မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ - ခုနှစ်၊ ကဆုန်လပြည့်နေ့ သဗ္ဗညုတဉာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ဆိုဒ်ရောက်တော်မူသည်မှ စ၍ အောက်ပါ မြို့ရွာဒေသများ၌ ဝါကပ်တော်မူခဲ့ပါသည်။
(၁) ဝါ - ဗာရာဏသီပြည်၊ ဣသိပတန မိဂဒါဝုန်တော၊
(၂၊ ၃၊ ၄) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတော်၊
(၅) ဝါ - ဝေသာလီပြည်၊ မဟာဝုန်တော၊ ကုဋာဂါရ - သာလာကျောင်း
(၆) ဝါ - မကုဠတောင်၊ ချရားတော၊
(၇) ဝါ - တာဝတိ ံသာနတ်ပြည်၊
(၈) ဝါ - ဘဂ္ဂတိုင်း၊ သံသုမာရဂီရိပြည်၊ ဘဂ္ဂသယ၊ ဇနပုတ်အနီး သေသကဠာ မိကဒါဝုန်တော၊
(၉) ဝါ - ကောသမ္ဗီပြည်၊ ဃောသိတာရုံ၊ ကုက္ကုဋာရုံ၊ ပါဝါရိကာရုံကျောင်းများ၊
(၁၀) ဝါ - ပါလိလေယျက တောအုပ်၊
(၁၁) ဝါ - နာဠကပုဏ္ဏားရွာ၊ နာဠိကာရုံကျောင်း၊
(၁၂) ဝါ - ဝေရဉ္ဇတိုင်း၊ နဠေရု တမာပင်ရင်း၊
(၁၃) ဝါ - စာလိယတောင်၊
(၁၄) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊
(၁၅) ဝါ - ကပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း၊
(၁၆) ဝါ - အာဠဝီပြည်အနီး၊ မဟာဝုန်ကျောင်း၊
(၁၇) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၁၈) ဝါ (၁၉) ဝါ - စာလိယတောင်၊
(၂၀) ဝါ - ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်း၊
(၂၁) ဝါ မှ (၃၉) ဝါ - သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၊
(၄၀) ဝါမှ (၄၄) ဝါ - - သာဝတ္ထိပြည်၊ ပုဗ္ဗာရုံကျောင်း၊ (၄၅) ဝါ - ဝေဠုဝရွာ။
အရှင်ဝရသာမိ
https://shinsami.blogspot.com
0 comments:
Post a Comment
ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊