Monday, October 12, 2009

နိုင်ငံတကာတို့၏ ကိုးကွယ်သည့် ဘာသာများ

ဗုဒ္ဓ(သိဒ္ဓတ္ထ ဂေါတမမြတ်စွာဘုရား) 

ခမည်းတော် -သုဒ္ဓေါဓန 
မယ်တော် -မာယာဒေဝီ 
မဟာသက္ကရာဇ် ၆၇ ခုနှစ် ဝါဆိုလပြည့် ကြာသမတေးနေ့ ပဋိသန္ဓေယူ 
မဟာသက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖွားမြင်တော်မူ (BC 623) 
မဟာသက္ကရာဇ် ၉၇ ခုနှစ် ဝါဆိုလပြည့် တနလာၤနေ့ တောထွက် 
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘုရားဖြစ် (BC 588) 
ဝါဆိုလပြည့် စနေနေ့ ဓမ္မစကြာတရားဟော 
မဟာသက္ကရာဇ် ၁၄၈ ခုနှစ် ကဆုန်လပြည့် အဂါၤနေ့ ပရိနိဗ္ဗာန်စံ (BC 543) 

ဆောင်ပုဒ်။ ။ မ၊ သိ၊ ကြ၊ လျှင်၊ တွေး၊ ဆ၊ ဦး။

ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံများ
မြန်မာ 
ထိုင်း 
ကမ္ဘောဒီးယား 
သီရိလကာၤ 
လာအို 

မဟာယာန ဗုဒ္ဓဘာသာကို ကိုးကွယ်သည့် နိုင်ငံများ 

တရုတ် 
ရုရှား 
ဂျပန် 
ကိုးရီးယား 
ဗီယက်နာမ် 
ဘူတန် 
(အမေရိကန် နှင့် အနောက်နိုင်ငံများတွင်လည်း ဗုဒ္ဓဘာသာ လူဦးရေထွန်းကားလျှက်ရှိ) 
ကမ္ဘာပေါ်တွင် ဗုဒ္ဓကို သက်ဝင်ယုံကြည်သူ သန်း ၅၀၀ လောက်ရှိပါသည်။ 

ခရစ်တော်(တမန်တော် ယေရှူ ဘုရား) 

ရောမမြို့သက် ၇၅၃ ခုနှစ် (အောက်တေးဘီးယက်ဘုရင် ပဲလေတိုင် နန်းတော်တွင် မင်းဧကရာဇ် စည်းစိမ်ကို ခံစားစဉ် ဘက်တလင်မြို့ တခုသော နွားတင်းကုတ် အတွင်း၌ လက်သမား အလုပ်ဖြင့် အသက်မွေးသော အဖ ဂျိုးဇက် အမိ မေရီ တို့မှ သခင်ယေရှူ မည်သော သားတဦးကို ဖွားမြင်ခဲ့ပါသည်။ ၁၆ ရာစုခေတ် ဥရောပတလွားကမ္ဘာပေါ်တွင် ထင်ရှားသော ခရစ်ယာန် ဂိုဏ်းကြီးသည် ရိုမာန်ကက်သလစ်ဂိုဏ်း ပရိုတက်စတင့်ဂိုဏ်း ဟု ဂိုဏ်းနှစ်ဂိုဏ်း ကွဲခဲ့ပါသည် ထိုကဲသို့ ကွဲပြီးနောက် ဥရောပနိုင်ငံများဖြစ်သော ဂျာမဏီမြောက်ပိုင်း ဆွစ်ဇာလန် ဟော်လန်(နယ်သာလန်) ဆွိဒင် နော်ဝေး အင်္ဂလန် စကော့တလန်ပြည်များသည် ပရိုတက်စတင့် ဂိုဏ်းဝင်များဖြစ်ကြသည်။ (ပရိုတက်စတင့် ဆိုသည်မှာ ရိုမာန်ကက်သလစ်ဂိုဏ်းဝင် များကို ကန့်ကွက်သူများဟု အဓိပ္ပါယ်ရပါသည်) ဂျာမဏီတောင်ပိုင်း အီတလီ စပိန် ပေါ်တူဂီ ပြင်သစ် စသောဥရောပတောင်ပိုင်နိုင်ငံများသည် ရိုမာန်ကက်သလစ်ဂိုဏ်းဝင်များဖြစ်ကြသည်။ 
(ရိုမာန်ကက်သလစ် ဆိုသည်မှာ သခင်ယေရှူကို ကိုးကွယ်သူများဖြစ်ပါသည်)

အရှင်ဝရသာမိ 
https://shinsami.blogspot.com

0 comments:

Post a Comment

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊