Saturday, November 21, 2009

ဓမ္မစေတီ၏ဟောတရားအမှားများနှင့် သူ၏ဆရာများ(အဆက်-အပိုင်း-၄)


သြစတြေးလျနိုင်ငံတွင်ဟောပြထားသည့်
ဒဿနသမ္ပဒါ ၈-ချပ်တို့ထဲက
အမှတ်(၅)၌ ဤသို့ ပါရှိကြသည်။

(က) ကျွန်ုပ်က ဆရာညွန့်ရဲ့တပည့်ဖြစ်ခြင်းကြောင့် ကျွနု်ပ်က
ဂိုအင်ကာတိ့ုရဲ့ တတိယဆရာ။ (မာစတာအော့ဖ်မာစတာ)။
ပါဠိလိုဆိုရင် အာစရိယပါစရိယပါ။
မြန်မာလိုကျတော့-ဆရာ့-ဆရာရဲ့ ဆရာ။
ဒါပေသိ ကံမကောင်း အကြောင်းမသင့်ခဲ့တော့...။
ဗမာပြည်မှာ အဲသလိုမျိုးတွေ ရှိပါတယ်။

(ခ) ဓမ္မစေတီတရားက လွယ်လွယ်နဲ့ မဖြစ်ခဲ့ဘူး။ ကျွန်ုပ်က
လွယ်လွယ်နဲ့ မပေးဘူး။ ပေါသွားမှာစိုးလို့။
မြန်မာပြည်မှာ တန်ဖိုးရှိတဲ့ အရာတွေဟာ ဒီလိုပဲ ပျောက်ကွယ်တတ်ပါတယ်။
အခု ဟောတော့မယ့် ဒဿနသမ္ပဒါနည်းဟာလဲ ဒီလို ခက်ခက်ခခဲ ရှာရှာဖွေဖွေ
ရှာရပါတယ်။
ရှာလိုက်တဲ့အခါမှာ အဲဒီဆရာကြီး ဦးညွန့်။
ဦးညွန့်ရဲ့တပည့်က ဆရာသက်ပါ။
ဓမ္မာစရိယဦးဌေးလှိုင်က “ဦးညွန်ဆိုတာ ဖိုဝင်တောင် လူသူတော်
ဆရာကြးီ ။
(သူက ပုတီး ဆရာကြးီ မျှသာ ဖြစ်ခြင်းကြောင်-” လု့ိ ရေးလိုက်
တဲ့အတွက်ကြောင့် တိုင်းပြည် ဒုက္ခရောက်သွားပါတယ်။ အဲသလိုနဲ့
ဆရာညွန့် မြုပ်သွားတယ်။
ဖိုဝင်တောင်နားမှာ ဆရာကြီးဦးညွန့်က လူဝတ်ကြောင်နဲ့
ဓာတ်တော် ကျခဲ့ပါတယ်။ ဓာတ်တော်စေတီ တည်ခဲ့ပါတယ် ။
“ထဘီပုဆိုးဝတ်၍ ဓာတ်တော်ကျနိုင်ပါတယ်” ဆိုတာကို
ဒီ ဆစ်ဒနီ မြို့မှာ ဓမ္မစေတီ ဦးကောသလ္လ’ ဟောခဲ့ပ ါတယ် ။
(ဆရာကြီးဦးညွန့်ရဲ့ ပုတီးစိပ်နည်းအတိုင်း)သာကေတမှာ
ကျုပ်က တစ်ရက်- ပုတီးပတ်ရေ ၂၀၀-ကျော်လောက် စိပ်ခဲ့ပါတယ်။

(ဂ) အဲဒီနည်းနဲ့ ဘိုးတော်သန်းလှဆိုတာ ဖိုဝင်တောင်မှာ
ပုတီးစိတ်ပြီး အောင်မြင်ပ ါတယ် ။
သူ့ကို နဝတက လက်ထ ဲထည့်သွားပါတယ်။
အဲဒီကနေ သူက ဆရာညွန့်ရဲ့ ရုပ်တုတော်ကြီးကို
ဘိုးတော်အောင်မင်းခေါင် အဖြစ်ပြောင်းထည့်လိုက်တယ်။
ဆရာညွှန့်ပျောက်သွားပါတယ်။
ပြီးတော့ ဆရာညွှန့်ရဲ့ဓာတ်တော်စေတီကိုလဲ “ဘိုးတော်သန်းလှ-နေလစေတီတော်”
လို့ဆိုပြီးတော့ ပြင်ထည့်လိုက်ပါတယ်။ ဒါက ပထမတစ်ယောက်
ရဲ့ မှားယွင်းချက်ပါ။

(ဃ) ဒုတိယတစ်ယောက် မင်းသိင်္ခရောက်လာပြီး အဲဒီမှာ
အဓိဋ္ဌာန်ဝင်ပါတယ်။ အောင်မြင်သွားပါတယ်။ အောင်မြင်
သွားပြီးတော့ သူက “ဧကံ သ ဗျာကရဏစေတီ”လု ိ့ ထပ်လုပ်လိုက်ပါတယ်။
ဆရာကြီး ဦးညွန့်ရဲ့ ဓာတ်တော်စေတီက တတိယ
နာမည် ရသွားပါတယ်။
အဲဒါတွေကို အဲဒီနားက ကျောင်းဆရာတော်အား လျှောက်ထားခဲ့ပါတယ်။
“အရှင်ဘုရား-အဲဒီစေတီကို ဖျက်ပစ်လိုက်ပါဘုရား။
အရိယာသူတော်စင်ကြီးတစ်ပါး-ပရိနဗ္ဗာန်စံပြီးတော့ဓာတ်တော်ကျတဲ့
ဒီလိုနေရာမှာ မဟာယာနတွေကနေ အပိုလုပ်တာတော့ ရင်နာ
စရာကောင်းတယ်”လို့ ဘုန်းကြီးက ပြောခဲ့ပါတယ်။ ဖျက်တာ
မဖျက်တာက အရှင်ဘုရားတို့ရဲ့ တာဝန်။ သမိုင်းအမှန်ကို ပြောတာ
က တပည့်တော်ရဲ့တာဝန်။

(င) ဒီလိုဆိုရင် အဲဒီဆရာကြီး ဦးညွန်က (ယခုအသက်-၉၉ နှစ်)-
ဘုန်းကြီးကို တွေ့ချင်တယ်-တဲ။ ပင့်ပါတယ်။ သူက မုံရွာမှာနေတာ။
ကျွနု်ပ်က နောက်ဆုံးတပည်ပါ။ ကောသလ္လ’က ဒီတရားတွေဟောနေ
တယ်ဆိုတော့... ငါဟာ ဆရာကြီးဦးညွန့်ရဲ့တပည့်ပါ။
လယ်တီဆရာတော်ဘရားကတောင်မှ တစ်ခါတစ်ရံ ကိုညွန့်ကလဲကွာ-ဆိုပြီး
သြချလောက်ပါတယ်။ ဦးညွန့်ဟာ အဲသလောက်အထိ ဝိပဿနာ
ထိပ်တန်းရောက်ပါတယ်။
အခု(၂၀၀၇ ခုနှစ်)မှာ ရှိပါသေးတယ်။ ဘုန်းကြီး(ကောသလ္လ’)နဲ့
၁၉၉၆-ခုနှစ်မှာတွေ့တော့ ဦးညွန့်က ၉၇-နှစ် ပါ။ အဲဒီမုံရွာနယ်
တစ်နယ်လုံးမှ ာ ဘု န်းကြီးကျောင်းလဲ မသွားဘဲ ဘုရ ားလဲ
မသွားဘဲ ဆရာညွန့် ဘက်လှည့်ပြီး “ဒီနေ့ ဥပုသ်ဆောက်တည်
ထားပါတယ်” ဆိုရင် အဲဒီမုံရွာနယ်မှာ တစ်နယ်လုံး ...။

(စ) ကျွန်ုပ်-ဘယ်သူလဲဆိုတာ ဒီလောက်ဆိုရင် သဘောပေါက်
လောက်ပါပြီ။ အဲဒီဆရာကြီးဦးညွန့်ရဲ့ ဝိပဿနာတွေပါ။
အဲဒီဆရာကြီးရဲ့ နည်းစနစ်တွေပါ။
ကျမ်းအနေနဲ့ကတော့ “ပညာနေတ္တိ ဝိပဿနာကျမ်း”လို့ ဆိုပါတယ်။
အဲဒီကနေ ဒဿနသမ္ပဒါနည်း-
လာတာပါ။

(ဆ) ဦးသြဘာတိုဦးဖိုးရှမ်းတို့ ဦးစန္ဒိမာတို့ဆိုတဲ့ ဆရာတွေဟာ
ဘုန်းကြီး(ဦးကောသလ္လ’)နဲ့ ပညာသင်ဖက်တွေပါ။ သူတို့က အခု
၂၀၀၇ ခုနှစ်မှာ အသက် ၇၅၊ ၇၄-တွေ ဖြစ်နေပါပြီ။ ၁၃၄၁-
၁၃၄၅-မှာ ကျွန်ုပ် ဝိပဿနာလုပ်တဲ့အခါမှာ သူတို့က အနိမ့်ဆုံး
ဘုန်းကြီးက ၂၈-ဝါ၊ ၅၈-နှစ်ပါ။ အခု ဦးစန္ဒိမာက-၆၉။
ဒီ ဦးကောသလ္လ’က သူတို့သင်ပြသမျှ အကုန်မှတ်မိတယ်။ အခုလဲ မြန်မာနိုင်ငံ
မှာ ဒီဒဿနသမ္ပဒါနည်းဆိုတာက ကျွနု်ပ်သည် နောက်ဆုံးကျည်
ဆန်ပါ။ ကျွနု်ပ်သေပြီးရင် အဲဒီနည်းတွေက ပျောက်သွားမှာပါ။
ဘာလို့လဲဆိုတော့ ကျွန်ုပ်နဲ့အတူ ဝိပဿနာသင်တန်းတက်ခဲ့
သော အနိမ့်ဆုံးဘုန်းကြီးက-၇၀။ ဖိုးရှမ်းဆိုရင်-၈၀။ ကျွန်ုပ် မရှိပြီး
ရင် “ဤဒဿနသမ္ပဒါနည်းသည် ဤမြန်မာပြည်မှ လွယ်လွယ်
ကူကူပဲ ပျောက်ကွယ်သွားမယ်”။ ဒါကြောင့်မို့ ခင်ဗျားတို့ သေသေ
ချာချာ နားထောင်ပါ။

(ဇ)ဝိပဿနာအားလုံးကိုယ် ကြားဖူးထားတဲအရာအားလုံး
အဲဒါတွေကို ခဏဖယ်ထားလိုက်ပါ။
အခုဒဿနသမ္ပဒါနည်းကိုဟောပါ့မယ်။ (ပ)ကျုပ်ဆရာတော်ကြီး ဦးဥက္ကံသဗုဒ္ဓိ ပြောတာကတော့
“ဘုန်းကြီးတွေက-ကွ။ သူများလှူတာတန်းတာတွေ စားပြီးသိပ်နှမြောတာပဲ။
သူခိုးက နွားကြားကြီးကို နှမြောတယ် ဆိုတာ အဲဒါပဲ”တဲ။

“..သူများကိစ္စထဲ ဝင်မရှုပ်နဲ့။ သီလရှင်ကျေနပ်ရင် ဇရပ်ပဲ
ကျိုးကျိုး ဗန်းပဲ ပျောက်ပျောက် . ..”တဲ့ ။
“ဟေ့ကောင် ကောသလ္လ’တဲ့။
ဒီနေ့ဝိပဿနာလုပ်တယ်ဆိုတဲ့လူတွေက
ခါးတောင်းကျိုက်-တလွဲ၊ တင်တလွဲ” တဲ့။
တတိယနည်းကတော့ ယုဂနဒ္ဓနည်း
ဖြစ်ပါတယ်။ အစုံနည်း၊ တစ်ပြိုင်နက်နည်းပါပဲ။


အထက်ပါ
(က၊ ခ၊ ဂ၊ ဃ၊ င၊ စ၊ ဆ၊ ဇ)အမှတ်ပြတို့သည်
ဓမ္မစေတီဦးကောသလ္လ’၏
နှုတ်ထွက်စကား စစ်စစ်များ ဖြစ်ပါသတည်း။

အနည်းငယ်ဝေဖန်ကြည့်ကြပါစို့။

(က)ကို ပြန်ဖတ်ရပါဦး။
ယင်း(က)ဖြင့်ဓမ္မစေတီဥိးကောသလ္လ’သည်
(ဂိုအင်ကာရဲ့ ဆရာက ဦးဘခင်၊ ဦးဘခင်ရဲ့ဆရာက ဦးသက်။ ဦးသက်ရဲ့
ဆရာက ဦးညွန့်ဖြစ်၍)အနာဂါမ်ဆရာသက်ကြီးနှင့် အဆင့်တူဖြစ်သည်။
ဤကား(၁)ချက်။

(ဦးညွန့်ရဲ့တပည့်က ဦးသက်။ ဦးသက်ရဲ့တပည့်က ဦးဘခင်။
ဦးဘခင်ရဲ့တပည့်က ဂိုအင်ကာဖြစ်၍) ဦးကောသလ္လ’သည် ဂိုအင်ကာ၏
အဘိုးအဆင့်မှာ ရပ်တည်သူဖြစ်သည်။ ဤကား (၁)ချက်။

ဦးကောသလ္လ’သည် ဦးဘခင်၏ ဆရာအဆင့်မှာ ရပ်တည်သူ
ဖြစ်သည်။ ဤကား(၁)ချက်။

ဤအချက်ကြီး(၃)ချက်တို့ကို ပြပါသည်။
မှန်-မမှန် အဖြေရှာသင့်ပါသည်။ ပြောတိုင်း မယုံသင့်ပါ။

မှန်လှ၏။
အနာဂါမ်ဆရာသက်ကြီး၊ ဆရာကြီးဦးဘခင်၊ ဆရာကြီး
ဦးဂိုအင်ကာတို့သည် အတ္ထုပ္ပတ်အားဖြင့် ထင်ရှားကြသူများဖြစ်၍ လေ့လာ
လျှင် လက်လှမ်းမီသူများ ဖြစ်ကြပါသည်။ စာရေးသူ နားလည်သည့်
အတိုင်း ဆိုရလျှင် “ဦးညွန့်၏ တပည့် ဦးသက် ”ဟူ ေ သာအချက်သည်
အမှားကြီးသာတည်း။ ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီး၏ဘဝ
ဖြစ်စဉ်ကျမ်းကြီး ၌ ရှုကြပါလေ။
ဦးသက်သည် ( မသိသေးသူ - နားမလည်သေးသူ -
ငယ်စဉ်ကာလအတွင်းမှာ) ဦးညွန့်ထံ တပည့်ခံဖူးကောင်း-ခံဖူးပါလိမ့်မည်။ သို့သော်
ဦးသက်က ဦးညွန့်ကို သူ၏ဆရာဟူ၍ အသိအမှတ်မပြုကြောင်း ထင်ရှား
လှပါသည်။
အချုပ်ကတော့ ဦးညွန့်သည် အနာဂါမ်ဆရာသက်ကြီး၏ ဆရာ
မဟုတ်။ ဦးဘခင်၏ ဆရာ့ဆရာ-မဟုတ်။ ဦးဂိုအင်ကာ၏ ဆရာ၏ ဆရာ့-
ဆရာ(တတိယဆရာ)မဟုတ်ပါ ဟူသတည်း။
ဦးကောသလ’သည် ဆရာသက်ကြီးနှင့်ဆရာတူဖြစ်သော အဆင့်တူ
မဟုတ်ပါဟူသတည်း။

(က) အမှတ်ပြမှာပါသော ကံမကောင်းပုံ၊ အကြောင်းမသင့်ပုံ၊
ဗမာပြည်မှာ အဲသလိုမျိုးတွေရှိပုံများကို စဉ်းစားကြည့်ကြပါ။

ထုြ့ိပင်(ခ)ကို ပြန်၍ဖတ်ပါဦး။
ယင်း(ခ)ဖြင့် ဦးညွန့်သည် ပုတီးဆရာကြီး ဖြစ်သည်။
ဦးကောသလ္လ’သည် ပုတီးဆရာဖြစ်ခဲ့သည်ဟူ၍ ပြပါသည်။

ရှေ့ပိုင်း ဆောင်းပါးများအရ အဆိုပါဦးညွန့်၊ ဦးကောသလ္လ’တို့၏ ထေရဝါဒ
အယူဝါဒများသည် တန်ဖိုးရှိသောအရာများ မဟုတ်ကြောင်း ထင်ရှားပြီး
ဖြစ်ပါသည်။
ယင်း(ခ)၌ပါသော မှတ်တမ်းကိုကြည့်လျှင်
ဓမ္မာစရိယ ဦးဌေးလှိုင်သည် ဤကိစ္စအတွက် မြန်မာပြည်ရှိ 
ဗုဒ္ဓဘာသာဝင်တို့ကို ကျေးဇူးပြုခဲ့သူဖြစ်ပါသည်။
သူ့စကားအတိုင်းဆိုရလျှင် တိုင်းပြည်ကို ကယ်တင်ခဲ့သူပါတကား။

(ခ)အမှတ်ပြဒုတိယပိုင်းတွင် ဦးညွန်သေပြီး ဓာတ်တော်ကျဟုဆိုကာ

(ဃ)အမှတ်ပြထဲတွင် ဦးညွန့် ပရိနိဗ္ဗာန်စံ-ဟုဆိုထားသည့်အတွက် ဦးညွန့်
သည် လူဝတ်ဖြင့်ရဟန္တာ ဖြစ်နေသူတည်းဟု ဆိုပါသည်။
ရဟန္တာဖြစ်ကြောင်းမဂ္ဂသစ္စာသည် ပုတီးစိပ် မဟုတ်ပါ။
ပုတီးစိပ်၍ ရဟန္တာ မဖြစ်ပါ။
ဦးညွန်သည်ပုတီးသမားသာဖြစ်ကြောင်းမှာ သေချာပါသည်။ ဦးကောသလ္လ’ကိုယ်တိုင်ပင်
လျှင် ဦးညွန့်နည်းအတိုင်းလိုက်၍ ပုတီးသမားပင်တည်း။
ဒွယနိဿိတ ပကာသနီကျမ်းနောက်ပိုင်းင်းမှာလည်း
ဤပုတီးဂိုဏ်း၏ သမိုင်းများ ပါရှိကြသည်။ အကယ်၍ ပုတီးစိပ်မှုဖြင့် ရဟန္တာ
ဖြစ်လျှင် ယင်းရဟန္တာ(ဦးညွန့်)သည် မဟာယာနလာ ရှင်ဥပဂုတ်၏
ညီကလေးသာ ဖြစ်ပါသည်။ မဟာယာနလာ ရှင်ဥပဂုတ်သည်လည်း
ဝိပဿနာမဂ္ဂသစ္စာ မရှိသူဖြစ်၍ ရဟန္တာမဟုတ်သာတည်း။ မဟာယာနဂိုဏ်းဝင် မောင်ညွန့်သည်လည်း ဝိပဿနာမဂ္ဂသစ္စာ မရှိသူ(ဝါ) ပုတီးသိဒ္ဓိ ဖြည့်ကျင့်နေသူ
ဖြစ်၍ ရဟန္တာမဟုတ်သူပေတည်း။

ထေရဝါဒအစစ်မှာမူ လူဝတ်ဖြင့် ရဟန္တာဖြစ်လျှင် ဖြစ်သည့်နေ့
မှာပင် ပရိနိဗ္ဗာန်စံဝင်ရမြဲ ဖြစ်ပါသည်။
ထို့ကြောင့် ဦးညွန့်သည် ရဟန္တာဟု ဆိုလျှင် ဦးညွန့်သည် (၁၉၉၆)တိုင်အောင် အသက်ရှင်နေသူဖြစ်ခြင်း
ကြောင့် မဟာယာနရဟန္တာ(ဝါ) မဟာယာန ရှင်ဥပဂုတ်၏ညီကလေး
ရဟန္တာ(ဝါ) မဂ္ဂသစ္စာမရှိဘဲ ကိုယ့်ဘာသာကိုယ် ဖြစ်နေသော ရဟန္တာ-
ဖြစ်ပ ါတော့သည်။

ဆရာစဉ်ဆက်မှာ

“ဦးညွန့်၊
၎င်းမှ ဆူးလေဦးမြင့်သိန်း၊
အမရပူရဦးကြိုင်။
၎င်းတို့မှ ဦးဥက္ကံသဗုဒ္ဓိ၊
ဦးဧသိက၊
ဦးနာရဒစသူများ၊
၎င်းတို့မှဦးကောသလ္လ’၊
ဦးဖိုးရှမ်း၊
ဦးစန္ဒောဘာသစသူများ။
၎င်းတို့မှ ယနေ့ခေတ်
ဦးကောသလ္လ’ဝါဒီ(အဓမ္မဝါဒီဖြစ်သော)ထေရဝါဒ ဆိုင်းဘုတ်တင်တရား လိုက်စားသက်ဝင်သူများ”ဟူ၍
ဖြစ်လာကြပါသည်။

ဦးညွန့်၊ ဦးမြင့်သိန်း၊ ဦးကြိုင်တု့ိ၏ ဆရာများမှာ

“ဒီပဲယင်းကျောက်စာတုင်ရွာက ကျောက်စာတိုင်ဆရာတော်၊
ဓမ္မစေတီဆရာတော်၊
ဓမ္မစကြာဆရာတော်အမည်ခံ လူသေလူဖြစ်ရှင်ဥက္ကဋ္ဌ၊
ဂျပန်နိုင်ငံက မဟာယာနဆရာကြီး ဒီ-တီ-ဆူဇူးကီး၊
ဆိုဟာကူအိုဂါတာ၊
အင်္ဂလန်နိုင်ငံက မဟာယာနဆရာကြီး စရခ်မတ်ဟန့်ဖရေး၊
ဆရာကြီး အယ်လင်ဝက်၊
ဘယ်ဂျီယံနိုင်ငံကမဟာယာနဆရာကြီး ရောဘတ်လက်ဆင်၊
အိန္ဒိယနိုင်ငံက မဟာယာနဆရာ
ကြီး ခရစ်ရှနမူသီး-စသူများ” ဖြစ်ကြပါသည်။

ဤနာမည်စဉ်များကို “အရိယသစ္စာလမ်းစဉ် ဝိပဿနာတရား
မှတ်ချက်ပေါင်းချုပ်” အစ ပန်ကြားလွှာမှာ အပြည့်အစုံ တွေ့ရပါသည်။
အချုပ် ကိုဆိုရလျှင် ဦးကောသလ္လ’ သည် မဟာယာနဝါဒီသာတည်း။



အမှတ်(ဂ)(ဃ)တို့မှာ သတင်းပေးမှုသက်သက်သာ ဖြစ်ပါသည်။
သို့သော် အံ့ဖွယ်တစ်ခုမှာ မဟာယာနဝါဒီဖြစ်သော ဦးကောသလ္လ’က
ဘိုးတော်သန်းလှ၊
ဘိုးတော်မင်းသိင်္ခ တို့ကို မဟာယာနတွေဟုဆိုကာ ပယ်ချထားချက်
ပင်တည်း။
ဤ၌လည်း အောင်မြင်သူတို့ကိုပြ၍ နာမည်ယူခြင်းသာဖြစ်
ကြောင်း ထင်ရှားပါသည်။
ထင်ရှားပုံမှာ ဘိုးတော်သန်းလှသည် ဆရာညွန့်ကို ဆရာမထားဘဲ
အောင်မင်းခေါင်ကို ဆရာထားသူဖြစ်သွားသည်။

မင်းသိင်္ခကတော့ ဗေဒင်ဆရာပင်။
ထို့ကြောင့် နာမည်ယူမှုသာဖြစ်ကြောင်း ထင်ရှားပါသည်။

ထို့ပြင် (င)ကို ပြန်၍ဖတ်ရှုပါ။
ယင်း(င)ဖြင့် ဦးကောသလ္လ’သည်
ဆရာကြီးဦးညွန့်၏ နောက်ဆုံးတပည့် ဖြစ်သည်(ဝါ) ဦးကောသလ္လ’၏
ထေရဝါဒဆိုသည်မှာ ဆရာကြီးဦးညွန့်၏ ဝါဒဖြစ်သည်ဟူ၍ သိစေပါသည်။

ထေရ=ပုဆိုးဝတ် ဆရာကြီးဦးညွန့်၏။ ဝါဒ=မြတ်ဗုဒ္ဓ ၏ တရား
တို့ကို ပျက်အောင်ဖျက်သော ဝိပဿနာအတု တရားစုပေတည်း။

ဤသို့ သာလျှင် ထေရဝါဒပုဒ်က အဓိပ္ပာယ်ရနေပြီ ဖြစ်သော
ကြောင့် ဦးကောသလ္လ’၏ ထေရဝါဒသည် ပုဆိုးဝတ်မထေရ် ဦးညွန့်၊
ဦ း မြင့်သိန်းတို့၏ ဝါဒဖြစ်သည် ဟူ၍ ဆိုခဲ့ခြင်းပင် ဖြစ်ပါသည် ။

ဤ(င)၌လည်း
နာမည်ကြီးလှသော လယ်တီဆရာတော်ကြီးကို
အသုံးပြု၍ နာမည်ကောင်း-ယူထားပါသည်။
မုံရွာနယ်မှာ ဘုန်းကြီးကျောင်းလဲ မသွားရဘဲ
ဘုရားထံမှလဲ မခံယူရဘဲ ဥပုသ်စောင့်၍ ရနိုင်သော
ထေရဝါဒ် ရှိနေသည်ဆိုတာ အံ့သြစရာ ကောင်းလှပါသည်။
ယင်းဥပုသ်မျိုးသည်
ထေရဝါဒအစစ်တို့ ကျင့်သုံးခံယူသော ဥပုသ်မျိုး မဟုတ်ဟူ၍ မှတ်ကြရမည်။

ဓမ္မစေတီဦးကောသလ္လ’၏ ဆိုလိုရင်းမှာ ဤသို့ပင် ဖြစ်ပါသည်။
ဥပုသ်စောင့်မှုဟူသည် ဘုရားထံမှ၊ သို့မဟုတ် ဘုန်းကြီးထံမှ ခံယူရစမြဲသာတည်း။
သို့ဖြစ်၍ ဦးညွန့်ရှိရာ မျက်နှာမူလိုက်ပြီး ဥပုသ်ခံယူလျှင် ဦးညွန့်
သည်ပင်လျှင် ဘုရားဖြစ်ပေသတည်း၊ သို့မဟုတ် ဦးညွန့်သည်ပင်လျှင်
ဘုန်းကြီးရဟန်းဖြစ်ပေသတည်းဟူ၍ ဆိုလိုပါသည်။

အလွန်ကြောက်စရာကောင်းလှသော စကားပေတည်း။
ဗုဒ္ဓသာဝက၊ ထေရဝါဒီအစစ်တို့အနေဖြင့်
လုံး၀ မဆိုဝံ့သောစကား ဖြစ်ပါသည်။

မဟာယာနတို့ကတော့ ဘုရားချည်းဖြစ်ကြသကိုး။
ထို့ပြင်(စ)ကို ပြန်၍ဖတ်ရှုပါ။
(စ)ဖြင့် ဓမ္မစေတီဦးကောသလ္လ’က
သူက ဘယ်သူလဲတဲ့။

ဖြေလိုက်ကြပါတော့နော်။
“ပညာနေတ္တိဝိပဿနာကျမ်းဆိ ု တ ာ
ဤနေရာတွင် ပညာနေတ္တိဝိပဿ
နာကျမ်း၏ မာတိကာမျှကိုသော်မှ ဖော်ပြနိုင်ခြင်း မရှိသေးပါ။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဖြစ်တော်မူသော မကွေး
ဆရာတော်ကြးီ အားလျှောက်ထားဖူးရာ ဆရာတော်ကြိးက ဤသိုမိန့်ပါသည်။
“အဲဒီစာအုပ်ကြီးကို တို့လဲ ဖတ်ဖူးပါတယ်။ တစ်လုံးမှ နားမ
လည်ပါဘူး။ ဘာတွေ ရေးထားမှန်းကို မသိဘူး။ တစ်ချက်မှ မှန်တာမပါ
ဘူး”ဟူ ၍ ဖြစ်ပါသည်။

ဆရာတော်ကြီးက နားမလည်သော စာအုပ်ကြီးသည် မှန်သော
စာအုပ်ကြီး ဖြစ်ပါမည်လား...။ အမှားကြီး ဖြစ်ပါမည်လား...။ စဉ်းစား
ကြည့်တော်မူကြပါ။

မကွေးဆရာတော်ကြီးသည် အစစ်ဖြစ်သော ထေရဝါဒပိဋကသုံးပုံ
တို့၌ လိမ္မာကျွမ်းကျင် သိမြင်တော်မူပါသည်။
လူသေလူဖြစ်ရှင်ဥက္ကဋ္ဌဝါဒ
တွေကို အမှားအမှန် ဆုံးဖြတ်ချက်ချမှတ်ရေးအဖွဲ့တာဝန်ဆောင် ဝိနည်းဓိုရ်
ဆရာတော်လည်း ဖြစ်တော်မူပါသည်။

ထို့ကြောင့် ပုတီးသမားကြီးဦးညွန့်၏ မဟာယာနဝါဒဖြစ်သော
ဝိပဿနာအမည်ခံ ထေရဝါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံ-တရားတို့၏
အနေအထားနှင့်ဦးညွန့်၏ တပည့်ဖြစ်သော ဓမ္မစေတီဦးကောသလ္လ’၏
ဝိပဿနာအမည်ခံ၊ ထေရဝါဒအမည်ခံ၊ ဒဿနသမ္ပဒါအမည်ခံတရားတို့၏
အခြေအနေတို့ကို စာဖတ်သူကိုယ်တိုင် ကြိုက်သလိုသာ ဆုံးဖြတ်ချက်ချကြ
ပါလေ။

သမိုင်းအမှန်တွေကို လုံလောက်အောင် တင်ပြပေးမှုသည်သာလျှင်
ဝေဖန်ရေးဆရာတု့ိ ဆောင်ရကရမည်ကစ္စ ဖြစ်ပါသည်။ «သမိင်း အမှားတွေကို
ယုံလောက်အောင် တင်ပြပေးမှုသည်ကား လူလိမ်တို့၏ ကိစ္စပါပေ။»

ထို့ပြင် (ဆ)ကို ဆက်ကြရအောင်။
(ဆ)ကိုပြန်၍ ဖတ်ပါဦး။
ယင်း(ဆ)ဖြင့် ဦးကောသလ္လ’ မရှိတော့လျှင် ဒဿနသမ္ပဒါနည်း ပျောက်ကွယ်
သွားမှာ ဟူ၍ပြပါသည်။ သာဓု-သာဓု။ သုရာတွင် သာဓုခေါ်ရပါသော်လည်း
(ဦးကောသလ’သည် နောက်ဆုံးကျည်ဆန်)ဟုဆိုသဖြင့်
ကြောက်မိပါသေးသည်။
ကျည်ဆန်ထဲမှာ ပေါက်ကြွဲခင်းသဘော၊ မီးလောင်ကျွမ်း ခြင်းသဘော၊
သက်ရှိတွေကို သေစေနိုင်ခြင်းသဘော၊ ခြေပြတ်လက်ပြတ်ဖြစ်အောင် ပြုနိုင်
ခြင်းသဘော၊ သက်မဲ့တွေကို ပျက်စီးစေခြင်းသဘော စသည်များက အပြည့်
ရှိနေကြပေသည်။

ဘုရားရှင်၏ သာသနာမှာနေ၍ ဦးညွန့်၏ဝါဒတို့ကို
ပျောက်သွားမှာစိုးရိမ် နေသူနှင့်
ဘုရားရှင်၏ သာသနာမှာ နေ၍ ဘုရားရှင်၏ဝါဒတို့
ကို ထိခိုက်ခံရမှာစိုးရိမ်နေသူတို့ မိမိတို့ ရပ်တည်ချက်အတိုင်း
မိမိတို့လုပ်ငန်းတွေကိုပြုလုပ်နေကြရပါလိမ့်ဦးမည် ။

မှ ာ ထားချက်။ ။ တစ်ကျော့ပြန် ထေရဝါဒအမည်ခံ အဓမ္မဝါဒ
သည် ၁၃၄၁-(၁၉၈၀)ခု မှာ စတင် ၍ မွေ း ဖွ ာ းလာသတည်း။
၁၃၅၁-(၁၉၉၀)မှာ အရွယ်ရောက်လာပါသည်။
၁၃၆၆-(၂၀၀၅)မှာ အကြီးအကျယ်
အောင်မြင်၍ ထင်ရှားလာပါသည်။
၁၃၆၉-(၂၀၀၈)မှာ တစ်နိုင်ငံလုံးလွှမ်းမိုးအောင်
ကျယ်ပြန့်လာ၍ ပရိသတ်အင်အား အလွန် ကြီးထွားလာပါသည်။
ထိုအခါကျမှ ပရိသတ်အားကိုးဖြင့် ပို၍ပေါ်တင်ကျလာပါသည်။
၁၃၇၁-(၂၀၁၀)လောက်ကျရင်တော့ တိုင်းသူပြည်သားအားလုံး
တို့က “ငါတို့က အစစ်ဖြစ်သောထေရဝါဒ-ဗုဒ္ဓဝါဒတို့ကို လိုက်နာသူများ
ပေတည်း။
သူတို့ကတော့ အတုဖြစ်သောထေရဝါဒ-ဦးညွန့်ဝါဒ-ဦးမြင့်သိန်း
ဝါဒ-တို့ကို လိုက်နာသူများပေတည်း”ဟူ၍
ကွဲပြားကာ ခြားနားလာပြီး-
“သြော် အစစ်ဖြစ်သော ထေရဝါဒ-ဗုဒ္ဓဝါဒါတို့ကို နာမည်ယူသုံးပြီး
အတုဖြစ်သောထေရဝါဒ-ဦးညွန့်ဝါဒတို့ထဲသို့ ဝင်ရောက်လာအောင် ငါတို့ကို
မလိမ့်တစ်ပတ်-လှိမ့်-အပတ်ပတ်တို့ဖြင့် ချာချာလည်အောင် သူတို့က
လှည့်ထားလျက် စားနေကြတာပါကလား”ဟူ၍ သိမြင်လာကြပေတော့မည်။
ထိုအခါမှာတော့ မည်သို့ရှိပါတော့အံ့နည်း။ (မသိနိုင်သေးပါ။)
“ဤဒဿနသမ္ပဒါနည်းသည် လွယ်လွယ်ကူကူပဲ ကွယ်ပျောက် သွား
ပါလိမ့်မယ်”ဟူသော အဆိုသည်(ဆိုသည့်အတိုင်း) မှန်ကန်ပါစေသတည်း
ဟူ၍သာလျှင်...။

ထို့ပြင်(ဇ)ကို ဆက်ကြည့်ရအောင်။
(ဇ)မှာ ဓမ္မစေတီက-”ကြားဖူးထားသောဗုဒ္ဓ၏ ဝိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည်အတိုင်းလိုက်နေကြသော မဟာစည်ဝိပဿနာနည်းတွေ၊
ဗုဒ္ဓဟောသည့်အတိုင်း လိုက်နေကြသော မိုးကုတ်ဝိပဿနာနည်း
တွေ...နည်းတွေ...နည်းတွေ။ အဲဒါတွေအားလုံးကို ဖယ်ပစ်
လိုက်ကြ-ပယ်ပစ်ကြ”ဟူ၍ အမိန့်ပေးထားပါသည်။

ဤအမိန့်ကို အဘယ်ကြောင့် ပေးရသနည်း။
အခုထေရဝါဒ ဒဿနသမ္ပဒါနည်းကို ဟောပြတော့မှာ ဖြစ်သောကြောင့်တည်း။
(ဝါ) ထေရဝါဒ ဒဿနသမ္ပဒါနည်းသည်
မြတ်ဗုဒ္ဓဟောသော တရားနည်း မဟုတ်သောကြောင့်တည်း။


ဤ(ဇ)အမှတ်ပြတွင်
ကောက်ယူပြထားသည့် ဥက္ကံသဗုဒ္ဓိ-သြဝါဒတော်သည်
“အစစ်ဖြစ်သော ထေရဝါဒီဘုန်းကြီး ရဟန်းသံဃာတော်တို့သည်
နွားသူခိုးတို့ပေတည်း”ဟူ၍ စွပ်စွဲထားသည့် ရန်စစကားကြီးသာ ဖြစ်နေ
ပါသည်။

ဤသို့သောစကားဖြင့် သံဃာတို့ကိုစွပ်စွဲသူသည် ဘယ်လို သတ္တဝါ
ဖြစ်သနည်းဟူ၍ ဆင်ခြင်ကြည့်လိုက်သောအခါ-”သူများကိစ္စထဲ ဝင်မရှုပ်နဲ့။
သီလရှင် ကျေနပ်ရင် ဇရပ်ပဲ ကျိုးကျိုး-ဗန်းပဲ ပျောက်ပျောက်” ဟူ၍ အယူ
ဝါဒရှိသူဖြစ်သတည်း။

“ဇရပ်ကျိုးကျိုး ဗန်းပဲပျောက်ပျောက်”ဟူ၍ အယူဝါဒရှိသူ
ဥက္ကံသဗုဒ္ဓိသည်
သံဃာတော်တို့ကို စွပ်စွဲရုံမျှဖြင့် အားမရသေးခြင်းကြောင့်
လူတို့ကိုလည်း ဤသို့ စွပ်စွဲလိုက်ပါသေးသည်။
“ဒီနေ့ ဝိပဿနာလုပ်တယ်ဆိုတဲ့
လူတွေက ခါးတောင်းကျိုက်-တလွဲ...”ဟူ၏။

ဝိဘဇ္ဇဝါဒီ (မစိုးရိမ် စာသင်သား)

2 comments:

  1. တပည့်တော်တို့လိုလူငယ်တွေဟာ ထေရဝါဒ ဗုဒ္ဓဘာသာ အကြောင်းကိုဘယ်လိုသင်ယူသင့်တယ် ဘယ်ဆရာတော်အနေနဲ့ ဗုဒ္ဓဟော တရားတော်တွေနဲ့ကိုက်ညီတယ်ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား

    ReplyDelete
  2. အရှင်ဘုရားတပည့်တော်ပတ်ဝန်းကျင်မှာ ဓမ္မဒါနအမည်ခံပြီး ဆူလေဦးမြင့်သိန်းတရားခွေတွေ၊ ထေရ၀ါဒမဟုတ်တဲ့ ပေါက်ကရတရားခွေတွေ စာအုပ်တွေကို ထေရ၀ါဒတရားစာအုပ်အစစ်တွေနဲ့ ရောနှောပြီး ဌားရမ်းနေပါတယ်ဘုရား..အင်မတန်အန္တာရာယ်ကြီးပါတယ်ဘုရား ကြာပါပြီ ဘယ်လိုအရေးယူဆောင်ရွက်သင့်တယ်ဆိုတာ ပြောပြပေးပါဘုရား...

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊