Saturday, November 21, 2009

ဓမ္မစေတီ ဟောတရားနှင့် သူ၏ဆရာများ (အပိုင်း-၂)


ဘုန်းကြိးတွေသီလရှင်တွေက ကလေးမွေးတယ်

သြစတြေးလျားနိုင်ငံတွင် ဟောကြားခဲ့သော ဒဿနသမ္ပဒါ (၈) ချပ်ထဲတွင် ဤသို့ ဟောကြားထားပါသည်..........

“ဥိးကောသလ္လက ပိဋကတ်စာပေတွေကို မသင်ခင်မှာပဲ ဆရာတော်ကြီး
(ဆူးလေ ဥိးမြင့်သိန်း၏ တပည့်ကြိးဖြစ်သူ ဥိးဥက္ကသံဗုဒ္ဓိ) က“ဒီထေရဝါဒတရားတွေ၊
ဒီဝိပဿနာ တရားတွေ” ကို ၂ နှစ်လောက်အထိ သင်ပေးတာ။
ဒါကြောင့် ဥိးကောသလ္လ က ဝိပဿနာတရားတည်သူ- ဖြစ်နေတော့
မန ္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။
“ဆရာကြိးရဲ့ သင်တန်းမှာ “ဘုန်းကြိးတွေ သီလရှင်တွေက ညညဆိုရင် ကလေးမွေးတယ်လို့
မိန့်တယ်။ အဲဒါကို မသိဘူး။ ငယ်ငယ်တုန်းကပေါ့။ အဲဒီဟာကို ဝိပဿနာ သင်တန်းလာတက်ကြတဲ့
ဘုန်းကြီးတွေကို မေးရတယ်။
နောက်တော့ ပိဋကတ်တော်တွေကို သိလာတော့ “ရာဂပုတ္တံ ဝိဇာယတိ- စက္ခု နဲ့ ရူပါရုံ ဆုံမိတော့
စွဲလမ်းပြီး ရာဂဆိုတဲ့ သားကို မွေးတာပဲ” လို့ အဖြေရလာတယ်။

အထက်ပါ ဟောပြောချက်တွင် ဓမ္မစေတီ ဥိးကောသလ္လသည် ဥိးဥက္ကသံဗုဒ္ဓိ၏ တပည့်
ဥိးဥက္ကသံဗုဒ္ဓိ သည် ဆူးလေ ဥိးမြင့်သိန်း၏ တပည့်

ဆူးလေ ဥိမြင့်သိန်းသည် အဓမ္မဝါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သည် အဓမ္မဝါဒီ
ဥိးဥက္ကသံဗုဒ္ဓိ သင်တန်းပေးရာ ထေရဝါဒ အမည်ခံ သင်တန်းစာများနှင့်
ဝိပဿနာတရား အမည်ခံ သင်ခန်းစာများသည် အဓမ္မဝါဒ၊
ထို့ကြောင့် ဥိးကောသလ္လသည် အဓမ္မဝါဒီ၊
ဥိးကောသလ္လ ဟောနေသော ထေရဝါဒ အမည်ခံတရားများနှင့် ဝိပဿနာတရားများသည်
အဓမ္မဝါဒ၊ သို့ဖြစ်၍ ဥိးကောသလ္လသည် အစစ်အမှန်ဖြစ်သော ဝိပဿနာတည်သူမဟုတ်။
အတုအယောင်ဖြစ်သော ဝိပဿနာတည်သူ ဖြစ်၏။
ဥိးဥက္ကသံဗုဒ္ဓိ၊ ဥိးကောသလ္လ အစရှိကုန်သော ထေရဝါဒ အမည်ခံဘုန်းကြီးတို့သည်
ရာဂသားမွေးတတ်သူ တဏှာတမားများ ဖြစ်၏။
ဗုဒ္ဓသာဝက အစစ် ထေရဝါဒီအစစ်ဖြစ်ကုန်သော ဘုန်းကြိးများတွင်
ညညမှာ ရာဂသားမွေးတတ်သူများလည်း ရှိကြပေလိမ့်မည်။
ဘာဝနာ တရားပွားများသူလည်း ရှိကြပါလိမ့်မည်။

((((((မန္တလေးသွားပြီး
စာသင်တာ -၃- နဲ့ စာတတ်လာပါတယ်။
ပိဋကတ်တွေကို မမေ့တော့ဘူး။))))))
သုံးလနှင့် ပိဋပတ်တော်တွေ တတ်သွားတာတော့ တော်တော်
အံ့သြစရာကောင်းပါသည်။
တိပိဋကတ် စာမေးပွဲ ဘာကြောင့်ဝင်မဖြေသလဲ မသိဘူး။
စာရှူသူ့တို့ပဲ မေးကြည့်လိုက်ကြနော် .........

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

2 comments:

  1.ွှအရှင်ဘုရား ဦးကောသလ ဟောကြားသောတရားများကိုထောက်ပြသော ကြောင့် ကျေးဇူးတင်ပါတယ်ဘုရား ဦးကောသလ ဓမ္မစေတီဟောသော တရား အားလုံးအားလုံးသည် အဓမ္မ၀ါဒီကိုဦးတည်ပါသလော(ထေရ၀ါဒလုံးဝ မစစ်သော တရားများဖြစ်ပါသလော မိန့်ကြားပေးပါ။ အဓမ္မ၀ါဒီဟု ကောက်ချက်ချသောကြောင့် ဟောကြားတော်မူခဲ့သော တရားအားလုံးကို ထေရ၀ါဒမစစ်ဟု အဖြေကို တပည့်တော်မလိုချင်ပါဘုရား....

    ReplyDelete
  2. တခုတော့ထောက်ပြခြင်တယ် ဗုဒ္ဓဘာသာမှာသာသနာတော်ကိုတကယ်တန်းစောင့်ရှောက်နိုင်ကြဘို့ 
    အတွက် ဗုဒ္ဓဘာသာနိုင်ငံတွေစုပေါင်းပြီးဖွဲ့ စည်းထားသော စုစည်းနိုင်သော အာဏာစက်ပြန့် လွှတ်
    ဆောင်ရွက်နိုင်သော (မည်သည့်နေ၇ာမဆို) အဖွဲ့ အစည်းဟူ၍ မတွေ့ မိ၇သည်မှာ သာသနာတော်
    အတွက်ဝမ်းနဲစ၇ာပင်ဖြစ်ပါသည်။ အထူးသဖြင့် သီလမရှိသော သင်္ဃန်းအေ၇ခြုံ၍လုပ်စားနေကြသော
    ၇ဟန်းတု များဟာနိုင်ငံတကာလှည့်ပတ်ပြီးလိမ်စားသူကလိမ်စားနေကြ မိန်းနဲ့ အတူနေပြီးသင်္ဃာန်း
    မချွတ်၇ဲဘဲညာတောင်းစားနေသူကညာတောင်းနဲ့ တွေ့ နေကြ၇တာသာသနာတော်အတွက်အမှိုက်တွေ
    ကိုေ၇ာက်ရှိနေတဲ့နိုင်ငံ နေ၇ာမှာထိဘု၇ားအဏာစက်မေ၇ာက်ရှိနိုင်တာဝမ်းနဲစုး၇ာပင်ဖြစ်၏။ ဒီအတွက်
    နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ အစည်းထဲမှာပြတ်သား၇ဲ၇င့်စွာဆောင်ရွက်နိုင်သောမှန်ကန်သော
    သံဃာတော်ငယ်များ နေ၇ာပေး၍ဆောင်ရွက်စေခြင်း စီစစ်စေခြင်း မည်သည့်နေ၇ာမဆို နိုင်ငံ့တာဝန်
    ရှိသူများနဲ့ ပူးပေါင်း၍ ဆ၇ာ ဒကါ လက်တွဲညီကာလိုက်လှန်၍အေ၇းယူဆောင်ရွှက်ပေးနိုင်မယ်ဆို၇င်
    တော့ သာသနာတော်အတွက်ဝမ်းမြောက်စ၇ာပင်ဖြစ်လိမ့်မည်ဟုယုံကြည်မျှော်လင့်မိပါတယ်။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊