Monday, September 7, 2009

သေတယ်ဆိုတာ

လူတစ်ယောက်ဟာ သေ သွားတယ်ဆိုပါစို့
​စုတိစိတ်ကျတာ နဲ့ (ရုပ်) ခန္ဓာကော (နာမ်)ဝိဉာဉ်ကော
နှစ်ခုလုံး ပျက်စီးသွားတာ ရုပ်ပျက်စီးသွားပေမယ့် ဝိညာဉ်က
မသေဘူးဆိုတဲ့ အယူအဆ မဟုတ်ဘူး

အိမ်မှာ ၇ ရက် နေသေးတယ်ဆိုတဲ့ အယူအဆလည်း မဟုတ်ဘူး
သေ သွားပြီး အိမ် မှာ မကျွတ်လွတ်သေးပဲ
လိုက် ခြောက်နေတယ် ဆိုရင် အဲဒါဟာ နောက်ဘဝ
နောက် ခန္ဓာတစ်ခုကို ယူထားတာ ပြိတ္တာဘုံဘဝကို
ရောက်နေတာပဲ ဖြစ်လိမ့်မယ် ဝိညာဉ် က လိုက်ချောက်နေတာ မဟုတ်ဘူး သေပြီဆိုတာနဲ့
ရုပ် + နာမ် နှစ်ခုလုံးသေတာ တဖက်ကို ကူးသွားတဲ့ ရုပ် + နာမ်က
အသစ်ဖြစ်သွားတဲ့ ရုပ် + နာမ် ရုပ်ကပဲ သေပြီး နာမ်က မသေဘဲ
နောက်ဘဝ နောင်ခန္ဓာဆီ ကူးသွားတာ မဟုတ်ဘူး

ဥပမာ သင်က
ရန်ကုန် ဧရာဝတီဘဏ်ကနေ မန္တလေးမှာ ရှိတဲ့ မိတ်ဆွေဆီ
ငွေတသိန်း လှမ်းလွှဲလိုက်တယ် ဆိုပါစို့
အဲဒီငွေကို မန္တလေးက လူက ထုတ်ယူလိုက်တယ်
သူထုတ်ယူတာက သင်ပို့လိုက်တဲ့ ငွေတစ်သိန်း မဟုတ်ဘူး
သင်က တစ်သောင်းတန် ဆယ်ရွက် ပို့တာ ဖြစ်မယ်
ဟိုဘက်က ထုတ်ယူတာ ၅ ထောင်တန် အရွက် ၂၀ လည်း ဖြစ်လိမ့်မယ်
သင်ပို့လိုက်တဲ့ ငွေကိုပဲ ရန်ကုန်ဘဏ်ကနေ မန်းဘဏ်ကို
လှမ်းပို့တာ မဟုတ်ဘူး ဒီဘက်က တသိန်း ပို့လိုက်တဲ့
အကြောင်းကြောင့် ဟိုဘက်က တန်ဖိုးတူ တသိန်း ထုတ်ယူလို့ရတဲ့ အကျိုးကို ရတာ

ဒီလိုပဲ ဒီဘဝမှာ လုပ်ခဲ့တဲ့
ကုသိုလ်/ အကုသိုလ် အကြောင်းကြောင့်ပဲ
​နောက်ဘဝ နောင်ခန္ဓာမှာ ကောင်းတဲ့/ မကောင်းတဲ့ အကျိုးတွေကို ရယူကြရတာပါ
ဘယ်လို အကြောင်းတွေ လုပ်သလဲဆိုတာ သင့်အပေါ်မှာပဲ မူတည်တယ်
တချို့ မသိဘဲ လွဲနေကြတာ တွေ့လို့ အကျဉ်းချုပ်လေး ရှင်းပြတာ
+++

သျှင်သာမိ - မုံရွာ
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊