အမေး..... ဗုဒ္ဓဘာသာတွင်လည်းကောင်း၊ အခြားသောဘာသာ အသီးသီးတွင်လည်းကောင်း ကောင်းမှု နှင့် အကျိုး၊ မကောင်းမှု နှင့် အပြစ်ဟူ၍ ညွန်ပြချက် အသီးသီး ရှိကြသည်။ ဗုဒ္ဓဘာသာ အရဆိုလျှင် အသက်သတ်မှုကြောင့် ငရဲ ကျရောက်ရခြင်း အစရှိသော အပြစ်များကို ရရှိကြမည်။ အခြား ဘာသာများအရ ဆိုလျှင် အသက်သတ်မှုကြောင့် ကောင်းကင်ဘုံ ရောက်ရခြင်း အစရှိသော အကျိုးတို့ကို ရရှိကြမည်။ ဤသို့ သတ်မှတ်၍ ပြကြရာတွင် ဗုဒ္ဓဘာသာ ကောင်းမှုသည် ဗုဒ္ဓဘာသာအတွက်သာ ကောင်းကျိုးတို့ကို ပေးတတ်သည်။ အခြားဘာသာတို့အတွက် ကောင်းကျိုးတို့ကို မပေးတတ်ဟူ၍ မှတ်ယူကြမည်လား........ ဗုဒ္ဓဘာသာအရ မကောင်းမှုသည် ဗုဒ္ဓဘာသာအတွက်သာ အပြစ်တို့ကို ပေးတတ်သည်။ အခြားသောဘာသာတို့အတွက် အပြစ်တို့ကို မပေးတတ်ဟု မှတ်ယူကြမည်လား........
အဖြေ.......... ကောင်းမှုသည် ကောင်းသော အမှုဖြစ်၍သာလျှင် ကောင်းမှုဖြစ်သည် ကောင်းမှု ဟူ၍ ပညတ်ထားချက်ကြောင့် ကောင်းမှု ဖြစ်သည်မဟုတ်။ မကောင်းမှုသည် မကောင်းသော အမှုဖြစ်၍သာလျှင် မကောင်းမှုဖြစ်သည် မကောင်းမှု ဟူ၍ ပညတ်ထားချက်ကြောင့် မကောင်းမှု ဖြစ်သည်မဟုတ်။ ဗုဒ္ဓဘာသာတွင် သဘာ၀ အမှန်ကို သေချာသိမြင်သော ဘုရားရှင် အမှန်ရှိသည်။ အခြားဘာသာ အသီးသီးတွင်မူ ရှေးလူတို့ ဖန်ဆင်းတီထွင်ထားသည့် ဘုရားအမည်ခံသာလျှင်ရှိသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာတွင် ပါရှိကြကုန်သော ကောင်းမှုအသီးသီးတို့က်သာလျှင် ကောင်းကျိုးအသီးသီးတို့ကို ပေးနိုင်သည်။ ဗုဒ္ဓဘာသာတွင် ပါရှိကြကုန်သော မကောင်းမှုအသီးသီးတို့က်သာလျှင် အပြစ်အသီးသီးတို့ကိုပေးနိုင်သည်။ ဗုဒ္ဓဘာသာအရ သိရကုန်သော မကောင်းမှုတို့ကို အခြားဘာသာဝင်တို့က ပြုလုပ်လျှင်လည်း ဗုဒ္ဓဘာသာအရ သိရကုန်သော အပြစ်များကိုသာ ခံကြရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာအရသိရကုန်သော ကောင်းမှုတို့ကို အခြားဘာသာဝင်တို့က ပြုလုပ်လျှင်ကား ဗုဒ္ဓဘာသာအရသိရကုန်သော အကျိုးများကို အပြည့်အ၀ ရရှိကြမည် မဟုတ်ချေ။ မှန်၏။ အခြားဘာသာဝင်တို့သည် သဘာဝအမှန်ကို သေချာသိမြင်တတ်သော ဘုရားအမှန်၏ တရားအမှန်တို့ကို သင်ယူရခြင်း မရှိသောကြောင့် ကောင်းမှုလုပ်နည်းတို့ကို အပြည်အစုံ ဖြစ်ထွန်းအောင် မလုပ်တတ်ကြချေ။ ဘုရားရှင်အမှန် ဖြစ်သော မြတ်ဗုဒ္ဓသည် ကောင်းမှု နှင့် အကျိုး၊ မကောင်းမှု နှင့် အပြစ်တို့ကို သဘာဝအတိုင်း တိကျမှန်ကန်စွာ ညွန်ပြတတ်သော လမ်းညွန် ဆရာမြတ် ဖြစ်ပါသည်။
(ဝိဘဇ္ဖဝါဒီ)
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊