Friday, August 10, 2012

ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ



ဘုရားရှိခိုးရခြင်း(ဗုဒ္ဓါနုဿတိ ဘာဝနာပွားများရခြင်း)၏ အကျိုးကျေးဇူးများ

၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ်ကျိုးနွံခြင်း ရှိ၏။

၂။ (က) ရတနာသုံးပါ၌ ယုံကြည်မူ့၊ ကံကံ၏ အကျိုး၌ ယုံကြည်မူ့ သဒ္ဓါတရားများတိုးပွားလာ၏။
(ခ) အမှတ်သတိကောင်းလာ၏။
(ဂ) ဉာဏ်ပညာ ထက်မြက်လာ၏။
(ဃ) ကုသိုလ် တရားတိုးပွားလာ၏။

၃။ နှစ်သက်ခြင်း ပီတိ၊ ဝမ်းမြောက်ခြင်း ပါမောဇ္ဇ တရားများ တိုးပွားလာ၏။

၄။ (က) ဘေးကြီး ဘေးငယ်များ ရင်ဆိုင်ရဲလာ၏။
(ခ) တွေ့ကြုံလာသော ဒုက္ခများကို သည်းခံနိုင်လာ၏။

၅။ ဘုရားရှင်နှင့် အတူနေရသလို မှတ်ထင်လာ၏။

၆။ ဂုဏ်တော်ပွားခြင်းဖြင့် ထုံမွမ်းထားသော ထိုသူ၏ ကိုယ်သည်လည်း
စေတီအိမ်ပမာပူဇော်ခြင်းငှါ ထိုက်လာ၏။

၇။ ဘုရားအဖြစ်၌ စိတ်ညွတ်လာ၏။

၈။ မကောင်းမှုပြုရန် အခွင့်ကြုံလာသော်လည်း မိမိ၏ ရှေ့မှောက်၌ ဘုရားရှင်ကို ဖူးမြင်နေရသကဲ့သို့
ဖြစ်ကာ အရှက်အကြောက် တရားများ ဖြစ်ပွားလာ၏။

၉။ ယခုဘ၀ အထက်မဂ် ဖိုလ် မရသည်ရှိသော် သုဂတိ ဘဝသို့ လားရောက်ရ၏။

(ဝိသုဒ္ဓိမဂ္ဂ၊ ၁၊ ၂၀၆)

အရှင်ဝရသာမိ 
https://shintharmi.blogspot.com

1 comment:

  1. တပည့်တော်တော့ share သွားပါပြီ။ ကျေးဇူးတင်ပါတယ်ဘုရား။ ခုမှ ဒီဆိုဒ် ကို သိတဲ့အတွက် အရမ်းနောက်ကျတယ်လို့ ခံစားရပါတယ်။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊