရားဆိုတာ အေးမြတယ် တည်ငြိမ်တယ်၊ ရူးမလိုဖြစ်တဲ့သူကိုတောင် ငြိမ်ချမ်းတည်ကြည်သွားစေတာ အခုတော့ မဟုတ်တာတွေလုပ်ပြီး ဖြစ်ပျက်နေကြတာ ဆိုးရွားလွန်းပြီး စိတ်ပြတ်စရာပါပဲ။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊