Sunday, November 4, 2012

ထေရဝါဒ တိုက်ပွဲ- ဝီရသူ(မစိုးရိမ်)


တန့်ကြည်တောင် ရိပ်သာက တိရိစ္ဆာန်တို့ရဲ့ အမူအရာပေါင်းစုံ၊ တရားထိုင်ရင်း ငို ရယ်နေတာတွေ၊ ကနေတာတွေကို ရိုက်ထားတဲ့ခွေ ကို ကြည့်ရှူနိုင်ပြီဖြစ်သလို ဆရာတော်ဦးဝီရသူရဲ့ တန့်ကြည်တောင်
ဝါဒအကြောင်း စာအုပ်ကိုပါ ဒေါင်းယူဖတ်ရှူနိုင်ပါပြီ




အောက်က Link မှာလည်း ဒေါင်းယူကြည့်ရှူနိုင်ပါသည်

ဒီမှာ


or

http://www.mediafire.com/?lhryijf9ld0r4l5/


တချို့ကြည့်ပြီးသား ပုဂ္ဂိုလ်များက ဒါကိုကြည့်ပြီး ထူးဆန်းအံ့သြဖွယ်အဖြစ် လာရောက်
မေးမြန်းကြပါသည်။ တရားထိုင်တဲ့ ဤခွေထဲကအတိုင်း တကယ်ဖြစ်သလား စသည်
စသည်ဖြင့် မေးလာကြပါသည်။ တရားထိုင်တဲ့အခါမှာ ငိုမှု့ ရယ်မှု့တွေ အနည်းအကျဉ်းတော့ ဖြစ်တတ်ကြပါသည်။ ပီတိ ကြောင့် မျက်ရည်ကြခြင်း၊ ငိုခြင်း စသည်တို့လည်း ဖြစ်တတ်ပါတယ်။ ဒီခွေထဲကအတိုင်း ရုပ်ပျက် ဆင်းပျက် ငိုတာမျိုးတွေတော့ မရှိပါဘူး။
မဟာစည်၊ မိုးကုတ် စတဲ့ နာမည်ကြီး ရိပ်သာတွေမှာ ဤခွေထဲကအတိုင်း ဖြစ်သလားဆိုတာ စာဖတ်သူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်ပါတယ်။

ယခု အခွေသည် ပြင်ပမှ တစုံတစ်ယောက်က ရိုက်ထားသောခွေမဟုတ်ပါ။ တန့်ကြည်ရိပ်သာက
သူတို့ကိုယ်တိုင် ရိုက်ကူးပြီးတော့ ဖြန့်ချီတဲ့ခွေဖြစ်ပါသည်။ ဤခွေထဲမှာ ပါသော ကနေတာတွေ ခွေးလိုအမူအရာ၊ မြွေလိုအမူအရာ စတာတွေနဲ့ ဖြစ်ပျက်နေတာတွေဟာ ဝဋ်ကြွေးပေးဆပ်တယ်၊ တရားထူးတက်တယ် စသည်ဖြင့် တန့်ကြည်တောင် ဆရာတော် ဦးသောမဗုဒ္ဓိ
ကိုယ်တိုင် ဟောပြော၍ လူထုပရိတ်သတ်ကို စည်းရုံးထားတဲ့ ခွေဖြစ်ပါတယ်။
လူစင်စစ်က လူစိတ်ပျောက်ပြီး တိရိစ ္ဆာန်အမူအရာမျိုးစုံနဲ့ ဖြစ်ပျက်နေတာတွေက တိရိစ ္ဆာန် 
တရားပဲဖြစ်မှာပါ၊ မြတ်ဗုဒ္ဓရဲ့ တရားမဟုတ်တာတော့ အသေအချာပါပဲ။

မြတ်ဗုဒ္ဓရဲ့ ထေရဝါဒဗုဒ္ဓသာသနာကို ဖျက်ဆီးထားတဲ့အတွက် 1999 ခုနှစ်မှာ မန ္တလေး၊
မစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ) မစိုးရိမ်မှ ထေရဝါဒ တိုက်ပွဲ
ဟူသော စာအုပ်ဖြင့် ထိုဝါဒဆိုးကြီးကို ဖော်ထုတ်လိုက်တဲ့ အတွက်ကြောင့် 24.12.2000 
ခုနှစ်မှာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ ရှေ့မှောက်မှာ ဝန်ခံကတိပြု
လက်မှတ်ရေးထိုးပြီး တန့်ကြည်တောင် ရိပ်သာကို ပိတ်သိမ်းသွားပါတယ်။

သို့ပါသော်လည်း ယခုအခါ တန့်ကြည်တောင် သည် ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်
ပေါ်ထွန်းလာသည့်အတွက် ယခုအခွေအား အွန်လိုင်းပေါ် တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
တန့်ကြည်တောင် ရိပ်သာ ရှိတဲ့မြို့များကတော့

တန့်ကြည်တောင် ရိပ်သာ (ပုဂံ၊ ညောင်ဦး) ပင်မရိပ်သာ
တန့်ကြည်တောင်ရိပ်သာ (မန ္တလေး၊ ပြည်ကြီးတံခွန်)
တန့်ကြည်တောင်ရိပ်သာ (ရန်ကုန်၊ မင်္ဂလာဒုံ) တို့ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ဝါဒဆိုးကြီးအောက်သို့ မသက်ရောက်မိစေရန်
မေတ္တာရှေ့ထား၍ တင်ပြလိုက်ပါသည်။

ရှင်းလင်းထားသော စာအုပ်ကို အွန်လိုင်းမှ အောက်တွင် တိုက်ရိုက်ဖတ်ရှူနိုင်သလို ဒေါင်းယူနိုင်ပါသည်။

verathu(masoeyein)



ဒီမှာလည်း ဒေါင်းနိုင်သည်


သျှင်သာမိ(မုံရွာ)
https://shinsami.blogspot.com

2 comments:

  1. ဗုဒၶသာႆနံ စိရံ တိဌတု

    ReplyDelete
  2.ှဆရာတော်ဝီရသူရဲ့ ဆောင်ရွက်ချက်တွေကို တပည့်တော် ဝမ်းမြောက်မိပါတယ်ဘုရား
    ဓမ္မကို အဓမ္မ ကစော်ကားလာတိုင်း တွန်းလှန်ဖယ်ရှားရမှာ ဓမ္မဝါဒီတွေရဲ့တာဝန်ပါဘုရား။ ဒီနေရာ ဘာသာဆိုတဲ့ အမည်ကိုမစွဲကိုင်လိုပါဘုရား။ လောကမှာ ဓမ္မနဲ့အဓမ္မ၊ သမ္မာဝါဒနဲ့ မိစ္ဆာဝါဒ နှစ်မျိုးပဲရှိတယ်လို့ တပည့်တော်ခံယူပါတယ်ဘုရား။ ဓမ္မက လောကကြီးကို အေးချမ်းသာယာစေ ပြီးနှလုံးသားကို သန့်ရှင်းးစေပါတယ်ဘုရား။အဓမ္မ ကတော့ ဓမ္မနဲ့ဆန့်ကျင်ဘက်ပါ၊၊အဓမ္မ ကိုနှိမ်နင်းရာမှာ မေတ္တာတရားက နှလုံးသားနူးညံ့ပြီး ဆိုဆုံးမလွယ်သူတွေ အတွက် လို့ခံယူမိပါတယ်ဘုရား။ အရှင်မဟာမောဂ္ဂလာန် ဖြေရှင်းသလို ရှင်းရတဲ့အခါလည်းရှိပါတယ်ဘုရား။ဒီရှင်းနည်းကတော့ ဆိုဆုံးမမလွယ်တဲ့ ကောက်ကျစ်တဲ့ စိတ်ရှိသူတွေအတွက်ပါဘုရား။အဓမ္မ ဆိုလျင် မည်သည့်ဘာသာဝါဒ ခံယူသူဖြစ်ပါစေရှင်းရမှာ ဓမ္မကိုတန်ဖိုးထားမြတ်နိုးသူတို့ရဲ့တာဝန်ပါ။

    ReplyDelete

ဂုဏ်သိက္ခာရှိရှိ ပညာရှင်ဆန်ဆန် အပြုသဘောဆောင်တဲ့ comment ပေးမယ်လို့
သင့်ကို ယုံကြည်ပါသည်၊