သမ္ဗုဒ္ဓေဂါထာတော် ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေနဲ့ အတော်ပဲ အကျွမ်းတဝင်ရှိပါတယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာတို့ရဲ့ လမ်းစဉ်အတိုင်း အဓိပ္ပါယ်မသိပေမဲ့ ယုံယုံကြည်ကြည်ရွတ်ဆိုခဲ့ ပါတယ်။ ရွတ်ဆိုသလောက်လည်း အကျိုးများပါတယ်။ ဒါပေမယ့် အဓိပ္ပါယ်ကိုသိရင် မိမိရွတ်ဆို ပွားများမှုများဟာ ပိုမို အကျိုးရှိမှာဖြစ်ပါတယ်။ ဒါကြောင့် သိရှိမှတ်သားထားတဲ့ သမ္ဗုဒ္ဓေဂါထာတော်ရဲ့ အနက်အဓိပ္ပါယ်ကို ဖြန့်ဝေပေးလိုက်ပါတယ်။
သမ္ဗုဒ္ဓေ အဌဝီသဉ္စ
ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ
နမာမိ သိရသာမဟံ။
နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ တစ်သောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း၊ ငါးသိန်းကုန်သော ဘုရားရှင်တို့ကိုလည်းကောင်း အကျွနု်ပ်သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ
အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ
အာဒရေန နမာမဟံ။
ဂင်္ဂါမြစ်အတွင်းမှာရှိကြသော သဲလုံးတို့က နည်းကြပါသေး၏။ ပရိနိဗ္ဗာန်ပြုသွားကြသော ဘုရားရှင်တို့ကား ရေတွက်ပိုင်းခြား၍ပင် မရနိုင်ပါ။ ထိုများပြားလှသော ဘုရားရှင်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တရားတော်တို့ကိုလည်းကောင်း၊ ထိုဘုရားရှင်အားလုံးတို့၏ တပည့်သံဃာတော်များကိုလည်းကောင်း အကျွနု်ပ်သည် ရိုသေစွာရှိခိုးပါ၏။
နမက္ကရာ နုဘာဝေန
ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေက အန္တရာယာပိ
ဝိနဿန္တု အသေသတော။
ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်ကံစေတနာတို့ကြောင့် ခပ်သိမ်းသော ဘေးရန်တို့ကို ပယ်ဖျောက်ပြီး တစ်ပါးမက များပြားလှသည့်
အန္တရာယ်ဟူသမျှတို့သည် အကြွင်းအကျန်မရှိ ကြွင်းမဲ့ဥဿုံ ကင်းပျောက်ပါစေကုန်သတည်း။
တပည့်တော် လာရောက်လေ့လာမှတ်သားသွားပါတယ်
ReplyDeleteဒီထက်ပိုပြီး သာသနာကိုစောင့်ရှောက်နိုင်ပါစေ ဘုရား
တပည့်တော်..အွန်လိုင်းထိုင်ဖြစ်တိုင်းေ၇ာက်ပါမည်ဘုရား။
ReplyDeleteသူငယ်ချင်းတွေကိုလည်းမိတ်ဆက်ပေးပါမည်ဘုရား...
ဆရာတော်ရဲ့web-siteဒီထက်မကအောင်မြင်တိုးတက်
နိုင်ပါစေဘုရား....။
တပည့်..နောက်အွန်လိုင်းထိုင်ဖြစ်တိုင်းရောက်ပါမည်ဘုရား။
ReplyDeleteသူငယ်ချင်းတွေကိုလည်းမိတ်ဆက်ပေးလိုက်ပါမည်ဘုရား။
ထေရဝါဒတိုင်းပြည်အတွက်တပည့်တော်တို့မှာလည်းတာဝန်
ရှိပါသည်ဘုရား။ဆရာတော်ရဲ့websiteပိုမိုအောင်မြင်နိုင်ပါစေဘုရား။
အရှင်ဘုရားကို တပည့်တော် ရိုသေစွာ ရှိခိုးပါသည် ဘုရား။
ReplyDeleteအပင်ပန်းခံပြီး သာသနာတော်ကိုစောင့်ရှောက်တော်မူတဲ့ အရှင်ဘုရား ကျန်းမာ၊ ချမ်းသာစွဖြင့် ခန္ဓ၀န်ကို၊ သာသန၀န်ကို ထမ်းဆောင်နိုင်ပါစေ ဘုရား။
ဂန္ဓမာ ပုံနှိပ်တိုက်ထုတ်- သံဃာဟုတ်မဟုတ် စစ်တမ်းကျမ်း (ဓမ္မစေတီဆရာတော်)
ReplyDeleteထေရ၀ါဒ- သေက္ချတောင်ဆရာတော် ဦးတိလောကသာရ (ပဏ္ဍိတ ဝေဒနီယျ ကျမ်း)။
piecesju@gmail.com ကို ပို့ ပေးနိုင်ပါတယ် ဘုရား