Saturday, November 21, 2009

ဓမ္မစေတီ ဥိးကောသလ္လ၏ ဆရာများ--အပိုင်း(၁)


ဦးဥက္ကသဗုဒ္ဓိ သည် ဆူးလေ ဦးမြင့်သိန်း၏ တပည့်

ဤ စကားကို သက်သေခံမရှိပဲ ပြောလျှင် တရားဥပဒေ အရ တရားစွဲခံရဖွယ် ရှိပါသည်။ ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင်
အဗ္ဘုတဒီပနီ၊
ဥိးမြင့်သိန်း၊ ရန်ကုန်မြို့၊ ဆူးလေ ဓမ္မကထိကဆရာကြိး”
ဟူ၍ မျက်နှာဖုံးပေါ်မှာ စာတန်း သုံးခုပါရှိသော စာအုပ်၏ ပန်ကြားလွှာအောက်မှာ-

“ဆရာကြိး၏ သက်တော် (ပ) ထေရဝါဒ တပည့်များနှင့် တကွ (ပ) ဤကဲ့သို့
ပုံနှိပ် ဖြန့်ချီနိုင်ရန် အစီစဉ် ရှိပြီး ဖြစ်ပေရာ လက်ရေးတိုနည်းဖြင့် ရယူရသည် မဟုတ်သော ဤမှတ်ချက်သည် မှတ်ချက်သဘာဝလျောက် ဆရာကြိးကိုယ်တိုင်
ဟောကြားသည်ကို နာယူဖူးသော ပါရမီ ရှင်တို့ အတွက် လိုလျှင်ဖြည့် ပိုလျှင်လျှော့ ပြုနိုင်ပါသော်လည်း (ပ) ပန်ကြားအပ်ပါသည်။
တပည့်များ ဟူ၍ ပါရှိပါသည်။

ပန်ကြားလွာ ဒုတိယပိုင်း အနေဖြင့်

နိကာယ ဆေက၊ နိကာယ ကောဝိဒ၊ နိကာယ ဘာဏက ဖြစ်သော
ရန်ကုန်မြု့ိ ဆူးလေ ဓမ္မကထိက ဆရာကြိး ဥိးမြင့်သိန်းသည်
(ပ)
ဥိးမြင့်သိန်း ၏ ကောင်းနိုးရာရာတရားတို့ကို
ဦးဥက္ကသံဗုဒ္ဓိ နှင့် မောင်ရွှေဘသိန်း တို့သည် ညစဉ်လိုလို
သုံးလခန့် ဆရာကြီးအား ဖတ်ပြ ပြင်ဆင်ခဲ့ကြပါသည်။ (ပ)

ထေရဝါဒ သာသနာ့ မာမက သံဃအဖွဲ့ချုပ်
ပဋိဝိသောဓက အဖွဲ့

(၁) ကျိုက္ကစံ ပဌမရွှေကျင် တိုက်အုပ်ဆရာတော်
ထေရဝါဒီ ဥုးဧသိက(မဟာနာယက)
(၂)သင်္ဃန်းကျွန်း မဟာအောင်မြေ ရွှေဂူတိုက်သစ်
ဆရာတော် ထေရဝါဒီ ဥိးအရိယဝံသာဘိဓမ္မ
(ဂဏဝါစက) ဥက္ကဌ။
(၃).......
(၄)..........
(၅)....................
(၆) သာကေတမြို့ အာဒိကာရုံ ကျောင်းတိုက် အဘယာရာမ ကျောင်း
ထေရဝါဒီ အသျှင်သောဘဏာဘိဝံသ(ဓမ္မာစရိယ) နဝကမ္မမူး။

.....(ပ)........
ပြင်ဆင်ပြီး၍ ထေရဝါဒ သာသနာ့မာမက အဖွဲ့ချုပ် လူကြိးမင်းများ၊
ဥိးသောင်းတင်- ဥက္ကဌ၊
ဥိးစံလှိုင်- အကျိုးဆောင်၊
ဥိးဘသင်- ဒု အကျိုးဆောင်၊ ဦးကြိုင်ကြိုင် (ဘဏ္ဍာရေးမူး)
...(ပ)....
အသင်းကြီး တိုးတက်သော်လည်း ဣန္ဒြေရရ နှင့် အကြောင်းသတ်
ဝိပဿနာ တည်တံ့ရေး ကြိုးပန်းရသည်ကား ဘေးက ကြည့်သူပင်
သက်သာအံ့ - မထင်ပါ
(ပ).......
၁၃၃၆-ခု၊ နယုန်လဆုတ် ၄ ရက်၊
(၈.၆.၇၄) စနေနေ့
ဥုးအရိယဝံသဓမ္မ (ခ)ဥုးဥက္ကသံဗုဒ္ဓိ၊
မဟာအောင်မြေ ရွှေဂူတိုက်သစ်၊
သင်္ကန်းကျွန်း၊ ရန်ကုန်မြို့၊

ဟူ၍ ပါရှိပါသည်။
ဤသည်တို့ကို ထောက်၍ ဥိးဥက္ကသဗုဒ္ဓိသည် ဆူးလေ ဥိးမြင့်သိန်း ၏
အဓိကကျသော တပည့်ကြိး တစ်ဥိးဖြစ်ပါသည်။
၎င်း၏ တပည့် ဓမ္မစေတီ ဥိးကောသလ္လသည်ကား.........

ဥိးမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသဗုဒ္ဓိသည် အဓမ္မဝါဒီ

ဤစကားသည်လည်း သက်သေခံမရှိပဲပြောလျှင် တရားစွဲခံရမည့် စကားပေတည်း။
ထို့ကြောင့် သက်သေခံကို ထုတ်ပြရလျှင်
မျက်နှာဖုံးပေါ်မှာ
ပြည်ထောင်စုမြန်မာနိုင်ငံတော်- နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ညွန်ကြားလွာများ
ညွန်ကြားအမှတ်- (၁) မှ (၉၃)ထိ-
ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ -
သာသနာရေးဝန်ကြိးဌာန-သာသနာရေးဥိးစီးဌာန
ကမ္ဘာအေး စာပုံနှိပ်တိုက်၌ ရိုက်နှိပ်သည်။
သာသနာ-၂၅၅၂၊ ကောဇာ-၁၃၆၉၊ ခရစ်-၂၀၀၈” စာတန်းများပါရှိသော စာအုပ်
စာမျက်နှာ (၁၉၆-၁၉၉) တို့တွင်

“ညွန်ကြားလွှာ အမှတ်(၅၀) ဆူးလေဦးမြင့်သိန်း၏ ထေရဝါဒ အမည်ခံ တရားဓမ္မများနှင့်
ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် ညွန်ကြားခြင်း
(၂၂-၁-၈၃) (၁၀-၁၁-၄၄).....(ပ).........ဆူးလေဥိးမြင့်သိန်း၏ တရားဓမ္မများကို
ဒဿမ အစည်းဝေးက ဆွေးနွေးစိစစ်၍
အဓမ္မဝါဒ
အဝိနယဝါဒ များအဖြစ် ဆုံးဖြတ်သတ်မှတ်ပြီး ယင်းအဓမ္မဝါဒ များကို
နိုင်ငံတဝန်းလုံး၌ တားမြစ်ပိတ်ပင်စေရေးအတွက် မြို့နယ်သံဃနာယက အဖွဲ့များသို့
ညွန်ကြားရန်”..........(ပ)...........

ဘဒ္ဒန ္တဣန္ဒာစာရ(အဘိဓဇ မဟာရဌဂုရု) ဥက္ကဌ ဆရာတော်၊
ဘဒ္ဒန ္တတေဇောဘာသာဘိဝံသ-တွဲဖက် အကျိုးတော်ဆောင်ဆရာတော်”
ဟူ၍ ပါရှိသည်။

ဤသည်တို့ကို ထောက်၍ ဆူးလေ ဥိးမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသဗုဒ္ဓိသည် အဓမ္မဝါဒီ- ဖြစ်ပါသည်။ ဥိးဥက္ကသဗုဒ္ဓိ၏ တပည့်
ဓမ္မစေတီ ဥိးကောသလ္လသည် အဓမ္မဝါဒီ ဖြစ်ပါသည်။

ဓမ္မစေတီ ဥိးကောသလ္လသည် ဆူးလေဦးမြင့်သိန်း၏
အဓမ္မဝါဒကို ဆက်လက် စွဲယူဖြန့်ချီနေသူ အဓမ္မဝါဒီဖြစ်ကြောင်း
သူဟောကြားသော “ဒဿန သမ္ပဒါ” တရားများကို ထုတ်ပြ၍ ဖြေရှင်းပေးပါမည်။

ဓမ္မစေတီရှင်းတမ်း
စာအုပ်(ထေရဝါဒ ဆိုင်းဘုတ်အောက်မှာ အမှားဝင်္ကပါ)
ဒီမှာ ဒေါင်းလုဒ်လုပ်ယူ၍ ဖတ်နိုင်ပါသည်..
http://www.sendspace.com/file/jbyo2g


ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

2 comments:

  1. ဘယ်တရားမှန်/မမှန်လူအားလုံးစီစစ်ပိုင်ခွင့်ရှိသည်ဟုထင်သည်။
    ရိုးရာသည်မကောင်းကပစ်သင့်ကပစ်ရမည်။
    လိုရင်းမရောက်သော၊ခလုတ်ဆူးငြှောင့်များကိုရှင်းလင်းရမည်
    အားလုံးညှိုနှိုင်းမှအဆင်ပြေမည်ထင်သည်
    ငါမှန်/သူမှားကားအမှန်သို့ရောက်ဖို့လိုနေမည်

    ReplyDelete
  2. တပည့်တော်လေးလေးနက်နက်ပြောလိုသည်ကတော့ တပည့်တော် တတ်နိင်တဲ့ဘက်နေ သာသနာကိုကာကွယ်ရင်း ရတနာသုံးပါးကို သက်ဝင်ယုံကြည်ကိုးကွယ်အားထားသူတစ်ယောက်ဖြစ်ပါတယ် ခုလို ဖြစ်တာကတော့ ဓမ္မစေတီဆရာတော်ရဲ့တရားခွေတွေကို ပထမတော့ အပြင်းပြေနာထောင်ရင်းကနေ နောက်ပိုင်းနှစ်သက်စွာ နာယူလာပြီး ဆရာတော်တွေရဲ့တရားတွေကို နာတတ်လာတာဖြစ်လို့ အမှန်ပြောရရင် ဓမ္မစေတီဆရာတော်ကို ခုလိုရေးသားထားတာကိုတော့ စိတ်မကောင်းဖြစ်မိပါတယ် ဘယ်ဘာသာကိုမှ ယုံကြည်မှု့မရှိခဲ့တဲ့ တပည့်တော်ကို အလင်းဖွင့်ပေးသူကတော့ ဓမ္မစေတီဆရာတော်ဖြစ်ခဲ့ပြီး ယခုချိန်မှာ ဘာသာတရားကို လေးလေးနက်နက်လေ့လာလိုစိတ် ကြည်ညိုလိုစိတ် ပွားများလာအောင် သွန်သင်ခဲ့တဲ့ ဓမ္မစေတီရဲ့တရားခွေတွေက ကျေးဇူးကြီးမားလွန်းပါတယ် လက်ဦးဆရာလို့တောင်ပြောလို့ရပါတယ် အပြင်မှာတော့ တရားပွဲတွေမှာသာ ဖူးဘူးတာပါဘုရား

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊