လောဘ ဒေါသစသော ကိလေသာ မကင်းသေးတဲ့သူဟာ သေပြီးတဲ့ နောက်မှာ
ဘဝသစ်ဖြစ်ရတယ်။ ဖြစ်ပုံကတော့ စိတ်ဆိုတာ ရုပ်ကိုမှီပြီးတော့ တစ်ခုပြီးတစ်ခု
မပြတ်ဖြစ်နေတယ်၊ ဓာတ်မီးလုံးထဲမှာ လျှပ်စစ်ဓာတ်အားတွေ အသစ် အသစ်လာပြီး
လင်းနေသလိုပါပဲ၊ အကယ်၍ ဗတ်သီး(မီးလုံး) က ပျက်သွားလျှင် အဲဒီ ဗတ်သီး(မီးလုံး)
ထဲမှာ မီးမလင်းတော့ဘူး၊ ဒါပေမယ့် ဓာတ်ကြိုးထဲမှာ ဓာတ်အားကတော့ ရှိနေလျက်ပဲ၊
အဲဒီပျက်နေတဲ့ မီးလုံးကိုဖယ်ပြီး ဓာတ်မီးလုံးအသစ်ကို ထည့်ပေးလိုက်ရင် အဲဒီမီးလုံး
အသစ်ထဲမှာ မီးဟာ ယခင်ကလိုပဲ လင်းမြဲလင်းနေပြန်ပါတယ်၊ ဒီလိုပဲ ရုပ်ကိုယ်
အဟောင်းက ပျက်သွားတဲ့အခါမှာ စိတ်က အဲဒီကိုယ်ထဲမှာ မဖြစ်နိုင်တော့ဘူး၊
အဲဒါကို သေတယ်လို့ခေါ်ကြပါတယ်၊ ဒါပေမယ့် စိတ်ကတော့ လုံးလုံး
ပျောက်သွားတာ မဟုတ်ပါဘူး၊ တခြား ကိုယ်ရုပ်အသစ်ထဲမှာ သွားဖြစ်ပြန်တယ်၊
ဗတ်သီးအသစ်ထဲမှာ မီးလင်းမြဲ လင်းနေပြန်သလိုပဲ။

ဆက်လက်ပြီး ဖြစ်ပုံက ဘယ်လိုလဲဆိုရင် စိတ်ဆိုတာ အာရုံတစ်ခုကို စွဲလမ်းပြီး
မပြတ်ဖြစ်နေတယ်၊ အာရုံကို လုံးလုံးစွန့်လွတ် မေ့ပျောက် မပစ်နိုင်ဘူး။ သစ်ပင်ပေါ်က
မျောက်ဟာ သစ်ကိုင်းကို လုံးလုံးစွန့်လွှတ် မထားနိုင်သလိုပဲ၊ ဒါကြောင့် သေခါနီးမှာ
ကိုယ်ပြုခဲ့တဲ့ အမှုကိစ္စတခုခုကို စွဲလန်းနေရင်းနဲ့ သေသွားတယ်၊သေတယ်ဆိုတာ
ကလည်း လက်ရှိရုပ်ဟောင်းထဲမှာ စိတ် အသစ် ပြန်မဖြစ်ပေါ်လာတော့တာပဲ၊
ပြတ်စဲသွားတဲ့ အခါမှာ သေခါနီးက စွဲလန်းခဲ့တဲ့ အာရုံကိုပဲ စွဲပြီးတော့ ရုပ်ကိုယ်
အသစ်ထဲမှာ စိတ် အသစ်ဖြစ်ပေါ်လာပါတယ်။ အဲဒါကို ဘဝသစ် ဖြစ်တယ်လို့
ခေါ်ပါတယ်။
ဥပမာ အိပ်မက်ထဲက စွဲလာတဲ့ အာရုံကို နိုးလာသည့်တိုင်အောင် မပျောက်ဘဲ
စွဲလန်းနေတာနှင့်တူပါတယ်၊ အလှူပေးခြင်းစသော ကောင်းမှုကို စွဲလန်းပြီး
သေလာခဲ့လျှင် မြင့်မြတ်တဲ့ဘဝမှာ ဖြစ်ပါတယ်၊ သတ်ဖြတ်ခြင်း စသော မကောင်းမှု့
ကို စွဲလန်းပြီး သေလာခဲ့လျှင် ယုတ်ညံ့တဲ့ ဘဝမှာ ဖြစ်ရပါတယ်၊ ဒီလိုဖြစ်တာကို
ကုသိုလ်ကံက ကောင်းကျိုးပေးတယ်၊ အကုသိုလ်ကံက မကောင်းကျိုးပေးတယ်လို့
ခေါ်ရပါတယ်၊ ကံဆိုတာ ပြုမှုပဲ၊ ပြုမှုရှိလျှင် တန်ပြန်မှုရှိတယ်၊ တောအုပ်ထဲမှာ ဖြစ်စေ၊
လိုဏ်ခေါင်းထဲမှာ ဖြစ်စေ ဟေး လို့အော်လိုက်ရင်အဝေးကနေပြီး ဟေး ဆိုတဲ့
ပဲ့တင်သံ ပြန်လာပါတယ်၊ မြေကြီးပေါ်ကို ဘောလုံးပေါက်လိုက်ရင် အထက်ကို
ပြန်တက်လာတယ်၊ တစ်စုံတစ်ခုကို တုတ်နှင့် ရိုက်လိုက်ရင် အရိုက်ခံရတဲ့ ဝတ္ထုက
အသံမြည်လာတယ်၊ ဒါတွေဟာ တန်ပြန်မှုတွေပဲ။
အခါးမျိုးစေ့ စိုက်လျှင် အခါးသီး သီးတယ်၊ အချိုမျိုးစေ့ စိုက်လျှင် အချိုသီး သီးတယ်၊
ခွေးကို ခဲ့နှင့်ပေါက်လျှင် အဲဒီခွေးက ပြန်ဟောင်တယ်၊ ခွေးကို ချိုချိုသာသာ ခေါ်ပြီး
ကျွေးလျှင် အဲဒီခွေးက အမြှီးနှံ့ပြီး အရိုအသေပြုတယ်၊ လူတစ်ယောက်ကို
ဆဲလိုက်လျှင် အဲဒီလူက ပြန်ဆဲတတ်တယ်၊ ပြုံးရွှင်ပြီး ချိုချိုသာသာနှင့် နှုတ်ခွန်း
ဆက်လျှင် အဲဒီလူကလည်း ပြုံးရွှင်ပြီး ချိုချိုသာသာနှင့်ပြန်ပြီး နှုတ်ခွန်းဆက်တယ်၊
ဒါတွေလည်း တန်ပြန်လာတဲ့ အကျိုးတွေပဲ။
ထို့အတူ ကောင်းသောပြုမှုရှိလျှင် ကောင်းသောဘဝအကျိုး တန်ပြန်လာတယ်၊
မကောင်းသော ပြုမှုရှိလျှင်မကောင်းသော ဘဝအကျိုး တန်ပြန်လာတယ်၊
ဒီနည်းဖြင့် သတ္တဝါတွေဟာ ကိလေသာမကင်းသေးသမျှ ကာလပတ်လုံး
တစ်ဘဝက သေပြီးလျှင် အခြားဘဝမှာ မိမိပြုထားတဲ့ အမှုကံအားလျော်စွာ
အသစ်ဖြစ်ဖြစ် သွားပါတယ်။
ဝိပဿနာ ဘာဝနာအလုပ်ကို အားထုတ်ပြီး ရဟန္တာဖြစ်သွားတဲ့အခါမှာ
ကိလေသာတွေ လုံးဝကင်းစင်သွားပါတယ်၊ အဲဒီလို ကိလေသာ လုံးလုံးကင်းစင်
နေတဲ့ ရဟန္တာပုဂ္ဂိုလ်မှာတော့ ပရိနိဗ္ဗာန်စံသည်၏ အခြားမဲ့မှာ ဘဝသစ်
မဖြစ်ရတော့ဘဲ အစဉ်ထာဝရ ငြိမ်းအေးသွားပါတယ်။
နောက်ဘ၀ ဘယ်မှာဖြစ်မယ် ဆိုတာ သိပါသလား
ဘယ်မှာ ဖြစ်မယ်လို့တော့ မသိပါဘူး၊ ဒါပေမယ့် ဗုဒ္ဓဘာသာတရားတော်အရ
ကိလေသာမကင်းသေးလျှင် ဘဝသစ် ဖြစ်ဦးမယ်လို့တော့ ပြောနိုင်ပါတယ်၊
သီဟိုဠ်မှာလည်း ဖြစ်နိုင်ပါတယ်၊ မြန်မာပြည်မှာလည်း ဖြစ်နိုင်ပါတယ်၊
အင်ဒိုနီးရှားမှာလည်း ဖြစ်နိုင်ပါတယ်၊ ဥရောပ အမေရိကန်တို့မှာလည်း
ဖြစ်နိုင်ပါတယ်၊ ဗုဒ္ဓဘာသာ တရားတော်အရ ဘယ်နိုင်ငံက လူမျိုးပဲဖြစ်ဖြစ်၊
ဘယ်ဘာသာ အယူရှိတဲ့ လူမျိုးပဲဖြစ်ဖြစ် ကောင်းမှု ကုသိုလ်ကံ ရှိလျှင်
ကိုယ်ဖြစ်လိုရာနိုင်ငံ ကိုယ်ဖြစ်လိုရာ အရပ်မှာ ဖြစ်နိုင်ပါတယ်။
(မဟာစည်ဆရာတော် ဘုရား)
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊